မသာယာတော့သည့် တောင်သာမြို့နယ်မှ အမှန်တရား

 1793

သန့်ဇင် (NP News) - မတ် ၁၂

အစဉ်အဆက်ငြိမ်းချမ်းမှုအများစုသာ ကြီးစိုးခဲ့သော တောင်သာမြို့နယ်တွင် PDF လက်နက်ကိုင် အဖွဲ့များ အလျှိုလျှိုပေါ်ပေါက်လာခဲ့သည်။ စစ်မီးသည် ဒေသခံတို့၏ ဘဝများအပေါ်ဟပ်လာခဲ့ရာ စိုးရိမ် ပူပန်မှု၊ အဆင်မပြေမှုများဖြင့် ဖြတ်သန်းကျော်ဖြတ်နေကြရသည်။ တောင်သာ မြို့နယ်ဒေသခံများ၏ဘဝ သည်ကား ယခုအခါ ကျီးလန့်စာစား အခြေအနေသို့ပင်ဆိုက်ရောက်နေ ကြရပြီဖြစ်ပါသည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ထိခိုက်နေရသောအခြေနေများနှင့်ပတ်သက်၍ တောင်သာမြို့နယ်မှ ဒေသခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-လက်ရှိတောင်သာမြို့အခြေအနေအကြောင်းကိုအရင်ပြောပြပေးပါ။
ဖြေ- အခုလောလောဆယ်ဆယ်မှာတော့ မြို့တွင်းထဲမှာတော့ သွားရလာရတာအဆင်ပြေပါတယ်။ ဒါပေမဲ့ တောင်သာ-မြင်းခြံလမ်းသွားရတဲ့အခါကျတော့ လမ်းခရီးတွေသိပ်မကောင်းဘူးလို့ပြောကြတယ် ပေါ့နော်။ လမ်းမှာလည်း အစစ်အဆေးတွေ ရှိတာရော။ ပြီးတော့ လမ်းဘေးတွေမှာ အပျက်အစီး လေး တွေရှိတာရော အဲဒီလိုမျိုးပြောတယ်ပေါ့။ အဲဒါကတောင်သာ-မြင်းခြံလမ်း။ ပြီးရင် တောင်သာ-မိတ္ထီလာ လမ်းဆိုရင် ရှေ့အပတ်က လမ်းတွေပိတ်သွားတဲ့အခြေအနေမျိုးဖြစ်သွားလိုက်သေးတယ်။ အဲဒီလိုမျိုးဖြစ် သွားပြီး ပြန်ဖွင့်တာမှ (၃)(၄)ရက် လောက်ပဲရှိဦးမယ်။ မြင်းခြံကနေရန်ကုန်သွားတဲ့ကားတွေ ဘယ်လို သွားလဲဆိုရင် ပုံမှန်ဆိုရင် ဒီတောင်သာ-မိတ္ထီလာလမ်းရှိတယ်။ အခုလမ်းတွေပိတ်သွားတာ ဆိုတော့ တောင်သာကနေမှတစ်ဆင့်ကျောက်ပန်း တောင်းလမ်း။ ကျောက်ပန်းတောင်းလမ်းကနေမှ ဆက်ပြီး တော့ ရန်ကုန်သွားရတာပေါ့။ အဲဒီလိုမျိုးတွေရှိတာပေါ့။ အခုလမ်းတွေကတော့ပြန်ဖွင့်နေပြီပေါ့။

မေး-တောင်သာမြို့ဟာ ဘယ်လိုစီးပွားရေးကိုအဓိကထားလုပ်ကိုင်ရတဲ့မြို့ဖြစ်ပါသလဲခင်ဗျ။
ဖြေ-ကျွန်မတို့က အညာဒေသတစ်ခုဖြစ်တဲ့အတွက် ကြက်သွန်၊ မြေပဲနဲ့ ကူးသန်းရောင်းဝယ်ရေးပေါ့နော်။ နောက်ပြီးတော့ ပွဲရုံလုပ်ငန်းတွေကို အဓိကထားလုပ် ကိုင်ကြတဲ့ဒေသပေါ့နော်။ ရွာဘက်တွေက ကြက် သွန်၊ မြေပဲနဲ့ နှမ်းဒါမျိုးတွေကို စိုက်ပျိုးကြတယ်။ အဲဒီကနေ ဒီကပွဲရုံတွေကနေတစ်ဆင့် တင်ပို့တဲ့နေရာ ကို ပို့ကြတယ်။ အဓိကတော့ အဲဒါပဲနော်။

မေး-ဆိုတော့ တောင်သာမှာ လက်ရှိစီးပွားရေး အခြေအနေက ဘယ်လိုဖြစ်နေပါသလဲ။
ဖြေ-အဓိကတော့ ကူးသန်းရောင်းဝယ်ရေးပေါ့။ ဒီမှာက ကားတွေလမ်းတွေပိတ်တဲ့အခါမျိုးဆိုတော့ ဘယ်လိုဖြစ်သလဲဆိုတော့ ပတ်သွားရတာဖြစ်တဲ့အတွက် ကားတွေမထွက်ကြဘူး။ ကားတွေမထွက် ကြတဲ့အတွက် ကုန်တွေကြန့်ကြာတာမျိုးတွေရှိတယ်။ ဒါပေမဲ့ ထွက်တဲ့ကားတွေကလည်း သက်စွန့်ဆံ ဖျားသွားပြီးတော့ ထွက်နေရတာဖြစ်တဲ့အတွက်ကြောင့် ကားခတွေ(၂)ဆတင်တောင်းတာမျိုးတွေ။ ဒါမျိုး တွေနဲ့ကုန်ဈေးနှုန်းတွေတက်တယ်။ ပြီးတော့ တချို့ရွာတွေကျတော့ နေရတာသိပ်အဆင်မပြေတဲ့ ရွာ တွေရှိတဲ့အတွက် စိုက်ပျိုးရေးမှာ ကြက်သွန် ဘာညာစိုက်ရင် ဒီနှစ်အတွက်စိုက်ရမှာလား မစိုက်ရဘူး လားနဲ့ စိုက်ဖို့ကလည်းမရဲဖြစ်နေတာပေါ့။ စိုက်ပျိုးရေးရယ် နောက်ပြီးတော့ ကူးသန်းသွားလာရေး အဆင် မပြေတာပေါ့။ ဒါမျိုးတွေတော့ရှိတယ်။

