NUG ၏ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် UAE နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန် ဆောင်ရွက်ခဲ့မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

1248

ပီယ (NP News) - မတ် ၁၀
NUG ၏ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် UAE နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန် ဆောင်ရွက်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကေဇင်ထွန်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆေးတက္ကသိုလ်(မန္တလေး)၌ ပညာသင်ကြားခဲ့ပြီး ကလေးဆေးရုံကြီး(မန္တလေး)နှင့် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးတို့တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)မှ ဆေးပညာဘွဲ့လက်မှတ်ရရှိခဲ့ပြီး ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိဘဲ ပြည်ပသို့ တရားမဝင်ထွက်ခွာသွားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း(Disloyal Civil Servant-DCS) ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်- မန္တလေး၊ ပါမောက္ခချုပ်အဖြစ်မှထုတ်ပယ်ခံထားရသူ)မှ တရားမဝင်ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်အတွက် တရားမဝင်လျှောက်ထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်တွင် ဒူဘိုင်းမြို့ရှိ The Data flow Group Company မှ ကေဇင်ထွန်း၏ ပညာဆက်လက်သင်ကြားရန်လျှောက်ထားမှုနှင့်ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်အား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ်(မန္တလေး)သို့ အကြောင်းကြားလာခဲ့ကြောင်း၊ အဆိုပါ ယာယီဆေးပညာဘွဲ့လက်မှတ်အား တာဝန်ရှိသူများမှ စိစစ်ခဲ့ရာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ထုတ်ပေးသည့် ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြစ်ကြောင်း သိရှိရသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်လက်သတင်းပို့တင်ပြခဲ့ကြောင်း ဖော်ပြထားသည်။
ကေဇင်ထွန်း၏ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ပြုလုပ်ပေးခဲ့မှုနှင့်ပတ်သက်၍ စိစစ်ရန်အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင် ရှေ့နေ လှဝင်း၊ လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင် ဇာနည်လွင် (ခ) လပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးတို့ ၃ ဦးအားလည်းကောင်း၊ မတ်လ ၆ ရက်တွင် Notary ဌာနစိတ်(ရန်ကုန်)မှ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ် နှင့် မောင်မောင်ချစ်စန်းဦး၊ ကျောက်တံတားမြို့နယ်ရှိ အောင် Notary ဆိုင်ပိုင်ရှင် အေးသီတာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ ၄ ဦးအားလည်းကောင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်စာတွင်ရေးသားထားသည်။
