အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရုရှားက ငြင်းဆန်ခဲ့မယ်ဆိုရင် အမေရိကန်ဘက်က ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ယူကရိန်းအစိုးရ မျှော်လင့်နေ

 486

Pika (NP News) - မတ် ၁၃

အမေရိကန်နဲ့ ယူကရိန်းတို့ အဆိုပြုထားတဲ့ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရုရှားဘက်က ငြင်းဆိုခဲ့မယ်ဆိုရင် အမေရိကန်က ရုရှားအတွက် ပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခုကို ထုတ်ပြန်လိမ့်မယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့ပါတယ်။
ဆော်ဒီအာရေးဗျမှာ အမေရိကန်နဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ကြားတွေ့ဆုံမှုတစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားနဲ့ယူကရိန်းကြား ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲမယ့်သဘောတူညီချက်နဲ့ပတ်သက်တဲ့ အဆိုပြုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးနဲ့ ထောက်လှမ်းရေးအကူအညီတွေပေးပို့မှုကို ပြန်လည် စတင်ဖို့ သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့တိုက်ပွဲတွေကို ရပ်တန့်ဖို့ ရုရှားက လက်မခံဘူးဆိုရင် အမေရိကန်က ရုရှားအပေါ် ဖိအားပေးမှုတွေကို လုပ်ဆောင်သွားလိမ့်မယ်လို့ ဇီလန်စကီးက ပြောဆိုခဲ့ပါတယ်။
ဇီလန်စကီးက “ရုရှားက ဒီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မခံဘူးဆိုရင် အမေရိကန်က ဖိအားပေး မှုတွေ လုပ်ဆောင်သွားပါလိမ့်မယ်။ အရာအားလုံးက ရုရှားက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လိုချင် တာလား ဒါမှမဟုတ် လူတွေကိုဆက်ပြီး သတ်ဖြတ်ချင်နေလားဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ႐ုရွားက ျငင္းဆန္ခဲ့မယ္ဆိုရင္ အေမရိကန္ဘက္က ျပင္းထန္တဲ့ တုံ႔ျပန္မႈေတြကို ယူကရိန္းအစိုးရ ေမွ်ာ္လင့္ေန
Pika (NP News) - မတ္ ၁၃

အေမရိကန္နဲ႔ ယူကရိန္းတို႔ အဆိုျပဳထားတဲ့ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ႐ုရွားဘက္က ျငင္းဆိုခဲ့မယ္ဆိုရင္ အေမရိကန္က ႐ုရွားအတြက္ ျပင္းထန္တဲ့တုံ႔ျပန္မႈတစ္ခုကို ထုတ္ျပန္လိမ့္မယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။
ေဆာ္ဒီအာေရးဗ်မွာ အေမရိကန္နဲ႔ ယူကရိန္းကိုယ္စားလွယ္အဖြဲ႕တို႔ၾကားေတြ႕ဆုံမႈတစ္ခု လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုရွားနဲ႔ယူကရိန္းၾကား ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲမယ့္သေဘာတူညီခ်က္နဲ႔ပတ္သက္တဲ့ အဆိုျပဳခ်က္ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္အစိုးရဟာ ယူကရိန္းအတြက္ စစ္ေရးနဲ႔ ေထာက္လွမ္းေရးအကူအညီေတြေပးပို႔မႈကို ျပန္လည္ စတင္ဖို႔ သေဘာတူညီခဲ့တယ္လို႔လည္း သိရပါတယ္။ လူေထာင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ရတဲ့တိုက္ပြဲေတြကို ရပ္တန႔္ဖို႔ ႐ုရွားက လက္မခံဘူးဆိုရင္ အေမရိကန္က ႐ုရွားအေပၚ ဖိအားေပးမႈေတြကို လုပ္ေဆာင္သြားလိမ့္မယ္လို႔ ဇီလန္စကီးက ေျပာဆိုခဲ့ပါတယ္။
ဇီလန္စကီးက “႐ုရွားက ဒီအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လက္မခံဘူးဆိုရင္ အေမရိကန္က ဖိအားေပး မႈေတြ လုပ္ေဆာင္သြားပါလိမ့္မယ္။ အရာအားလုံးက ႐ုရွားက အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို လိုခ်င္ တာလား ဒါမွမဟုတ္ လူေတြကိုဆက္ၿပီး သတ္ျဖတ္ခ်င္ေနလားဆိုတဲ့အေပၚပဲ မူတည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.