မေး-တောင်သာမှာ ကုန်ဈေးနှုန်းအခြေအနေကကော ဘယ်လိုရှိလဲခင်ဗျ။ ဒေသတွင်းမှာ စစ်ရေးနဲ့ ကုန် ဈေးနှုန်းအတက်အကျက ဆက်စပ်နေသလားခင်ဗျ။
ဖြေ-ကုန်ဈေးနှုန်းတွေကတော့ တက်တော့ တက်နေကြတာပဲ။ မြို့ပေါ်ကို ဘယ်နေ့ဘယ်ရက်ဝင်မယ်လို့ အသံကြားရင် လူတွေကလည်း စိတ်ပူပြီးဈေးတွေ စုဝယ်ကြတာမျိုးတွေရှိတယ်။ အဲဒီလို အခြေအနေမျိုး တွေဆိုရင် ကုန်ဈေးနှုန်းတွေက နည်းနည်းမြင့်တက်သွားတာမျိုး။ အဲဒီလိုမျိုးတော့ရှိတယ်။ စားသောက် ကုန်တွေကတော့ ကုန်ကားတွေက လာတာဖြစ်တဲ့အတွက် ဆီဈေးနဲ့ လမ်းခရီးသွားရတာ ကြာတာဖြစ်တဲ့ အတွက်ကြောင့် ဈေးတက်တာတော့ ရှိတယ်။ ဒါပေမဲ့ ပြန်ပြီး အခြေအနေငြိမ်သွားရင်တော့ ကားခတွေ လည်း ပြန်အဆင်ပြေသွားတယ်။ အခြေအနေပေါ်မူတည်ပြီး ဖြစ်နေကြတာပေါ့။

မေး-ကျွန်တော်တို့သိရတဲ့သတင်းအချက်အလက်တွေအရ တောင်သာဘက်မှာအရင်ကာလတွေ တုန်း ကတော့ ငါနဲ့မတူငါ့ရန်သူဆိုပြီး လုပ်ကြံသတ်ဖြတ်တာတွေ ခဏခဏကြားရတယ်။ အခုကော အဲဒီလို ဖြစ်စဉ်တွေရှိသေးလားခင်ဗျ။
ဖြေ-အခုနောက်ပိုင်းတော့ သတ်တာဖြတ်တာမျိုးတွေ သိပ်မကြားမိတော့ဘူး။ ဒါပေမဲ့ အသွားအလာ လုပ် တဲ့အချိန်မှာ(PDF)တွေက ကျွန်မကြား တာတစ်ခုက ကျောင်းအုပ်ဆရာကြီးတစ်ဦး ခရီးသွားတဲ့အခါမှာ ခေါ်သွားတာမျိုးတော့ ရှိတယ်။ အဲဒီလိုမျိုးတွေတော့ ကြားရတယ်။ ကျန်တာတော့ စစ်တယ်။ မေးတယ်။ ခေါ်သွားတယ်။

မေး-တောင်သာမြို့နယ်ဘက်မှာ အခြေအနေတွေက လှုပ်လှုပ်ခတ်ခတ်ရှိနေတော့ မြို့ပေါ်ကိုပြောင်း ရွှေ့လာ ကြတာများလား။ တခြားဒေသကိုပြောင်းရွှေ့လာကြကောရှိလား။
ဖြေ-မြို့ပေါ်အခြေအနေကိုအရင်ပြောမယ်ပေါ့နော်။ မြို့ပေါ်ကိုပြောင်းလာတဲ့လူတွေအတော်များများက ဘယ်လိုမျိုးလဲဆိုတော့ တချို့က ကလေးတွေပညာရေးကိုကြည့်ပြီးတော့ မိဘအတော်များများက ဥပမာ ငွေကြေးတတ်နိုင်တဲ့လူတွေက မန္တလေး၊ ရန်ကုန်အစရှိတဲ့မြို့တွေကိုပြောင်းကုန်ကြတယ်။ နယ်မြေ ကောင်းတဲ့ တောင်ကြီးဘက်ကိုပြောင်းရွှေ့ ကြတဲ့လူတွေများတယ်။ တော်တော်ကြာပြီ။ ပြီးခဲ့တဲ့နှစ် (၈) လပိုင်းတည်းက ဖြစ်သွားကြတာပေါ့လေ။ စဖြစ်တာကလည်း (၈)လပိုင်းတည်းကဖြစ်တာလေ။ အဲဒီမှာ တချို့ကလုံးဝကိုပြောင်းရွှေ့သွားတာမျိုးရှိတယ်။ ရွာဘက်တွေမှာလည်း သိပ်အဆင်မပြေတော့ တချို့ ရွာဘက်တွေက ဒီမှာပြောင်းနေတာမျိုးတွေ ရှိတယ်။ သူတို့ရဲ့နီးစပ်ရာနီးစပ်ရာမှလာနေတာမျိုးတွေ ဒီလိုမျိုးတွေလည်းတော်တော်များများတယ်။ တောင်သာက စားဝတ်နေရေးအတွက်သွားလာ လှုပ်ရှား နေရတယ်။ အဲဒါကြောင့် တစ်ခုခုသတင်းကြားပြီဆိုတာနဲ့ လမ်းပေါ်မှာလူ မရှိတော့ဘူး။ အဲဒီလိုပုံစံမျိုး။

မေး-တောင်သာမြို့နယ်က စာသင်ကျောင်းတွေမှာပညာသင်ကြားနေရတဲ့ ကလေးငယ်တွေရဲ့အခြေ အနေကော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ-ကျွန်မသိသလောက်ကတော့ အခုကတော့ စာမေးပွဲဖြေနေတာက (၅)တန်းနဲ့ (၉)တန်းနဲ့စာမေးပွဲ ဖြေနေတာပေါ့နော်။ အခုတော်တော်များများက ဘယ်လိုလုပ်လဲဆိုတော့ မြို့ပေါ်ကျောင်းတွေမှာ လာ တည်းပြီးဖြေကြတယ်။ ရွာဘက်ကကျောင်းတွေက အဆင်မပြေလို့လေ။ အဲဒီလိုနဲ့ မြို့ပေါ်ကျောင်း တွေ မှာလာပြီးတော့ တည်းပြီးတော့ စာမေးပွဲကို ကလေးတွေလာစုပြီးတော့ ဖြေကြရတယ်။ ပြီးရင်တော့ မိသားစုတွေလာခေါ်ပြီးတော့ ပြန်သွားကြတယ်။ အဲဒီလိုမျိုးပေါ့။

