Carolina Reaper ငရုတ်သီး(၂၅)တောင့်ကို အမြန်ဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကနေဒါ အမျိုးသား

91

Pika (NP News) - မတ် ၁၃
ကနေဒါ နာမည်ကျော် YouTuber တစ်ဦးဖြစ်သည့် မိုက်ခ်ဂျက်ဆိုသည့်အမျိုးသားသည် ကမ္ဘာ့အစပ်ဆုံးငရုတ်သီး တစ်မျိုးဖြစ်သည့် Carolina Reaper ငရုတ်သီး(၂၅)တောင့်ကို အချိန်(၄)မိနစ်နှင့် (၃၆ ဒသမ ၂၆) စက္ကန့်အတွင်း စားပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အစပ်အစားအစာများကို စားသောက်ပြခြင်း အတွက် နာမည်ကျော်ကြားသည့် မိုက်ခ်ဂျက်သည် အွန်တာရီယိုပြည်နယ် ကစ်ချန်နာမြို့ရှိ Goatfest ပွဲတော်တွင် Carolina Reaper ငရုတ်သီး(၂၅)တောင့်ကို အမြန်ဆုံးစားပြနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Carolina reapers ငရုတ်သီးသည် Scoville Heat Units (SHU) (၁၆၄၁၁၈၃)ယူနစ်ရှိကာ ပြီးခဲ့သည့်နှစ်တွင် Pepper X ငရုတ်သီးအမျိုးအစား ထွက်ပေါ်မလာခင်အချိန်အထိ ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးအဖြစ် သတ်မှတ်ခံခဲ့ရ ကြောင်း သိရသည်။ မိုက်ခ်ဂျက်က “Carolina reapers ငရုတ်သီးကို စားပြတာက အရမ်းကြီးခက်ခဲမှာ မဟုတ်ဘူး” လို့ ကျွန်တော်ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ ခက်ခဲခဲ့ပါတယ်။ ဒီငရုတ်သီးက အရမ်းကိုစပ်ပြီး အဲဒါကို ကျွန်တော် ခံစားမိပါတယ်။ ပြီးတော့ ဒီငရုတ်သီးက တော်တော်လေးကို ပူပြီးစပ်ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် မိုက်ခ်ဂျက်သည် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းများစွာကို ကိုင်ဆောင်ထားသူဖြစ်ပြီး အများစုမှာ အစပ်စားခြင်းနှင့် သက်ဆိုင်မှုမရှိသော ဂင်းနစ်စံချိန်များဖြစ်ကြောင်းလည်း သိရသည်။ (၂၀၂၄)ခုနှစ်တွင် မိုက်ခ်ဂျက်သည် စက္ကူပိုက်ကိုအသုံးပြုပြီး Capri Sun ဖျော်ရည်ကို အချိန်(၂၁ ဒသမ ၇၁) စက္ကန့်အတွင်း သောက်ပြ ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
Carolina Reaper င႐ုတ္သီး(၂၅)ေတာင့္ကို အျမန္ဆုံးစားျပၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ခဲ့သည့္ ကေနဒါ အမ်ိဳးသား
Pika (NP News) - မတ္ ၁၃
ကေနဒါ နာမည္ေက်ာ္ YouTuber တစ္ဦးျဖစ္သည့္ မိုက္ခ္ဂ်က္ဆိုသည့္အမ်ိဳးသားသည္ ကမာၻ႔အစပ္ဆုံးင႐ုတ္သီး တစ္မ်ိဳးျဖစ္သည့္ Carolina Reaper င႐ုတ္သီး(၂၅)ေတာင့္ကို အခ်ိန္(၄)မိနစ္ႏွင့္ (၃၆ ဒသမ ၂၆) စကၠန႔္အတြင္း စားျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အစပ္အစားအစာမ်ားကို စားေသာက္ျပျခင္း အတြက္ နာမည္ေက်ာ္ၾကားသည့္ မိုက္ခ္ဂ်က္သည္ အြန္တာရီယိုျပည္နယ္ ကစ္ခ်န္နာၿမိဳ႕ရွိ Goatfest ပြဲေတာ္တြင္ Carolina Reaper င႐ုတ္သီး(၂၅)ေတာင့္ကို အျမန္ဆုံးစားျပႏိုင္ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
Carolina reapers င႐ုတ္သီးသည္ Scoville Heat Units (SHU) (၁၆၄၁၁၈၃)ယူနစ္ရွိကာ ၿပီးခဲ့သည့္ႏွစ္တြင္ Pepper X င႐ုတ္သီးအမ်ိဳးအစား ထြက္ေပၚမလာခင္အခ်ိန္အထိ ကမာၻ႔အစပ္ဆုံး င႐ုတ္သီးအျဖစ္ သတ္မွတ္ခံခဲ့ရ ေၾကာင္း သိရသည္။ မိုက္ခ္ဂ်က္က “Carolina reapers င႐ုတ္သီးကို စားျပတာက အရမ္းႀကီးခက္ခဲမွာ မဟုတ္ဘူး” လို႔ ကြၽန္ေတာ္ထင္ခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ ခက္ခဲခဲ့ပါတယ္။ ဒီင႐ုတ္သီးက အရမ္းကိုစပ္ၿပီး အဲဒါကို ကြၽန္ေတာ္ ခံစားမိပါတယ္။ ၿပီးေတာ့ ဒီင႐ုတ္သီးက ေတာ္ေတာ္ေလးကို ပူၿပီးစပ္ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ မိုက္ခ္ဂ်က္သည္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းမ်ားစြာကို ကိုင္ေဆာင္ထားသူျဖစ္ၿပီး အမ်ားစုမွာ အစပ္စားျခင္းႏွင့္ သက္ဆိုင္မႈမရွိေသာ ဂင္းနစ္စံခ်ိန္မ်ားျဖစ္ေၾကာင္းလည္း သိရသည္။ (၂၀၂၄)ခုႏွစ္တြင္ မိုက္ခ္ဂ်က္သည္ စကၠဴပိုက္ကိုအသုံးျပဳၿပီး Capri Sun ေဖ်ာ္ရည္ကို အခ်ိန္(၂၁ ဒသမ ၇၁) စကၠန႔္အတြင္း ေသာက္ျပ ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။