တောင်ကိုရီးယား အဆိုတော် ဝီဆောင်းကို နေအိမ်မှာ သေဆုံးနေလျက်တွေ့ရှိ

 728

ရောင်နီ(NP News) - မတ် ၁၂

တောင်ကိုရီးယား အဆိုတော် တေးရေးဆရာ ဝီဆောင်း (အသက် ၄၃ နှစ်) ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ သူရဲ့နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က မတ်လ ၁၀ ရက်က ပြောကြားပါတယ်။

တောင်ကိုရီးယား မင်းသမီး ကင်ဆေရွန်း ဖေဖော်ဝါရီ ၁၆ ရက်က ဆိုးလ်မြို့ရှိ သူမရဲ့နေအိမ်မှာ သေဆုံးနေတာတွေ့ရှိခဲ့ပြီးနောက် တစ်လမပြည့်မီ နောက်ထပ် ထွက်ပေါ်လာတဲ့ အနုပညာရှင် သေဆုံးသတင်း ဖြစ်ပါတယ်။

မီးသတ် အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အဲဒီနေ့ ညနေ ၆ နာရီ ၂၉ မိနစ် အချိန်က ဝီဆောင်းရဲ့ မိခင်ဆီက အကူအညီ တောင်းခံမှု လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုတော် သေဆုံးရတဲ့ အကြောင်း ရင်းနဲ့ သေဆုံးခဲ့တဲ့အချိန်ကို ဆုံးဖြတ်ဖို့ အလောင်းကို ခွဲစိပ်စစ်ဆေးဖို့ မတ်လ ၁၁ ရက်မှာ တောင်းဆိုမယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဝီဆောင်းရဲ့အေဂျင်စီ Tajoy Entertainment ကလည်း ဒီသတင်းအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

ဝူဆောင်းဟာ ၂၀၀၂ ခုနှစ်က စတူဒီယိုအယ်လ်ဘမ် Like A Movie နဲ့ ပွဲဦးထွက်ခဲ့ပြီး Insomnia (2009)၊ Even Thought of Marriage (2010) စတဲ့ သီချင်းတွေနဲ့ လူသိများခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယား အဆိုေတာ္ ဝီေဆာင္းကို ေနအိမ္မွာ ေသဆုံးေနလ်က္ေတြ႕ရွိ
ေရာင္နီ(NP News) - မတ္ ၁၂

ေတာင္ကိုရီးယား အဆိုေတာ္ ေတးေရးဆရာ ဝီေဆာင္း (အသက္ ၄၃ ႏွစ္) ဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရွိ သူရဲ႕ေနအိမ္မွာ ေသဆုံးလ်က္ေတြ႕ရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က မတ္လ ၁၀ ရက္က ေျပာၾကားပါတယ္။

ေတာင္ကိုရီးယား မင္းသမီး ကင္ေဆ႐ြန္း ေဖေဖာ္ဝါရီ ၁၆ ရက္က ဆိုးလ္ၿမိဳ႕ရွိ သူမရဲ႕ေနအိမ္မွာ ေသဆုံးေနတာေတြ႕ရွိခဲ့ၿပီးေနာက္ တစ္လမျပည့္မီ ေနာက္ထပ္ ထြက္ေပၚလာတဲ့ အႏုပညာရွင္ ေသဆုံးသတင္း ျဖစ္ပါတယ္။

မီးသတ္ အာဏာပိုင္ေတြရဲ႕ ေျပာၾကားခ်က္အရ အဲဒီေန႔ ညေန ၆ နာရီ ၂၉ မိနစ္ အခ်ိန္က ဝီေဆာင္းရဲ႕ မိခင္ဆီက အကူအညီ ေတာင္းခံမႈ လက္ခံရရွိခဲ့တယ္လို႔ ဆိုပါတယ္။ အဆိုေတာ္ ေသဆုံးရတဲ့ အေၾကာင္း ရင္းနဲ႔ ေသဆုံးခဲ့တဲ့အခ်ိန္ကို ဆုံးျဖတ္ဖို႔ အေလာင္းကို ခြဲစိပ္စစ္ေဆးဖို႔ မတ္လ ၁၁ ရက္မွာ ေတာင္းဆိုမယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ဝီေဆာင္းရဲ႕ေအဂ်င္စီ Tajoy Entertainment ကလည္း ဒီသတင္းအတြက္ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဝူေဆာင္းဟာ ၂၀၀၂ ခုႏွစ္က စတူဒီယိုအယ္လ္ဘမ္ Like A Movie နဲ႔ ပြဲဦးထြက္ခဲ့ၿပီး Insomnia (2009)၊ Even Thought of Marriage (2010) စတဲ့ သီခ်င္းေတြနဲ႔ လူသိမ်ားခဲ့ပါတယ္။

Related news

© 2021. All rights reserved.