မေး-ရွာကျောင်းတွေမှာဖြေရတာအဆင်မပြေဘူး ဆိုတာကို နည်းနည်းလေးရှင်းပြပေးပါလား။
ဖြေ-ကြားရသလောက်ကတော့ စာမေးပွဲမဖြေဖို့ပြောကြတယ်လို့လည်းပြောသံကြားတယ်။ ပြီးတော့ တချို့ရွာတွေမှာက လေယာဉ်တွေ ပျံဝဲတာတွေ ရှိတာပေါ့နော်။ ခြိမ်းခြောက်ခံရတာနဲ့ လေယာဉ်တွေ ဝဲ နေတာကြောင့်လို့ပြောရမှာပေါ့။ တောင်သာရဲ့အနောက်ဘက် ချုံကြီးရွာဘက်မှာဆိုရင် (၈)လပိုင်း လောက်တည်းက ပိတ်ထားတာမျိုး။ အဲဒီတော့ ကလေးတွေက နီးစပ်ရာရွာတွေမှာသွားပြီး‌တော့ ပိုက်ဆံ တတ်နိုင်တဲ့ လူတွေကတော့ မြို့ပေါ်တွေပြောင်းတာပေါ့။ အဲဒီလိုမျိုးရှိတာပေါ့။

မေး- PDF တွေခြိမ်းခြောက်တာကြောင့် တောင်သာမြို့နယ်ထဲမှာ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေရှိ လားခင်ဗျ။
ဖြေ-အဲဒါကတော့ အတိအကျမသိရဘူး။ ဒါပေမဲ့ ကြားရတာတွေတော့ရှိတယ်။ ဒါက လွန်ခဲ့တဲ့ (၂၀၂၄) ခုနှစ် (၈)လပိုင်းက ရွာဘက်က ကျောင်းတစ်ကျောင်းကို စာလာချတာရှိတယ်။ အဲဒီလိုမျိုးတွေပေါ့။ ဒါပေမဲ့ အဲဒီတုန်းက အဲဒီကျောင်းက အဲဒီအခြေအနေထိ ဖွင့်လို့ရသေးတယ်။ နောက်ပိုင်းကျတော့ မဖွင့်ရ တော့ဘူး။ အဲဒီလိုမျိုးဖြစ်သွားတာပေါ့။ နောက်တစ်ခုကြားတာရှိတယ်။ တောင်သာဘက်က ရွာတစ်ရွာ မှာပေါ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ၊ ဆရာမတွေကို အစည်းဝေးခေါ်ပြီးတော့ စာမေးပွဲကို ဖြစ်နိုင်ရင် မဖြေဖို့ ပြောတာပေါ့။ အဲဒီလိုမျိုး တစ်ခုဖြစ်သွားသေးတယ်။ အဲဒါကတော့ ဒီကာလမှာဖြစ်သွားတာပေါ့။ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေရှိတယ်လို့ ပြောလို့ရတာပေါ့နော်။ ဒီပုံစံ တိုင်းဖြစ်နေလို့ နောက်ပိုင်းကျရင် လူတန်းစား(၂)ရပ်က လုံးဝကို သိသိသာသာကြီးကွဲသွားမှာ။ အခြေခံ လူတန်းစားနဲ့ အထက်တန်းလူတန်းစားလိုမျိုးကွဲသွားမှာ။ ဘာလို့ဆိုရင် ပိုက်ဆံတတ်နိုင်တဲ့လူတွေဆိုရင် တခြားကျောင်းတွေမှာသွားထားလို့ရတယ်။ ပိုက်ဆံတတ်နိုင်တာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံး ကြိုက်တဲ့ နေရာမှာ သူတို့ကသွားထားလို့ရတယ်။ ဒါပေမဲ့ စားဝတ်နေရေးတောင် အနိုင်နိုင်ဖြစ်တဲ့လူတွေကတော့ အဆင်မပြေဘူး။ ဒီလိုမျိုးကျတော့ ဘာလုပ်လဲဆိုတော့ ကျောင်းကိုပစ်ထားရတာမျိုးတွေရှိတယ်။ ဒါမျိုး တွေ ကြတော့ အဲဒီထဲမှာ တချို့ကကျောင်းကိုတက်ချင် တဲ့ကလေးတွေရှိတယ်။ တချို့က အတန်းလိုချင် တာရှိတယ်။ တချို့ကတော့ တကယ်ကိုပညာကိုလိုချင်လို့ လာတက်ကြတာဆိုတော့ ဒီကာလမှာ တအား ကို ထိခိုက်တဲ့ကလေးတွေရှိတယ်။ (၁)နှစ်၊ (၂)နှစ်၊ (၃)နှစ် အတွင်းမှာကို ကလေးတွေပညာရေး အရမ်း နောက်ကျသွားမှာကို ကျွန်မကတော့ အရမ်းစိုးရိမ်တယ်။ အဲဒီလိုမျိုးတော့ရှိတာပေါ့။ ကျောင်းတက်တဲ့ ကလေးတွေဆိုတာ ငယ်ပါသေးတယ်။ သိပ်ကိုအများကြီးစဉ်းစားနိုင်တဲ့အရွယ် မဟုတ်သေးဘူး။ မိဘ အုပ်ထိန်းမှုရှိတဲ့ကလေးကတော့ လမ်းမှန်ရောက်နိုင်သေးတယ်ဆိုပေမယ့် မိဘအုပ်ထိန်းမှုမရှိတဲ့ ကလေး တွေက လမ်းမှားကိုရောက်ဖို့အခြေအနေက အရမ်းများနေတာ။ အညာဒေသတွေမှာက သိပ်ကိုဖွံ့ဖြိုး သေးတဲ့ အခြေအနေမဟုတ်သေးတော့ အသိပညာပိုင်းမှာလည်း အရမ်းကြီး ဖွံ့ဖြိုးသေးတဲ့နေရာ မဟုတ် သေးဘူး။ အဲဒီလိုမျိုးဆိုတော့ လမ်းမှားရောက်ဖို့က (၉၀)ရာခိုင်နှုန်းလောက်များနေတာပေါ့။ တတ်နိုင်တဲ့ လူတွေကတော့ သူတို့ရဲ့ကလေးတွေကို တခြားကျောင်းတွေကို ပို့နိုင်တာပေါ့။ အဲဒီလိုမျိုးတွေပေါ့။

မေး-ပြီးခဲ့တဲ့ကာလ တောင်သာမြို့နယ်ထဲကပဲ ရဲစခန်းတွေနဲ့ တပ်စခန်းတွေကို PDF က ဝင်တိုက်ခိုက် တာတွေရှိခဲ့တယ်။ အခုနောက်ပိုင်းကော ဘာတွေကြားမိလဲ။ ဒေသခံတွေပြောင်းရွှေ့နေရတာ လက်ရှိ အချိန်ထိရှိနေသေးလားခင်ဗျ။
ဖြေ- အဲဒီလိုမျိုးဖြစ်သွားတာတော့ရှိတယ်။ အဲဒီဘက်က ကျောင်းသားတွေကလည်း လာမယ့် Grade-12 စာမေးပွဲအတွက်။ Grade-12 က လာမယ့် (၁၇)ရက်မှစဖြေမှာလေ။ ဒါပေမဲ့ ပုံမှန်ဆိုရင် အဲဒီဘက်က လူတွေက တောင်သာထဲကိုဝင်လာဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ အဲဒီလို ဖြေလို့မရတဲ့အခြေအနေ ဖြစ်သွားတဲ့ အတွက် မြို့ပေါ်ကိုပြောင်းလာနေရတဲ့ သဘောပေါ့နော်။ အဲဒီမှာနေလို့ထိုင်လို့မရတော့တဲ့အတွက် ပြောင်းထားတဲ့အခြေအနေပေါ့။

