BTS အဖွဲ့ဝင် J-Hope ၏ Sweet Dreams သီချင်းက ကမ္ဘာတစ်ဝှမ်း iTunes ဇယားများတွင် ထိပ်တန်းနေရာကို ရယူ

93

Pika (NP News) - မတ် ၁၃
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ J-Hope ၏ နောက်ဆုံး ထွက်ရှိထားသော တစ်ကိုယ်တော်သီချင်း Sweet Dreams သည် ကမ္ဘာတစ်ဝှမ်းရှိ iTunes ဇယားများတွင် ထိပ်ဆုံး နေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအောင်မြင်မှုက ပြီးခဲ့သည့်လများအတွင်း စစ်မှုထမ်းတာဝန်ကို ပြီးမြောက်ခဲ့သော J-Hope က အောင်မြင်မှု များနှင့်အတူ ပြန်လာပြီဖြစ်ကြောင်းကို သက်သေပြနေသည့်အချက်လည်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လ(၇)ရက်တွင် ထွက်ရှိခဲ့သော J-Hope ၏ တစ်ကိုယ်တော်သီချင်း Sweet Dreams ကို အဆိုတော် နှင့်တေးရေးဆရာ Miguel နှင့် ပူးပေါင်းကာ ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။ ထွက်ရှိပြီးနောက်မကြာမီ Sweet Dreams သီချင်းသည် ကမ္ဘာတစ်ဝှမ်းနှင့် ဥရော iTunes သီချင်းဇယားများတွင် အဆင့်(၁)နေရာမှာ ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် J-Hope ၏ နောက်ဆုံးထွက်ရှိထားသော တစ်ကိုယ်တော်သီချင်း Sweet Dreams သည် အာဂျင်တီးနား၊ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ စပိန်၊ တရုတ် (တိုင်ပေ) နှင့် ထိုင်းနိုင်ငံတို့အပါအဝင် ဒေသစုစုပေါင်း(၈၃)ခု၏ iTunes ထိပ်တန်းသီချင်းဇယားများတွင် အဆင့်(၁) နေရာမှာ ရပ်တည်ခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် J-Hope သည် ၎င်း၏ တစ်ကိုယ်တော် ကမ္ဘာလှည့်ဖျော်ဖြေပွဲ 'Hope on the Stage' ကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
BTS အဖြဲ႕ဝင္ J-Hope ၏ Sweet Dreams သီခ်င္းက ကမာၻတစ္ဝွမ္း iTunes ဇယားမ်ားတြင္ ထိပ္တန္းေနရာကို ရယူ
Pika (NP News) - မတ္ ၁၃
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ J-Hope ၏ ေနာက္ဆုံး ထြက္ရွိထားေသာ တစ္ကိုယ္ေတာ္သီခ်င္း Sweet Dreams သည္ ကမာၻတစ္ဝွမ္းရွိ iTunes ဇယားမ်ားတြင္ ထိပ္ဆုံး ေနရာမွာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါေအာင္ျမင္မႈက ၿပီးခဲ့သည့္လမ်ားအတြင္း စစ္မႈထမ္းတာဝန္ကို ၿပီးေျမာက္ခဲ့ေသာ J-Hope က ေအာင္ျမင္မႈ မ်ားႏွင့္အတူ ျပန္လာၿပီျဖစ္ေၾကာင္းကို သက္ေသျပေနသည့္အခ်က္လည္းျဖစ္သည္။
ၿပီးခဲ့သည့္မတ္လ(၇)ရက္တြင္ ထြက္ရွိခဲ့ေသာ J-Hope ၏ တစ္ကိုယ္ေတာ္သီခ်င္း Sweet Dreams ကို အဆိုေတာ္ ႏွင့္ေတးေရးဆရာ Miguel ႏွင့္ ပူးေပါင္းကာ ဖန္တီးထားျခင္းျဖစ္ေၾကာင္း သိရသည္။ ထြက္ရွိၿပီးေနာက္မၾကာမီ Sweet Dreams သီခ်င္းသည္ ကမာၻတစ္ဝွမ္းႏွင့္ ဥေရာ iTunes သီခ်င္းဇယားမ်ားတြင္ အဆင့္(၁)ေနရာမွာ ရပ္တည္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ J-Hope ၏ ေနာက္ဆုံးထြက္ရွိထားေသာ တစ္ကိုယ္ေတာ္သီခ်င္း Sweet Dreams သည္ အာဂ်င္တီးနား၊ ၾသစေၾတးလ်၊ ကေမာၻဒီးယား၊ ကေနဒါ၊ ျပင္သစ္၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ မေလးရွား၊ ဖိလစ္ပိုင္၊ စကၤာပူ၊ စပိန္၊ တ႐ုတ္ (တိုင္ေပ) ႏွင့္ ထိုင္းႏိုင္ငံတို႔အပါအဝင္ ေဒသစုစုေပါင္း(၈၃)ခု၏ iTunes ထိပ္တန္းသီခ်င္းဇယားမ်ားတြင္ အဆင့္(၁) ေနရာမွာ ရပ္တည္ခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ J-Hope သည္ ၎၏ တစ္ကိုယ္ေတာ္ ကမာၻလွည့္ေဖ်ာ္ေျဖပြဲ 'Hope on the Stage' ကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။