ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းမွန်သည့်ရည်ရွယ်ချက်ပါ ပျောက်တတ်သည်ကို ဂရုပြုသင့်သည့် စစ်မှုထမ်းကိစ္စ

474

ကိုနေ (ဥပဒေ) (NP News) - မတ် ၁၃
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စာဖတ်သူများနားလည်စေရန် ရေးသားဖော်ပြလာခဲ့သည်မှာ (၃)ပတ် မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ မိမိဝမ်းရေးအတွက်လုပ်ကိုင်နေရသည့် အလုပ်တစ်ဖက်ဖြင့် ရေးသားဖော်ပြ ပေးနေရခြင်းဖြစ်သဖြင့် တစ်ခါတစ်ရံ မိမိရေးသားဖော်ပြလိုက်သည့်အကြောင်းအရာအပေါ် နားမလည်ကြ ဖြစ်မည်ကို စိုးရိမ်မိသည့်စိတ်ဖြစ်ပေါ်လာတတ်သည်။ အထူးသဖြင့် ဥပဒေတစ်ခုအကြောင်းကို စာဖတ်ပျင်းသည့်/ စာဖတ်ချင်စိတ်မရှိသည့် မျိုးဆက်တစ်ခုအပေါ် စာရေးသားဖော်ပြရခြင်းအပေါ် ယုံကြည်မှု ပျောက်သွားတတ် သည်။ သို့သော် ဤဆောင်းပါးကို စတင်ရေးသားဖော်ပြစဉ်ကပင် မိမိရေးသားဖော်ပြလိုက်သည့်အကြောင်းအရာ တစ်ခုခုကို စာဖတ်သူတစ်ဦးတစ်ယောက်က နားလည်သွားလျှင်ပင် ကျေနပ်သည့်စိတ်ကိုအရင်းခံ၍ မြေပြင်တွင် ဖြစ်ပျက်နေသည့်ကိစ္စရပ်များအပေါ် ဥပဒေကိုနားလည်၍ တစ်စုံတစ်ရာအထောက်အကူဖြစ်စေရန် ဆက်လက် ရေးသားဖော်ပြလိုက်ရပါသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁)၊ ပုံစံ(၂)၊ ပုံစံ(၃-က)၊ ပုံစံ(၃-ခ)တို့ကို ပြည်သူ့စစ်မှု ထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့်ချိတ်ဆက်၍ စာဖတ်သူများနားလည်ကြစေရန် ဖော်ပြ ရေးသားတင်ပြ ခဲ့ပြီးသည့်နောက် ယခုတစ်ပတ်တွင် ပုံစံ (၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ) နှင့် ပုံစံ(၅)တို့ကို ဖော်ပြရေးသားတင်ပြလိုက်ရပါသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ (၄-ဃ) နှင့် ပုံစံ(၅) တို့ကို နားလည်စေရန်အတွက် ဖော်ပြရေးသားတင်ပြခဲ့ပြီးဖြစ်သော ပုံစံ(၁)၊ ပုံ(၂)၊ ပုံစံ(၃-က)၊ ပုံစံ(၃-ခ)တို့ကို အနည်း ငယ်အကျဉ်းချုပ် ပြန်ပြောင်းဖော်ပြရသော်
- ပုံစံ(၁) သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့၏ ရပ်ကွက်၊ ကျေး ရွာအုပ်စုများ အတွင်းနေထိုင်ကြသည့် နိုင်ငံသားများအနက် နှစ်တစ်နှစ်၏ ဒီဇင်ဘာ (၃၁) ရက်တွင် စစ်မှု ထမ်းရမည့်အသက် အရွယ်ရောက်သူများကို စာရင်းပြုစု၍ နှစ်စဉ် ဇန်နဝါရီလ(၁)ရက်(သို့မဟုတ်)ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ပေးသည့်နေ့ရက်တွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့ထံ အရောက်ပေးပို့ရမည့် ပုံစံ
- ပုံစံ(၂) သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှပေးပို့လာသည့် ပုံစံ(၁)တွင် ပါဝင်သူများကို မှတ်ပုံတင်ရန် မြို့နယ်ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ဆင့်ခေါ်သည့်ပုံစံ
- ပုံစံ(၃-က) သည် ပုံစံ(၂)ဖြင့် မှတ်ပုံတင် ရန်ဆင့်ခေါ်ခံရသူကိုယ်တိုင်က မှတ်ပုံတင်လာရောက် ရေးသွင်းရာတွင် ဖြည့်သွင်းရမည့်ပုံစံ
- ပုံစံ(၃-ခ) သည် ပုံစံ(၂)ဖြင့် မှတ်ပုံတင်ရန် ဆင့်ခေါ်ခံရသူ၏ကိုယ်စားမှ မှတ်ပုံတင်လာရောက် ရေးသွင်းရာတွင် ဖြည့်သွင်းရမည့်ပုံစံတို့ဖြစ်ပြီး အဆိုပါ ပုံစံတစ်ခုချင်းစီ၏အကြောင်းအရာများ/ပုံစံများ/ သ တိထားရမည့်အချက်များ/ နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တ ဝင့် ရေးသားဖော်ပြခဲ့ပြီးလည်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ (၄-ဃ)နှင့် ပုံစံ(၅)တို့မှာ စာဖတ်သူများအနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များထက် စာဖတ်သူများနေ ထိုင်ကြသည့် သက်ဆိုင်ရာ မြို့နယ်အလိုက်မြို့နယ် အဆင့်မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းနှင့်တာဝန်များဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၇(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလိုဖွဲ့စည်းနိုင်သည် ဟု ပြဋ္ဌာန်း ပါရှိကာ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ -(၁၄)တွင် ဗဟိုပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့မှ မြို့နယ် အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များ ဖြင့်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းပါရှိပြီး မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်မြို့နယ် အုပ်ချုပ်ရေးမှူးကို တာဝန်ပေးအပ်ထားကာ ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်(၄)ဦး၊ အတွင်းရေးမှူး(၁)ဦး စုစု ပေါင်း(၆)ဦးဖြင့် မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းပေး ထားသည်ကို တွေ့ရှိရမည် ဖြစ်သည်။
