(၂)နှစ်ခန့်အကြာက ကွာရှင်းထားသော ခင်ပွန်းဟောင်းမှ ဓားဖြင့်ထိုးသတ်သည့်အတွက် အမျိုးသမီးတစ်ဦးသေဆုံး

1767

သန့်ဇင်(NP News)-မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ((၂)နှစ်ခန့်အကြာက ကွာရှင်းထားသော ခင်ပွန်းဟောင်းမှ ဓားဖြင့်ထိုးသတ်သည့်အတွက် အမျိုးသမီး တစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၂ရက်)၊ နံနက် ၁နာရီကျော်အချိန်ခန့်က ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ဖြစ်တယ်ဘာညာပဲကြားတာပေါ့နော်။ အဲဒါနဲ့ကျွန်တော်တို့သွားရောက်ကူညီတာပေါ့နော်။ အသေးစိတ်ကတော့ မမေးခဲ့ရဘူးပေါ့နော်။ လင်မယားချင်းရန်ဖြစ်တာပေါ့နော်။ ကျွန်တော်တို့ကို ခေါ်တဲ့အချိန်ကတော့ ဆုံးနေပြီပေါ့”ဟု ချုပ်ငြိမ်းရာပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
ကျူးလွန်သူမှာ လွန်ခဲ့သော (၂)နှစ်ခန့်က တရားဝင်ကွာရှင်းသူဖြစ်ပြီး သေဆုံးသူအမျိုးသမီး၏ အော်သံကြား၍ အစ်မဖြစ်သူမှ အိမ်အောက်သိုဆင်းကြည့်ရာတွင် ၎င်း၏ညီမဖြစ်သူမှာ ခန္ဓာကိုယ်တွင် သွေးများဖြင့် လဲကျနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဓားဒဏ်ရာရရှိထားသောအမျိုးသမီးအား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့သော်လည်း ရရှိထားသည့်ဒဏ်ရာဖြင့် နံနက် ၅နာရီ၊ ၂၀မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဒဏ်ရာကတော့ ပြောသံကြားတာက ခြေထောက်နဲ့လက်တွေထိတာလို့ပြောတယ်။ ဒဏ်ရာကတော့ အဲဒီလိုရတယ်။ သွေးထွက်လွန် တာလားတော့မသိဘူး။ ဆေးရုံမှာဆုံးတာပါ”ဟု ၎င်းကဆက်ပြောသည်။

Zawgyi Version:
(၂)ႏွစ္ခန႔္အၾကာက ကြာရွင္းထားေသာ ခင္ပြန္းေဟာင္းမွ ဓားျဖင့္ထိုးသတ္သည့္အတြက္ အမ်ိဳးသမီးတစ္ဦးေသဆုံး
သန႔္ဇင္(NP News)-မတ္ ၁၂
ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕တြင္ ((၂)ႏွစ္ခန႔္အၾကာက ကြာရွင္းထားေသာ ခင္ပြန္းေဟာင္းမွ ဓားျဖင့္ထိုးသတ္သည့္အတြက္ အမ်ိဳးသမီး တစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ေဒခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၁၂ရက္)၊ နံနက္ ၁နာရီေက်ာ္အခ်ိန္ခန႔္က ပဲခူးၿမိဳ႕၊ ၿမိဳ႕တြင္းႀကီးရပ္ကြက္၊ လက္ဝဲသုႏၵရလမ္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ျဖစ္တယ္ဘာညာပဲၾကားတာေပါ့ေနာ္။ အဲဒါနဲ႔ကြၽန္ေတာ္တို႔သြားေရာက္ကူညီတာေပါ့ေနာ္။ အေသးစိတ္ကေတာ့ မေမးခဲ့ရဘူးေပါ့ေနာ္။ လင္မယားခ်င္းရန္ျဖစ္တာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ကို ေခၚတဲ့အခ်ိန္ကေတာ့ ဆုံးေနၿပီေပါ့”ဟု ခ်ဳပ္ၿငိမ္းရာပရဟိတ အသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
က်ဴးလြန္သူမွာ လြန္ခဲ့ေသာ (၂)ႏွစ္ခန႔္က တရားဝင္ကြာရွင္းသူျဖစ္ၿပီး ေသဆုံးသူအမ်ိဳးသမီး၏ ေအာ္သံၾကား၍ အစ္မျဖစ္သူမွ အိမ္ေအာက္သိုဆင္းၾကည့္ရာတြင္ ၎၏ညီမျဖစ္သူမွာ ခႏၶာကိုယ္တြင္ ေသြးမ်ားျဖင့္ လဲက်ေနသည္ကို ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဓားဒဏ္ရာရရွိထားေသာအမ်ိဳးသမီးအား ပဲခူးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈခံယူေစခဲ့ေသာ္လည္း ရရွိထားသည့္ဒဏ္ရာျဖင့္ နံနက္ ၅နာရီ၊ ၂၀မိနစ္အခ်ိန္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ဒဏ္ရာကေတာ့ ေျပာသံၾကားတာက ေျခေထာက္နဲ႔လက္ေတြထိတာလို႔ေျပာတယ္။ ဒဏ္ရာကေတာ့ အဲဒီလိုရတယ္။ ေသြးထြက္လြန္ တာလားေတာ့မသိဘူး။ ေဆး႐ုံမွာဆုံးတာပါ”ဟု ၎ကဆက္ေျပာသည္။