၎င်းတို့၏စိစစ်ရရှိချက်များအရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကေဇင်ထွန်းမှ အိလဲ့လဲ့ထွန်း (Angel Online Notary Service)အား ဆက်သွယ်၍ ၎င်း၏ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)အား Notary(သက်သေခံချက်)ပြုလုပ်ပေးရန် ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း၊ အိလဲ့လဲ့ထွန်းမှ ကေဇင်ထွန်း၏ဘွဲ့လက်မှတ်(အတု)အား Notary (သက်သေခံချက်)ပြုလုပ်ရန်နှင့် Notary ဌာနစိတ်(ရန်ကုန်)မှ ထပ်ဆင့်လက်မှတ်ရရှိရန် ဇာနည်လွင် (ခ)လပြည့်(လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်)အား ငွေကြေးပေး၍ ထပ်မံစေခိုင်းခဲ့ကြောင်း၊ ဇာနည်လွင်(ခ)လပြည့်သည် ၎င်း Notary (သက်သေခံချက်)(အတု)အား ရှေ့နေ လှဝင်း(ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင်) ထံသို့ ငွေကြေးပေး၍ ရှေ့နေလက်မှတ်ရေးထိုးစေခဲ့ပြီး အေးသီတာ(အောင် Notary ဆိုင်ပိုင်ရှင်) နှင့်ချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထပ်ဆင့်လက်မှတ်ရရှိနိုင်ရန် ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း၊ အေးသီတာသည် ၎င်း Notary(သက်သေခံချက်)(အတု)အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုတြီဌာနစိတ် (ရန်ကုန်)တွင် လက်မှတ်ရေးထိုးနိုင်ရန် ပွဲစား ခိုင်ခိုင်(ထွက်ပြေးတိမ်းရှောင်)အား ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း သိရှိရသည်။
ပွဲစား ခိုင်ခိုင်(ထွက်ပြေးတိမ်းရှောင်)သည် ကေဇင်ထွန်း၏Notary(သက်သေခံချက်)(အတု)အား Notary ဌာနစိတ်(ရန်ကုန်)မှ ထပ်ဆင့်လက်မှတ်ရရှိရန် ရုံးအုပ် မောင်မောင်ချစ်စန်းဦးနှင့် ရုံးအုပ်နိုင်နိုင်လတ်တို့အား ငွေကြေးပေး၍ ဆောင်ရွက်စေခဲ့ကြောင်း၊ ရုံးအုပ် မောင်မောင်ချစ်စန်းဦးနှင့် ရုံးအုပ် နိုင်နိုင်လတ်တို့မှ Notary(သက်သေခံချက်)(အတု)အား ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုး ထံသို့ ဆက်လက်တင်ပြခဲ့ကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးမှ ငွေကြေးရယူ၍ ၎င်း Notary(သက်သေခံချက်)(အတု)အား လက်မှတ်ရေးထိုးပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု စာတွင်ဖော်ပြထားသည်။