အဆိုပါ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏လုပ်ငန်းများ/တာဝန်များနှင့်ပတ်သက် ၍ ပြည်သူ့စစ်မှု ထမ်းဥပဒေပုဒ်မ- (၉)၊ (၁၂) တွင် လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ- ၁၅၊ ၁၇၊ ၁၈၊ ၁၉၊ ၂၁၊ ၂၃၊ ၃၀၊ ၃၁၊ ၅၈ တွင်လည်းကောင်း သတ်မှတ်ဖော်ပြ ပြဋ္ဌာန်းထားရာ သတ်မှတ်ဖော်ပြ ပြဋ္ဌာန်းထားသည့် အကြောင်း ခြင်း ရာများနှင့်ပတ်သက်၍ အကျယ်တဝင့် သိရှိလိုပါက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများ တို့တွင်သာ ရှာဖွေလေ့လာဖတ်ရှုသင့်ကြောင်း အကြံပြုတိုက်တွန်းလိုပြီး ဤဆောင်းပါးတွင် ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ)၊ ပုံစံ(၅)တို့နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ကိုသာ ဖော်ပြရေးသားသွားမည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနောက် ဆက်တွဲပါ
- ပုံစံ(၄-က) မှာ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်ရန် ဆန္ဒပြုသူများ မှတ်ပုံတင်စာရင်း၊
- ပုံစံ(၄-ခ) မှာ ပြည်သူ့စစ်မှုထမ်းရန် ဥပ ဒေပုဒ်မ-၂၂ အရ ကင်းလွတ်ခွင့်နှင့် ပုဒ်မ-၁၅ အရ ယာယီရွှေ့ဆိုင်းခွင့် အကျုံးမဝင်သူများ (သို့မဟုတ်)ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ မှတ်ပုံတင်စာရင်း၊
- ပုံစံ(၄-ဂ) မှာ ပြည်သူ့စစ်မှုထမ်းရန် ဥပဒေပုဒ်မ-၁၅ အရ ယာယီရွှေ့ဆိုင်းခွင့် အကျုံးဝင်သူ များ မှတ်ပုံ တင်စာရင်း၊
- ပုံစံ(၄-ဃ) မှာ ပြည်သူ့စစ်မှုထမ်းရန် ဥပ ဒေပုဒ်မ- ၂၂ အရ ကင်းလွတ်ခွင့်အကျုံးဝင်သူများ မှတ်ပုံတင်စာရင်းတို့ ဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄- ဂ)၊ ပုံစံ (၄-ဃ)တို့နှင့်ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-၁၇(ဃ)တွင် “မြို့ နယ်အဖွဲ့သည် မှတ်ပုံတင် စာရင်းသွင်းမှုကို ပုံစံ (၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို့ဖြင့် ရေးသွင်းရမည်”ဟုလည်းကောင်း၊ ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-(၁၈)တွင် “မြို့နယ် အဖွဲ့သည် မှတ်ပုံတင်စာရင်းကို အောက်ပါပုံစံအတိုင်း ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)အဖြစ် သီးခြားစီခွဲ၍ စာရင်းပြုစုရမည်-
(က) ပြည်သူ့စစ်မှုထမ်းရန် မိမိဆန္ဒအလျောက် ဆန္ဒ ပြုသူများ။ (ပုံစံ ၄-က)
(ခ) ဥပဒေပုဒ်မ-(၂၂) အရ ကင်းလွတ်ခွင့်ရရှိသူအမျိုးအစားနှင့် ပုဒ်မ-(၁၅) ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၂)မှ(၆) အထိတို့အရ ယာယီရွှေ့ဆိုင်းခွင့် လျှောက် ထားနိုင်သူအမျိုးအစားတို့တွင် အကျုံးမဝင်သူများ။ (ပုံစံ ၄-ခ)
(ဂ) ဥပဒေပုဒ်မ-၁၅ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂)မှ (၆)အထိတို့အရ ယာယီရွှေ့ဆိုင်းခွင့်လျှောက်ထား နိုင်သူ အမျိုး အစားတွင် အကျုံးဝင်သူများ။ (ပုံစံ ၄-ဂ)
(ဃ) ဥပဒေပုဒ်မ-၂၂ အရ ကင်းလွတ်ခွင့်ရရှိသူအမျိုး အစားတွင် အကျုံးဝင်သူများ။ (ပုံစံ ၄-ဃ) “ဟု လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၁၉ တွင်” မြို့နယ်အဖွဲ့သည် နည်းဥပဒေ ၁၆(က)အရ ပေးပို့သော ပုံစံ(၁)၊ နည်းဥပဒေ ၁၇(ဃ)နှင့် နည်းဥပဒေ (၁၈)အရ ပြုစုထားသည့် ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို့ ကို နည်းဥပဒေ (၁၈)နှင့်အညီ စာရင်းပြုစုသည့်နေ့မှ သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ နေပြည်တော် အဖွဲ့သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဖွဲ့မှတစ်ဆင့် ဗဟိုအဖွဲ့သို့ပေးပို့ရမည်”ဟု လည်းကောင်း အသီးသီးပြဋ္ဌာန်းပါရှိသည်။
