ဒဂုံမြို့သစ်လေးမြို့နယ်မှ အိမ်ခြံမြေ ဈေးတက်ပြီး အရောင်းအဝယ်အေးနေ

2122

ပြည့်ဖြိုး (NP News) - မတ် ၁၃
ဒဂုံမြို့သစ်လေးမြို့နယ်မှ အိမ်ခြံမြေများအရောင်းအဝယ်အေးနေသော်လည်း ဈေးများမြင့်တက်နေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်မြို့ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) ရပ်ကွက်များရှိ အိမ်ခြံမြေများမှာ မြေလျှောက်ပါမစ် စလစ်မြေနှင့် ဂရမ်မြေများပါ အရောင်းအဝယ်အေးနေကြောင်း သိရသည်။
“ပုံမှန် ပွင့်လင်းရာသီ ဒီအချိန်ဆိုရင်အရောင်းအဝယ်သွက်ပေမယ့် ဒီနှစ်ထဲမှာ အရောင်းဝယ်အေးနေပါတယ် ။ သိန်းတစ်ထောင်အောက်အိမ်ခြံမြေဆိုရင်တော့ နားလည်မှုနဲ့အရောင်းအဝယ်ရှိနေပေမယ့် သိန်းတစ်ထောင် အထက်မြေတွေဆိုရင် ဝယ်တဲ့သူနည်းသွားတယ်။ မနှစ်ကထက် အဝယ်နည်းသွားပေမယ့် ဈေးတွေက ကျဆင်း မသွားပါဘူး” ဟု ဒဂုံမြို့သစ်တောင်ပိုင်းအခြေစိုက် ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းပိုင်ရှင်ကပြောသည်။
ဒဂုံမြို့သစ်တောင်ပိုင်း တွင် ပေနှစ်ဆယ်ပေခြောက်ဆယ် မြေကွက်တကွက်လျှင် ၁၀၄၊၁၀၅၊၁၀၆၊၁၀၇ ရပ်ကွက်များတွင် သိန်း ခြောက်ရာမှ သိန်း နှစ်ထောင်အထက်ပေါက်ဈေး၊ ၇၀/၇၁ ရပ်ကွက်များတွင် သိန်းရှစ်ရာမှ သိန်းလေးထောင်အထက်ပေါက်ဈေး၊ နေရာအကွက်အကွင်းပေါ်မှုတည်ကာ ဈေးနှုန်းကွာခြားကြောင်း သိရသည်။
ဒဂုံမြိုသစ်ဆိပ်ကမ်းတွင်လည်း အရောင်းအဝယ်အေးနေပြီး မြေကွက်အလွတ်တစ်ကွက်လျှင် အနိမ့်ဆုံး သိန်းကိုးရာ ဝန်းကျင်ပေါက်ဈေး နှင့် အမြင့်ဆုံးသိန်းငါးထောင်းဝန်းကျင်ရှိကြောင်း သိရသည်။
“ဒဂုံမြောက်မှာ အရောင်းအဝယ်ရပ်သွားတာကြာပြီ မြေကွက်အလွတ်ဝယ်တဲ့သူရှားသွားတယ်။ မြေဝယ်ရင် အိမ်ပါ ပူးတွဲပါမှ ဝယ်တဲ့သူများလာတယ်။ ဈေးတွေကတော့ ရန်ကုန်မြို့မှာအမြင့်ဆုံးဈေးတွေပဲ။ ဒဂုံမြောက်မှာ သိန်းတစ်သောင်းလောက်မှ မသုံးနိုင်ရင်အိမ်ကောင်းကောင်းရှာဖို့ခက်ပါတယ်” ဟု ဒဂုံမြောက် နှင့် အရှေ့ဒဂုံ အခြေစိုက်အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး အငှားဈေးကွက်က ဦးဆောင်နေကြောင်း သိ ရသည်။ ထိုသို့အရောင်းအဝယ်အေးနေရခြင်းမှာ သက်ဆိုင်ရာမှ အခွန်စည်းကြပ်သည့်နှုန်းထားများကြောင့်လည်း အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဒဂုံမြို့သစ်လေးမြို့နယ်မှာ အရောင်းအဝယ်အသွက်ဆုံးဖြစ်ပြီး ကျန်မြို့နယ်များတွင် ပုံမှန်အောက် သို့ အရောင်းအဝယ်ကျဆင်းနေခြင်းဖြစ်သည်။

