ကြို့ပင်ကောက်မြို့တွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ဖြတ်
                        
                            
                             
 810
 
                             
                            
                            
                         
                        
                        သန့်ဇင် (NP News) - မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၂ ရက်) နံနက်ပိုင်းက ကြိုပင်ကောက်မြို့၊ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် “နန်းဝတီ” ရွှေဆိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အသတ်ခံရတာဟုတ်တယ်။ ရွှေဆိုင်ပိုင်ရှင်ပေါ့။ သေနတ်နဲ့ပစ်သတ်သွားတာလို့သိရတယ်။ နားထင်ကို ပစ်သွားတာတဲ့။ သူ့မှာသားလေးတစ်ယောက် ကျန်ခဲ့တယ်။ ရွှေတွေ ဘာတွေတော့ ယူမသွားဘူး ပြောကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက NP News ကို ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူမှာ “နန်းဝတီ” ရွှေဆိုင်ပိုင်ရှင် ဒေါ်သီရိစံဖြစ်ပြီး နားထင်ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
လုပ်ကြံသတ်ဖြတ်မှုကို BTZM GBK-PDF က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအပ်နှံထားသော စပါးနှင့်ပဲများကို အလွဲသုံးစားလုပ်ကာ လာရောက်တောင်းယူသူများအား ဖမ်းဆီးခိုင်းခြင်းကြောင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လည်း ၎င်းတို့၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ဝန်ခံချက် ထုတ်ပြန်ထားသည်။
                     
                        
                                                                    
Zawgyi Version: 
ႀကိဳ႕ပင္ေကာက္ၿမိဳ႕တြင္ ေ႐ႊဆိုင္ပိုင္ရွင္အမ်ိဳးသမီးတစ္ဦး PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္သတ္ျဖတ္
သန႔္ဇင္ (NP News) - မတ္ ၁၃
ပဲခူးတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕တြင္ ေ႐ႊဆိုင္ပိုင္ရွင္အမ်ိဳးသမီးတစ္ဦး PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၁၂ ရက္) နံနက္ပိုင္းက ႀကိဳပင္ေကာက္ၿမိဳ႕၊ ၿမိဳ႕မေဈးအတြင္းဖြင့္လွစ္ထားသည့္ “နန္းဝတီ” ေ႐ႊဆိုင္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အသတ္ခံရတာဟုတ္တယ္။ ေ႐ႊဆိုင္ပိုင္ရွင္ေပါ့။ ေသနတ္နဲ႔ပစ္သတ္သြားတာလို႔သိရတယ္။ နားထင္ကို ပစ္သြားတာတဲ့။ သူ႔မွာသားေလးတစ္ေယာက္ က်န္ခဲ့တယ္။ ေ႐ႊေတြ ဘာေတြေတာ့ ယူမသြားဘူး ေျပာၾကတယ္” ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက NP News ကို ေျပာသည္။
ပစ္ခတ္သတ္ျဖတ္ခံရသူမွာ “နန္းဝတီ” ေ႐ႊဆိုင္ပိုင္ရွင္ ေဒၚသီရိစံျဖစ္ၿပီး နားထင္က်ည္ေဖာက္ဝင္ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လုပ္ႀကံသတ္ျဖတ္မႈကို BTZM GBK-PDF က က်ဴးလြန္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူမ်ားအပ္ႏွံထားေသာ စပါးႏွင့္ပဲမ်ားကို အလြဲသုံးစားလုပ္ကာ လာေရာက္ေတာင္းယူသူမ်ားအား ဖမ္းဆီးခိုင္းျခင္းေၾကာင့္ သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း လည္း ၎တို႔၏ လူမႈကြန္ယက္ Facebook စာမ်က္ႏွာတြင္ ဝန္ခံခ်က္ ထုတ္ျပန္ထားသည္။