တိုကျိုမြို့မှာ အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

 421

ရောင်နီ(NP News) - မတ် ၁၂

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Shinjuku Ward ရှိ တာကာဒါနိုဘာဘာ၊ Shinjuku Ward လမ်းပေါ်မှာ မတ်လ ၁ ရက်၊ နံနက် ၉ နာရီ ၅၀ ခန့်က အမျိုးသမီးတစ်ဦး ဓားနဲ့ထိုးခံခဲ့ရပါတယ်။

အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဟာ ဦးခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ်မှာ ဓားဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ လူသတ်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှု သံသယနဲ့အခင်းဖြစ် နေရာမှာရှိနေတဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဓားနဲ့အထိုးခံရတဲ့ အမျိုးသမီးဟာ အဲဒီအချိန်က လမ်းပေါ်မှာ Live လွှင့်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သူတို့နှစ်ဦးကြား ပြဿနာတစ်စုံတစ်ရာရှိနိုင်တယ်လို့ ယူဆရတယ်လို့ ပြောပါတယ်။

အကြီးတန်းရဲအရာရှိတစ်ဦးရဲ့ပြောကြားချက်အရ အဆိုပါ အမျိုးသားဟာလည်း စွဲချက်ကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

zawgyi version
တိုက်ိဳၿမိဳ႕မွာ အမ်ိဳးသမီးတစ္ဦးကို ဓားနဲ႔ထိုးသတ္ခဲ့တဲ့ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ(NP News) - မတ္ ၁၂

ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕၊ Shinjuku Ward ရွိ တာကာဒါႏိုဘာဘာ၊ Shinjuku Ward လမ္းေပၚမွာ မတ္လ ၁ ရက္၊ နံနက္ ၉ နာရီ ၅၀ ခန႔္က အမ်ိဳးသမီးတစ္ဦး ဓားနဲ႔ထိုးခံခဲ့ရပါတယ္။

အသက္ ၂၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ ဦးေခါင္း၊ လည္ပင္းနဲ႔ ရင္ဘတ္မွာ ဓားဒဏ္ရာရခဲ့ၿပီး ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ လူသတ္မႈ က်ဴးလြန္ဖို႔ ႀကိဳးပမ္းမႈ သံသယနဲ႔အခင္းျဖစ္ ေနရာမွာရွိေနတဲ့ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ပါတယ္။ ဓားနဲ႔အထိုးခံရတဲ့ အမ်ိဳးသမီးဟာ အဲဒီအခ်ိန္က လမ္းေပၚမွာ Live လႊင့္ေနခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕က အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး သူတို႔ႏွစ္ဦးၾကား ျပႆနာတစ္စုံတစ္ရာရွိႏိုင္တယ္လို႔ ယူဆရတယ္လို႔ ေျပာပါတယ္။

အႀကီးတန္းရဲအရာရွိတစ္ဦးရဲ႕ေျပာၾကားခ်က္အရ အဆိုပါ အမ်ိဳးသားဟာလည္း စြဲခ်က္ကို ဝန္ခံခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.