တန့်ဆည်မြို့တွင် PDF အဖွဲ့က စာသင်ကျောင်းအနီး Drop Bomb ချတိုက်ခိုက်ရာ အထက်တန်းပြဆရာမတစ်ဦး သေဆုံး

1306

Pearl (NP News) - မတ် ၁၃
တန့်ဆည်မြို့တွင် PDF အဖွဲ့က စာသင်ကျောင်းအနီး Drop Bomb ချတိုက်ခိုက်ရာ အထက်တန်းပြဆရာမတစ်ဦး တွင် ဗုံးစ ထိမှန်ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News သို့ပြော သည်။
ပြီးခဲ့သည့် မတ်လ (၁၀) ရက်၊ နံနက် ၈ နာရီ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ တန့်ဆည်မြို့ အတွင်းသို့ အကြမ်းဖက်အဖွဲ့က Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Drop Bomb များသည် အ.ထ.က(တန့်ဆည်)အနီးသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းတွင် တာဝန်ထမ်းဆောင်နေသော အသက် ၃၆ နှစ်အရွယ် အထက်တန်းပြဆရာမတစ်ဦးမှာ ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ယခုနှစ် G12 ဖြေဆိုမည့် ကျောင်းသူ/သားများအား အနီးကပ် သင်ကြားပေးနေသူဖြစ်ကြောင်းလည်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၆ ရက်က စစ်ကိုင်းမြို့ မင်းကွန်းဒေသ ၌ G-5 နှင့်G-9 ကျောင်းသား ၆ဝ ဦးအား စာမေးပွဲဖြေဆိုနိုင်ရန် ဦးဆောင်၍ စီစဉ်ပေးနေသူ အထက(မင်းကွန်း) မှ အလယ်တန်းပြဆရာ ဦးမျိုးဝင်းကို အကြမ်းဖက်အဖွဲ့က ၎င်း၏နေအိမ်တွင် လာရောက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားဖူးသည်။

Zawgyi Version:
တန႔္ဆည္ၿမိဳ႕တြင္ PDF အဖြဲ႕က စာသင္ေက်ာင္းအနီး Drop Bomb ခ်တိုက္ခိုက္ရာ အထက္တန္းျပဆရာမတစ္ဦး ေသဆုံး
Pearl (NP News) - မတ္ ၁၃
တန႔္ဆည္ၿမိဳ႕တြင္ PDF အဖြဲ႕က စာသင္ေက်ာင္းအနီး Drop Bomb ခ်တိုက္ခိုက္ရာ အထက္တန္းျပဆရာမတစ္ဦး တြင္ ဗုံးစ ထိမွန္ဒဏ္ရာမ်ားရရွိၿပီး ေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာ သည္။
ၿပီးခဲ့သည့္ မတ္လ (၁၀) ရက္၊ နံနက္ ၈ နာရီ အခ်ိန္ခန္႔တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးခ႐ိုင္၊ တန္႔ဆည္ၿမိဳ႕ အတြင္းသို႔ အၾကမ္းဖက္အဖြဲ႕က Drop Bomb မ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ Drop Bomb မ်ားသည္ အ.ထ.က(တန္႔ဆည္)အနီးသို႔က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ အဆိုပါေက်ာင္းတြင္ တာဝန္ထမ္းေဆာင္ေနေသာ အသက္ ၃၆ ႏွစ္အ႐ြယ္ အထက္တန္းျပဆရာမတစ္ဦးမွာ ဗုံးစ ထိမွန္ဒဏ္ရာရရွိခဲ့ၿပီး အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူမွာ ယခုႏွစ္ G12 ေျဖဆိုမည့္ ေက်ာင္းသူ/သားမ်ားအား အနီးကပ္ သင္ၾကားေပးေနသူျဖစ္ေၾကာင္းလည္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ မတ္လ ၆ ရက္က စစ္ကိုင္းၿမိဳ႕ မင္းကြန္းေဒသ ၌ G-5 ႏွင့္G-9 ေက်ာင္းသား ၆ဝ ဦးအား စာေမးပြဲေျဖဆိုႏိုင္ရန္ ဦးေဆာင္၍ စီစဥ္ေပးေနသူ အထက(မင္းကြန္း) မွ အလယ္တန္းျပဆရာ ဦးမ်ိဳးဝင္းကို အၾကမ္းဖက္အဖြဲ႕က ၎၏ေနအိမ္တြင္ လာေရာက္သတ္ျဖတ္ခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားဖူးသည္။