အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးသမားအချို့အနေဖြင့် နိုင်ငံရေးလိုအင်တစ်ခုတည်းကိုသာကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားရန် မလုပ်ဆောင်သင့်ကြောင်း နစက သတိပေး

900

Pearl (NP News) - မတ် ၁၃
အိန္ဒိယနိုင်ငံရှိ အချို့သောနိုင်ငံရေးသမားများအနေဖြင့် မိမိ၏ နိုင်ငံရေး လိုအင်တစ်ခုတည်းကိုသာကြည့်၍ နှစ်နိုင်ငံ ဆက်ဆံရေးကိုပျက်ပြားရန် မလုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရဒေသ၊ ကဘော်ချိုင့်ဝှမ်းဒေသနှင့် မီဇိုရမ်လွှတ်တော်အမတ်၏ ပြောကြားခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများကိုဖြေကြားစဉ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအနေနဲ့ကတော့ ယခင်ကလည်း ပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံအစိုးရအနေနဲ့ အိန္ဒိယ နယ်မြေကိုအသုံးပြုပြီး မြန်မာကို ဆန့်ကျင်နေတဲ့အုပ်စုများကို မလိုလားသလို မြန်မာနယ်မြေကို အသုံးပြုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့အုပ်စုများကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်ခံမထားပါဘူး။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြန်မာ-အိန္ဒိယ နယ်စပ်သည် ၁၀၁၀ မိုင် ကျော် (၁၆၂၆ ကီလို မီတာ) ရှိသည့်အနက် ၉၀၇ မိုင် ကျော် ကီလိုမီတာ အားဖြင့် ၁၄၆၀ ကျော် တိုင်းတာပြီးဖြစ်ကြောင်း သိရသည်။
“အများစုတိုင်းတာပြီးဖြစ်ပါတယ်။ အခုပြောဆိုနေတဲ့ ကဘော်ချိုင့်ဝှမ်းဒေသဆိုတာလည်း ယခင်တိုင်းတာပြီး အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြားသတ်မှတ်ချက်အနေနဲ့ ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်မှာ ချုပ်ဆိုထားတဲ့ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာလည်း ရှိပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံ အတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနယ်မြေ ပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆက်လက်ပြောသည်။
၂၀၁၃ ခုနှစ်ကလည်း ထိုစဉ်က အတိုက်အခံပါတီတစ်ခုဖြစ်သော BJP ပါတီသည် တမူး-ကလေး-မင်းကင်းမြို့နယ် များပါဝင်သော ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်ယူပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍လည်း ကလေးမြို့နှင့် မင်းကင်းမြို့နယ်များရှိဒေသခံများက ဆန္ဒပြကန့်ကွက်မှု များပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
အိႏၵိယႏိုင္ငံရွိ ႏိုင္ငံေရးသမားအခ်ိဳ႕အေနျဖင့္ ႏိုင္ငံေရးလိုအင္တစ္ခုတည္းကိုသာၾကည့္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးကို ပ်က္ျပားရန္ မလုပ္ေဆာင္သင့္ေၾကာင္း နစက သတိေပး
Pearl (NP News) - မတ္ ၁၃