မေး - နိုင်ငံရေးအခင်းအကျင်းမဖြစ်ခင်ကာလက တောင်သာနဲ့ အခုလက်ရှိတောင်သာအခြအနေ ဘာတွေ ကွာခြားသွားလဲ။
ဖြေ-အရင်ကတော့သွားလာနေကြတာပဲ။ ကျွန်မကိုယ်တိုင်လည်း အဲဒီတုန်းက ညကားနဲ့ပြန်လာရင် (၂) နာရီ (၃)နာရီလောက်ထိ နေလို့ရတဲ့အခြေအနေပေါ့။ အဲဒီတုန်းက ညကြီးကို အေးဆေးအိမ်ပြန်လို့ရတဲ့ အခြေအနေဖြစ်ပါ။ အခုဆိုရင် ည(၆)နာရီဆိုရင် လူမရှိတော့ဘူး။ မြို့ပေါ်တောင်မှ အဲဒီလိုပေါ့။ နောက် တစ်ခုက တောင်သာ-မြင်းခြံနားတစ်ဝိုက်ကလည်း PDF တွေထုတ်ထားတဲ့ ည(၆)နာရီ၊ မနက်(၆)နာရီ ဆိုတဲ့အရာကလည်းရှိသေးတယ်။ ကားတွေလည်း မသွားနဲ့။ လူတွေလည်းမသွားနဲ့ဆိုပြီးပြောတယ်။ တောင်သာ-မိတ္ထီလာလမ်းတွေဆိုလည်း ည(၆)နာရီကနေ မနက်(၆)နာရီဆိုပြီး သွားခွင့် မပြုပြန်ဘူး။ ဒါမျိုးတွေလည်းရှိတယ်။ အခြေအနေကတော့ အရင်လိုပုံမှန်မဟုတ်တာပေါ့။ ကူးသန်းသွားလာရေးပေါ့။ နောက်ပြီးတော့ အင်တာနက်။ အရင်က တောင်သာကဖုန်းလိုင်း ကောင်းတယ်။ အင်တာနက် ဆိုရင် လည်း ကောင်းခဲ့တာရှိတယ်။ အခုနောက်ပိုင်း ရွာဘက်တွေမှာ အသံသဲ့သဲ့ကြားပြီဆိုရင် Wifi လိုင်းတွေ ပါဖြတ်တာ။ အဲဒီလိုမျိုး။ နာရီပိုင်းဖြတ်တာမျိုးနဲ့ ရက်ပိုင်း ဖြတ်တာမျိုးတွေရှိတယ်။ နောက်ပြီးဖုန်းပြောတဲ့ ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားတာမျိုးတွေရှိတယ်။ လုံးဝပြတ်တောက် သွား တာ မဟုတ်ပဲနဲ့ ရက်ပိုင်း ပြတ်တောက်သွားတာမျိုးပေါ့။ အများဆုံး တစ်ပတ်နဲ့ အနည်းဆုံးတစ်ရက် လောက်တော့ ပြတ်တယ်။

မေး - နောက်ဆုံးမေးခွန်းအနေနဲ့ တောင်သာမြို့သာဒီအခြေအနေတိုင်းဆက်သွားရင် အဆိုးဆုံးအခြေ အနေဘယ်လောက်ထိဖြစ်သွားနိုင်လဲ။
ဖြေ-အကောင်းဘက်ကတော့ တစ်ခုမှတော့မရှိဘူး။ ဒီပုံစံတိုင်းသာဆက်သွားမယ်ဆိုရင် အဆက်ဆက်ရှိ တဲ့ လူတွေကသာ ပြောင်းရွေ့သွားပြီး နေထိုင်လို့ရတာ။ တချို့ကတော့ ဒီမှာပဲဆွေမျိုးတွေရှိတာ။ တစ်ခုခု ဆိုရင် အရမ်းလမ်းပိတ်တယ်။ အဲဒီလိုမျိုးဆိုတော့ ကံကိုပဲ ပုံချနေတော့မယ်ဆိုတဲ့လူတွေလည်းရှိတယ်။ ဒီပုံစံတိုင်းဆိုရင် အခြေနေတွေကပိုပိုပြီးဆိုးရွားလာမယ်ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

zawgyi version
မသာယာေတာ့သည့္ ေတာင္သာၿမိဳ႕နယ္မွ အမွန္တရား
သန႔္ဇင္ (NP News) - မတ္ ၁၂