ဆိုလိုသည်မှာ စာဖတ်သူများထံမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပုံစံ(၂)ဖြင့် စစ်မှုထမ်းရန်အရွယ် ရောက်သူအဖြစ် မှတ်ပုံတင်ရန်ဆင့် ခေါ်စာရောက်ရှိလာသည့်အခါ စာဖတ်သူများထဲမှ မှတ်ပုံတင်စာရင်းသွင်းရန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရေးသွင်းသည့်အခါ ပုံစံ (၃-က)၊ ကိုယ်စား သွားရောက်ရေးသွင်းသည့်အခါ ပုံစံ(၃-ခ)တို့ဖြင့် ရေးသွင်းရမည်ဖြစ်ပြီး ထိုသို့ရေးသွင်းခဲ့ပြီးနောက် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အနေဖြင့် အဆိုပါ ပုံစံ(၃-က)နှင့် ပုံစံ(၃-ခ)တို့ထဲမှ သက်ဆိုင် ရာခေါင်းစဉ်အလိုက် ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄ -ဂ)၊ ပုံစံ(၄-ဃ)တို့ဖြင့် သီးခြားစီခွဲပြီး စာရင်းပြုစုရေး သွင်းလိုက်မည်ဖြစ် ပါသည်။
ဥပမာ မောင်ဖြူထံ ပုံစံ(၂)ဖြင့် စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်ရန်ဆင့်ခေါ်စာ ရောက်ရှိလာ သဖြင့် မောင်ဖြူကိုယ်တိုင်မှ စာရင်းသွား ရောက်ရေးသွင်းရာ ပုံစံ(၃-က)ဖြင့် ရေးသွင်းရမည် ဖြစ်သည်။ ထိုသို့ ပုံစံ(၃-က)ကို မောင်ဖြူကိုယ်တိုင် ရေးသွင်းရာတွင် ပုံစံ(၃-က)၏အချက် နံပါတ်(၁၀) ပါ ပြည်သူ့စစ်မှုထမ်းအဖြစ် ဦးစားပေး တာဝန်ထမ်း ဆောင်ရန် ဆန္ဒပြု/မပြု နေရာတွင် ဆန္ဒပြုခဲ့ပါက မြို့ နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သည် မောင် ဖြူကို ပုံစံ(၄-က)တွင် ထည့်သွင်းစာရင်းပြုစုမည်ဖြစ်သည်။ ထိုသို့ မောင်ဖြူကို ပုံစံ(၄-က)တွင် ထည့် သွင်းစာရင်းပြု စုရခြင်းမှာ ပုံစံ (၄-က)သည် ပြည်သူ့ စစ်မှုထမ်းတာဝန်ထမ်းဆောင်ရန် ဆန္ဒပြုသူ မှတ်ပုံ တင်စာရင်းဖြစ်သော ကြောင့်ဖြစ်သည်။ အလားတူ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အနေဖြင့် ပုံစံ(၂)အရ ပုံစံ(၃-က)၊ ပုံစံ(၃-ခ)တို့ဖြင့် အသီးသီး လာရောက်မှတ်ပုံတင်စာရင်းရေးသွင်းမှုများကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပုံစံ(၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ)တို့ဖြင့် သီးခြားစီခွဲပြီး သက်ဆိုင် ရာပုံစံပါ ခေါင်းစဉ်အလိုက် စာရင်းပြုစု ရေးသွင်းပြီးသည့်နောက် ထိုသို့ စာရင်းပြုစုသည့်နေ့မှ သတ်မှတ်ရက်အတွင်း အဆိုပါ ပုံစံ(၄-က)၊ ပုံစံ(၄- ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို့ကို ပုံစံ (၁)နှင့်အတူ သက်ဆိုင်ရာ နေပြည်တော်အဖွဲ့ သို့မဟုတ် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှတစ်ဆင့် ဗဟိုအဖွဲ့ သို့ပေးပို့မည်ဖြစ်ပါသည်။ ‘ဤနေရာတွင် ပုံစံ(၁)အ ကြောင်းကို အကျယ်တဝင့်ဖော်ပြရေးသားခဲ့ပြီး ဖြစ်သည်’။
သို့ဖြစ်ပါ၍ စာဖတ်သူများအနေဖြင့် ပုံစံ (၂)ဖြင့်ဆင့်ခေါ်ခံရပြီး ကိုယ်တိုင်သွားရောက်ရေးသွင်း သည့် အခါ ပုံစံ(၃-က)တွင်လည်းကောင်း/ကိုယ်စား သွားရောက်ရေးသွင်းသည့်အခါ ပုံစံ(၃-ခ)တွင် လည်းကောင်း ဖြည့်သွင်းရေးသားရမည့် အချက်အလက်များကို မှန်မှန်ကန်ကန်ရေးသားဖြည့်သွင်းခဲ့ရ မည်ဖြစ်ပါသည်။ ပုံစံ(၃-က)နှင့် ပုံစံ(၃-ခ)တို့တွင် မိမိရေးသားဖြည့်သွင်းခဲ့သည့်အချက်အလက်များအတိုင်း မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့မှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပုံစံ(၄-က)၊ ပုံစံ(၄- ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို့တွင် သီးခြားစီခွဲပြီး စာရင်းပြုစုရေးသွင်းမည်ဖြစ်သော ကြောင့်ဖြစ်သည်။ အဆိုပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄- ဃ)တို့အနက် မည်သည့်ပုံစံတွင် စာရင်းရေးသွင်းပြုစု ခံရမည်ဆိုသည်မှာ မိမိတို့၏ ပုံစံ(၃- က)နှင့် ပုံစံ (၃-ခ)တို့တွင် ဖြည့်သွင်းရေးသားခဲ့သည့် အချက်အလက်များ အပေါ် တွင်သာ အခြေခံမည်ဖြစ်သည်။ “ပုံစံ (၃-က)နှင့် ပုံစံ(၃-ခ)တို့တွင် ဖြည့်သွင်းရေးသား သည့်အခါ သတိထားဂရုပြုသင့် သည်များနှင့်ပတ် သက်၍လည်း ပြီးခဲ့သည့် အပတ်စဉ်ဂျာနယ်တွင် ဖော်ပြရေးသားခဲ့ပြီးဖြစ်သည်”။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၅)သည် စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းသူကို ထုတ်ပေးရန် မှတ်ပုံတင်လက်မှတ်ဖြစ်သည်။ ဆိုလိုသည် မှာ စာဖတ်သူများအနေဖြင့် ပုံစံ(၂)အရ ဆင့်ခေါ်ခံရ ပြီး ကိုယ်တိုင်မှ ပုံစံ(၃-က)/ ကိုယ်စားမှ ပုံစံ(၃-ခ)တို့ဖြင့် သွားရောက်ရေးသွင်းပြီးနောက် အဆိုပါ ပုံစံ(၃-က)နှင့် ပုံစံ(၃-ခ)တို့ကို