ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

 697

သန့်ဇင်(NP News)-မတ် ၁၃
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မြတ်မန္တလာထွန်းယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပန်းတင်အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၂ရက်)၊ ညနေ ၄နာရီ ၄၅မိနစ်အချိန်ခန့်က ဥတ္တရသီရီမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်မလမ်း၊ မိုင်တိုင် အမှတ် ၂၁၄၊ ၆ဖာလုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်ဂျင်ခန်းကနေ အပူလွန်ကဲပြီးတော့ ဒိုင်ခွက်မီးပျောက်တယ်လို့ပြောပါတယ်။ ဒိုင်ခွက်မီးပျောက်တော့ ကားကိုလမ်းဘေးထိုးရပ် လိုက်ပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်အကူအပါအဝင် ခရီးသည်တွေအားလုံးဆင်းပြီးတော့မှ မီးခိုးထွက်ပြီးတော့။ မီးခိုးထွက်ရုံမကပဲ တစ်စီးလုံးမီးပါလောင်သွားတာ ခင်ဗျ။ ကားအနေအထားကတော့ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို ဦးတည်ထားတဲ့ သဘောပါခင်ဗျ ”ဟု ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ခရီးသည်တင်ယာဉ်တစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ အကြံပြုချင်တာကတော့ ရာသီဥတုရဲ့အပူချိန်အရဆိုရင် ကားတာရာတွေကိုအပူစစ်ရမယ်။ နောက်ပြီး တော့ ဒိုင်ခွက်တွေကိုကြည့်ပြီးတော့ Heatတက်တာတွေနဲ့ အင်ဂျင်ပူတာတွေကို ဂရုစိုက်ပြီးမောင်းစေချင်ပါတယ်။ နောက်ထပ်အကြံ ပြုချင် တာကတော့ ပုံမှန်ရာသီဥတုရဲ့အပူချိန်မဟုတ်ပဲနဲ့ ယာဉ်မောင်းနေတဲ့အပူချိန်ကိုပါ ထည့်တွက် ပြီးမောင်းနှင်စေချင်ပါတယ်။ ဥပမာ ကားတစ်စီးက မိုင်(၁၀၀)မောင်းရင် ဘယ်လောက် Heatတက်တယ်ဆိုတာနဲ့ နွေရာသီရောက်တဲ့အတွက် ဘယ်လောက် Heat တက်လဲဆို တာလည်း ထည့်တွက်ပြီးမောင်းစေချင်ပါတယ်”ဟု ၎င်းက အကြံပြုထားသည်။
ထို့ကြောင့် အဆိုပါ ကားမီးလောင်မှုအား ၄နာရီ ၅၀မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ၅နာရီခွဲအချိန်ခန့်တွင် အပြီးသတ်မီးငြှိမ်းသတ်နိုင် ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စိစစ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version :
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ခရီးသည္တင္ယာဥ္တစ္စီး အင္ဂ်င္အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္
သန႔္ဇင္(NP News)-မတ္ ၁၃
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ျမတ္မႏၲလာထြန္းယာဥ္လိုင္းမွ ခရီးသည္တင္ ယာဥ္တစ္စီး အင္ဂ်င္အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ပန္းတင္အျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၁၂ရက္)၊ ညေန ၄နာရီ ၄၅မိနစ္အခ်ိန္ခန႔္က ဥတၱရသီရီၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္မလမ္း၊ မိုင္တိုင္ အမွတ္ ၂၁၄၊ ၆ဖာလုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အင္ဂ်င္ခန္းကေန အပူလြန္ကဲၿပီးေတာ့ ဒိုင္ခြက္မီးေပ်ာက္တယ္လို႔ေျပာပါတယ္။ ဒိုင္ခြက္မီးေပ်ာက္ေတာ့ ကားကိုလမ္းေဘးထိုးရပ္ လိုက္ၿပီးေတာ့ ယာဥ္ေမာင္းနဲ႔ ယာဥ္အကူအပါအဝင္ ခရီးသည္ေတြအားလုံးဆင္းၿပီးေတာ့မွ မီးခိုးထြက္ၿပီးေတာ့။ မီးခိုးထြက္႐ုံမကပဲ တစ္စီးလုံးမီးပါေလာင္သြားတာ ခင္ဗ်။ ကားအေနအထားကေတာ့ ရန္ကုန္ဘက္ကေန မႏၲေလးဘက္ကို ဦးတည္ထားတဲ့ သေဘာပါခင္ဗ် ”ဟု ပန္းတင္အျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ ကားမီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ခရီးသည္တင္ယာဥ္တစ္စီးလုံးမီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
“လူထိခိုက္မႈေတာ့ မရွိခဲ့ပါဘူး။ အႀကံျပဳခ်င္တာကေတာ့ ရာသီဥတုရဲ႕အပူခ်ိန္အရဆိုရင္ ကားတာရာေတြကိုအပူစစ္ရမယ္။ ေနာက္ၿပီး ေတာ့ ဒိုင္ခြက္ေတြကိုၾကည့္ၿပီးေတာ့ Heatတက္တာေတြနဲ႔ အင္ဂ်င္ပူတာေတြကို ဂ႐ုစိုက္ၿပီးေမာင္းေစခ်င္ပါတယ္။ ေနာက္ထပ္အႀကံ ျပဳခ်င္ တာကေတာ့ ပုံမွန္ရာသီဥတုရဲ႕အပူခ်ိန္မဟုတ္ပဲနဲ႔ ယာဥ္ေမာင္းေနတဲ့အပူခ်ိန္ကိုပါ ထည့္တြက္ ၿပီးေမာင္းႏွင္ေစခ်င္ပါတယ္။ ဥပမာ ကားတစ္စီးက မိုင္(၁၀၀)ေမာင္းရင္ ဘယ္ေလာက္ Heatတက္တယ္ဆိုတာနဲ႔ ေႏြရာသီေရာက္တဲ့အတြက္ ဘယ္ေလာက္ Heat တက္လဲဆို တာလည္း ထည့္တြက္ၿပီးေမာင္းေစခ်င္ပါတယ္”ဟု ၎က အႀကံျပဳထားသည္။
ထို႔ေၾကာင့္ အဆိုပါ ကားမီးေလာင္မႈအား ၄နာရီ ၅၀မိနစ္အခ်ိန္တြင္ မီးထိန္းႏိုင္ခဲ့ကာ ၅နာရီခြဲအခ်ိန္ခန႔္တြင္ အၿပီးသတ္မီးျငႇိမ္းသတ္ႏိုင္ ခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား စိစစ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.