အိႏၵိယႏိုင္ငံရွိ အခ်ိဳ႕ေသာႏိုင္ငံေရးသမားမ်ားအေနျဖင့္ မိမိ၏ ႏိုင္ငံေရး လိုအင္တစ္ခုတည္းကိုသာၾကည့္၍ ႏွစ္ႏိုင္ငံ ဆက္ဆံေရးကိုပ်က္ျပားရန္ မလုပ္ေဆာင္သင့္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ျမန္မာ-အိႏၵိယနယ္စပ္ မဏိပူရေဒသ၊ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသႏွင့္ မီဇိုရမ္လႊတ္ေတာ္အမတ္၏ ေျပာၾကားခဲ့သည့္ ကိစၥမ်ားႏွင့္ပတ္သက္၍ မီဒီယာမ်ား၏ ေမးျမန္းမႈမ်ားကိုေျဖၾကားစဥ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ ယခင္ကလည္း ေျပာၾကားခဲ့ၿပီးျဖစ္တဲ့အတိုင္း ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ အိႏၵိယ နယ္ေျမကိုအသုံးျပဳၿပီး ျမန္မာကို ဆန႔္က်င္ေနတဲ့အုပ္စုမ်ားကို မလိုလားသလို ျမန္မာနယ္ေျမကို အသုံးျပဳၿပီး အိႏၵိယအစိုးရကို ဆန႔္က်င္ေနတဲ့အုပ္စုမ်ားကိုလည္း ျမန္မာႏိုင္ငံအေနနဲ႔ လက္ခံမထားပါဘူး။ ဒီဟာေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ႏိုင္ငံနယ္စပ္ေဒသလုံၿခဳံေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈေတြ အမ်ားႀကီးရွိခဲ့ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ျမန္မာ-အိႏၵိယ နယ္စပ္သည္ ၁၀၁၀ မိုင္ ေက်ာ္ (၁၆၂၆ ကီလို မီတာ) ရွိသည့္အနက္ ၉၀၇ မိုင္ ေက်ာ္ ကီလိုမီတာ အားျဖင့္ ၁၄၆၀ ေက်ာ္ တိုင္းတာၿပီးျဖစ္ေၾကာင္း သိရသည္။
“အမ်ားစုတိုင္းတာၿပီးျဖစ္ပါတယ္။ အခုေျပာဆိုေနတဲ့ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသဆိုတာလည္း ယခင္တိုင္းတာၿပီး အသိအမွတ္ျပဳၿပီးျဖစ္ပါတယ္။ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံနယ္ျခားသတ္မွတ္ခ်က္အေနနဲ႔ ၂၀၁၄ ခုႏွစ္၊ ေမလ ၈ ရက္မွာ ခ်ဳပ္ဆိုထားတဲ့ ျမန္မာ - အိႏၵိယ ႏွစ္ႏိုင္ငံနယ္စပ္ေဒသ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈ စာခြၽန္လႊာလည္း ရွိၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ေျပာၾကားခ်င္တာကေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ အိႏၵိယႏိုင္ငံ အတြက္ အိမ္နီးခ်င္းေကာင္း မိတ္ေဆြေကာင္းအျဖစ္ အၿမဲရပ္တည္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ ရွိတဲ့ အခ်ိဳ႕ေသာႏိုင္ငံေရးသမားေတြအေနနဲ႔ မိမိရဲ႕ႏိုင္ငံေရး လိုဘတစ္ခုတည္းကိုၾကည့္ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးကို ပ်က္ျပားေအာင္မလုပ္သင့္ဘူးဆိုတာ ေျပာၾကားလိုပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနယ္ေျမ ပိုင္ဆိုင္မႈကို ေလးစားသင့္တယ္လို႔ ေျပာၾကားလိုပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ဆက္လက္ေျပာသည္။
၂၀၁၃ ခုႏွစ္ကလည္း ထိုစဥ္က အတိုက္အခံပါတီတစ္ခုျဖစ္ေသာ BJP ပါတီသည္ တမူး-ကေလး-မင္းကင္းၿမိဳ႕နယ္ မ်ားပါဝင္ေသာ ကေဘာ္ခ်ိဳင့္ဝွမ္းေဒသကို ျပန္ယူေပးမည္ဟုဆိုကာ မဲဆြယ္စည္း႐ုံးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရ သည္။
အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍လည္း ကေလးၿမိဳ႕ႏွင့္ မင္းကင္းၿမိဳ႕နယ္မ်ားရွိေဒသခံမ်ားက ဆႏၵျပကန႔္ကြက္မႈ မ်ားျပဳလုပ္ခဲ့ဖူးေၾကာင္း သိရသည္။