PDFအဖွဲ့က လာရောက်ပစ်ခတ်သည့်အတွက်ကျောက်ပန်းတောင်းမြို့၊ ဒုတိယအုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး

 2006

ချယ်ရီ(NP News)- မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၏ ဒုတိယအုပ်ချုပ်ရေးမှူးကို ၎င်း၏ခြံအတွင်း PDFအဖွဲ့က လာရောက်ပစ်ခတ်သွားသည့်အတွက် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်မှာ မတ်လ ၉ ရက်၊ ညနေပိုင်း (၅)နာရီ (၁၅)မိနစ်အချိန်ခန့်က ကျောက်ပန်းတောင်းမြို့နှင့် (၁၀)မိုင်ခန့်အကွာ၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွားလမ်းအနီးရှိ ၎င်း၏ခြံအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျောက်ပန်းတောင်းမြို့၊ မြို့နယ်စီမံကောင်စီရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက ကျောက်ပန်းတောင်းနဲ့ (၁၀)မိုင်လောက်ရှိတဲ့ သူ့ခြံက ကျောက်ပန်းတောင်း-မိတ္ထီလာသွားလမ်းပေါ်မှာရှိတဲ့ခြံမှာ သူက နေ့တိုင်းသွားနေကျ။ သွားနေကျကို PDF(၈)ယောက်လောက်က ဘယ်ကနေ ဘယ်လိုရောက်လာလဲ မသိဘူးပေါ့နော်။ အဲဒါ သေနတ်တွေနဲ့ ဝင်ပစ်ကြပြီးတော့ သူသေသွားတယ်ပေါ့။ သေသွားတော့ သူ့ရဲ့ခြံထဲမှာရှိတဲ့ ကား(၂)စီးကို PDFက မနေ့က ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းအတိုင်း မောင်းပြီးယူသွားတာ” ဟု ၎င်းက ပြောသည်။
PDFအဖွဲ့၏ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဇော်ဦးတွင် ဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ လက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာ တစ်ချက်တို့ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သူတို့က ဘယ်လိုရောက်လာတာလဲဆိုတာ အဲဒီပတ်ဝန်းကျင်ကို မေးကြည့်တော့ ကားတွေဘာတွေက မပါလာဘူး။ သူတို့ကို ဘယ်လိုလာချသွားတယ်ဆိုတာတော့ မသိလိုက်ဘူး။ မသိပဲနဲ့ သူတို့က အနောက်ကနေပိတ်တယ်။ အရှေ့ကနေဝိုင်းပစ်တယ်။ အနောက်ကိုပြေးတော့ အနောက်ကနေ ထပ်ပစ်တာ” ဟု ၎င်းက ဆိုသည်။
အခင်းဖြစ်ချိန်တွင် သေဆုံးသူနှင့်အတူ ၎င်း၏မိတ်ဆွေအချို့ ရှိနေသော်လည်း အခြားသူများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော ဦးသန်းဇော်ဦး၏ရုပ်အလောင်းကို ယနေ့(မတ်လ ၁၁ရက်)တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Versiion:
PDFအဖြဲ႕က လာေရာက္ပစ္ခတ္သည့္အတြက္ေက်ာက္ပန္းေတာင္းၿမိဳ႕၊ ဒုတိယအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသဆုံး
ခ်ယ္ရီ(NP News)- မတ္ ၁၁
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕၏ ဒုတိယအုပ္ခ်ဳပ္ေရးမႉးကို ၎၏ၿခံအတြင္း PDFအဖြဲ႕က လာေရာက္ပစ္ခတ္သြားသည့္အတြက္ ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံတစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ မတ္လ ၉ ရက္၊ ညေနပိုင္း (၅)နာရီ (၁၅)မိနစ္အခ်ိန္ခန႔္က ေက်ာက္ပန္းေတာင္းၿမိဳ႕ႏွင့္ (၁၀)မိုင္ခန႔္အကြာ၊ ေက်ာက္ပန္းေတာင္း-မိတၳီလာသြားလမ္းအနီးရွိ ၎၏ၿခံအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေက်ာက္ပန္းေတာင္းၿမိဳ႕၊ ၿမိဳ႕နယ္စီမံေကာင္စီရဲ႕ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္ဦးက ေက်ာက္ပန္းေတာင္းနဲ႔ (၁၀)မိုင္ေလာက္ရွိတဲ့ သူ႔ၿခံက ေက်ာက္ပန္းေတာင္း-မိတၳီလာသြားလမ္းေပၚမွာရွိတဲ့ၿခံမွာ သူက ေန႔တိုင္းသြားေနက်။ သြားေနက်ကို PDF(၈)ေယာက္ေလာက္က ဘယ္ကေန ဘယ္လိုေရာက္လာလဲ မသိဘူးေပါ့ေနာ္။ အဲဒါ ေသနတ္ေတြနဲ႔ ဝင္ပစ္ၾကၿပီးေတာ့ သူေသသြားတယ္ေပါ့။ ေသသြားေတာ့ သူ႔ရဲ႕ၿခံထဲမွာရွိတဲ့ ကား(၂)စီးကို PDFက မေန႔က ေက်ာက္ပန္းေတာင္း-မိတၳီလာလမ္းအတိုင္း ေမာင္းၿပီးယူသြားတာ” ဟု ၎က ေျပာသည္။
PDFအဖြဲ႕၏ပစ္ခတ္ခံရမႈေၾကာင့္ ဦးသန္းေဇာ္ဦးတြင္ ဦးေခါင္းက်ည္ေဖာက္ထြက္ဒဏ္ရာတစ္ခ်က္၊ လက္တြင္ က်ည္ဆန္ထိမွန္ဒဏ္ရာ တစ္ခ်က္တို႔ ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“သူတို႔က ဘယ္လိုေရာက္လာတာလဲဆိုတာ အဲဒီပတ္ဝန္းက်င္ကို ေမးၾကည့္ေတာ့ ကားေတြဘာေတြက မပါလာဘူး။ သူတို႔ကို ဘယ္လိုလာခ်သြားတယ္ဆိုတာေတာ့ မသိလိုက္ဘူး။ မသိပဲနဲ႔ သူတို႔က အေနာက္ကေနပိတ္တယ္။ အေရွ႕ကေနဝိုင္းပစ္တယ္။ အေနာက္ကိုေျပးေတာ့ အေနာက္ကေန ထပ္ပစ္တာ” ဟု ၎က ဆိုသည္။
အခင္းျဖစ္ခ်ိန္တြင္ ေသဆုံးသူႏွင့္အတူ ၎၏မိတ္ေဆြအခ်ိဳ႕ ရွိေနေသာ္လည္း အျခားသူမ်ားတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း သိရသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးသြားေသာ ဦးသန္းေဇာ္ဦး၏႐ုပ္အေလာင္းကို ယေန႔(မတ္လ ၁၁ရက္)တြင္ သၿဂႋဳလ္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.