၂၀၂၅ ခုနှစ်တွင်လည်း အင်းလေးရေပေါ်သင်္ကြန်ကျင်းပသွားမည်

 320

NP News မတ်လ (၁၂)ရက်
၂၀၂၅ ခုနှစ် အင်းလေးရေပေါ်သင်္ကြန် အောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးအရ သိရသည်။
အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ၂၀၂၂ ခုနှစ်အထိ အင်းလေးကန်တွင် သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၃ ခုနှစ်တွင် ရေပေါ်သင်္ကြန်ပွဲတော် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
အင်းလေးကန်၏ သဘာဝအလှအပများနှင့် ဌာနေတိုင်းရင်းသားတို့၏ လှေကို တမူထူးခြားစွာခြေဖြင့် လှော်ခတ်ခြင်းစသည့် ဓလေ့စရိုက်များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအကြား ထင်ရှားကျော်ကြားခြင်း ဖြစ်သည်။
ထိုကြောင့် ခရီးသွားဧည့်သည်များအနေဖြင့် အင်းလေးဖောင်တော်ဦး ဘုရားဖူးလာရောက်လည်ပတ်၍ အင်းလေးရေပေါ်သင်္ကြန်ကို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

Zawgyi Version:
၂၀၂၅ ခုႏွစ္တြင္လည္း အင္းေလးေရေပၚသၾကၤန္က်င္းပသြားမည္
NP News မတ္လ (၁၂)ရက္
၂၀၂၅ ခုႏွစ္ အင္းေလးေရေပၚသၾကၤန္ ေအာင္ျမင္စြာ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ကိုရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေညာင္ေ႐ႊၿမိဳ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန႐ုံး အစည္းအေဝးခန္းမ၌ ျပဳလုပ္ခဲ့သည့္ ညႇိႏႈိင္းအစည္းအေဝးအရ သိရသည္။
အင္းေလးေရေပၚသၾကၤန္ပြဲေတာ္ကို ၂၀၁၉ ခုႏွစ္တြင္ ပထမဆုံးအႀကိမ္ စတင္က်င္းပခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္မွ စတင္၍ ၂၀၂၂ ခုႏွစ္အထိ အင္းေလးကန္တြင္ သၾကၤန္ပြဲေတာ္ က်င္းပႏိုင္ျခင္းမရွိခဲ့ဘဲ ၂၀၂၃ ခုႏွစ္တြင္ ေရေပၚသၾကၤန္ပြဲေတာ္ ျပန္လည္က်င္းပခဲ့ျခင္းျဖစ္သည္။
အင္းေလးကန္၏ သဘာဝအလွအပမ်ားႏွင့္ ဌာေနတိုင္းရင္းသားတို႔၏ ေလွကို တမူထူးျခားစြာေျချဖင့္ ေလွာ္ခတ္ျခင္းစသည့္ ဓေလ့စ႐ိုက္မ်ားေၾကာင့္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ားအၾကား ထင္ရွားေက်ာ္ၾကားျခင္း ျဖစ္သည္။
ထိုေၾကာင့္ ခရီးသြားဧည့္သည္မ်ားအေနျဖင့္ အင္းေလးေဖာင္ေတာ္ဦး ဘုရားဖူးလာေရာက္လည္ပတ္၍ အင္းေလးေရေပၚသၾကၤန္ကို ပါဝင္ဆင္ႏႊဲႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.