လူပေါင်းထောင်ချီသေဆုံးစေခဲ့တဲ့ မူးယစ်စစ်ပွဲနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဖမ်းဆီး

 1384

ဂျန်ဇက် (NP News) - မတ် ၁၁

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ မတ်လ ၁၁ ရက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ဒူတာတေးကို ဖမ်းဆီးဖို့ တောင်းဆိုခဲ့ပြီးနောက် ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဒူတာတေးဟာ ဖိလစ်ပိုင်သမ္မတ အဖြစ်တာဝန်ယူချိန်အတွင်း လူပေါင်းထောင်ချီသေဆုံးစေခဲ့တဲ့ မူးယစ်ဆေးဝါး စစ်ပွဲတွေကို လုပ်ဆောင်ခဲ့ရာလူအခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲဝေဖန်ခံရပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)မှာ တိုင်ကြားခံရတယ်လို့သိရပါတယ်။

နိုင်ငံတကာရာဇဝတ်တရားရုံးက ဒူတာတေးကို ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပြီးနောက် နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို အစိုးရအဖွဲ့ဆရာဝန်တွေက ကျန်းမာရေးစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒူတာတေးကိုယ်တိုင်ကလည်း ၎င်းဟာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူတွေကိုဖြိုခွင်းခဲ့တာနဲ့ပတ်သက်ပြီး ရာဇဝတ်မှုကျူးလွန်တယ်လို့ဥပဒေမှာသတ်မှတ်ဖမ်းဆီးမယ်ဆိုရင်ဖမ်းဆီးခံဖို့အဆင့်သင့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသူဖြစ်ပါတယ်။

ဒူတာတေးကိုအားပေးထောက်ခံသေူတွကတော့ ဒူတာတေးအဖမ်းခံရတာနဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်နေကာ ဒူတာတေးကို လက်ရှိဖမ်းဆီးထိန်းသိမ်းထားတဲ့ Villamor Airbase လေတပ်အခြေစိုက်စခန်းအပြင်ဘက်မှာ ဆန္ဒပြနေတယ်လို့သိရပါတယ်။ အသက် ၇၉နှစ်အရွယ်ရှိဒူတာတေးက ၎င်းဟာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်လို့ သံသယရှိသူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးတာမျိုးမရှိခဲ့ကြောင်း ဒါပေမဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူတွေကိုဖမ်းဆီးရာမှာ ဖမ်းဆီးမှုကို ကာကွယ်ဖို့ ကြိုးပမ်းသူတွေကို သတ်ဖို့သာ ညွှန်ကြားခဲ့တယ်လို့ပြောပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ဒူတာတေးရဲ့အမှုတွေကို စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းချိန်ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံဟာ နိုင်ငံတကာရာဇဝတ်တရားရုံးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှုကနေ တစ်ဖက်သတ်နုတ်ထွက်တာမျိုးတွေရှိခဲ့ပါတယ်။ ဒါ့ပြင် ဖိလစ်ပိုင်နိုင်ငံဟာ ဒူတာတေးကို စုံစမ်းစစ်ဆေးဖို့၊ ဖမ်းဆီးဖို့ ကြိုးပမ်းတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ်အထိ ငြင်းဆန်ခဲ့ဖူးတယ်လို့သိရပါတယ်။

zawgyi version
လူေပါင္းေထာင္ခ်ီေသဆုံးေစခဲ့တဲ့ မူးယစ္စစ္ပြဲနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးကို ဖမ္းဆီး
ဂ်န္ဇက္ (NP News) - မတ္ ၁၁

