ဇနီး(၁၆) ဦး၊ ကလေး(၁၀၄) ဦးနှင့် မြေး(၁၄၄)ဦးရှိသည့် အာဖရိကအမျိုးသား

 685

Pika (NP News) - မတ် ၁၂

တန်ဇန်းနီးယားနိုင်ငံရှိ ရွာငယ်လေးတစ်ရွာမှ အမျိုးသားတစ်ဦးဖြစ်သော Mzee Ernesto Muinuchi Kapinga သည် အမျိုးသမီး(၁၆)ဦးကို လက်ထပ်ထားပြီး ကလေး(၁၀၄)ဦးနှင့် မြေး(၁၄၄)ဦးရှိ ကြောင်းသိရသည်။ ယနေ့ ခေတ်တွင် အမျိုးသားများစွာသည် မိသားစုတစ်ခု ထူထောင်ရန်နှင့် ကလေးယူရန်အတွက် ဖိအားအလွန်များသည်ဟု တွေးထင်မှုများစွာရှိနေသည့် အချိန်တွင် Mzee Ernesto Muinuchi Kapinga ၏ မိသားစုအကြောင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကလေးနှစ်ယောက် သို့မဟုတ် သုံးယောက်ထက်ပို၍ ပြုစုစောင့်ရှောက်ခြင်းသည် လူငယ် အများ စုအတွက် မတွေးဝံ့စရာကိစ္စတစ်ခု ဖြစ် သော်လည်း မိသားစုကို တတ်နိုင်သမျှချဲ့ထွင်ရန် ဆုံးဖြတ်ထား သော Mzee Ernesto Muinuchi Kapinga ကဲ့သို့သော လူမျိုးများလည်းရှိသေးကြောင်း သိရသည်။ ၎င်း ၏ဖခင်ဖြစ်သူ၏ တောင်းဆိုမှုနှင့်အတူ ၎င်း၏မိသားစုကို စတင်တိုးချဲ့လာခဲ့ခြင်းဖြစ်ကြောင်း Mzee Ernesto Muinuchi Kapinga က မကြာသေးမီက လုပ်ဆောင်ခဲ့သော အင်တာဗျူးတစ်ခုအတွင်း ထုတ် ဖော်ပြောဆိုခဲ့သည်။

Mzee Ernesto Muinuchi Kapinga သည် ပထမဆုံးဇနီးကို (၁၉၆၁)ခုနှစ်တွင် လက်ထပ်ခဲ့ပြီး တစ်နှစ်အကြာတွင် ပထမဆုံးကလေးကို ရရှိခဲ့သော်လည်း ဇနီးတစ်ဦးတည်းမှာ မလုံလောက်ဟု ၎င်း၏ ဖခင်ဖြစ်သူက ပြောကြားခဲ့ကြောင်း အင်တာဗျူးအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် နောက်ထပ် ဇနီးမယားနှင့် ကလေးထပ်ယူရန် သဘောတူပါက ခန်းဝင်ပစ္စည်းပေးမည်ဟု ၎င်း၏ဖခင်ဖြစ်သူက ကမ်း လှမ်းခဲ့ကြောင်းသိရသည်။ ဖခင်ဖြစ်သူသည် ၎င်း၏ပထမဆုံးဇနီး(၅)ယောက်အတွက် ခန်းဝင်ပစ္စည်းများ ကို ပေးအပ်ခဲ့သော်လည်း Mzee Ernesto Muinuchi Kapinga သည် အဆိုပါ အတိုင်းအတာတွင် ရပ်တန့် သွားခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ Mzee Ernesto Muinuchi Kapinga တွင် စုစုပေါင်း ဇနီး (၂၀) ဦးရှိပြီး အချို့မှာ ထွက်သွားရန် ရွေးချယ်ခဲ့ကြကာ အချို့မှာ သေဆုံးသွားခဲ့ပြီး လက်ရှိအချိန်တွင် ဇနီး (၁၆) ဦးသာ ကျန်ရှိတော့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် အဆိုပါ ဇနီး(၁၆)ဦးအနက် (၇)ဦးမှာ ညီအစ်မ များဖြစ်ကြောင်း သိရသည်။

zawgyi version
ဇနီး(၁၆) ဦး၊ ကေလး(၁၀၄) ဦးႏွင့္ ေျမး(၁၄၄)ဦးရွိသည့္ အာဖရိကအမ်ိဳးသား
Pika (NP News) - မတ္ ၁၂

