တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများ လိမ်လည်ရောင်းချနေ

4192

NP News - မတ်လ ၁၃
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၏ တန်ဖိုးသင့်အိမ်ရာအခန်းများအား အကြောင်းကြားစာအတုဖြင့် လိမ်လည် ရောင်းချမှုများ ရှိနေကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အများပြည်သူသို့ အသိပေးသတင်းထုတ်ပြန် သည်။
"မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အခန်းဝယ်ယူတာ အကြောင်းပြပြီး၊ အကြောင်းကြားစာအတုအပပြုလုပ်ကာ အခန်းတွေ လိမ်လည်ရောင်းချနေပါတယ်။ အများပြည်သူအနေနဲ့ ရောင်းမှား/ဝယ်မှား မဖြစ်ဖို့ အသိပေးပါတယ်" ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်သားအိမ်ရာ တိုက်ခန်းတွဲဝယ်ယူခြင်းများအတွက် ငွေပေးသွင်းရန် အကြောင်းကြားစာအတုများ ပြုလုပ်လာကြောင်း သိရသည်။ ထို့ကြောင့် တန်ဖိုးနည်းအိမ်ရာဝယ်ယူသူများအနေ ဖြင့် ရောင်းမှား/ဝယ်မှား မဖြစ်ရန် သတိထားသင့်ကြောင်း သိရသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဝင်ငွေနည်းပြီး နေရေးအခက်အခဲရှိသော ပြည်သူ့အငြိမ်းစားဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းငယ်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပြီး ရောင်းချပေးနေကြောင်းသိရသည်။

Zawgyi Version:
တန္ဖိုးသင့္အိမ္ရာ တိုက္ခန္း မ်ား လိမ္လည္ေရာင္းခ်ေန
NP News - မတ္လ ၁၃
ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန ၏ တန္ဖိုးသင့္အိမ္ရာအခန္းမ်ားအား အေၾကာင္းၾကားစာအတုျဖင့္ လိမ္လည္ ေရာင္းခ်မႈမ်ား ရွိေနေၾကာင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက အမ်ားျပည္သူသို႔ အသိေပးသတင္းထုတ္ျပန္ သည္။
"ၿမိဳ႕ျပနဲ႔ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနက အခန္းဝယ္ယူတာ အေၾကာင္းျပၿပီး၊ အေၾကာင္းၾကားစာအတုအပျပဳလုပ္ကာ အခန္းေတြ လိမ္လည္ေရာင္းခ်ေနပါတယ္။ အမ်ားျပည္သူအေနနဲ႔ ေရာင္းမွား/ဝယ္မွား မျဖစ္ဖို႔ အသိေပးပါတယ္" ဟု ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ လႈိင္သာယာၿမိဳ႕နယ္ရွိ က်န္စစ္သားအိမ္ရာ တိုက္ခန္းတြဲဝယ္ယူျခင္းမ်ားအတြက္ ေငြေပးသြင္းရန္ အေၾကာင္းၾကားစာအတုမ်ား ျပဳလုပ္လာေၾကာင္း သိရသည္။ ထို႔ေၾကာင့္ တန္ဖိုးနည္းအိမ္ရာဝယ္ယူသူမ်ားအေန ျဖင့္ ေရာင္းမွား/ဝယ္မွား မျဖစ္ရန္ သတိထားသင့္ေၾကာင္း သိရသည္။
ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန အေနျဖင့္ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ဝင္ေငြနည္းၿပီး ေနေရးအခက္အခဲရွိေသာ ျပည္သူ႔အၿငိမ္းစားဝန္ထမ္းမ်ား၊ တာဝန္ထမ္းေဆာင္ဆဲဝန္ထမ္းငယ္မ်ားအတြက္ တန္ဖိုးနည္းအိမ္ရာမ်ား တည္ေဆာက္ၿပီး ေရာင္းခ်ေပးေနေၾကာင္းသိရသည္။