စစ်ကိုင်း ဖြတ်ကျော်ဂိတ် တကယ်များ မန္တလေး - မြစ်ကြီးနား ခရီးသွား

 2401

သုတကျော် (NP News) - မတ် ၁၁

မန္တလေးမြို့ - မြစ်ကြီးနား ခရီးလမ်းသည် နိုင်လွန်ကတ္တရာလမ်းအဖြစ်မှ ငွေခင်းထားသော လမ်းအဖြစ်သို့ ကာလတစ်ခုအတွင်း တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့ခရီးသည် ယခင်က တစ်ရက်၊ နှစ်ရက်မျှနှင့် ရောက်နိုင်ခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်နှစ်မြို့မှ ကုန်စည်နှင့် ခရီးသည်ပေါင်းများစွာတို့သည် အထက်ပါ ခရီးတွင် လူးလာခေါက်တုံ့သွား လာခဲ့ကြသည်။ ထိုလမ်းကိုအမှီပြုကာ ဒေသထွက်ကုန်များကို အပြန် အလှန်တင်ပို့ကြသည်။ ထို့ပြင် စိတ်အေးလက်အေး နောက်ကျောလုံလုံဖြင့် သွားလာ၊ ကုန်သွယ်နိုင်ခဲ့ကြသည်။ ယင်းအခြေအနေတို့သည် ယခုအခါ ပြောင်းလဲ သွားပြီဖြစ် သည်။
(၂၀၂၁)ခုနှစ်နောက်ပိုင်းတွင် ယင်းလမ်း ပိုင်းပေါ် KIA၊ PDF စသည်ဖြင့် လက်နက်ကိုင်အဖွဲ့များ နေရာယူ လာခဲ့ကြသည်။ ယင်းနောက် ဂိတ်များ ဟိုတစ်စသည်တစ်စဖြင့် မှိုလိုပေါက်လာခဲ့ရာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို တန်ဖိုးမြင့်တက် စေခဲ့ပြီဖြစ်သည်။ သို့သော် ကောင်းသောတန်ဖိုးမြင့် ခြင်းတော့ မဟုတ်ပါ။ ယင်းခရီးအတွက် ငွေကုန် ကြေးကျ ပိုများလာခြင်းဖြစ်သည်။
ထို့ပြင် တိုက်ပွဲကြောင့် ကချင်ပြည်နယ် အတွင်းလမ်းပိုင်းကလည်း မကြာခဏပိတ်တတ် သေးရာ ငွေပေးလည်း မရဆိုသော သဘောမျိုးပင် ဆန်နေချေတော့သည်။ ထို့ပြင် ပိုဆိုးသည်က လမ်းပိတ်လျှင် ကုန်ဈေးနှုန်းက အဆမတန် တက်သည်။ ထို့ကြောင့် ယင်းလမ်းကိုပင်မပိတ်ပါစေနှင့်ဟု ဆု တောင်းနေရသောအခြေအနေ ဆိုက်လာခဲ့သည်။
အိမ်စီးကားတစ်စီးအတွက် ယင်းလမ်းကို ဖြတ်သန်း အသုံးပြုခသည် ယခင်ကတစ်ထောင်တန် တစ် အုပ်ဖြင့် လုံလောက်ခဲ့သော်လည်း ဂိတ်များတွင် ပေးရ သောကြေးက တဖြည်းဖြည်းများလာခဲ့ရာ ယခုအခါ ငါးထောင်တန် တစ်အုပ်ကိုင်ပြီး သွားလျှင်ပင် မလောက်တော့ဟု ဆိုစမှတ်ပြုကြသည်အထိပင် အခြေအနေ ရောက်နေသည်။