ထို့ကြောင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီမှ ထုတ်ပေးခဲ့သည့် တရားမဝင် ယာယီဆေးပညာဘွဲ့လက်မှတ်အတုဖြင့် UAE နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန် လျှောက်ထားသည့် ကေဇင်ထွန်းအား Black List (အမည်မည်းစာရင်း)ရေးသွင်း၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကေဇင်ထွန်း၏ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)အား Notary(သက်သေခံချက်)ပြုလုပ်ပေးခဲ့သူများဖြစ်ကြသော အိလဲ့လဲ့ထွန်း(Angel Online Notary Service)၊ ဇာနည်လွင်(ခ)လပြည့်(လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်)၊ ရှေ့နေ လှဝင်း(ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင်)နှင့် အေးသီတာ(အောင် Notary ဆိုင်ပိုင်ရှင်)တို့ ၄ ဦးအားလည်းကောင်း၊ ၎င်းဘွဲ့ လက်မှတ်(အတု)အား ထပ်ဆင့်လက်မှတ်ရေးထိုး ခြင်းများဆောင်ရွက်ပေးခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ Notary ဌာနစိတ်(ရန်ကုန်)မှ ဒုတိယ ညွှန်ကြားရေးမှူး အောင်ကျော်မိုး၊ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦး တို့ ၃ ဦးအားလည်းကောင်း၊ ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစား ခိုင်ခိုင်အားလည်းကောင်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

Zawgyi Version:
NUG ၏ တရားမဝင္ေဆးတကၠသိုလ္ (မႏၲေလး)မွ ယာယီေဆးပညာဘြဲ႕လက္မွတ္(အတု)ျဖင့္ UAE ႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕တြင္ ဆက္လက္ ပညာသင္ၾကားရန္ ေဆာင္႐ြက္ခဲ့ရာ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့
ပီယ (NP News) - မတ္ ၁၀
NUG ၏ တရားမဝင္ေဆးတကၠသိုလ္ (မႏၲေလး)မွ ယာယီေဆးပညာဘြဲ႕လက္မွတ္(အတု)ျဖင့္ UAE ႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕တြင္ ဆက္လက္ပညာသင္ၾကားရန္ ေဆာင္႐ြက္ခဲ့သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေကဇင္ထြန္းသည္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ ေဆးတကၠသိုလ္(မႏၲေလး)၌ ပညာသင္ၾကားခဲ့ၿပီး ကေလးေဆး႐ုံႀကီး(မႏၲေလး)ႏွင့္ မႏၲေလးဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးတို႔တြင္ အလုပ္သင္ဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္တြင္ ေဆးတကၠသိုလ္ (မႏၲေလး)မွ ေဆးပညာဘြဲ႕လက္မွတ္ရရွိခဲ့ၿပီး ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့ျခင္းမရွိဘဲ ျပည္ပသို႔ တရားမဝင္ထြက္ခြာသြားခဲ့ေၾကာင္း၊ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ အၾကမ္းဖက္အုပ္စုအျဖစ္ေၾကညာထားေသာ NUG အဖြဲ႕လက္ေအာက္ခံ တရားမဝင္ေဆးတကၠသိုလ္(မႏၲေလး)၊ ယာယီတကၠသိုလ္ေကာင္စီနာယက သစၥာမဲ့ဝန္ထမ္း(Disloyal Civil Servant-DCS) ျဖစ္သူ ခင္ေမာင္လြင္ (ေဆးတကၠသိုလ္- မႏၲေလး၊ ပါေမာကၡခ်ဳပ္အျဖစ္မွထုတ္ပယ္ခံထားရသူ)မွ တရားမဝင္ထုတ္ေပးခဲ့သည့္ ယာယီေဆးပညာဘြဲ႕လက္မွတ္(အတု)ျဖင့္ ဒူဘိုင္းၿမိဳ႕တြင္ ဆက္လက္ပညာသင္ၾကားရန္အတြက္ တရားမဝင္ေလွ်ာက္ထားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