အစဥ္အဆက္ၿငိမ္းခ်မ္းမႈအမ်ားစုသာ ႀကီးစိုးခဲ့ေသာ ေတာင္သာၿမိဳ႕နယ္တြင္ PDF လက္နက္ကိုင္ အဖြဲ႕မ်ား အလွ်ိဳလွ်ိဳေပၚေပါက္လာခဲ့သည္။ စစ္မီးသည္ ေဒသခံတို႔၏ ဘဝမ်ားအေပၚဟပ္လာခဲ့ရာ စိုးရိမ္ ပူပန္မႈ၊ အဆင္မေျပမႈမ်ားျဖင့္ ျဖတ္သန္းေက်ာ္ျဖတ္ေနၾကရသည္။ ေတာင္သာ ၿမိဳ႕နယ္ေဒသခံမ်ား၏ဘဝ သည္ကား ယခုအခါ က်ီးလန႔္စာစား အေျခအေနသို႔ပင္ဆိုက္ေရာက္ေန ၾကရၿပီျဖစ္ပါသည္။ ပညာေရး၊ စီးပြားေရး၊ လူမႈေရးအပါအဝင္ ထိခိုက္ေနရေသာအေျခေနမ်ားႏွင့္ပတ္သက္၍ ေတာင္သာၿမိဳ႕နယ္မွ ေဒသခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-လက္ရွိေတာင္သာၿမိဳ႕အေျခအေနအေၾကာင္းကိုအရင္ေျပာျပေပးပါ။
ေျဖ- အခုေလာေလာဆယ္ဆယ္မွာေတာ့ ၿမိဳ႕တြင္းထဲမွာေတာ့ သြားရလာရတာအဆင္ေျပပါတယ္။ ဒါေပမဲ့ ေတာင္သာ-ျမင္းၿခံလမ္းသြားရတဲ့အခါက်ေတာ့ လမ္းခရီးေတြသိပ္မေကာင္းဘူးလို႔ေျပာၾကတယ္ ေပါ့ေနာ္။ လမ္းမွာလည္း အစစ္အေဆးေတြ ရွိတာေရာ။ ၿပီးေတာ့ လမ္းေဘးေတြမွာ အပ်က္အစီး ေလး ေတြရွိတာေရာ အဲဒီလိုမ်ိဳးေျပာတယ္ေပါ့။ အဲဒါကေတာင္သာ-ျမင္းၿခံလမ္း။ ၿပီးရင္ ေတာင္သာ-မိတၳီလာ လမ္းဆိုရင္ ေရွ႕အပတ္က လမ္းေတြပိတ္သြားတဲ့အေျခအေနမ်ိဳးျဖစ္သြားလိုက္ေသးတယ္။ အဲဒီလိုမ်ိဳးျဖစ္ သြားၿပီး ျပန္ဖြင့္တာမွ (၃)(၄)ရက္ ေလာက္ပဲရွိဦးမယ္။ ျမင္းၿခံကေနရန္ကုန္သြားတဲ့ကားေတြ ဘယ္လို သြားလဲဆိုရင္ ပုံမွန္ဆိုရင္ ဒီေတာင္သာ-မိတၳီလာလမ္းရွိတယ္။ အခုလမ္းေတြပိတ္သြားတာ ဆိုေတာ့ ေတာင္သာကေနမွတစ္ဆင့္ေက်ာက္ပန္း ေတာင္းလမ္း။ ေက်ာက္ပန္းေတာင္းလမ္းကေနမွ ဆက္ၿပီး ေတာ့ ရန္ကုန္သြားရတာေပါ့။ အဲဒီလိုမ်ိဳးေတြရွိတာေပါ့။ အခုလမ္းေတြကေတာ့ျပန္ဖြင့္ေနၿပီေပါ့။

ေမး-ေတာင္သာၿမိဳ႕ဟာ ဘယ္လိုစီးပြားေရးကိုအဓိကထားလုပ္ကိုင္ရတဲ့ၿမိဳ႕ျဖစ္ပါသလဲခင္ဗ်။
ေျဖ-ကြၽန္မတို႔က အညာေဒသတစ္ခုျဖစ္တဲ့အတြက္ ၾကက္သြန္၊ ေျမပဲနဲ႔ ကူးသန္းေရာင္းဝယ္ေရးေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ပြဲ႐ုံလုပ္ငန္းေတြကို အဓိကထားလုပ္ ကိုင္ၾကတဲ့ေဒသေပါ့ေနာ္။ ႐ြာဘက္ေတြက ၾကက္ သြန္၊ ေျမပဲနဲ႔ ႏွမ္းဒါမ်ိဳးေတြကို စိုက္ပ်ိဳးၾကတယ္။ အဲဒီကေန ဒီကပြဲ႐ုံေတြကေနတစ္ဆင့္ တင္ပို႔တဲ့ေနရာ ကို ပို႔ၾကတယ္။ အဓိကေတာ့ အဲဒါပဲေနာ္။

ေမး-ဆိုေတာ့ ေတာင္သာမွာ လက္ရွိစီးပြားေရး အေျခအေနက ဘယ္လိုျဖစ္ေနပါသလဲ။
ေျဖ-အဓိကေတာ့ ကူးသန္းေရာင္းဝယ္ေရးေပါ့။ ဒီမွာက ကားေတြလမ္းေတြပိတ္တဲ့အခါမ်ိဳးဆိုေတာ့ ဘယ္လိုျဖစ္သလဲဆိုေတာ့ ပတ္သြားရတာျဖစ္တဲ့အတြက္ ကားေတြမထြက္ၾကဘူး။ ကားေတြမထြက္ ၾကတဲ့အတြက္ ကုန္ေတြၾကန႔္ၾကာတာမ်ိဳးေတြရွိတယ္။ ဒါေပမဲ့ ထြက္တဲ့ကားေတြကလည္း သက္စြန႔္ဆံ ဖ်ားသြားၿပီးေတာ့ ထြက္ေနရတာျဖစ္တဲ့အတြက္ေၾကာင့္ ကားခေတြ(၂)ဆတင္ေတာင္းတာမ်ိဳးေတြ။ ဒါမ်ိဳး ေတြနဲ႔ကုန္ေဈးႏႈန္းေတြတက္တယ္။ ၿပီးေတာ့ တခ်ိဳ႕႐ြာေတြက်ေတာ့ ေနရတာသိပ္အဆင္မေျပတဲ့ ႐ြာ ေတြရွိတဲ့အတြက္ စိုက္ပ်ိဳးေရးမွာ ၾကက္သြန္ ဘာညာစိုက္ရင္ ဒီႏွစ္အတြက္စိုက္ရမွာလား မစိုက္ရဘူး လားနဲ႔ စိုက္ဖို႔ကလည္းမရဲျဖစ္ေနတာေပါ့။ စိုက္ပ်ိဳးေရးရယ္ ေနာက္ၿပီးေတာ့ ကူးသန္းသြားလာေရး အဆင္ မေျပတာေပါ့။ ဒါမ်ိဳးေတြေတာ့ရွိတယ္။

ေမး-ေတာင္သာမွာ ကုန္ေဈးႏႈန္းအေျခအေနကေကာ ဘယ္လိုရွိလဲခင္ဗ်။ ေဒသတြင္းမွာ စစ္ေရးနဲ႔ ကုန္ ေဈးႏႈန္းအတက္အက်က ဆက္စပ္ေနသလားခင္ဗ်။
ေျဖ-ကုန္ေဈးႏႈန္းေတြကေတာ့ တက္ေတာ့ တက္ေနၾကတာပဲ။ ၿမိဳ႕ေပၚကို ဘယ္ေန႔ဘယ္ရက္ဝင္မယ္လို႔ အသံၾကားရင္ လူေတြကလည္း စိတ္ပူၿပီးေဈးေတြ စုဝယ္ၾကတာမ်ိဳးေတြရွိတယ္။ အဲဒီလို အေျခအေနမ်ိဳး ေတြဆိုရင္ ကုန္ေဈးႏႈန္းေတြက နည္းနည္းျမင့္တက္သြားတာမ်ိဳး။ အဲဒီလိုမ်ိဳးေတာ့ရွိတယ္။ စားေသာက္ ကုန္ေတြကေတာ့ ကုန္ကားေတြက လာတာျဖစ္တဲ့အတြက္ ဆီေဈးနဲ႔ လမ္းခရီးသြားရတာ ၾကာတာျဖစ္တဲ့ အတြက္ေၾကာင့္ ေဈးတက္တာေတာ့ ရွိတယ္။ ဒါေပမဲ့ ျပန္ၿပီး အေျခအေနၿငိမ္သြားရင္ေတာ့ ကားခေတြ လည္း ျပန္အဆင္ေျပသြားတယ္။ အေျခအေနေပၚမူတည္ၿပီး ျဖစ္ေနၾကတာေပါ့။