“မန္တလေး-မတ္တရာ-လက်ပံလှ- စဉ့်ကူး တို့ကနေ အင်းတော်တံတားကို ဖြတ်ပြီးတော့မှ သွားတဲ့လမ်း ရှိတယ်။ တကောင်းလမ်းခွဲကပေါ့။ နောက် တစ်ခါ မန္တလေး-စစ်ကိုင်း-ရွှေဘို ဘက်ကနေ သွားတဲ့လမ်းရှိတယ်။ ပုံမှန်လမ်းကတော့ မန္တလေး-စစ် ကိုင်း-ရွှေကိုင်း-ရွှေဘို-မိုးညှင်း-မိုး ကောင်း-မြစ်ကြီးနားလမ်းပေါ့။ မတ္တရာဘက်က မကောင်းရင် ရွှေဘိုလမ်းအတိုင်းသွားတာပေါ့” ဟု အထက်ပါ လမ်းပိုင်းကို အသုံးပြုသွားလာနေသူတစ်ဦးက ဆိုသည်။ ဒီမိုကရေစီကို ယုံကြည်သည် ဆိုသူများကြောင့် မန္တလေးမှ မြစ်ကြီးနားခရီးသည် (၃)ရက်မှ (၆)ရက်ခန့်အထိ ကြာမြင့်သွားခဲ့ပြီဖြစ် သည်။ ထို့ပြင် ယင်းယုံကြည်သူများ၏ ငွေကောက်ခံ ဂိတ်ပေါင်းများစွာကလည်း သင့်ကို စောင့်မျှော် နေကြပေသေး သည်။
မိတ်ဆွေအနေဖြင့် မန္တလေးမှ မြစ်ကြီးနားသို့ ခရီးသွားသည့်အခါ စစ်ကိုင်းတိုင်းကို ဖြတ်သန်း ရပေလိမ့်မည်။ အဆမတန် ငွေကြေးကောက်ခံသော ဇာတ်လမ်းများသည် ယင်းနေရာတွင်စတင်သည်။ မန္တလေး-မြစ်ကြီးနားခရီးတွင် စစ်ကိုင်းတိုင်းကို အများဆုံးဖြတ်သန်းရခြင်းဖြစ်ရာ ယင်းဒေသမှ လက်နက်ကိုင်များအတွက် အကွက်ကောင်းဖြစ် သွား၏။
ယင်းတိုင်းအတွင်းမှ PDF တို့၏ ဂိတ်ကြေးတောင်းခံမှု အတော်များများသည် အလှူငွေ မျက်နှာဖုံးစွပ်ထား သည်။ သို့သော် ဤအလှူခံပုဂ္ဂိုလ်များသည်ကား မလှူသူများကို ငရဲပြည်သို့ အရှင်လတ်လတ်တန်းပို့ မည့်သူများပေ တည်း။ တောင်းသောငွေကိုမပေးလျှင် ၎င်းတို့ထပ်လုပ်မည့်အရာကို မှန်းရန်မလွယ်ကူပါ။ အဆိုးဆုံးက အလောင်း ပျောက်ကာ စစ်ကိုင်း တိုင်းတစ်နေရာတွင် ခေါင်းချသွားရခြင်းမျိုးလည်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် မည်သူမျှမငြင်း ဆန်ဝံ့ပါ။ အသက်ထက် အရေးကြီးသော အရာမရှိဟု ဆိုကြသည် မဟုတ်ပါလား။
“သေချာတယ်ဗျ။ မန္တလေး-မြစ်ကြီးနား ခရီးသွားမယ်ဆို ကားလေးကတော့ တစ်သိန်းလောက် ကိုပါမှရမှာ” ဟု ဖြစ်စဉ်ကိုသိရှိသူ သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။ ယင်းပမာဏက အိမ်စီးကား ငယ်များအတွက်သာ ဖြစ်သည်။ ခရီးသည်တင်ကားများနှင့် ကုန်ကားများအတွက် ဂိတ်ကြေးက ပိုမြင့်သည်။ အထူးသဖြင့် ကုန်ကားများသည် ယင်း ဒေသမှ လက်နက်ကိုင်များ မျက်စိထဲတွင် ရွေ့လျားနေသော ငွေထုပ်ကြီးများပင်။
“ကုန်ကားတွေဆို သိန်းဆယ်ချီပေးရတာ။ ခင်ဗျားနှယ် အဲဒီလောက်ပေးရမှတော့ ကုန် ဈေးတက်တာလည်း မပြောနဲ့။ ဆီကားတွေဆိုလည်း သူတို့ကို နင့်နေအောင် ပေးရတာပဲ။ ဒီခရီးက လာတဲ့ ကုန် ဘယ်လောက် ဈေးတက်မလဲ စဉ်းစားသာ ကြည့် တော့” ဟု ကချင်ပြည်နယ် ဒေသခံတစ်ဦးက ဆို သည်။
