နွေရာသီအတွက် ရန်ကုန်ရှိ ပန်းခြံများတိုးချဲ့တည်ဆောက်အဆင့်မြင့်တင်နေ

606

NP News မတ်လ (၁၃)ရက်
ယခုနှစ် နွေရာသီကာလအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တွင်း၊ မြို့ပြင် ပန်းခြံများအား တိုးချဲ့ တည်ဆောက်ပေးခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ စည်ပင်သာယာ နယ်နိမိတ်ပိုင် (၃၃) မြို့နယ်အတွင်းရှိ တိုးချဲ့မြို့သစ်များမှာ သဘာဝဘေးအန္တရာယ် ခံနိုင်ရည်စွမ်းအားများ မြင့်မားလာစေရန် မြို့တွင်း၊ မြို့ပြင်များရှိ မြေလွတ်မြေရိုင်းများတွင် သစ်ပင်များထပ်မံစိုက်ပျိုးခြင်း၊ အစိမ်းရောင်မြက်ခင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း စတဲ့ စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး မင်္ဂလာဒုံမြို့နယ်ရှိ ကန်တော်မင်္ဂလာနှင့် ရွှေပြည်သာမြို့နယ်ရှိ သာသာယာယာရွှေပြည်သာ အပန်းဖြေပန်းခြံများတွင် ခေတ်မီ ဖူဆယ်ကွင်း၊ ရေကူးကန်နှင့် ဈေးတန်းများကို တိုးချဲ့တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ထို့အပြင် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သည့်ပြည်သူများ ကျန်းမာရေးအတွက် လွတ်လပ်စွာ လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် လှိုင်မြစ်ကူးဘုရင့်နောင်တံတားနှစ်စင်း၏ အလယ်မြေကွက်လပ်တွင် ခေတ်မီ အားကစားကွင်းနှင့် အပန်းဖြေစခန်းသစ်တစ်ခု တည်ဆောက်ပေးထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့၏ အထင်ကရဖြစ်သည့် အင်းယားကန်နှင့် ကန်တော်ကြီး သဘာဝဥယျာဉ်တို့ကို ရေရှည် တည်တံ့စေရန်နှင့် ရန်ကုန်မြို့၏ အရန်ရေများအဖြစ် ပြန်လည်ပြုပြင်သုံးစွဲနိုင်ရန် ကန်အတွင်းရေဆိုးအညစ်အကြေးများ၊ စားကြွင်းစားကျန် အစားအစာ အမှိုက်များကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးခြင်းများဆောင်ရွက်ပေးနေကြောင်းသိရသည်။
နွေရာသီကာလ အပူဒဏ် မခံစားရစေရန်နှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဘေးအန္တရာယ်ဆိုးကျိုးများကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူဆိုင်ရာ စိမ်းလန်းမြေ ဧရိယာများကို ရှာဖွေဖော်ထုတ်ခြင်း၊ ခေတ်မီ ပန်းခြံများ၊ အားကစားကွင်းများနှင့် အပန်းဖြေစခန်းသစ်များကို ထပ်မံတိုးချဲ့တည်ဆောက်ခြင်းများကို ယခုကဲ့သို့ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
ေႏြရာသီအတြက္ ရန္ကုန္ရွိ ပန္းၿခံမ်ားတိုးခ်ဲ႕တည္ေဆာက္အဆင့္ျမင့္တင္ေန
NP News မတ္လ (၁၃)ရက္
ယခုႏွစ္ ေႏြရာသီကာလအတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္ ပန္းၿခံမ်ားအား တိုးခ်ဲ႕ တည္ေဆာက္ေပးျခင္းႏွင့္ အဆင့္ျမႇင့္တင္မႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီမွ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၏ စည္ပင္သာယာ နယ္နိမိတ္ပိုင္ (၃၃) ၿမိဳ႕နယ္အတြင္းရွိ တိုးခ်ဲ႕ၿမိဳ႕သစ္မ်ားမွာ သဘာဝေဘးအႏၲရာယ္ ခံႏိုင္ရည္စြမ္းအားမ်ား ျမင့္မားလာေစရန္ ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္မ်ားရွိ ေျမလြတ္ေျမ႐ိုင္းမ်ားတြင္ သစ္ပင္မ်ားထပ္မံစိုက္ပ်ိဳးျခင္း၊ အစိမ္းေရာင္ျမက္ခင္းမ်ားတည္ေဆာက္ျခင္း၊ ျပဳျပင္ထိန္းသိမ္းျခင္း စတဲ့ စီမံကိန္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနၿပီး မဂၤလာဒုံၿမိဳ႕နယ္ရွိ ကန္ေတာ္မဂၤလာႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ သာသာယာယာေ႐ႊျပည္သာ အပန္းေျဖပန္းၿခံမ်ားတြင္ ေခတ္မီ ဖူဆယ္ကြင္း၊ ေရကူးကန္ႏွင့္ ေဈးတန္းမ်ားကို တိုးခ်ဲ႕တည္ေဆာက္ေပးသြားမွာျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ လႈိင္သာယာၿမိဳ႕နယ္အတြင္း ေနထိုင္သည့္ျပည္သူမ်ား က်န္းမာေရးအတြက္ လြတ္လပ္စြာ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ႏိုင္ရန္ လႈိင္ျမစ္ကူးဘုရင့္ေနာင္တံတားႏွစ္စင္း၏ အလယ္ေျမကြက္လပ္တြင္ ေခတ္မီ အားကစားကြင္းႏွင့္ အပန္းေျဖစခန္းသစ္တစ္ခု တည္ေဆာက္ေပးထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
ရန္ကုန္ၿမိဳ႕၏ အထင္ကရျဖစ္သည့္ အင္းယားကန္ႏွင့္ ကန္ေတာ္ႀကီး သဘာဝဥယ်ာဥ္တို႔ကို ေရရွည္ တည္တံ့ေစရန္ႏွင့္ ရန္ကုန္ၿမိဳ႕၏ အရန္ေရမ်ားအျဖစ္ ျပန္လည္ျပဳျပင္သုံးစြဲႏိုင္ရန္ ကန္အတြင္းေရဆိုးအညစ္အေၾကးမ်ား၊ စားႂကြင္းစားက်န္ အစားအစာ အမႈိက္မ်ားကို ေန႔စဥ္သန႔္ရွင္းေရးျပဳလုပ္ေပးျခင္းမ်ားေဆာင္႐ြက္ေပးေနေၾကာင္းသိရသည္။
ေႏြရာသီကာလ အပူဒဏ္ မခံစားရေစရန္ႏွင့္ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ေဘးအႏၲရာယ္ဆိုးက်ိဳးမ်ားကို ကာကြယ္ထိန္းသိမ္းႏိုင္ရန္ ရည္႐ြယ္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ အမ်ားျပည္သူဆိုင္ရာ စိမ္းလန္းေျမ ဧရိယာမ်ားကို ရွာေဖြေဖာ္ထုတ္ျခင္း၊ ေခတ္မီ ပန္းၿခံမ်ား၊ အားကစားကြင္းမ်ားႏွင့္ အပန္းေျဖစခန္းသစ္မ်ားကို ထပ္မံတိုးခ်ဲ႕တည္ေဆာက္ျခင္းမ်ားကို ယခုကဲ့သို႔ ေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္းသတင္းထုတ္ျပန္ထားသည္။