တရုတ်နိုင်ငံကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ ရုရှားအစိုးရပြော

 301

Pika (NP News) - မတ် ၁၃

ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ ၎င်းရဲ့ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းတန်ဖိုးထားပြီး တရုတ်နိုင်ငံအပေါ် တာဝန်တွေ အားလုံးကို ကျေပွန်စေဖို့ ကတိပြုထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောခဲ့ပါ တယ်။ ယူကရိန်းပဋိပက္ခအပေါ် အမေရိကန်ရဲ့တုံ့ပြန်မှုတွေကနေတစ်ဆင့် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဟာ ရုရှားနဲ့တရုတ်နိုင်ငံကို ပိုမိုနီးကပ်အောင် တွန်းအားပေးခဲ့တဲ့ မဟာဗျူဟာမြောက်အမှားတစ်ခုကို လုပ်ဆောင်ခဲ့ သလားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဆာဂေးလာရော့ဗ်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဆာဂေးလာရော့ဗ်က “ကျွန်တော်တို့ရဲ့ကတိဝတ်တွေ၊ ဥပဒေကြောင်းအရ ကတိကဝတ်တွေကို ကျွန်တော်တို့က သစ္စာမဖောက်ဘူးဆိုတာ အမေရိကန်တွေက သိပါတယ်။ ပြီးတော့ တရုတ်နဲ့ဖော်ဆောင်ထားတဲ့ နိုင်ငံရေး ကတိကဝတ်တွေကို အားလုံကလည်း သိကြမှာပါ။ ဒီလိုကောင်းမွန်တဲ့ဆက်ဆံရေးမျိုးက ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံကြားမှာ ဘယ်တော့မှမရှိခဲ့ဖူးပါဘူး။ ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းမှာမှ ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိလာခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
(၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းတည်းက ရုရှားဟာ တရုတ်နဲ့ စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေကို ပိုမိုနီးကပ်စွာ လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံကို ဘယ္ေတာ့မွ သစၥာေဖာက္မွာ မဟုတ္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၁၃

႐ုရွားႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံနဲ႔ ၎ရဲ႕ဆက္ဆံေရးကို နက္နက္ရႈိင္းရႈိင္းတန္ဖိုးထားၿပီး တ႐ုတ္ႏိုင္ငံအေပၚ တာဝန္ေတြ အားလုံးကို ေက်ပြန္ေစဖို႔ ကတိျပဳထားတယ္လို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာခဲ့ပါ တယ္။ ယူကရိန္းပဋိပကၡအေပၚ အေမရိကန္ရဲ႕တုံ႔ျပန္မႈေတြကေနတစ္ဆင့္ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ ဟာ ႐ုရွားနဲ႔တ႐ုတ္ႏိုင္ငံကို ပိုမိုနီးကပ္ေအာင္ တြန္းအားေပးခဲ့တဲ့ မဟာဗ်ဴဟာေျမာက္အမွားတစ္ခုကို လုပ္ေဆာင္ခဲ့ သလားဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ဆာေဂးလာေရာ့ဗ္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

ဆာေဂးလာေရာ့ဗ္က “ကြၽန္ေတာ္တို႔ရဲ႕ကတိဝတ္ေတြ၊ ဥပေဒေၾကာင္းအရ ကတိကဝတ္ေတြကို ကြၽန္ေတာ္တို႔က သစၥာမေဖာက္ဘူးဆိုတာ အေမရိကန္ေတြက သိပါတယ္။ ၿပီးေတာ့ တ႐ုတ္နဲ႔ေဖာ္ေဆာင္ထားတဲ့ ႏိုင္ငံေရး ကတိကဝတ္ေတြကို အားလုံကလည္း သိၾကမွာပါ။ ဒီလိုေကာင္းမြန္တဲ့ဆက္ဆံေရးမ်ိဳးက ကြၽန္ေတာ္တို႔နဲ႔ တ႐ုတ္ႏိုင္ငံၾကားမွာ ဘယ္ေတာ့မွမရွိခဲ့ဖူးပါဘူး။ ယူကရိန္းပဋိပကၡျဖစ္ပြားၿပီးေနာက္ပိုင္းမွာမွ ဒီလိုေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳး ရွိလာခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
(၂၀၂၂) ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး အဲဒီေနာက္ပိုင္းတည္းက ႐ုရွားဟာ တ႐ုတ္နဲ႔ စစ္ဘက္ဆိုင္ရာဆက္ဆံေရးေတြကို ပိုမိုနီးကပ္စြာ လုပ္ေဆာင္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.