ယင်းလမ်းပိုင်းမှ PDF တို့၏ ငွေတောင်း သည့်ပုံစံများမှာ အချိန်ကြာလာသည်နှင့်အမျှ ပုံစံ မျိုးစုံပြောင်းလာ သည်။ စီးပွားရေး အကွက်မြင်ကြ သည်ဟုပင် ခပ်ရွဲ့ရွဲ့တွေးနိုင်၏။ အဘယ်ကြောင့် ဆိုသော် ဂိတ်ကြေးတောင်းရာတွင် အထိုင်ဂိတ်များ ရှိသကဲ့သို့ လမ်းဘေးမှရုတ်တရက်ထွက်ကာ ကား တားပြီး ဆက်ကြေးတောင်းသူများရှိသည်။ ပိုက်ဆံ တောင်းနည်းကား အစုံပင်။ ၎င်းတို့သာ လက်နက် မကိုင်ဘဲ စီးပွားရေးလုပ်ပါက ယခုကဲ့သို့ စဉ်းစား တတ်ပုံမျိုးဆိုလျှင် အတော်အသင့်ချမ်းသာနိုင်မည့် သဘောပင်ရှိသည်။
ဥပမာအားဖြင့် လုံခြုံရေးအကြောင်းပြ ချက်ဖြင့် သွားရိုးလမ်းမှ ရှောင်ကွင်းလမ်းသို့ မောင်းခိုင်းပြီး ယင်းလမ်း အတွက် အသုံးပြုခပေးရသည်။ တံတားရှိလျှင် တံတားဖြတ်ခပေးရသည်။ တစ်ဖန် သွားလာစဉ် ရွာရှိ၍ ဖြတ်သန်းပါက ရွာဖြတ်သန်းခ ထပ်ပေးရပေလိမ့်မည်။ ပေးမဆုံးပေါင် တောသုံး ထောင်ဟုပင် စကားပုံပြောင်းရမည့် ကိန်း ဆိုက်သွား သော လမ်းပိုင်းဖြစ်သည်။
“ရွာဖြတ်သန်းခဆိုတာတောင် တချို့ရွာတွေမှာ တစ်ဂိတ်မကဘူး။ အဲဒါတွေကို မြင်တော့ ပြည်သူတွေအတွက် လည်း သွားရလာရ ပိုကျပ်လာတယ်။ အဓိကထိတာကတော့ ပြည်သူပေါ့။ ပြည်သူ ဆိုတာ ခရီးသွားပြည်သူရော ကုန်သည်တွေရော အကုန်ပါပဲ” ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံ တစ်ဦးကဆိုသည်။ ပိုပြီး စိတ်ဝင်စားဖွယ်ကောင်း သော အခြားငွေတောင်းဗျူဟာတစ်ခုလည်း ရှိသေးသည်။ ယင်းမှာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကားများကို ညအိပ်ရပ်တန့်ခိုင်းခြင်းဖြစ်သည်။ ညအိပ်သမားများအတွက် ထမင်းနှင့်ဟင်းရောင်းကာ ငွေရှာ လိုခြင်းကြောင့်ဖြစ် ကြောင်း ဖြစ်စဉ်ကိုသိရှိသူ တစ်ဦးက ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။ သို့သော် ၎င်းရေးသား ထားခြင်းမရှိသော အကြောင်းအရာတစ်ခုမှာရောင်း ချသည့်ဈေးဖြစ်သည်။ ကုန်ဈေးနှုန်းတက်သည်ဆို သောအကြောင်းပြချက်ဖြင့် မူရင်းထက် များစွာသာလွန် သောဈေးနှုန်ဖြင့်ဝယ်စားကြရခြင်း ဖြစ်သည်။ ထိုမျှနှင့်လည်း မပြီးသေးပါ။ ရွာတွင်အိပ်လျှင်လည်း ခေါင်းစဉ်အချို့ဖြင့် ငွေကြေးကောက်ခံမှုများက ရှိ သေးသည်။
‘မန္တလေးကနေ ရွှေဘိုဘက်ပဲ အရင် သွားကြည့်ရင် ဒီလမ်းအကြောင်းကိုသိသွားပါ လိမ့်မယ်။ လမ်းမှာ အခြေ အနေက ဘယ်လိုရှိတယ် ဆိုတာ ကိုယ်တိုင်မြင်ရမှာ။ တော်တော်လေးကို ဆိုးနေတယ်လို့ ရင်နာနာနဲ့ပြောရမှာပါ’ ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ NUG ထောက်ခံသူ တစ်ဦးကဆိုသည်။
