အမေရိကန်ရဲ့အခွန်စည်းကြပ်မှုအသစ်ကိုတုံ့ပြန်တဲ့အနေနဲ့ လိုအပ်တဲ့အရာအားလုံးကိုလုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရ ကတိပြု

86

Pika (NP News) - မတ် ၁၃
စတီးနဲ့ အလူမီနီယမ် သွင်းကုန်တွေအပေါ် အမေရိကန်ရဲ့ (၂၅)ရာခိုင်နှုန်း အခွန်စည်းကြပ်မှုအသစ်ကို တုံ့ပြန်တဲ့ အနေနဲ့ ၎င်းရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို လုပ်ဆောင်သွားမယ် လို့ တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာအိုနင် က “protectionism offers (အခြားနိုင်ငံတွေက တင်သွင်းမှုကို ကန့်သတ်တဲ့စီးပွားရေးမူဝါဒ) က ထွက်လမ်းမရှိ သလို ကုန်သွယ်ရေးစစ်ပွဲနဲ့ အကောက်ခွန်စစ်ပွဲတွေမှာ အောင်နိုင်သူမရှိဘူးလို့ တရုတ်နိုင်ငံက အမြဲယုံကြည်ထားပါ တယ်။ အမေရိကန်ရဲ့လုပ်ရပ်တွေဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာမျိုးဖြစ်ပြီး စည်းမျဥ်းတွေကိုအခြေခံတဲ့ နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ ပြီးတော့ အမေရိကန်ရဲ့လုပ်ရပ်တွေက ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူမဖြစ်စေပါဘူး။ တရုတ် နိုင်ငံအနေနဲ့ ၎င်းရဲ့တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့စတီးနဲ့အလူမီနီယမ်တင်သွင်းမှုအပေါ် (၂၅)ရာခိုင်နှုန်း အခွန်ကောက်ခံမှုဟာ မတ်လ(၁၂)ရက်က စတင်အသက်ဝင်ခဲ့ပြီး အမေရိကန်နဲ့ ၎င်းရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံတွေကြား ကုန်သွယ်ရေး စစ်ပွဲရဲ့အဆင့်အသစ်ကို အမှတ်အသားပြုခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းစတီး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမယ့်လည်း အမေရိကန်ကို စတီးအဓိကတင်ပို့တဲ့နိုင်ငံတစ်နိုင်ငံတော့ မဟုတ်ဘူးလို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕အခြန္စည္းၾကပ္မႈအသစ္ကိုတုံ႔ျပန္တဲ့အေနနဲ႔ လိုအပ္တဲ့အရာအားလုံးကိုလုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္အစိုးရ ကတိျပဳ
Pika (NP News) - မတ္ ၁၃
စတီးနဲ႔ အလူမီနီယမ္ သြင္းကုန္ေတြအေပၚ အေမရိကန္ရဲ႕ (၂၅)ရာခိုင္ႏႈန္း အခြန္စည္းၾကပ္မႈအသစ္ကို တုံ႔ျပန္တဲ့ အေနနဲ႔ ၎ရဲ႕အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့အစီအစဥ္ေတြအားလုံးကို လုပ္ေဆာင္သြားမယ္ လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး မာအိုနင္ က “protectionism offers (အျခားႏိုင္ငံေတြက တင္သြင္းမႈကို ကန႔္သတ္တဲ့စီးပြားေရးမူဝါဒ) က ထြက္လမ္းမရွိ သလို ကုန္သြယ္ေရးစစ္ပြဲနဲ႔ အေကာက္ခြန္စစ္ပြဲေတြမွာ ေအာင္ႏိုင္သူမရွိဘူးလို႔ တ႐ုတ္ႏိုင္ငံက အၿမဲယုံၾကည္ထားပါ တယ္။ အေမရိကန္ရဲ႕လုပ္ရပ္ေတြဟာ ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ေနတာမ်ိဳးျဖစ္ၿပီး စည္းမ်ဥ္းေတြကိုအေျခခံတဲ့ ႏိုင္ငံစုံကုန္သြယ္မႈစနစ္ကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစပါတယ္။ ၿပီးေတာ့ အေမရိကန္ရဲ႕လုပ္ရပ္ေတြက ျပႆနာေတြကို ေျဖရွင္းဖို႔ အေထာက္အကူမျဖစ္ေစပါဘူး။ တ႐ုတ္ ႏိုင္ငံအေနနဲ႔ ၎ရဲ႕တရားဝင္အခြင့္အေရးနဲ႔ အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔ လိုအပ္တဲ့အစီအစဥ္ေတြအားလုံးကို လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕စတီးနဲ႔အလူမီနီယမ္တင္သြင္းမႈအေပၚ (၂၅)ရာခိုင္ႏႈန္း အခြန္ေကာက္ခံမႈဟာ မတ္လ(၁၂)ရက္က စတင္အသက္ဝင္ခဲ့ၿပီး အေမရိကန္နဲ႔ ၎ရဲ႕အဓိကကုန္သြယ္ဖက္ႏိုင္ငံေတြၾကား ကုန္သြယ္ေရး စစ္ပြဲရဲ႕အဆင့္အသစ္ကို အမွတ္အသားျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ကမာၻ႔ထိပ္တန္းစတီး ထုတ္လုပ္တဲ့ႏိုင္ငံျဖစ္ေပမယ့္လည္း အေမရိကန္ကို စတီးအဓိကတင္ပို႔တဲ့ႏိုင္ငံတစ္ႏိုင္ငံေတာ့ မဟုတ္ဘူးလို႔ သိရပါတယ္။