၂၀၂၅ ခုႏွစ္၊ မတ္လ ၄ ရက္တြင္ ဒူဘိုင္းၿမိဳ႕ရွိ The Data flow Group Company မွ ေကဇင္ထြန္း၏ ပညာဆက္လက္သင္ၾကားရန္ေလွ်ာက္ထားမႈႏွင့္ပတ္သက္၍ သံသယရွိသျဖင့္ ယာယီေဆးပညာဘြဲ႕လက္မွတ္အား အတည္ျပဳေပးႏိုင္ရန္ ျမန္မာႏိုင္ငံရွိေဆးတကၠသိုလ္(မႏၲေလး)သို႔ အေၾကာင္းၾကားလာခဲ့ေၾကာင္း၊ အဆိုပါ ယာယီေဆးပညာဘြဲ႕လက္မွတ္အား တာဝန္ရွိသူမ်ားမွ စိစစ္ခဲ့ရာ အၾကမ္းဖက္အုပ္စုအျဖစ္ေၾကညာထားေသာ NUG အဖြဲ႕လက္ေအာက္ခံ တရားမဝင္ေဆးတကၠသိုလ္(မႏၲေလး)မွ ထုတ္ေပးသည့္ ယာယီေဆးပညာဘြဲ႕လက္မွတ္(အတု)ျဖစ္ေၾကာင္း သိရွိရသည့္အတြက္ က်န္းမာေရးဝန္ႀကီးဌာနသို႔ ဆက္လက္သတင္းပို႔တင္ျပခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ေကဇင္ထြန္း၏ ယာယီေဆးပညာဘြဲ႕လက္မွတ္(အတု)ျပဳလုပ္ေပးခဲ့မႈႏွင့္ပတ္သက္၍ စိစစ္ရန္အတြက္ ၂၀၂၅ ခုႏွစ္၊ မတ္လ ၅ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ေ႐ႊျပည္ေအာင္ Notary ဆိုင္ပိုင္ရွင္ ေရွ႕ေန လွဝင္း၊ လျပည့္ဝန္း Notary ဆိုင္ပိုင္ရွင္ ဇာနည္လြင္ (ခ) လျပည့္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေကာင္စစ္ေရးရာႏွင့္ဥပေဒေရးရာဦးစီးဌာန၊ Notary ဌာနစိတ္ (ရန္ကုန္)မွ ဒုတိယၫႊန္ၾကားေရးမႉး ေအာင္ေက်ာ္မိုးတို႔ ၃ ဦးအားလည္းေကာင္း၊ မတ္လ ၆ ရက္တြင္ Notary ဌာနစိတ္(ရန္ကုန္)မွ ႐ုံးအုပ္မ်ားျဖစ္ၾကေသာ ႏိုင္ႏိုင္လတ္ ႏွင့္ ေမာင္ေမာင္ခ်စ္စန္းဦး၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ေအာင္ Notary ဆိုင္ပိုင္ရွင္ ေအးသီတာႏွင့္ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ရွိ Angel Online Notary Service လုပ္ကိုင္သူ အိလဲ့လဲ့ထြန္းတို႔ ၄ ဦးအားလည္းေကာင္း ထိန္းသိမ္းေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္စာတြင္ေရးသားထားသည္။
၎တို႔၏စိစစ္ရရွိခ်က္မ်ားအရ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ေကဇင္ထြန္းမွ အိလဲ့လဲ့ထြန္း (Angel Online Notary Service)အား ဆက္သြယ္၍ ၎၏ အၾကမ္းဖက္အုပ္စုအျဖစ္ေၾကညာထားေသာ NUG အဖြဲ႕ လက္ေအာက္ခံ တရားမဝင္ေဆးတကၠသိုလ္(မႏၲေလး)မွ ယာယီေဆးပညာဘြဲ႕လက္မွတ္(အတု)အား Notary(သက္ေသခံခ်က္)ျပဳလုပ္ေပးရန္ ေငြေၾကးေပး၍ ေစခိုင္းခဲ့ေၾကာင္း၊ အိလဲ့လဲ့ထြန္းမွ ေကဇင္ထြန္း၏ဘြဲ႕လက္မွတ္(အတု)အား Notary (သက္ေသခံခ်က္)ျပဳလုပ္ရန္ႏွင့္ Notary ဌာနစိတ္(ရန္ကုန္)မွ ထပ္ဆင့္လက္မွတ္ရရွိရန္ ဇာနည္လြင္ (ခ)လျပည့္(လျပည့္ဝန္း Notary ဆိုင္ပိုင္ရွင္)အား ေငြေၾကးေပး၍ ထပ္မံေစခိုင္းခဲ့ေၾကာင္း၊ ဇာနည္လြင္(ခ)လျပည့္သည္ ၎ Notary (သက္ေသခံခ်က္)(အတု)အား ေရွ႕ေန လွဝင္း(ေ႐ႊျပည္ေအာင္ Notary