အထက်ပါ အခြေအနေကား စစ်ကိုင်းတိုင်း အတွင်းက အခြေအနေများဖြစ်သည်။ စစ်ကိုင်းတိုင်းမှ ဖြတ်သန်း ပြီးနောက် ကချင်ပြည်နယ်အတွင်း ရောက်သည့်အခါ ဂိတ်များကုန်ပြီဟု မထင်ပါနှင့်။ ယခင် သွားရိုးသွားစဉ် မဟုတ်သော လမ်းများကို ဖြတ်ရရုံသာမက ဂိတ်များကိုလည်း တစ်ဖန်ထပ်မံ ဖြတ်သန်းရသည်။ စစ်ကိုင်းတိုင်းဒေသကြီးက လောက် ဂိတ်မများဟုဆိုသော်လည်း ငွေတော့ ပေးကြရသည်သာ။ NUG တို့သည်လည်း လက်နက် ကိုင်ထားသည် မဟုတ်ပါ လား။
‘အခုတလော တော်တော် နာမည်ထွက် နေတာတော့ အင်းတော်ရှောင်ကွင်းလမ်းပေါ့။ အဲဒီမှာ ဂိတ်တွေက မျိုးစုံပဲ။ NUG လက်အောက်က ငွေတောင်းဂိတ်ရော တခြားဟာတွေလည်း ရှိတယ်’ ဟု ကချင်ပြည်နယ်မှ အခြေအနေနှင့် ပတ်သက်၍ ဖြစ်စဉ်ကိုသိရှိသူ ဒေသခံတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ်တွင် ငွေတောင်းသည့် ပုံစံသာမက ယခု ထပ်ပေါ်လာသည်က KIA တို့၏ နာမည်ဆိုး ထွက်နေ သော စစ်သားစုဆောင်းရေးဖြစ်သည်။ တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများတွင် အထိနာ နေသည့် KIA အနေဖြင့် လူသစ်စုဆောင်းမှုကို အာရုံ စိုက်လာသည်။ ယင်းအတွက် မန္တလေး - မြစ်ကြီးနား လမ်းပိုင်းမှ ခရီးသွားသူများလည်း မလွတ်ပါ။
“လူငယ်တွေက သတိထားပြီး သွားနေရတာပေါ့။ သတင်းတွေက မျိုးစုံပဲ။ ဆက်သွယ်ရေးက မကောင်းတော့ KIA က လူငယ်တွေကို ကားပေါ်ကနေ စစ်ပြီးခေါ်သွားတာလည်း ကြားရတယ်။ ဒါကြောင့် ပိုပြီး သတိထားနေကြရတဲ့ အခြေအနေပေါ့” ဟု ကချင်ပြည်နယ် ဒေသခံတစ်ဦးကဆိုသည်။ မန္တလေး -မြစ်ကြီးနားလမ်းပိုင်းတွင် ငွေကြေးပေးရမှု များသည် ကားမှန်ပါ၏။ သို့သော် တစ်ဖက်တွင် ဒေသတွင်း ကုန်သွယ်ရေးအတွက် ယင်းလမ်းကိုသာ အသုံးပြု နေရသည် ဖြစ်ရာ ပြည်သူများအတွက် ငြင်းဆန်ခွင့် မရှိပါချေ။
ငြိမ်းချမ်းစဉ်က အငွေ့အသက်များသည် ယင်းလမ်းပေါ်တွင် ပျောက်ဆုံးစပြုနေသည်မှာ အတော်ပင် ကြာခဲ့ ပေပြီ။ တိုက်ပွဲများသည် မန္တလေး - မြစ်ကြီးနား လမ်းပေါ်သို့ ငွေတောင်းဂိတ်များကို ခေါ်လာခဲ့သည်။ လက်နက်ကိုင် များကို အိတ်ဖောင်းကာ စိတ်ပြောင်းစေခဲ့ပြီ။ ယင်းဂိတ်များ မည်သည့် အချိန်ပပျောက်သွားမည်ဆိုသော အချက်ကိုမူ မည်သူမျှ လတ်တလော သိနိုင်မည်မထင်ပါ။