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးဟာ မတ္လ ၁၁ ရက္မွာ ဖမ္းဆီးခံလိုက္ရတယ္လို႔ သိရပါတယ္။ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးဟာ ဒူတာေတးကို ဖမ္းဆီးဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ ဖမ္းဆီးခံရတာျဖစ္ပါတယ္။ ဒူတာေတးဟာ ဖိလစ္ပိုင္သမၼတ အျဖစ္တာဝန္ယူခ်ိန္အတြင္း လူေပါင္းေထာင္ခ်ီေသဆုံးေစခဲ့တဲ့ မူးယစ္ေဆးဝါး စစ္ပြဲေတြကို လုပ္ေဆာင္ခဲ့ရာလူအခြင့္အေရးခ်ိဳးေဖာက္မႈေတြရွိခဲ့တယ္လို႔ စြပ္စြဲေဝဖန္ခံရၿပီး ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး (ICC)မွာ တိုင္ၾကားခံရတယ္လို႔သိရပါတယ္။

ႏိုင္ငံတကာရာဇဝတ္တရား႐ုံးက ဒူတာေတးကို ဖမ္းဆီးဖို႔ ၫႊန္ၾကားခဲ့ၿပီးေနာက္ ႏိုင္ငံတကာရဲတပ္ဖြဲ႕အင္တာပိုလ္က ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ ဖိလစ္ပိုင္သမၼတ႐ုံးက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဖိလစ္ပိုင္ သမၼတေဟာင္း ဒူတာေတးကို အစိုးရအဖြဲ႕ဆရာဝန္ေတြက က်န္းမာေရးစစ္ေဆးျခင္းမ်ားလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဒူတာေတးကိုယ္တိုင္ကလည္း ၎ဟာ မူးယစ္ေဆးဝါး သုံးစြဲေရာင္းဝယ္သူေတြကိုၿဖိဳခြင္းခဲ့တာနဲ႔ပတ္သက္ၿပီး ရာဇဝတ္မႈက်ဴးလြန္တယ္လို႔ဥပေဒမွာသတ္မွတ္ဖမ္းဆီးမယ္ဆိုရင္ဖမ္းဆီးခံဖို႔အဆင့္သင့္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသူျဖစ္ပါတယ္။

ဒူတာေတးကိုအားေပးေထာက္ခံေသူတြကေတာ့ ဒူတာေတးအဖမ္းခံရတာနဲ႔ပတ္သက္ၿပီး စိတ္ဆိုးေဒါသျဖစ္ေနကာ ဒူတာေတးကို လက္ရွိဖမ္းဆီးထိန္းသိမ္းထားတဲ့ Villamor Airbase ေလတပ္အေျခစိုက္စခန္းအျပင္ဘက္မွာ ဆႏၵျပေနတယ္လို႔သိရပါတယ္။ အသက္ ၇၉ႏွစ္အ႐ြယ္ရွိဒူတာေတးက ၎ဟာ မူးယစ္ေဆးဝါးသုံးစြဲေရာင္းဝယ္တယ္လို႔ သံသယရွိသူေတြကို သတ္ျဖတ္ဖို႔ အမိန႔္ေပးတာမ်ိဳးမရွိခဲ့ေၾကာင္း ဒါေပမဲ့ မူးယစ္ေဆးဝါးသုံးစြဲေရာင္းဝယ္သူေတြကိုဖမ္းဆီးရာမွာ ဖမ္းဆီးမႈကို ကာကြယ္ဖို႔ ႀကိဳးပမ္းသူေတြကို သတ္ဖို႔သာ ၫႊန္ၾကားခဲ့တယ္လို႔ေျပာပါတယ္။ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးဟာ ဒူတာေတးရဲ႕အမႈေတြကို စုံစမ္းစစ္ေဆးဖို႔ ႀကိဳးပမ္းခ်ိန္ကာလအတြင္း ဖိလစ္ပိုင္ႏိုင္ငံဟာ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္မႈကေန တစ္ဖက္သတ္ႏုတ္ထြက္တာမ်ိဳးေတြရွိခဲ့ပါတယ္။ ဒါ့ျပင္ ဖိလစ္ပိုင္ႏိုင္ငံဟာ ဒူတာေတးကို စုံစမ္းစစ္ေဆးဖို႔၊ ဖမ္းဆီးဖို႔ ႀကိဳးပမ္းတာေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာရာဇဝတ္တရား႐ုံးနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ၿပီးခဲ့တဲ့ႏွစ္အထိ ျငင္းဆန္ခဲ့ဖူးတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.