ေမး-ကြၽန္ေတာ္တို႔သိရတဲ့သတင္းအခ်က္အလက္ေတြအရ ေတာင္သာဘက္မွာအရင္ကာလေတြ တုန္း ကေတာ့ ငါနဲ႔မတူငါ့ရန္သူဆိုၿပီး လုပ္ႀကံသတ္ျဖတ္တာေတြ ခဏခဏၾကားရတယ္။ အခုေကာ အဲဒီလို ျဖစ္စဥ္ေတြရွိေသးလားခင္ဗ်။
ေျဖ-အခုေနာက္ပိုင္းေတာ့ သတ္တာျဖတ္တာမ်ိဳးေတြ သိပ္မၾကားမိေတာ့ဘူး။ ဒါေပမဲ့ အသြားအလာ လုပ္ တဲ့အခ်ိန္မွာ(PDF)ေတြက ကြၽန္မၾကား တာတစ္ခုက ေက်ာင္းအုပ္ဆရာႀကီးတစ္ဦး ခရီးသြားတဲ့အခါမွာ ေခၚသြားတာမ်ိဳးေတာ့ ရွိတယ္။ အဲဒီလိုမ်ိဳးေတြေတာ့ ၾကားရတယ္။ က်န္တာေတာ့ စစ္တယ္။ ေမးတယ္။ ေခၚသြားတယ္။

ေမး-ေတာင္သာၿမိဳ႕နယ္ဘက္မွာ အေျခအေနေတြက လႈပ္လႈပ္ခတ္ခတ္ရွိေနေတာ့ ၿမိဳ႕ေပၚကိုေျပာင္း ေ႐ႊ႕လာ ၾကတာမ်ားလား။ တျခားေဒသကိုေျပာင္းေ႐ႊ႕လာၾကေကာရွိလား။
ေျဖ-ၿမိဳ႕ေပၚအေျခအေနကိုအရင္ေျပာမယ္ေပါ့ေနာ္။ ၿမိဳ႕ေပၚကိုေျပာင္းလာတဲ့လူေတြအေတာ္မ်ားမ်ားက ဘယ္လိုမ်ိဳးလဲဆိုေတာ့ တခ်ိဳ႕က ကေလးေတြပညာေရးကိုၾကည့္ၿပီးေတာ့ မိဘအေတာ္မ်ားမ်ားက ဥပမာ ေငြေၾကးတတ္ႏိုင္တဲ့လူေတြက မႏၲေလး၊ ရန္ကုန္အစရွိတဲ့ၿမိဳ႕ေတြကိုေျပာင္းကုန္ၾကတယ္။ နယ္ေျမ ေကာင္းတဲ့ ေတာင္ႀကီးဘက္ကိုေျပာင္းေ႐ႊ႕ ၾကတဲ့လူေတြမ်ားတယ္။ ေတာ္ေတာ္ၾကာၿပီ။ ၿပီးခဲ့တဲ့ႏွစ္ (၈) လပိုင္းတည္းက ျဖစ္သြားၾကတာေပါ့ေလ။ စျဖစ္တာကလည္း (၈)လပိုင္းတည္းကျဖစ္တာေလ။ အဲဒီမွာ တခ်ိဳ႕ကလုံးဝကိုေျပာင္းေ႐ႊ႕သြားတာမ်ိဳးရွိတယ္။ ႐ြာဘက္ေတြမွာလည္း သိပ္အဆင္မေျပေတာ့ တခ်ိဳ႕ ႐ြာဘက္ေတြက ဒီမွာေျပာင္းေနတာမ်ိဳးေတြ ရွိတယ္။ သူတို႔ရဲ႕နီးစပ္ရာနီးစပ္ရာမွလာေနတာမ်ိဳးေတြ ဒီလိုမ်ိဳးေတြလည္းေတာ္ေတာ္မ်ားမ်ားတယ္။ ေတာင္သာက စားဝတ္ေနေရးအတြက္သြားလာ လႈပ္ရွား ေနရတယ္။ အဲဒါေၾကာင့္ တစ္ခုခုသတင္းၾကားၿပီဆိုတာနဲ႔ လမ္းေပၚမွာလူ မရွိေတာ့ဘူး။ အဲဒီလိုပုံစံမ်ိဳး။

ေမး-ေတာင္သာၿမိဳ႕နယ္က စာသင္ေက်ာင္းေတြမွာပညာသင္ၾကားေနရတဲ့ ကေလးငယ္ေတြရဲ႕အေျခ အေနေကာ ဘယ္လိုရွိလဲခင္ဗ်။
ေျဖ-ကြၽန္မသိသေလာက္ကေတာ့ အခုကေတာ့ စာေမးပြဲေျဖေနတာက (၅)တန္းနဲ႔ (၉)တန္းနဲ႔စာေမးပြဲ ေျဖေနတာေပါ့ေနာ္။ အခုေတာ္ေတာ္မ်ားမ်ားက ဘယ္လိုလုပ္လဲဆိုေတာ့ ၿမိဳ႕ေပၚေက်ာင္းေတြမွာ လာ တည္းၿပီးေျဖၾကတယ္။ ႐ြာဘက္ကေက်ာင္းေတြက အဆင္မေျပလို႔ေလ။ အဲဒီလိုနဲ႔ ၿမိဳ႕ေပၚေက်ာင္း ေတြ မွာလာၿပီးေတာ့ တည္းၿပီးေတာ့ စာေမးပြဲကို ကေလးေတြလာစုၿပီးေတာ့ ေျဖၾကရတယ္။ ၿပီးရင္ေတာ့ မိသားစုေတြလာေခၚၿပီးေတာ့ ျပန္သြားၾကတယ္။ အဲဒီလိုမ်ိဳးေပါ့။