Zawgyi Version:
စစ္ကိုင္း ျဖတ္ေက်ာ္ဂိတ္ တကယ္မ်ား မႏၲေလး - ျမစ္ႀကီးနား ခရီးသြား
သုတေက်ာ္ (NP News) - မတ္ ၁၁

မႏၲေလးၿမိဳ႕ - ျမစ္ႀကီးနား ခရီးလမ္းသည္ ႏိုင္လြန္ကတၱရာလမ္းအျဖစ္မွ ေငြခင္းထားေသာ လမ္းအျဖစ္သို႔ ကာလတစ္ခုအတြင္း တစ္မုဟုတ္ခ်င္း ေျပာင္းလဲသြားခဲ့ၿပီ ျဖစ္သည္။
မႏၲေလးၿမိဳ႕ႏွင့္ ျမစ္ႀကီးနားၿမိဳ႕ခရီးသည္ ယခင္က တစ္ရက္၊ ႏွစ္ရက္မွ်ႏွင့္ ေရာက္ႏိုင္ခဲ့သည္။ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ၿမိဳ႕ေတာ္ႏွစ္ၿမိဳ႕မွ ကုန္စည္ႏွင့္ ခရီးသည္ေပါင္းမ်ားစြာတို႔သည္ အထက္ပါ ခရီးတြင္ လူးလာေခါက္တုံ႔သြား လာခဲ့ၾကသည္။ ထိုလမ္းကိုအမွီျပဳကာ ေဒသထြက္ကုန္မ်ားကို အျပန္ အလွန္တင္ပို႔ၾကသည္။ ထို႔ျပင္ စိတ္ေအးလက္ေအး ေနာက္ေက်ာလုံလုံျဖင့္ သြားလာ၊ ကုန္သြယ္ႏိုင္ခဲ့ၾကသည္။ ယင္းအေျခအေနတို႔သည္ ယခုအခါ ေျပာင္းလဲ သြားၿပီျဖစ္ သည္။
(၂၀၂၁)ခုႏွစ္ေနာက္ပိုင္းတြင္ ယင္းလမ္း ပိုင္းေပၚ KIA၊ PDF စသည္ျဖင့္ လက္နက္ကိုင္အဖြဲ႕မ်ား ေနရာယူ လာခဲ့ၾကသည္။ ယင္းေနာက္ ဂိတ္မ်ား ဟိုတစ္စသည္တစ္စျဖင့္ မႈိလိုေပါက္လာခဲ့ရာ မႏၲေလး-ျမစ္ႀကီးနား လမ္းပိုင္းကို တန္ဖိုးျမင့္တက္ ေစခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ေကာင္းေသာတန္ဖိုးျမင့္ ျခင္းေတာ့ မဟုတ္ပါ။ ယင္းခရီးအတြက္ ေငြကုန္ ေၾကးက် ပိုမ်ားလာျခင္းျဖစ္သည္။
ထို႔ျပင္ တိုက္ပြဲေၾကာင့္ ကခ်င္ျပည္နယ္ အတြင္းလမ္းပိုင္းကလည္း မၾကာခဏပိတ္တတ္ ေသးရာ ေငြေပးလည္း မရဆိုေသာ သေဘာမ်ိဳးပင္ ဆန္ေနေခ်ေတာ့သည္။ ထို႔ျပင္ ပိုဆိုးသည္က လမ္းပိတ္လွ်င္ ကုန္ေဈးႏႈန္းက အဆမတန္ တက္သည္။ ထို႔ေၾကာင့္ ယင္းလမ္းကိုပင္မပိတ္ပါေစႏွင့္ဟု ဆု ေတာင္းေနရေသာအေျခအေန ဆိုက္လာခဲ့သည္။
အိမ္စီးကားတစ္စီးအတြက္ ယင္းလမ္းကို ျဖတ္သန္း အသုံးျပဳခသည္ ယခင္ကတစ္ေထာင္တန္ တစ္ အုပ္ျဖင့္ လုံေလာက္ခဲ့ေသာ္လည္း ဂိတ္မ်ားတြင္ ေပးရ ေသာေၾကးက တျဖည္းျဖည္းမ်ားလာခဲ့ရာ ယခုအခါ ငါးေထာင္တန္ တစ္အုပ္ကိုင္ၿပီး သြားလွ်င္ပင္ မေလာက္ေတာ့ဟု ဆိုစမွတ္ျပဳၾကသည္အထိပင္ အေျခအေန ေရာက္ေနသည္။
