Royal Sayarsan(High Rise Building)ကွန်ဒိုနှင့်ပတ်သက်၍ ယခုလ(၃၀)ရက်တွင် ဝယ်သူများထံပေးရန် တိုက်ခန်းဝယ်သူ(၁၈)ဦးက အသိပေး

797

NP News- မတ် ၁၂
Royal Sayarsan(High Rise Building)ကွန်ဒိုနှင့်ပတ်သက်၍ ယခုလ(၃၀)ရက်တွင် ဝယ်သူများထံပေးရန် တိုက်ခန်းဝယ်သူ(၁၈)ဦးက ပြီးခဲ့သည့်ရက်ပိုင်းတွင် နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးကြေညာထားကြောင်း တွေ့မြင်ရသည်။
အဆိုပါ Royal Sayarsan(High Rise Building)ကွန်ဒိုရှိ တိုက်ခန်းများတွင် မြေရှင်ရောင်းချပိုင်ခွင့်ရှိသည့် တိုက်ခန်း(၈၀)ထဲမှ (၂၆)ခန်းကို တိုက်ခန်းဝယ်ယူသူ(၁၈)ဦးက ဆက်စပ်စာချုပ်များဖြင့် သတ်မှတ်တန်ဖိုးများ အပြေအကျေပေးချေဝယ်ယူခဲ့ရာ အရောင်းအဝယ်စာချုပ်များတွင် မြေရှင်နှင့်ကန်ထရိုက်တို့ လက်မှတ်ရေးထိုးရောင်းချခဲ့ကြောင်း သိရသည်။
၎င်းကွန်ဒို၏ တိုက်ခန်းများအားလုံးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ(၃၀)ရက်တွင် အချောသပ်ပြီးစီးခဲ့သော်လည်း မြေရှင်မှ ဝယ်ယူသူများကို တိုက်ခန်းများ လက်ရောက်ပေးအပ်ခြင်းမရှိခဲ့ခြင်းကြောင့် ဝယ်ယူသူများက တိုက်ခန်းများကို လက်ရောက်ပေးအပ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း (၆)နှစ်ကျော် ကြာမြင့်သည့်အချိန်အထိ အကြောင်းအမျိုးမျိုးပြ၍ ရွှေ့ဆိုင်းချိန်းဆိုခဲ့ကြောင်း သိရသည်။
"အဲဒီတုန်းက ဒေါ်လာဈေး(၁၃၀၀)လောက်တုန်းက ဝယ်ခဲ့တာ။ တစ်ပေပတ်လည်ကို ကျပ်(၃၅၇၀၀၀)။ အခုက (၂၆)ခန်း နောက်ထပ်အခန်းပိုင်ရှင်တွေကလည်း အများကြီးကျန်သေးတယ်။ အဲဒီလူတွေကထွက်မလာသေးတာ။ ဒီထဲကတချို့ဆိုရင် အခန်းပိုင်ရှင်တွေကနိုင်ငံခြားမှာ။ ဒါပေမယ့် သူတို့ညီမတွေဘာတွေကိုမှာခဲ့တော့ သူတို့ကနေတစ်ဆင့် ဆက်သွယ်ကြတာ။ ကွန်ဒိုကြီးတစ်ခုလုံးက အခန်းပေါင်း(၁၆၀)ကျော်ရှိတယ်။ ကန်ထရိုက်က အခန်း(၈၀)။ မြေရှင်သူဌေးက အခန်း(၈၀)ရှိတယ်။ အခုဒီလူတွေအကုန်လုံးက မြေရှင်ဘက်ကဝယ်တာလည်းပါသလို ကန်ထရိုက်ဘက်ကဝယ်တာလည်း လေး၊ ငါးခန်းပါတယ်။ တစ်ခန်းချင်းကို သိန်း(၂၀၀၀)ကျော်နစ်နာနေတာ"ဟု အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ သိရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့နောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် မြေရှင်၏နေအိမ်၌ တိုက်ခန်းဝယ်ယူသူများနှင့် မြေရှင်တို့ နောက်ဆုံးတွေ့ဆုံခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ ပေးအပ်မည်ဟု ကတိပေးခဲ့ကြောင်းသိရသည်။
ထို့ကြောင့် အထက်ပါတိုက်ခန်းများကို လာမည့် မတ်လ(၃၀)ရက်တွင် နောက်ဆုံးထား၍ ဝယ်ယူသူများထံသို့ လက်ရောက်ပေးရန် တောင်းဆိုထားပြီး ပေးအပ်ခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုက်ခန်းဝယ်ယူသူများက အသိပေးကြေညာထားသည်။
"လက်ရှိကတော့ အခန်းပိုင်ရှင်တွေက မြန်မြန်လုပ်ပေးပါဆိုပြီး သတင်းစာထည့်တယ်။ အခန်းရှင်ကလည်း ဘဏ်မှာကိစ္စစီစဥ်နေတယ်လို့ပြောတယ်။ အခန်းရှင်ထဲကတစ်ယောက်ကတော့ ဘဏ်ကိစ္စကိုလိုက်ပြီး ကူလုပ်ပေးနေတယ်"ဟု ၎င်းကဆက်လက်ပြောသည်။