မြို့နယ် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့မှ သက်ဆိုင်ရာခေါင်းစဉ်အ လိုက် ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄- ဃ)တို့ဖြင့် သီးခြားစီခွဲပြီး စာရင်းပြုစုရေးသွင်းပြီး သည့်အခါ စာဖတ်သူများထံ ပုံစံ(၅) ထုတ်ပေးရမည် ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများနောက်ဆက်တွဲပါ ပုံစံ(၅)နှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ-၉(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးမြို့နယ်အဖွဲ့သည် စစ်မှုထမ်းရမည့်အသက်အ ရွယ်ရောက်သူနိုင်ငံ သားတိုင်းကိုဆင့်ခေါ်၍ မှတ်ပုံ တင်ထားရမည်။ ယင်းသို့ မှတ်ပုံတင်ထားခြင်းအတွက် မှတ်ပုံတင်လက်မှတ်ထုတ်ပေး ရမည်ဟုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၁၇(င)တွင် မှတ်ပုံတင်စာရင်းသွင်းပြီးသူများကို ပုံစံ (၅)ဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်ဟုလည်း ကောင်း ပြဋ္ဌာန်းပါရှိသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများနောက်ဆက်တွဲပါ ပုံစံ(၅)နှင့်ပတ်သက်၍ စာဖတ်သူများအ နေဖြင့် စစ်မှုထမ်းရန်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွားရောက်ရေးသွင်းပြီးသည့်အခါ ပုံစံ(၅)ကို တစ်ပါတည်းပြန် လည်ရရှိနိုင်ရန် မလွယ်ကူဟု ယူ ဆမိရာ ‘စာဖတ်သူများက မှတ်ပုံတင်စာရင်းသွား ရောက်ရေးသွင်းသည့် ပုံစံ(၃-က)နှင့် ပုံစံ(၃-ခ)တို့ ကို မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပုံစံ (၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ) တို့ဖြင့် သီးခြားစီခွဲပြီး စာရင်းပြုစုရေးသွင်းဦးမည် ဖြစ်၍} မှတ်ပုံတင်စာရင်း သွားရောက်ရေး သွင်းပြီးသည့်နောက် ပုံစံ(၅)ကိုရရှိရန် စုံစမ်းမေးမြန်းနေရမည်ဖြစ်သည်။ ထို့ပြင် စာဖတ် သူများအနေဖြင့် ပုံစံ(၅)ကိုရရှိ သည့်အခါ အထူးဂရုပြု သင့်သည့်အချက်မှာ အဆိုပါ ပြန်လည်ရရှိသည့် ပုံစံ (၅)မှာ စစ်မှန်မှု ရှိ/မရှိ ဂရုပြုရန်ဖြစ်သည်။ ပုံစံ(၅)နှင့်ပတ်သက်၍လည်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ များနောက်ဆက်တွဲပါ နမူနာပုံစံတွင် (တံဆိပ်တုံးများ ကို လုံခြုံမှုအဆင့်ရှိစွာပြုလုပ်ရန်၊ အတုအပမပြုနိုင်အောင် ရေစာများထည့်သွင်းရန်၊ လိုအပ်ပါက ခသိန များထည့်သွင်း ထားရန်)ဟုဖော်ပြပါရှိသည်ကို တွေ့ရှိ ရသည်။
ဤတစ်ပတ်ဆောင်းပါးတွင် ရေးသားဖော် ပြခဲ့သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက် ဆက်တွဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ (၄-ဃ)နှင့် ပုံစံ(၅)တို့မှာ စာဖတ်သူများအနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ် များထက် စာဖတ်သူများနေ ထိုင်ကြသည့် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ် အဆင့် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၏ လုပ်ငန်းနှင့်တာဝန်များဖြစ်ရာ အဆိုပါ မြို့နယ်ပြည် သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အနေဖြင့် ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)နှင့် ပုံစံ(၅)တို့ကိုဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဆောင်ရွက် ၍ အကောင်အထည်ဖော်ရန်အရေးကြီးသည်ကို ဂရု ပြုစေလိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- (၂၅) တွင် ဤဥပဒေအရဆောင်ရွက်ရသော နိုင်ငံဝန်ထမ်း တစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်းဝင်တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သောသဘောဖြင့် ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းပါရှိရာ ဤဥပဒေကို အကောင်အထည်ဖော် ဆောင် ရွက်ရသူများအနေဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင် ရေး ဆန္ဒပြုဖော်ပြရေးသား လိုက်ရသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများပါနောက်ဆက်တွဲပုံစံများကို ပြည်သူ့ စစ်မှုထမ်း ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အတူ ဆက်လက်ရေးသား ဖော်ပြပေးပါဦးမည်။

Zawgyi Version:
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းမြန္သည့္ရည္႐ြယ္ခ်က္ပါ ေပ်ာက္တတ္သည္ကို ဂ႐ုျပဳသင့္သည့္ စစ္မႈထမ္းကိစၥ