ေမး-႐ြာေက်ာင္းေတြမွာေျဖရတာအဆင္မေျပဘူး ဆိုတာကို နည္းနည္းေလးရွင္းျပေပးပါလား။
ေျဖ-ၾကားရသေလာက္ကေတာ့ စာေမးပြဲမေျဖဖို႔ေျပာၾကတယ္လို႔လည္းေျပာသံၾကားတယ္။ ၿပီးေတာ့ တခ်ိဳ႕႐ြာေတြမွာက ေလယာဥ္ေတြ ပ်ံဝဲတာေတြ ရွိတာေပါ့ေနာ္။ ၿခိမ္းေျခာက္ခံရတာနဲ႔ ေလယာဥ္ေတြ ဝဲ ေနတာေၾကာင့္လို႔ေျပာရမွာေပါ့။ ေတာင္သာရဲ႕အေနာက္ဘက္ ခ်ဳံႀကီး႐ြာဘက္မွာဆိုရင္ (၈)လပိုင္း ေလာက္တည္းက ပိတ္ထားတာမ်ိဳး။ အဲဒီေတာ့ ကေလးေတြက နီးစပ္ရာ႐ြာေတြမွာသြားၿပီး‌ေတာ့ ပိုက္ဆံ တတ္ႏိုင္တဲ့ လူေတြကေတာ့ ၿမိဳ႕ေပၚေတြေျပာင္းတာေပါ့။ အဲဒီလိုမ်ိဳးရွိတာေပါ့။

ေမး- PDF ေတြၿခိမ္းေျခာက္တာေၾကာင့္ ေတာင္သာၿမိဳ႕နယ္ထဲမွာ ပိတ္ထားရတဲ့ စာသင္ေက်ာင္းေတြရွိ လားခင္ဗ်။
ေျဖ-အဲဒါကေတာ့ အတိအက်မသိရဘူး။ ဒါေပမဲ့ ၾကားရတာေတြေတာ့ရွိတယ္။ ဒါက လြန္ခဲ့တဲ့ (၂၀၂၄) ခုႏွစ္ (၈)လပိုင္းက ႐ြာဘက္က ေက်ာင္းတစ္ေက်ာင္းကို စာလာခ်တာရွိတယ္။ အဲဒီလိုမ်ိဳးေတြေပါ့။ ဒါေပမဲ့ အဲဒီတုန္းက အဲဒီေက်ာင္းက အဲဒီအေျခအေနထိ ဖြင့္လို႔ရေသးတယ္။ ေနာက္ပိုင္းက်ေတာ့ မဖြင့္ရ ေတာ့ဘူး။ အဲဒီလိုမ်ိဳးျဖစ္သြားတာေပါ့။ ေနာက္တစ္ခုၾကားတာရွိတယ္။ ေတာင္သာဘက္က ႐ြာတစ္႐ြာ မွာေပါ့ ေက်ာင္းအုပ္ဆရာမႀကီးနဲ႔ ဆရာ၊ ဆရာမေတြကို အစည္းေဝးေခၚၿပီးေတာ့ စာေမးပြဲကို ျဖစ္ႏိုင္ရင္ မေျဖဖို႔ ေျပာတာေပါ့။ အဲဒီလိုမ်ိဳး တစ္ခုျဖစ္သြားေသးတယ္။ အဲဒါကေတာ့ ဒီကာလမွာျဖစ္သြားတာေပါ့။ ကေလးငယ္ေတြရဲ႕ ပညာေရးနဲ႔ပတ္သက္ၿပီး ၿခိမ္းေျခာက္မႈေတြရွိတယ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ ဒီပုံစံ တိုင္းျဖစ္ေနလို႔ ေနာက္ပိုင္းက်ရင္ လူတန္းစား(၂)ရပ္က လုံးဝကို သိသိသာသာႀကီးကြဲသြားမွာ။ အေျခခံ လူတန္းစားနဲ႔ အထက္တန္းလူတန္းစားလိုမ်ိဳးကြဲသြားမွာ။ ဘာလို႔ဆိုရင္ ပိုက္ဆံတတ္ႏိုင္တဲ့လူေတြဆိုရင္ တျခားေက်ာင္းေတြမွာသြားထားလို႔ရတယ္။ ပိုက္ဆံတတ္ႏိုင္တာျဖစ္တဲ့အတြက္ တစ္ႏိုင္ငံလုံး ႀကိဳက္တဲ့ ေနရာမွာ သူတို႔ကသြားထားလို႔ရတယ္။ ဒါေပမဲ့ စားဝတ္ေနေရးေတာင္ အႏိုင္ႏိုင္ျဖစ္တဲ့လူေတြကေတာ့ အဆင္မေျပဘူး။ ဒီလိုမ်ိဳးက်ေတာ့ ဘာလုပ္လဲဆိုေတာ့ ေက်ာင္းကိုပစ္ထားရတာမ်ိဳးေတြရွိတယ္။ ဒါမ်ိဳး ေတြ ၾကေတာ့ အဲဒီထဲမွာ တခ်ိဳ႕ကေက်ာင္းကိုတက္ခ်င္ တဲ့ကေလးေတြရွိတယ္။ တခ်ိဳ႕က အတန္းလိုခ်င္ တာရွိတယ္။ တခ်ိဳ႕ကေတာ့ တကယ္ကိုပညာကိုလိုခ်င္လို႔ လာတက္ၾကတာဆိုေတာ့ ဒီကာလမွာ တအား ကို ထိခိုက္တဲ့ကေလးေတြရွိတယ္။ (၁)ႏွစ္၊ (၂)ႏွစ္၊ (၃)ႏွစ္ အတြင္းမွာကို ကေလးေတြပညာေရး အရမ္း ေနာက္က်သြားမွာကို ကြၽန္မကေတာ့ အရမ္းစိုးရိမ္တယ္။ အဲဒီလိုမ်ိဳးေတာ့ရွိတာေပါ့။ ေက်ာင္းတက္တဲ့ ကေလးေတြဆိုတာ ငယ္ပါေသးတယ္။ သိပ္ကိုအမ်ားႀကီးစဥ္းစားႏိုင္တဲ့အ႐ြယ္ မဟုတ္ေသးဘူး။ မိဘ အုပ္ထိန္းမႈရွိတဲ့ကေလးကေတာ့ လမ္းမွန္ေရာက္ႏိုင္ေသးတယ္ဆိုေပမယ့္ မိဘအုပ္ထိန္းမႈမရွိတဲ့ ကေလး ေတြက လမ္းမွားကိုေရာက္ဖို႔အေျခအေနက အရမ္းမ်ားေနတာ။ အညာေဒသေတြမွာက သိပ္ကိုဖြံ႕ၿဖိဳး ေသးတဲ့ အေျခအေနမဟုတ္ေသးေတာ့ အသိပညာပိုင္းမွာလည္း အရမ္းႀကီး ဖြံ႕ၿဖိဳးေသးတဲ့ေနရာ မဟုတ္ ေသးဘူး။ အဲဒီလိုမ်ိဳးဆိုေတာ့ လမ္းမွားေရာက္ဖို႔က (၉၀)ရာခိုင္ႏႈန္းေလာက္မ်ားေနတာေပါ့။ တတ္ႏိုင္တဲ့ လူေတြကေတာ့ သူတို႔ရဲ႕ကေလးေတြကို တျခားေက်ာင္းေတြကို ပို႔ႏိုင္တာေပါ့။ အဲဒီလိုမ်ိဳးေတြေပါ့။