Zawgyi Version:
Royal Sayarsan(High Rise Building)ကြန္ဒိုႏွင့္ပတ္သက္၍ ယခုလ(၃၀)ရက္တြင္ ဝယ္သူမ်ားထံေပးရန္ တိုက္ခန္းဝယ္သူ(၁၈)ဦးက အသိေပး
NP News- မတ္ ၁၂
Royal Sayarsan(High Rise Building)ကြန္ဒိုႏွင့္ပတ္သက္၍ ယခုလ(၃၀)ရက္တြင္ ဝယ္သူမ်ားထံေပးရန္ တိုက္ခန္းဝယ္သူ(၁၈)ဦးက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ႏိုင္ငံပိုင္သတင္းစာမွတဆင့္ အသိေပးေၾကညာထားေၾကာင္း ေတြ႕ျမင္ရသည္။
အဆိုပါ Royal Sayarsan(High Rise Building)ကြန္ဒိုရွိ တိုက္ခန္းမ်ားတြင္ ေျမရွင္ေရာင္းခ်ပိုင္ခြင့္ရွိသည့္ တိုက္ခန္း(၈၀)ထဲမွ (၂၆)ခန္းကို တိုက္ခန္းဝယ္ယူသူ(၁၈)ဦးက ဆက္စပ္စာခ်ဳပ္မ်ားျဖင့္ သတ္မွတ္တန္ဖိုးမ်ား အေျပအေက်ေပးေခ်ဝယ္ယူခဲ့ရာ အေရာင္းအဝယ္စာခ်ဳပ္မ်ားတြင္ ေျမရွင္ႏွင့္ကန္ထ႐ိုက္တို႔ လက္မွတ္ေရးထိုးေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
၎ကြန္ဒို၏ တိုက္ခန္းမ်ားအားလုံးကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ေမလ(၃၀)ရက္တြင္ အေခ်ာသပ္ၿပီးစီးခဲ့ေသာ္လည္း ေျမရွင္မွ ဝယ္ယူသူမ်ားကို တိုက္ခန္းမ်ား လက္ေရာက္ေပးအပ္ျခင္းမရွိခဲ့ျခင္းေၾကာင့္ ဝယ္ယူသူမ်ားက တိုက္ခန္းမ်ားကို လက္ေရာက္ေပးအပ္ရန္ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ေသာ္လည္း (၆)ႏွစ္ေက်ာ္ ၾကာျမင့္သည့္အခ်ိန္အထိ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ေ႐ႊ႕ဆိုင္းခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။
"အဲဒီတုန္းက ေဒၚလာေဈး(၁၃၀၀)ေလာက္တုန္းက ဝယ္ခဲ့တာ။ တစ္ေပပတ္လည္ကို က်ပ္(၃၅၇၀၀၀)။ အခုက (၂၆)ခန္း ေနာက္ထပ္အခန္းပိုင္ရွင္ေတြကလည္း အမ်ားႀကီးက်န္ေသးတယ္။ အဲဒီလူေတြကထြက္မလာေသးတာ။ ဒီထဲကတခ်ိဳ႕ဆိုရင္ အခန္းပိုင္ရွင္ေတြကႏိုင္ငံျခားမွာ။ ဒါေပမယ့္ သူတို႔ညီမေတြဘာေတြကိုမွာခဲ့ေတာ့ သူတို႔ကေနတစ္ဆင့္ ဆက္သြယ္ၾကတာ။ ကြန္ဒိုႀကီးတစ္ခုလုံးက အခန္းေပါင္း(၁၆၀)ေက်ာ္ရွိတယ္။ ကန္ထ႐ိုက္က အခန္း(၈၀)။ ေျမရွင္သူေဌးက အခန္း(၈၀)ရွိတယ္။ အခုဒီလူေတြအကုန္လုံးက ေျမရွင္ဘက္ကဝယ္တာလည္းပါသလို ကန္ထ႐ိုက္ဘက္ကဝယ္တာလည္း ေလး၊ ငါးခန္းပါတယ္။ တစ္ခန္းခ်င္းကို သိန္း(၂၀၀၀)ေက်ာ္နစ္နာေနတာ"ဟု အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထို႔ေနာက္ ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာ ၂၇ ရက္တြင္ ေျမရွင္၏ေနအိမ္၌ တိုက္ခန္းဝယ္ယူသူမ်ားႏွင့္ ေျမရွင္တို႔ ေနာက္ဆုံးေတြ႕ဆုံခဲ့ရာ ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလကုန္ ေနာက္ဆုံးထား၍ ေပးအပ္မည္ဟု ကတိေပးခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ အထက္ပါတိုက္ခန္းမ်ားကို လာမည့္ မတ္လ(၃၀)ရက္တြင္ ေနာက္ဆုံးထား၍ ဝယ္ယူသူမ်ားထံသို႔ လက္ေရာက္ေပးရန္ ေတာင္းဆိုထားၿပီး ေပးအပ္ျခင္းမရွိပါက တည္ဆဲဥပေဒႏွင့္အညီ တရားစြဲဆိုအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တိုက္ခန္းဝယ္ယူသူမ်ားက အသိေပးေၾကညာထားသည္။
"လက္ရွိကေတာ့ အခန္းပိုင္ရွင္ေတြက ျမန္ျမန္လုပ္ေပးပါဆိုၿပီး သတင္းစာထည့္တယ္။ အခန္းရွင္ကလည္း ဘဏ္မွာကိစၥစီစဥ္ေနတယ္လို႔ေျပာတယ္။ အခန္းရွင္ထဲကတစ္ေယာက္ကေတာ့ ဘဏ္ကိစၥကိုလိုက္ၿပီး ကူလုပ္ေပးေနတယ္"ဟု ၎ကဆက္လက္ေျပာသည္။