ကိုေန (ဥပေဒ) (NP News) - မတ္ ၁၃
ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ပတ္သက္၍ စာဖတ္သူမ်ားနားလည္ေစရန္ ေရးသားေဖာ္ျပလာခဲ့သည္မွာ (၃)ပတ္ ေျမာက္သို႔ ေရာက္ရွိလာၿပီျဖစ္သည္။ မိမိဝမ္းေရးအတြက္လုပ္ကိုင္ေနရသည့္ အလုပ္တစ္ဖက္ျဖင့္ ေရးသားေဖာ္ျပ ေပးေနရျခင္းျဖစ္သျဖင့္ တစ္ခါတစ္ရံ မိမိေရးသားေဖာ္ျပလိုက္သည့္အေၾကာင္းအရာအေပၚ နားမလည္ၾက ျဖစ္မည္ကို စိုးရိမ္မိသည့္စိတ္ျဖစ္ေပၚလာတတ္သည္။ အထူးသျဖင့္ ဥပေဒတစ္ခုအေၾကာင္းကို စာဖတ္ပ်င္းသည့္/ စာဖတ္ခ်င္စိတ္မရွိသည့္ မ်ိဳးဆက္တစ္ခုအေပၚ စာေရးသားေဖာ္ျပရျခင္းအေပၚ ယုံၾကည္မႈ ေပ်ာက္သြားတတ္ သည္။ သို႔ေသာ္ ဤေဆာင္းပါးကို စတင္ေရးသားေဖာ္ျပစဥ္ကပင္ မိမိေရးသားေဖာ္ျပလိုက္သည့္အေၾကာင္းအရာ တစ္ခုခုကို စာဖတ္သူတစ္ဦးတစ္ေယာက္က နားလည္သြားလွ်င္ပင္ ေက်နပ္သည့္စိတ္ကိုအရင္းခံ၍ ေျမျပင္တြင္ ျဖစ္ပ်က္ေနသည့္ကိစၥရပ္မ်ားအေပၚ ဥပေဒကိုနားလည္၍ တစ္စုံတစ္ရာအေထာက္အကူျဖစ္ေစရန္ ဆက္လက္ ေရးသားေဖာ္ျပလိုက္ရပါသည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁)၊ ပုံစံ(၂)၊ ပုံစံ(၃-က)၊ ပုံစံ(၃-ခ)တို႔ကို ျပည္သူ႔စစ္မႈ ထမ္းဥပေဒ၊ ျပည္သူ႔စစ္မႈထမ္း နည္းဥပေဒပါ ျပ႒ာန္းခ်က္မ်ားျဖင့္ခ်ိတ္ဆက္၍ စာဖတ္သူမ်ားနားလည္ၾကေစရန္ ေဖာ္ျပ ေရးသားတင္ျပ ခဲ့ၿပီးသည့္ေနာက္ ယခုတစ္ပတ္တြင္ ပုံစံ (၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ) ႏွင့္ ပုံစံ(၅)တို႔ကို ေဖာ္ျပေရးသားတင္ျပလိုက္ရပါသည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ (၄-ဃ) ႏွင့္ ပုံစံ(၅) တို႔ကို နားလည္ေစရန္အတြက္ ေဖာ္ျပေရးသားတင္ျပခဲ့ၿပီးျဖစ္ေသာ ပုံစံ(၁)၊ ပုံ(၂)၊ ပုံစံ(၃-က)၊ ပုံစံ(၃-ခ)တို႔ကို အနည္း ငယ္အက်ဥ္းခ်ဳပ္ ျပန္ေျပာင္းေဖာ္ျပရေသာ္
- ပုံစံ(၁) သည္ ရပ္ကြက္/ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးမ်ားသည္ ၎တို႔၏ ရပ္ကြက္၊ ေက်း ႐ြာအုပ္စုမ်ား အတြင္းေနထိုင္ၾကသည့္ ႏိုင္ငံသားမ်ားအနက္ ႏွစ္တစ္ႏွစ္၏ ဒီဇင္ဘာ (၃၁) ရက္တြင္ စစ္မႈ ထမ္းရမည့္အသက္ အ႐ြယ္ေရာက္သူမ်ားကို စာရင္းျပဳစု၍ ႏွစ္စဥ္ ဇန္နဝါရီလ(၁)ရက္(သို႔မဟုတ္)ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး ဗဟိုအဖြဲ႕က သတ္မွတ္ေပးသည့္ေန႔ရက္တြင္ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚ ေရးအဖြဲ႕ထံ အေရာက္ေပးပို႔ရမည့္ ပုံစံ
- ပုံစံ(၂) သည္ ရပ္ကြက္/ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးမ်ားထံမွေပးပို႔လာသည့္ ပုံစံ(၁)တြင္ ပါဝင္သူမ်ားကို မွတ္ပုံတင္ရန္ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈ ထမ္းဆင့္ေခၚေရးအဖြဲ႕မွ ဆင့္ေခၚသည့္ပုံစံ
- ပုံစံ(၃-က) သည္ ပုံစံ(၂)ျဖင့္ မွတ္ပုံတင္ ရန္ဆင့္ေခၚခံရသူကိုယ္တိုင္က မွတ္ပုံတင္လာေရာက္ ေရးသြင္းရာတြင္ ျဖည့္သြင္းရမည့္ပုံစံ
- ပုံစံ(၃-ခ) သည္ ပုံစံ(၂)ျဖင့္ မွတ္ပုံတင္ရန္ ဆင့္ေခၚခံရသူ၏ကိုယ္စားမွ မွတ္ပုံတင္လာေရာက္ ေရးသြင္းရာတြင္ ျဖည့္သြင္းရမည့္ပုံစံတို႔ျဖစ္ၿပီး အဆိုပါ ပုံစံတစ္ခုခ်င္းစီ၏အေၾကာင္းအရာမ်ား/ပုံစံမ်ား/ သ တိထားရမည့္အခ်က္မ်ား/ ေနာက္ဆက္တြဲျဖစ္ေပၚ လာႏိုင္သည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ အက်ယ္တ ဝင့္ ေရးသားေဖာ္ျပခဲ့ၿပီးလည္းျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ (၄-ဃ)ႏွင့္ ပုံစံ(၅)တို႔မွာ စာဖတ္သူမ်ားအေနျဖင့္ ေဆာင္႐ြက္ရမည့္ကိစၥရပ္မ်ားထက္ စာဖတ္သူမ်ားေန ထိုင္ၾကသည့္ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ၿမိဳ႕နယ္ အဆင့္ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕၏ လုပ္ငန္းႏွင့္တာဝန္မ်ားျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ-၇(က)တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚ ေရးဗဟိုအဖြဲ႕သည္ ျပည္သူ႔စစ္မႈထမ္းဆင့္ ေခၚေရး တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဖြဲ႕၊ ခ႐ိုင္အဖြဲ႕ႏွင့္ ၿမိဳ႕နယ္အဖြဲ႕မ်ားကို လိုအပ္သလိုဖြဲ႕စည္းႏိုင္သည္ ဟု ျပ႒ာန္း ပါရွိကာ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ား၊ နည္းဥပေဒ -(၁၄)တြင္ ဗဟိုျပည္သူ႔စစ္မႈထမ္းဆင့္ ေခၚေရးအဖြဲ႕မွ ၿမိဳ႕နယ္ အဖြဲ႕ကို ေအာက္ပါပုဂၢိဳလ္မ်ား ျဖင့္ဖြဲ႕စည္းရမည္ဟု ျပ႒ာန္းပါရွိၿပီး ၿမိဳ႕နယ္ျပည္သူ႔ စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕တြင္ ဥကၠ႒ အျဖစ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးကို တာဝန္ေပးအပ္ထားကာ ဥကၠ႒ႏွင့္အတူ အဖြဲ႕ဝင္(၄)ဦး၊ အတြင္းေရးမႉး(၁)ဦး စုစု ေပါင္း(၆)ဦးျဖင့္ ၿမိဳ႕နယ္ျပည္သူ႔ စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕ကို ဖြဲ႕စည္းေပး ထားသည္ကို ေတြ႕ရွိရမည္ ျဖစ္သည္။