ဆိုင္ပိုင္ရွင္) ထံသို႔ ေငြေၾကးေပး၍ ေရွ႕ေနလက္မွတ္ေရးထိုးေစခဲ့ၿပီး ေအးသီတာ(ေအာင္ Notary ဆိုင္ပိုင္ရွင္) ႏွင့္ခ်ိတ္ဆက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထပ္ဆင့္လက္မွတ္ရရွိႏိုင္ရန္ ေငြေၾကးေပး၍ ေစခိုင္းခဲ့ေၾကာင္း၊ ေအးသီတာသည္ ၎ Notary(သက္ေသခံခ်က္)(အတု)အား ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ႏိုႀတီဌာနစိတ္ (ရန္ကုန္)တြင္ လက္မွတ္ေရးထိုးႏိုင္ရန္ ပြဲစား ခိုင္ခိုင္(ထြက္ေျပးတိမ္းေရွာင္)အား ေငြေၾကးေပး၍ ေစခိုင္းခဲ့ေၾကာင္း သိရွိရသည္။
ပြဲစား ခိုင္ခိုင္(ထြက္ေျပးတိမ္းေရွာင္)သည္ ေကဇင္ထြန္း၏Notary(သက္ေသခံခ်က္)(အတု)အား Notary ဌာနစိတ္(ရန္ကုန္)မွ ထပ္ဆင့္လက္မွတ္ရရွိရန္ ႐ုံးအုပ္ ေမာင္ေမာင္ခ်စ္စန္းဦးႏွင့္ ႐ုံးအုပ္ႏိုင္ႏိုင္လတ္တို႔အား ေငြေၾကးေပး၍ ေဆာင္႐ြက္ေစခဲ့ေၾကာင္း၊ ႐ုံးအုပ္ ေမာင္ေမာင္ခ်စ္စန္းဦးႏွင့္ ႐ုံးအုပ္ ႏိုင္ႏိုင္လတ္တို႔မွ Notary(သက္ေသခံခ်က္)(အတု)အား ဒုတိယၫႊန္ၾကားေရးမႉး ေအာင္ေက်ာ္မိုး ထံသို႔ ဆက္လက္တင္ျပခဲ့ေၾကာင္း၊ ဒုတိယၫႊန္ၾကားေရးမႉး ေအာင္ေက်ာ္မိုးမွ ေငြေၾကးရယူ၍ ၎ Notary(သက္ေသခံခ်က္)(အတု)အား လက္မွတ္ေရးထိုးေပးခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရသည္ဟု စာတြင္ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ အၾကမ္းဖက္အုပ္စုအျဖစ္ ေၾကညာထားေသာ NUG အဖြဲ႕ လက္ေအာက္ခံ တရားမဝင္ေဆးတကၠသိုလ္(မႏၲေလး)၊ ယာယီတကၠသိုလ္ေကာင္စီမွ ထုတ္ေပးခဲ့သည့္ တရားမဝင္ ယာယီေဆးပညာဘြဲ႕လက္မွတ္အတုျဖင့္ UAE ႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕တြင္ ဆက္လက္ပညာသင္ၾကားရန္ ေလွ်ာက္ထားသည့္ ေကဇင္ထြန္းအား Black List (အမည္မည္းစာရင္း)ေရးသြင္း၍ ေဖာ္ထုတ္ဖမ္းဆီးကာ တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ေကဇင္ထြန္း၏ ယာယီေဆးပညာဘြဲ႕လက္မွတ္(အတု)အား Notary(သက္ေသခံခ်က္)ျပဳလုပ္ေပးခဲ့သူမ်ားျဖစ္ၾကေသာ အိလဲ့လဲ့ထြန္း(Angel Online Notary Service)၊ ဇာနည္လြင္(ခ)လျပည့္(လျပည့္ဝန္း Notary ဆိုင္ပိုင္ရွင္)၊ ေရွ႕ေန လွဝင္း(ေ႐ႊျပည္ေအာင္ Notary ဆိုင္ပိုင္ရွင္)ႏွင့္ ေအးသီတာ(ေအာင္ Notary ဆိုင္ပိုင္ရွင္)တို႔ ၄ ဦးအားလည္းေကာင္း၊ ၎ဘြဲ႕ လက္မွတ္(အတု)အား ထပ္ဆင့္လက္မွတ္ေရးထိုး ျခင္းမ်ားေဆာင္႐ြက္ေပးခဲ့သည့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ Notary ဌာနစိတ္(ရန္ကုန္)မွ ဒုတိယ ၫႊန္ၾကားေရးမႉး ေအာင္ေက်ာ္မိုး၊ ႐ုံးအုပ္မ်ားျဖစ္ၾကေသာ ႏိုင္ႏိုင္လတ္ႏွင့္ ေမာင္ေမာင္ခ်စ္စန္းဦး တို႔ ၃ ဦးအားလည္းေကာင္း၊ ထြက္ေျပးတိမ္းေရွာင္ေနသူ ပြဲစား ခိုင္ခိုင္အားလည္းေကာင္း ထိေရာက္စြာအေရးယူေဆာင္႐ြက္သြားမည္ျဖစ္သည္ဟု ေဖာ္ျပထားသည္။