“မႏၲေလး-မတၱရာ-လက္ပံလွ- စဥ့္ကူး တို႔ကေန အင္းေတာ္တံတားကို ျဖတ္ၿပီးေတာ့မွ သြားတဲ့လမ္း ရွိတယ္။ တေကာင္းလမ္းခြဲကေပါ့။ ေနာက္ တစ္ခါ မႏၲေလး-စစ္ကိုင္း-ေ႐ႊဘို ဘက္ကေန သြားတဲ့လမ္းရွိတယ္။ ပုံမွန္လမ္းကေတာ့ မႏၲေလး-စစ္ ကိုင္း-ေ႐ႊကိုင္း-ေ႐ႊဘို-မိုးညႇင္း-မိုး ေကာင္း-ျမစ္ႀကီးနားလမ္းေပါ့။ မတၱရာဘက္က မေကာင္းရင္ ေ႐ႊဘိုလမ္းအတိုင္းသြားတာေပါ့” ဟု အထက္ပါ လမ္းပိုင္းကို အသုံးျပဳသြားလာေနသူတစ္ဦးက ဆိုသည္။ ဒီမိုကေရစီကို ယုံၾကည္သည္ ဆိုသူမ်ားေၾကာင့္ မႏၲေလးမွ ျမစ္ႀကီးနားခရီးသည္ (၃)ရက္မွ (၆)ရက္ခန႔္အထိ ၾကာျမင့္သြားခဲ့ၿပီျဖစ္ သည္။ ထို႔ျပင္ ယင္းယုံၾကည္သူမ်ား၏ ေငြေကာက္ခံ ဂိတ္ေပါင္းမ်ားစြာကလည္း သင့္ကို ေစာင့္ေမွ်ာ္ ေနၾကေပေသး သည္။
မိတ္ေဆြအေနျဖင့္ မႏၲေလးမွ ျမစ္ႀကီးနားသို႔ ခရီးသြားသည့္အခါ စစ္ကိုင္းတိုင္းကို ျဖတ္သန္း ရေပလိမ့္မည္။ အဆမတန္ ေငြေၾကးေကာက္ခံေသာ ဇာတ္လမ္းမ်ားသည္ ယင္းေနရာတြင္စတင္သည္။ မႏၲေလး-ျမစ္ႀကီးနားခရီးတြင္ စစ္ကိုင္းတိုင္းကို အမ်ားဆုံးျဖတ္သန္းရျခင္းျဖစ္ရာ ယင္းေဒသမွ လက္နက္ကိုင္မ်ားအတြက္ အကြက္ေကာင္းျဖစ္ သြား၏။
ယင္းတိုင္းအတြင္းမွ PDF တို႔၏ ဂိတ္ေၾကးေတာင္းခံမႈ အေတာ္မ်ားမ်ားသည္ အလႉေငြ မ်က္ႏွာဖုံးစြပ္ထား သည္။ သို႔ေသာ္ ဤအလႉခံပုဂၢိဳလ္မ်ားသည္ကား မလႉသူမ်ားကို ငရဲျပည္သို႔ အရွင္လတ္လတ္တန္းပို႔ မည့္သူမ်ားေပ တည္း။ ေတာင္းေသာေငြကိုမေပးလွ်င္ ၎တို႔ထပ္လုပ္မည့္အရာကို မွန္းရန္မလြယ္ကူပါ။ အဆိုးဆုံးက အေလာင္း ေပ်ာက္ကာ စစ္ကိုင္း တိုင္းတစ္ေနရာတြင္ ေခါင္းခ်သြားရျခင္းမ်ိဳးလည္း ျဖစ္သြားႏိုင္သည္။ ထို႔ေၾကာင့္ မည္သူမွ်မျငင္း ဆန္ဝံ့ပါ။ အသက္ထက္ အေရးႀကီးေသာ အရာမရွိဟု ဆိုၾကသည္ မဟုတ္ပါလား။
“ေသခ်ာတယ္ဗ်။ မႏၲေလး-ျမစ္ႀကီးနား ခရီးသြားမယ္ဆို ကားေလးကေတာ့ တစ္သိန္းေလာက္ ကိုပါမွရမွာ” ဟု ျဖစ္စဥ္ကိုသိရွိသူ သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။ ယင္းပမာဏက အိမ္စီးကား ငယ္မ်ားအတြက္သာ ျဖစ္သည္။ ခရီးသည္တင္ကားမ်ားႏွင့္ ကုန္ကားမ်ားအတြက္ ဂိတ္ေၾကးက ပိုျမင့္သည္။ အထူးသျဖင့္ ကုန္ကားမ်ားသည္ ယင္း ေဒသမွ လက္နက္ကိုင္မ်ား မ်က္စိထဲတြင္ ေ႐ြ႕လ်ားေနေသာ ေငြထုပ္ႀကီးမ်ားပင္။
“ကုန္ကားေတြဆို သိန္းဆယ္ခ်ီေပးရတာ။ ခင္ဗ်ားႏွယ္ အဲဒီေလာက္ေပးရမွေတာ့ ကုန္ ေဈးတက္တာလည္း မေျပာနဲ႔။ ဆီကားေတြဆိုလည္း သူတို႔ကို နင့္ေနေအာင္ ေပးရတာပဲ။ ဒီခရီးက လာတဲ့ ကုန္ ဘယ္ေလာက္ ေဈးတက္မလဲ စဥ္းစားသာ ၾကည့္ ေတာ့” ဟု ကခ်င္ျပည္နယ္ ေဒသခံတစ္ဦးက ဆို သည္။