အဆိုပါ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ ေခၚေရးအဖြဲ႕၏လုပ္ငန္းမ်ား/တာဝန္မ်ားႏွင့္ပတ္သက္ ၍ ျပည္သူ႔စစ္မႈ ထမ္းဥပေဒပုဒ္မ- (၉)၊ (၁၂) တြင္ လည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ- ၁၅၊ ၁၇၊ ၁၈၊ ၁၉၊ ၂၁၊ ၂၃၊ ၃၀၊ ၃၁၊ ၅၈ တြင္လည္းေကာင္း သတ္မွတ္ေဖာ္ျပ ျပ႒ာန္းထားရာ သတ္မွတ္ေဖာ္ျပ ျပ႒ာန္းထားသည့္ အေၾကာင္း ျခင္း ရာမ်ားႏွင့္ပတ္သက္၍ အက်ယ္တဝင့္ သိရွိလိုပါက ျပည္သူ႔စစ္မႈထမ္းဥပေဒႏွင့္ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ား တို႔တြင္သာ ရွာေဖြေလ့လာဖတ္ရႈသင့္ေၾကာင္း အႀကံျပဳတိုက္တြန္းလိုၿပီး ဤေဆာင္းပါးတြင္ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ)၊ ပုံစံ(၅)တို႔ႏွင့္သက္ဆိုင္သည့္ ျပ႒ာန္းခ်က္မ်ား ကိုသာ ေဖာ္ျပေရးသားသြားမည္ျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒေနာက္ ဆက္တြဲပါ
- ပုံစံ(၄-က) မွာ ျပည္သူ႔စစ္မႈထမ္းတာဝန္ ထမ္းေဆာင္ရန္ ဆႏၵျပဳသူမ်ား မွတ္ပုံတင္စာရင္း၊
- ပုံစံ(၄-ခ) မွာ ျပည္သူ႔စစ္မႈထမ္းရန္ ဥပ ေဒပုဒ္မ-၂၂ အရ ကင္းလြတ္ခြင့္ႏွင့္ ပုဒ္မ-၁၅ အရ ယာယီေ႐ႊ႕ဆိုင္းခြင့္ အက်ဳံးမဝင္သူမ်ား (သို႔မဟုတ္)ျပည္သူ႔စစ္မႈထမ္းရန္ အက်ဳံးဝင္သူမ်ား မွတ္ပုံတင္စာရင္း၊
- ပုံစံ(၄-ဂ) မွာ ျပည္သူ႔စစ္မႈထမ္းရန္ ဥပေဒပုဒ္မ-၁၅ အရ ယာယီေ႐ႊ႕ဆိုင္းခြင့္ အက်ဳံးဝင္သူ မ်ား မွတ္ပုံ တင္စာရင္း၊
- ပုံစံ(၄-ဃ) မွာ ျပည္သူ႔စစ္မႈထမ္းရန္ ဥပ ေဒပုဒ္မ- ၂၂ အရ ကင္းလြတ္ခြင့္အက်ဳံးဝင္သူမ်ား မွတ္ပုံတင္စာရင္းတို႔ ျဖစ္သည္။
အဆိုပါ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄- ဂ)၊ ပုံစံ (၄-ဃ)တို႔ႏွင့္ပတ္သက္ၿပီး ျပည္သူ႔စစ္မႈထမ္း နည္းဥပေဒမ်ား၊ နည္းဥပေဒ-၁၇(ဃ)တြင္ “ၿမိဳ႕ နယ္အဖြဲ႕သည္ မွတ္ပုံတင္ စာရင္းသြင္းမႈကို ပုံစံ (၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို႔ျဖင့္ ေရးသြင္းရမည္”ဟုလည္းေကာင္း၊ ျပည္သူ႔ စစ္မႈထမ္း နည္းဥပေဒမ်ား၊ နည္းဥပေဒ-(၁၈)တြင္ “ၿမိဳ႕နယ္ အဖြဲ႕သည္ မွတ္ပုံတင္စာရင္းကို ေအာက္ပါပုံစံအတိုင္း ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)အျဖစ္ သီးျခားစီခြဲ၍ စာရင္းျပဳစုရမည္-
(က) ျပည္သူ႔စစ္မႈထမ္းရန္ မိမိဆႏၵအေလ်ာက္ ဆႏၵ ျပဳသူမ်ား။ (ပုံစံ ၄-က)
(ခ) ဥပေဒပုဒ္မ-(၂၂) အရ ကင္းလြတ္ခြင့္ရရွိသူအမ်ိဳးအစားႏွင့္ ပုဒ္မ-(၁၅) ပုဒ္မခြဲ(က) ပုဒ္မခြဲငယ္ (၂)မွ(၆) အထိတို႔အရ ယာယီေ႐ႊ႕ဆိုင္းခြင့္ ေလွ်ာက္ ထားႏိုင္သူအမ်ိဳးအစားတို႔တြင္ အက်ဳံးမဝင္သူမ်ား။ (ပုံစံ ၄-ခ)
(ဂ) ဥပေဒပုဒ္မ-၁၅ ပုဒ္မခြဲ(က) ပုဒ္မခြဲငယ္(၂)မွ (၆)အထိတို႔အရ ယာယီေ႐ႊ႕ဆိုင္းခြင့္ေလွ်ာက္ထား ႏိုင္သူ အမ်ိဳး အစားတြင္ အက်ဳံးဝင္သူမ်ား။ (ပုံစံ ၄-ဂ)
(ဃ) ဥပေဒပုဒ္မ-၂၂ အရ ကင္းလြတ္ခြင့္ရရွိသူအမ်ိဳး အစားတြင္ အက်ဳံးဝင္သူမ်ား။ (ပုံစံ ၄-ဃ) “ဟု လည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-၁၉ တြင္” ၿမိဳ႕နယ္အဖြဲ႕သည္ နည္းဥပေဒ ၁၆(က)အရ ေပးပို႔ေသာ ပုံစံ(၁)၊ နည္းဥပေဒ ၁၇(ဃ)ႏွင့္ နည္းဥပေဒ (၁၈)အရ ျပဳစုထားသည့္ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို႔ ကို နည္းဥပေဒ (၁၈)ႏွင့္အညီ စာရင္းျပဳစုသည့္ေန႔မွ သတ္မွတ္ရက္အတြင္း သက္ဆိုင္ရာ ေနျပည္ေတာ္ အဖြဲ႕သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အဖြဲ႕မွတစ္ဆင့္ ဗဟိုအဖြဲ႕သို႔ေပးပို႔ရမည္”ဟု လည္းေကာင္း အသီးသီးျပ႒ာန္းပါရွိသည္။