တန္ဇန္းနီးယားႏိုင္ငံရွိ ႐ြာငယ္ေလးတစ္႐ြာမွ အမ်ိဳးသားတစ္ဦးျဖစ္ေသာ Mzee Ernesto Muinuchi Kapinga သည္ အမ်ိဳးသမီး(၁၆)ဦးကို လက္ထပ္ထားၿပီး ကေလး(၁၀၄)ဦးႏွင့္ ေျမး(၁၄၄)ဦးရွိ ေၾကာင္းသိရသည္။ ယေန႔ ေခတ္တြင္ အမ်ိဳးသားမ်ားစြာသည္ မိသားစုတစ္ခု ထူေထာင္ရန္ႏွင့္ ကေလးယူရန္အတြက္ ဖိအားအလြန္မ်ားသည္ဟု ေတြးထင္မႈမ်ားစြာရွိေနသည့္ အခ်ိန္တြင္ Mzee Ernesto Muinuchi Kapinga ၏ မိသားစုအေၾကာင္း ထြက္ေပၚလာျခင္းျဖစ္သည္။

ကေလးႏွစ္ေယာက္ သို႔မဟုတ္ သုံးေယာက္ထက္ပို၍ ျပဳစုေစာင့္ေရွာက္ျခင္းသည္ လူငယ္ အမ်ား စုအတြက္ မေတြးဝံ့စရာကိစၥတစ္ခု ျဖစ္ ေသာ္လည္း မိသားစုကို တတ္ႏိုင္သမွ်ခ်ဲ႕ထြင္ရန္ ဆုံးျဖတ္ထား ေသာ Mzee Ernesto Muinuchi Kapinga ကဲ့သို႔ေသာ လူမ်ိဳးမ်ားလည္းရွိေသးေၾကာင္း သိရသည္။ ၎ ၏ဖခင္ျဖစ္သူ၏ ေတာင္းဆိုမႈႏွင့္အတူ ၎၏မိသားစုကို စတင္တိုးခ်ဲ႕လာခဲ့ျခင္းျဖစ္ေၾကာင္း Mzee Ernesto Muinuchi Kapinga က မၾကာေသးမီက လုပ္ေဆာင္ခဲ့ေသာ အင္တာဗ်ဴးတစ္ခုအတြင္း ထုတ္ ေဖာ္ေျပာဆိုခဲ့သည္။

Mzee Ernesto Muinuchi Kapinga သည္ ပထမဆုံးဇနီးကို (၁၉၆၁)ခုႏွစ္တြင္ လက္ထပ္ခဲ့ၿပီး တစ္ႏွစ္အၾကာတြင္ ပထမဆုံးကေလးကို ရရွိခဲ့ေသာ္လည္း ဇနီးတစ္ဦးတည္းမွာ မလုံေလာက္ဟု ၎၏ ဖခင္ျဖစ္သူက ေျပာၾကားခဲ့ေၾကာင္း အင္တာဗ်ဴးအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ထို႔ျပင္ ေနာက္ထပ္ ဇနီးမယားႏွင့္ ကေလးထပ္ယူရန္ သေဘာတူပါက ခန္းဝင္ပစၥည္းေပးမည္ဟု ၎၏ဖခင္ျဖစ္သူက ကမ္း လွမ္းခဲ့ေၾကာင္းသိရသည္။ ဖခင္ျဖစ္သူသည္ ၎၏ပထမဆုံးဇနီး(၅)ေယာက္အတြက္ ခန္းဝင္ပစၥည္းမ်ား ကို ေပးအပ္ခဲ့ေသာ္လည္း Mzee Ernesto Muinuchi Kapinga သည္ အဆိုပါ အတိုင္းအတာတြင္ ရပ္တန႔္ သြားခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္း သိရသည္။ Mzee Ernesto Muinuchi Kapinga တြင္ စုစုေပါင္း ဇနီး (၂၀) ဦးရွိၿပီး အခ်ိဳ႕မွာ ထြက္သြားရန္ ေ႐ြးခ်ယ္ခဲ့ၾကကာ အခ်ိဳ႕မွာ ေသဆုံးသြားခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ဇနီး (၁၆) ဦးသာ က်န္ရွိေတာ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ အဆိုပါ ဇနီး(၁၆)ဦးအနက္ (၇)ဦးမွာ ညီအစ္မ မ်ားျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.