ယင္းလမ္းပိုင္းမွ PDF တို႔၏ ေငြေတာင္း သည့္ပုံစံမ်ားမွာ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပုံစံ မ်ိဳးစုံေျပာင္းလာ သည္။ စီးပြားေရး အကြက္ျမင္ၾက သည္ဟုပင္ ခပ္႐ြဲ႕႐ြဲ႕ေတြးႏိုင္၏။ အဘယ္ေၾကာင့္ ဆိုေသာ္ ဂိတ္ေၾကးေတာင္းရာတြင္ အထိုင္ဂိတ္မ်ား ရွိသကဲ့သို႔ လမ္းေဘးမွ႐ုတ္တရက္ထြက္ကာ ကား တားၿပီး ဆက္ေၾကးေတာင္းသူမ်ားရွိသည္။ ပိုက္ဆံ ေတာင္းနည္းကား အစုံပင္။ ၎တို႔သာ လက္နက္ မကိုင္ဘဲ စီးပြားေရးလုပ္ပါက ယခုကဲ့သို႔ စဥ္းစား တတ္ပုံမ်ိဳးဆိုလွ်င္ အေတာ္အသင့္ခ်မ္းသာႏိုင္မည့္ သေဘာပင္ရွိသည္။
ဥပမာအားျဖင့္ လုံၿခဳံေရးအေၾကာင္းျပ ခ်က္ျဖင့္ သြား႐ိုးလမ္းမွ ေရွာင္ကြင္းလမ္းသို႔ ေမာင္းခိုင္းၿပီး ယင္းလမ္း အတြက္ အသုံးျပဳခေပးရသည္။ တံတားရွိလွ်င္ တံတားျဖတ္ခေပးရသည္။ တစ္ဖန္ သြားလာစဥ္ ႐ြာရွိ၍ ျဖတ္သန္းပါက ႐ြာျဖတ္သန္းခ ထပ္ေပးရေပလိမ့္မည္။ ေပးမဆုံးေပါင္ ေတာသုံး ေထာင္ဟုပင္ စကားပုံေျပာင္းရမည့္ ကိန္း ဆိုက္သြား ေသာ လမ္းပိုင္းျဖစ္သည္။
“႐ြာျဖတ္သန္းခဆိုတာေတာင္ တခ်ိဳ႕႐ြာေတြမွာ တစ္ဂိတ္မကဘူး။ အဲဒါေတြကို ျမင္ေတာ့ ျပည္သူေတြအတြက္ လည္း သြားရလာရ ပိုက်ပ္လာတယ္။ အဓိကထိတာကေတာ့ ျပည္သူေပါ့။ ျပည္သူ ဆိုတာ ခရီးသြားျပည္သူေရာ ကုန္သည္ေတြေရာ အကုန္ပါပဲ” ဟု စစ္ကိုင္းတိုင္းေဒသႀကီးမွ ေဒသခံ တစ္ဦးကဆိုသည္။ ပိုၿပီး စိတ္ဝင္စားဖြယ္ေကာင္း ေသာ အျခားေငြေတာင္းဗ်ဴဟာတစ္ခုလည္း ရွိေသးသည္။ ယင္းမွာ လုံၿခဳံေရးအေၾကာင္းျပခ်က္ျဖင့္ ကားမ်ားကို ညအိပ္ရပ္တန႔္ခိုင္းျခင္းျဖစ္သည္။ ညအိပ္သမားမ်ားအတြက္ ထမင္းႏွင့္ဟင္းေရာင္းကာ ေငြရွာ လိုျခင္းေၾကာင့္ျဖစ္ ေၾကာင္း ျဖစ္စဥ္ကိုသိရွိသူ တစ္ဦးက ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။ သို႔ေသာ္ ၎ေရးသား ထားျခင္းမရွိေသာ အေၾကာင္းအရာတစ္ခုမွာေရာင္း ခ်သည့္ေဈးျဖစ္သည္။ ကုန္ေဈးႏႈန္းတက္သည္ဆို ေသာအေၾကာင္းျပခ်က္ျဖင့္ မူရင္းထက္ မ်ားစြာသာလြန္ ေသာေဈးႏႈန္ျဖင့္ဝယ္စားၾကရျခင္း ျဖစ္သည္။ ထိုမွ်ႏွင့္လည္း မၿပီးေသးပါ။ ႐ြာတြင္အိပ္လွ်င္လည္း ေခါင္းစဥ္အခ်ိဳ႕ျဖင့္ ေငြေၾကးေကာက္ခံမႈမ်ားက ရွိ ေသးသည္။
‘မႏၲေလးကေန ေ႐ႊဘိုဘက္ပဲ အရင္ သြားၾကည့္ရင္ ဒီလမ္းအေၾကာင္းကိုသိသြားပါ လိမ့္မယ္။ လမ္းမွာ အေျခ အေနက ဘယ္လိုရွိတယ္ ဆိုတာ ကိုယ္တိုင္ျမင္ရမွာ။ ေတာ္ေတာ္ေလးကို ဆိုးေနတယ္လို႔ ရင္နာနာနဲ႔ေျပာရမွာပါ’ ဟု စစ္ကိုင္းတိုင္းေဒသႀကီးမွ NUG ေထာက္ခံသူ တစ္ဦးကဆိုသည္။