Zawgyi Version:
ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွ အိမ္ၿခံေျမ ေဈးတက္ၿပီး အေရာင္းအဝယ္ေအးေန
ျပည့္ၿဖိဳး (NP News) - မတ္ ၁၃
ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွ အိမ္ၿခံေျမမ်ားအေရာင္းအဝယ္ေအးေနေသာ္လည္း ေဈးမ်ားျမင့္တက္ေနဆဲျဖစ္ေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ရန္ကုန္ၿမိဳ႕ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ႏွင့္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ရပ္ကြက္မ်ားရွိ အိမ္ၿခံေျမမ်ားမွာ ေျမေလွ်ာက္ပါမစ္ စလစ္ေျမႏွင့္ ဂရမ္ေျမမ်ားပါ အေရာင္းအဝယ္ေအးေနေၾကာင္း သိရသည္။
“ပုံမွန္ ပြင့္လင္းရာသီ ဒီအခ်ိန္ဆိုရင္အေရာင္းအဝယ္သြက္ေပမယ့္ ဒီႏွစ္ထဲမွာ အေရာင္းဝယ္ေအးေနပါတယ္ ။ သိန္းတစ္ေထာင္ေအာက္အိမ္ၿခံေျမဆိုရင္ေတာ့ နားလည္မႈနဲ႔အေရာင္းအဝယ္ရွိေနေပမယ့္ သိန္းတစ္ေထာင္ အထက္ေျမေတြဆိုရင္ ဝယ္တဲ့သူနည္းသြားတယ္။ မႏွစ္ကထက္ အဝယ္နည္းသြားေပမယ့္ ေဈးေတြက က်ဆင္း မသြားပါဘူး” ဟု ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းအေျခစိုက္ ေ႐ႊမင္းသား အက်ိဳးေဆာင္လုပ္ငန္းပိုင္ရွင္ကေျပာသည္။
ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း တြင္ ေပႏွစ္ဆယ္ေပေျခာက္ဆယ္ ေျမကြက္တကြက္လွ်င္ ၁၀၄၊၁၀၅၊၁၀၆၊၁၀၇ ရပ္ကြက္မ်ားတြင္ သိန္း ေျခာက္ရာမွ သိန္း ႏွစ္ေထာင္အထက္ေပါက္ေဈး၊ ၇၀/၇၁ ရပ္ကြက္မ်ားတြင္ သိန္းရွစ္ရာမွ သိန္းေလးေထာင္အထက္ေပါက္ေဈး၊ ေနရာအကြက္အကြင္းေပၚမႈတည္ကာ ေဈးႏႈန္းကြာျခားေၾကာင္း သိရသည္။
ဒဂုံၿမိဳသစ္ဆိပ္ကမ္းတြင္လည္း အေရာင္းအဝယ္ေအးေနၿပီး ေျမကြက္အလြတ္တစ္ကြက္လွ်င္ အနိမ့္ဆုံး သိန္းကိုးရာ ဝန္းက်င္ေပါက္ေဈး ႏွင့္ အျမင့္ဆုံးသိန္းငါးေထာင္းဝန္းက်င္ရွိေၾကာင္း သိရသည္။
“ဒဂုံေျမာက္မွာ အေရာင္းအဝယ္ရပ္သြားတာၾကာၿပီ ေျမကြက္အလြတ္ဝယ္တဲ့သူရွားသြားတယ္။ ေျမဝယ္ရင္ အိမ္ပါ ပူးတြဲပါမွ ဝယ္တဲ့သူမ်ားလာတယ္။ ေဈးေတြကေတာ့ ရန္ကုန္ၿမိဳ႕မွာအျမင့္ဆုံးေဈးေတြပဲ။ ဒဂုံေျမာက္မွာ သိန္းတစ္ေသာင္းေလာက္မွ မသုံးႏိုင္ရင္အိမ္ေကာင္းေကာင္းရွာဖို႔ခက္ပါတယ္” ဟု ဒဂုံေျမာက္ ႏွင့္ အေရွ႕ဒဂုံ အေျခစိုက္အက်ိဳးေဆာင္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕အိမ္ၿခံေျမေဈးကြက္တြင္ အေရာင္းအဝယ္ေအးေနၿပီး အငွားေဈးကြက္က ဦးေဆာင္ေနေၾကာင္း သိ ရသည္။ ထိုသို႔အေရာင္းအဝယ္ေအးေနရျခင္းမွာ သက္ဆိုင္ရာမွ အခြန္စည္းၾကပ္သည့္ႏႈန္းထားမ်ားေၾကာင့္လည္း အေရာင္းအဝယ္ေအးေနျခင္းျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕တြင္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္မွာ အေရာင္းအဝယ္အသြက္ဆုံးျဖစ္ၿပီး က်န္ၿမိဳ႕နယ္မ်ားတြင္ ပုံမွန္ေအာက္ သို႔ အေရာင္းအဝယ္က်ဆင္းေနျခင္းျဖစ္သည္။