ဆိုလိုသည္မွာ စာဖတ္သူမ်ားထံၿမိဳ႕နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မွ ပုံစံ(၂)ျဖင့္ စစ္မႈထမ္းရန္အ႐ြယ္ ေရာက္သူအျဖစ္ မွတ္ပုံတင္ရန္ဆင့္ ေခၚစာေရာက္ရွိလာသည့္အခါ စာဖတ္သူမ်ားထဲမွ မွတ္ပုံတင္စာရင္းသြင္းရန္ ကိုယ္တိုင္ကိုယ္က် သြားေရာက္ေရးသြင္းသည့္အခါ ပုံစံ (၃-က)၊ ကိုယ္စား သြားေရာက္ေရးသြင္းသည့္အခါ ပုံစံ(၃-ခ)တို႔ျဖင့္ ေရးသြင္းရမည္ျဖစ္ၿပီး ထိုသို႔ေရးသြင္းခဲ့ၿပီးေနာက္ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးအဖြဲ႕အေနျဖင့္ အဆိုပါ ပုံစံ(၃-က)ႏွင့္ ပုံစံ(၃-ခ)တို႔ထဲမွ သက္ဆိုင္ ရာေခါင္းစဥ္အလိုက္ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄ -ဂ)၊ ပုံစံ(၄-ဃ)တို႔ျဖင့္ သီးျခားစီခြဲၿပီး စာရင္းျပဳစုေရး သြင္းလိုက္မည္ျဖစ္ ပါသည္။
ဥပမာ ေမာင္ျဖဴထံ ပုံစံ(၂)ျဖင့္ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္ရန္ဆင့္ေခၚစာ ေရာက္ရွိလာ သျဖင့္ ေမာင္ျဖဴကိုယ္တိုင္မွ စာရင္းသြား ေရာက္ေရးသြင္းရာ ပုံစံ(၃-က)ျဖင့္ ေရးသြင္းရမည္ ျဖစ္သည္။ ထိုသို႔ ပုံစံ(၃-က)ကို ေမာင္ျဖဴကိုယ္တိုင္ ေရးသြင္းရာတြင္ ပုံစံ(၃-က)၏အခ်က္ နံပါတ္(၁၀) ပါ ျပည္သူ႔စစ္မႈထမ္းအျဖစ္ ဦးစားေပး တာဝန္ထမ္း ေဆာင္ရန္ ဆႏၵျပဳ/မျပဳ ေနရာတြင္ ဆႏၵျပဳခဲ့ပါက ၿမိဳ႕ နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕သည္ ေမာင္ ျဖဴကို ပုံစံ(၄-က)တြင္ ထည့္သြင္းစာရင္းျပဳစုမည္ျဖစ္သည္။ ထိုသို႔ ေမာင္ျဖဴကို ပုံစံ(၄-က)တြင္ ထည့္ သြင္းစာရင္းျပဳ စုရျခင္းမွာ ပုံစံ (၄-က)သည္ ျပည္သူ႔ စစ္မႈထမ္းတာဝန္ထမ္းေဆာင္ရန္ ဆႏၵျပဳသူ မွတ္ပုံ တင္စာရင္းျဖစ္ေသာ ေၾကာင့္ျဖစ္သည္။ အလားတူ ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕အေနျဖင့္ ပုံစံ(၂)အရ ပုံစံ(၃-က)၊ ပုံစံ(၃-ခ)တို႔ျဖင့္ အသီးသီး လာေရာက္မွတ္ပုံတင္စာရင္းေရးသြင္းမႈမ်ားကို သက္ဆိုင္ရာ ေခါင္းစဥ္အလိုက္ ပုံစံ(၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄-ဃ)တို႔ျဖင့္ သီးျခားစီခြဲၿပီး သက္ဆိုင္ ရာပုံစံပါ ေခါင္းစဥ္အလိုက္ စာရင္းျပဳစု ေရးသြင္းၿပီးသည့္ေနာက္ ထိုသို႔ စာရင္းျပဳစုသည့္ေန႔မွ သတ္မွတ္ရက္အတြင္း အဆိုပါ ပုံစံ(၄-က)၊ ပုံစံ(၄- ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို႔ကို ပုံစံ (၁)ႏွင့္အတူ သက္ဆိုင္ရာ ေနျပည္ေတာ္အဖြဲ႕ သို႔မဟုတ္ တိုင္းေဒ သႀကီး သို႔မဟုတ္ ျပည္နယ္အဖြဲ႕မွတစ္ဆင့္ ဗဟိုအဖြဲ႕ သို႔ေပးပို႔မည္ျဖစ္ပါသည္။ ‘ဤေနရာတြင္ ပုံစံ(၁)အ ေၾကာင္းကို အက်ယ္တဝင့္ေဖာ္ျပေရးသားခဲ့ၿပီး ျဖစ္သည္’။
သို႔ျဖစ္ပါ၍ စာဖတ္သူမ်ားအေနျဖင့္ ပုံစံ (၂)ျဖင့္ဆင့္ေခၚခံရၿပီး ကိုယ္တိုင္သြားေရာက္ေရးသြင္း သည့္ အခါ ပုံစံ(၃-က)တြင္လည္းေကာင္း/ကိုယ္စား သြားေရာက္ေရးသြင္းသည့္အခါ ပုံစံ(၃-ခ)တြင္ လည္းေကာင္း ျဖည့္သြင္းေရးသားရမည့္ အခ်က္အလက္မ်ားကို မွန္မွန္ကန္ကန္ေရးသားျဖည့္သြင္းခဲ့ရ မည္ျဖစ္ပါသည္။ ပုံစံ(၃-က)ႏွင့္ ပုံစံ(၃-ခ)တို႔တြင္ မိမိေရးသားျဖည့္သြင္းခဲ့သည့္အခ်က္အလက္မ်ားအတိုင္း ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ ေခၚေရးအဖြဲ႕မွ သက္ဆိုင္ရာ ေခါင္းစဥ္အလိုက္ ပုံစံ(၄-က)၊ ပုံစံ(၄- ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)တို႔တြင္ သီးျခားစီခြဲၿပီး စာရင္းျပဳစုေရးသြင္းမည္ျဖစ္ေသာ ေၾကာင့္ျဖစ္သည္။ အဆိုပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄- ဃ)တို႔အနက္ မည္သည့္ပုံစံတြင္ စာရင္းေရးသြင္းျပဳစု ခံရမည္ဆိုသည္မွာ မိမိတို႔၏ ပုံစံ(၃- က)ႏွင့္ ပုံစံ (၃-ခ)တို႔တြင္ ျဖည့္သြင္းေရးသားခဲ့သည့္ အခ်က္အလက္မ်ား အေပၚ တြင္သာ အေျခခံမည္ျဖစ္သည္။ “ပုံစံ (၃-က)ႏွင့္ ပုံစံ(၃-ခ)တို႔တြင္ ျဖည့္သြင္းေရးသား သည့္အခါ သတိထားဂ႐ုျပဳသင့္ သည္မ်ားႏွင့္ပတ္ သက္၍လည္း ၿပီးခဲ့သည့္ အပတ္စဥ္ဂ်ာနယ္တြင္ ေဖာ္ျပေရးသားခဲ့ၿပီးျဖစ္သည္”။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၅)သည္ စစ္မႈထမ္းရန္ အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္စာရင္းသြင္းသူကို ထုတ္ေပးရန္ မွတ္ပုံတင္လက္မွတ္ျဖစ္သည္။ ဆိုလိုသည္ မွာ စာဖတ္သူမ်ားအေနျဖင့္ ပုံစံ(၂)အရ ဆင့္ေခၚခံရ ၿပီး ကိုယ္တိုင္မွ ပုံစံ(၃-က)/ ကိုယ္စားမွ ပုံစံ(၃-ခ)တို႔ျဖင့္ သြားေရာက္ေရးသြင္းၿပီးေနာက္ အဆိုပါ ပုံစံ(၃-က)ႏွင့္ ပုံစံ(၃-ခ)တို႔ကို ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈ ထမ္းဆင့္ေခၚေရးအဖြဲ႕မွ သက္ဆိုင္ရာေခါင္းစဥ္အ လိုက္ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ(၄- ဃ)တို႔ျဖင့္ သီးျခားစီခြဲၿပီး စာရင္းျပဳစုေရးသြင္းၿပီး သည့္အခါ စာဖတ္သူမ်ားထံ ပုံစံ(၅) ထုတ္ေပးရမည္ ျဖစ္သည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားေနာက္ဆက္တြဲပါ ပုံစံ(၅)ႏွင့္ပတ္သက္၍ ျပည္သူ႔စစ္မႈထမ္း ဥပေဒ ပုဒ္မ-၉(က)တြင္ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚ ေရးၿမိဳ႕နယ္အဖြဲ႕သည္ စစ္မႈထမ္းရမည့္အသက္အ ႐ြယ္ေရာက္သူႏိုင္ငံ သားတိုင္းကိုဆင့္ေခၚ၍ မွတ္ပုံ တင္ထားရမည္။ ယင္းသို႔ မွတ္ပုံတင္ထားျခင္းအတြက္ မွတ္ပုံတင္လက္မွတ္ထုတ္ေပး ရမည္ဟုလည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပေဒ-၁၇(င)တြင္ မွတ္ပုံတင္စာရင္းသြင္းၿပီးသူမ်ားကို ပုံစံ (၅)ျဖင့္ မွတ္ပုံတင္လက္မွတ္ထုတ္ေပးရမည္ဟုလည္း ေကာင္း ျပ႒ာန္းပါရွိသည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားေနာက္ဆက္တြဲပါ ပုံစံ(၅)ႏွင့္ပတ္သက္၍ စာဖတ္သူမ်ားအ ေနျဖင့္ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူအျဖစ္ မွတ္ပုံတင္စာရင္းသြားေရာက္ေရးသြင္းၿပီးသည့္အခါ ပုံစံ(၅)ကို တစ္ပါတည္းျပန္ လည္ရရွိႏိုင္ရန္ မလြယ္ကူဟု ယူ ဆမိရာ ‘စာဖတ္သူမ်ားက မွတ္ပုံတင္စာရင္းသြား ေရာက္ေရးသြင္းသည့္ ပုံစံ(၃-က)ႏွင့္ ပုံစံ(၃-ခ)တို႔ ကို ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မွ သက္ဆိုင္ရာေခါင္းစဥ္အလိုက္ ပုံစံ (၄-က)၊ ပုံစံ (၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ) တို႔ျဖင့္ သီးျခားစီခြဲၿပီး စာရင္းျပဳစုေရးသြင္းဦးမည္ ျဖစ္၍} မွတ္ပုံတင္စာရင္း သြားေရာက္ေရး သြင္းၿပီးသည့္ေနာက္ ပုံစံ(၅)ကိုရရွိရန္ စုံစမ္းေမးျမန္းေနရမည္ျဖစ္သည္။ ထို႔ျပင္ စာဖတ္ သူမ်ားအေနျဖင့္ ပုံစံ(၅)ကိုရရွိ သည့္အခါ အထူးဂ႐ုျပဳ သင့္သည့္အခ်က္မွာ အဆိုပါ ျပန္လည္ရရွိသည့္ ပုံစံ (၅)မွာ စစ္မွန္မႈ ရွိ/မရွိ ဂ႐ုျပဳရန္ျဖစ္သည္။ ပုံစံ(၅)ႏွင့္ပတ္သက္၍လည္း ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒ မ်ားေနာက္ဆက္တြဲပါ နမူနာပုံစံတြင္ (တံဆိပ္တုံးမ်ား ကို လုံၿခဳံမႈအဆင့္ရွိစြာျပဳလုပ္ရန္၊ အတုအပမျပဳႏိုင္ေအာင္ ေရစာမ်ားထည့္သြင္းရန္၊ လိုအပ္ပါက ခသိန မ်ားထည့္သြင္း ထားရန္)ဟုေဖာ္ျပပါရွိသည္ကို ေတြ႕ရွိ ရသည္။
ဤတစ္ပတ္ေဆာင္းပါးတြင္ ေရးသားေဖာ္ ျပခဲ့သည့္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ ဆက္တြဲပါ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ (၄-ဂ)၊ ပုံစံ (၄-ဃ)ႏွင့္ ပုံစံ(၅)တို႔မွာ စာဖတ္သူမ်ားအေနျဖင့္ ေဆာင္႐ြက္ရမည့္ကိစၥရပ္ မ်ားထက္ စာဖတ္သူမ်ားေန ထိုင္ၾကသည့္ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ၿမိဳ႕နယ္ အဆင့္ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးအဖြဲ႕၏ လုပ္ငန္းႏွင့္တာဝန္မ်ားျဖစ္ရာ အဆိုပါ ၿမိဳ႕နယ္ျပည္ သူ႔စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕အေနျဖင့္ ပုံစံ(၄-က)၊ ပုံစံ(၄-ခ)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄-ဃ)ႏွင့္ ပုံစံ(၅)တို႔ကိုေဆာင္႐ြက္ရာတြင္ မွန္မွန္ကန္ကန္ေဆာင္႐ြက္ ၍ အေကာင္အထည္ေဖာ္ရန္အေရးႀကီးသည္ကို ဂ႐ု ျပဳေစလိုသည္။
ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- (၂၅) တြင္ ဤဥပေဒအရေဆာင္႐ြက္ရေသာ ႏိုင္ငံဝန္ထမ္း တစ္ဦးဦး (သို႔မဟုတ္) အဖြဲ႕အစည္းဝင္တစ္ဦးဦးသည္ မိမိတာဝန္ကို မ႐ိုးမေျဖာင့္ေသာသေဘာျဖင့္ ျပဳလုပ္မႈ (သို႔မဟုတ္) ပ်က္ကြက္မႈ တစ္ရပ္ရပ္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္းပါရွိရာ ဤဥပေဒကို အေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္ရသူမ်ားအေနျဖင့္ မွန္မွန္ကန္ကန္ေဆာင္႐ြက္ႏိုင္ ေရး ဆႏၵျပဳေဖာ္ျပေရးသား လိုက္ရသည္။
ဆက္လက္၍ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားပါေနာက္ဆက္တြဲပုံစံမ်ားကို ျပည္သူ႔ စစ္မႈထမ္း ဥပေဒ၊ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အတူ ဆက္လက္ေရးသား ေဖာ္ျပေပးပါဦးမည္။