အထက္ပါ အေျခအေနကား စစ္ကိုင္းတိုင္း အတြင္းက အေျခအေနမ်ားျဖစ္သည္။ စစ္ကိုင္းတိုင္းမွ ျဖတ္သန္း ၿပီးေနာက္ ကခ်င္ျပည္နယ္အတြင္း ေရာက္သည့္အခါ ဂိတ္မ်ားကုန္ၿပီဟု မထင္ပါႏွင့္။ ယခင္ သြား႐ိုးသြားစဥ္ မဟုတ္ေသာ လမ္းမ်ားကို ျဖတ္ရ႐ုံသာမက ဂိတ္မ်ားကိုလည္း တစ္ဖန္ထပ္မံ ျဖတ္သန္းရသည္။ စစ္ကိုင္းတိုင္းေဒသႀကီးက ေလာက္ ဂိတ္မမ်ားဟုဆိုေသာ္လည္း ေငြေတာ့ ေပးၾကရသည္သာ။ NUG တို႔သည္လည္း လက္နက္ ကိုင္ထားသည္ မဟုတ္ပါ လား။
‘အခုတေလာ ေတာ္ေတာ္ နာမည္ထြက္ ေနတာေတာ့ အင္းေတာ္ေရွာင္ကြင္းလမ္းေပါ့။ အဲဒီမွာ ဂိတ္ေတြက မ်ိဳးစုံပဲ။ NUG လက္ေအာက္က ေငြေတာင္းဂိတ္ေရာ တျခားဟာေတြလည္း ရွိတယ္’ ဟု ကခ်င္ျပည္နယ္မွ အေျခအေနႏွင့္ ပတ္သက္၍ ျဖစ္စဥ္ကိုသိရွိသူ ေဒသခံတစ္ဦးက ဆိုသည္။
ကခ်င္ျပည္နယ္တြင္ ေငြေတာင္းသည့္ ပုံစံသာမက ယခု ထပ္ေပၚလာသည္က KIA တို႔၏ နာမည္ဆိုး ထြက္ေန ေသာ စစ္သားစုေဆာင္းေရးျဖစ္သည္။ တပ္မေတာ္ႏွင့္ ထိေတြ႕တိုက္ပြဲမ်ားတြင္ အထိနာ ေနသည့္ KIA အေနျဖင့္ လူသစ္စုေဆာင္းမႈကို အာ႐ုံ စိုက္လာသည္။ ယင္းအတြက္ မႏၲေလး - ျမစ္ႀကီးနား လမ္းပိုင္းမွ ခရီးသြားသူမ်ားလည္း မလြတ္ပါ။
“လူငယ္ေတြက သတိထားၿပီး သြားေနရတာေပါ့။ သတင္းေတြက မ်ိဳးစုံပဲ။ ဆက္သြယ္ေရးက မေကာင္းေတာ့ KIA က လူငယ္ေတြကို ကားေပၚကေန စစ္ၿပီးေခၚသြားတာလည္း ၾကားရတယ္။ ဒါေၾကာင့္ ပိုၿပီး သတိထားေနၾကရတဲ့ အေျခအေနေပါ့” ဟု ကခ်င္ျပည္နယ္ ေဒသခံတစ္ဦးကဆိုသည္။ မႏၲေလး -ျမစ္ႀကီးနားလမ္းပိုင္းတြင္ ေငြေၾကးေပးရမႈ မ်ားသည္ ကားမွန္ပါ၏။ သို႔ေသာ္ တစ္ဖက္တြင္ ေဒသတြင္း ကုန္သြယ္ေရးအတြက္ ယင္းလမ္းကိုသာ အသုံးျပဳ ေနရသည္ ျဖစ္ရာ ျပည္သူမ်ားအတြက္ ျငင္းဆန္ခြင့္ မရွိပါေခ်။
ၿငိမ္းခ်မ္းစဥ္က အေငြ႕အသက္မ်ားသည္ ယင္းလမ္းေပၚတြင္ ေပ်ာက္ဆုံးစျပဳေနသည္မွာ အေတာ္ပင္ ၾကာခဲ့ ေပၿပီ။ တိုက္ပြဲမ်ားသည္ မႏၲေလး - ျမစ္ႀကီးနား လမ္းေပၚသို႔ ေငြေတာင္းဂိတ္မ်ားကို ေခၚလာခဲ့သည္။ လက္နက္ကိုင္ မ်ားကို အိတ္ေဖာင္းကာ စိတ္ေျပာင္းေစခဲ့ၿပီ။ ယင္းဂိတ္မ်ား မည္သည့္ အခ်ိန္ပေပ်ာက္သြားမည္ဆိုေသာ အခ်က္ကိုမူ မည္သူမွ် လတ္တေလာ သိႏိုင္မည္မထင္ပါ။

Related news

© 2021. All rights reserved.