ေမး-ၿပီးခဲ့တဲ့ကာလ ေတာင္သာၿမိဳ႕နယ္ထဲကပဲ ရဲစခန္းေတြနဲ႔ တပ္စခန္းေတြကို PDF က ဝင္တိုက္ခိုက္ တာေတြရွိခဲ့တယ္။ အခုေနာက္ပိုင္းေကာ ဘာေတြၾကားမိလဲ။ ေဒသခံေတြေျပာင္းေ႐ႊ႕ေနရတာ လက္ရွိ အခ်ိန္ထိရွိေနေသးလားခင္ဗ်။
ေျဖ- အဲဒီလိုမ်ိဳးျဖစ္သြားတာေတာ့ရွိတယ္။ အဲဒီဘက္က ေက်ာင္းသားေတြကလည္း လာမယ့္ Grade-12 စာေမးပြဲအတြက္။ Grade-12 က လာမယ့္ (၁၇)ရက္မွစေျဖမွာေလ။ ဒါေပမဲ့ ပုံမွန္ဆိုရင္ အဲဒီဘက္က လူေတြက ေတာင္သာထဲကိုဝင္လာဖို႔ ဆႏၵရွိတယ္။ ဒါေပမဲ့ အဲဒီလို ေျဖလို႔မရတဲ့အေျခအေန ျဖစ္သြားတဲ့ အတြက္ ၿမိဳ႕ေပၚကိုေျပာင္းလာေနရတဲ့ သေဘာေပါ့ေနာ္။ အဲဒီမွာေနလို႔ထိုင္လို႔မရေတာ့တဲ့အတြက္ ေျပာင္းထားတဲ့အေျခအေနေပါ့။

ေမး - ႏိုင္ငံေရးအခင္းအက်င္းမျဖစ္ခင္ကာလက ေတာင္သာနဲ႔ အခုလက္ရွိေတာင္သာအျခအေန ဘာေတြ ကြာျခားသြားလဲ။
ေျဖ-အရင္ကေတာ့သြားလာေနၾကတာပဲ။ ကြၽန္မကိုယ္တိုင္လည္း အဲဒီတုန္းက ညကားနဲ႔ျပန္လာရင္ (၂) နာရီ (၃)နာရီေလာက္ထိ ေနလို႔ရတဲ့အေျခအေနေပါ့။ အဲဒီတုန္းက ညႀကီးကို ေအးေဆးအိမ္ျပန္လို႔ရတဲ့ အေျခအေနျဖစ္ပါ။ အခုဆိုရင္ ည(၆)နာရီဆိုရင္ လူမရွိေတာ့ဘူး။ ၿမိဳ႕ေပၚေတာင္မွ အဲဒီလိုေပါ့။ ေနာက္ တစ္ခုက ေတာင္သာ-ျမင္းၿခံနားတစ္ဝိုက္ကလည္း PDF ေတြထုတ္ထားတဲ့ ည(၆)နာရီ၊ မနက္(၆)နာရီ ဆိုတဲ့အရာကလည္းရွိေသးတယ္။ ကားေတြလည္း မသြားနဲ႔။ လူေတြလည္းမသြားနဲ႔ဆိုၿပီးေျပာတယ္။ ေတာင္သာ-မိတၳီလာလမ္းေတြဆိုလည္း ည(၆)နာရီကေန မနက္(၆)နာရီဆိုၿပီး သြားခြင့္ မျပဳျပန္ဘူး။ ဒါမ်ိဳးေတြလည္းရွိတယ္။ အေျခအေနကေတာ့ အရင္လိုပုံမွန္မဟုတ္တာေပါ့။ ကူးသန္းသြားလာေရးေပါ့။ ေနာက္ၿပီးေတာ့ အင္တာနက္။ အရင္က ေတာင္သာကဖုန္းလိုင္း ေကာင္းတယ္။ အင္တာနက္ ဆိုရင္ လည္း ေကာင္းခဲ့တာရွိတယ္။ အခုေနာက္ပိုင္း ႐ြာဘက္ေတြမွာ အသံသဲ့သဲ့ၾကားၿပီဆိုရင္ Wifi လိုင္းေတြ ပါျဖတ္တာ။ အဲဒီလိုမ်ိဳး။ နာရီပိုင္းျဖတ္တာမ်ိဳးနဲ႔ ရက္ပိုင္း ျဖတ္တာမ်ိဳးေတြရွိတယ္။ ေနာက္ၿပီးဖုန္းေျပာတဲ့ ဖုန္းလိုင္းေတြပါ ျပတ္ေတာက္သြားတာမ်ိဳးေတြရွိတယ္။ လုံးဝျပတ္ေတာက္ သြား တာ မဟုတ္ပဲနဲ႔ ရက္ပိုင္း ျပတ္ေတာက္သြားတာမ်ိဳးေပါ့။ အမ်ားဆုံး တစ္ပတ္နဲ႔ အနည္းဆုံးတစ္ရက္ ေလာက္ေတာ့ ျပတ္တယ္။

ေမး - ေနာက္ဆုံးေမးခြန္းအေနနဲ႔ ေတာင္သာၿမိဳ႕သာဒီအေျခအေနတိုင္းဆက္သြားရင္ အဆိုးဆုံးအေျခ အေနဘယ္ေလာက္ထိျဖစ္သြားႏိုင္လဲ။
ေျဖ-အေကာင္းဘက္ကေတာ့ တစ္ခုမွေတာ့မရွိဘူး။ ဒီပုံစံတိုင္းသာဆက္သြားမယ္ဆိုရင္ အဆက္ဆက္ရွိ တဲ့ လူေတြကသာ ေျပာင္းေ႐ြ႕သြားၿပီး ေနထိုင္လို႔ရတာ။ တခ်ိဳ႕ကေတာ့ ဒီမွာပဲေဆြမ်ိဳးေတြရွိတာ။ တစ္ခုခု ဆိုရင္ အရမ္းလမ္းပိတ္တယ္။ အဲဒီလိုမ်ိဳးဆိုေတာ့ ကံကိုပဲ ပုံခ်ေနေတာ့မယ္ဆိုတဲ့လူေတြလည္းရွိတယ္။ ဒီပုံစံတိုင္းဆိုရင္ အေျခေနေတြကပိုပိုၿပီးဆိုး႐ြားလာမယ္ထင္ပါတယ္။

ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.