အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ် လေဆိပ်မှာ အမျိုးသားတစ်ဦးရဲ့ဘောင်းဘီထဲက သက်ရှိ လိပ်တစ်ကောင်တွေ့ရှိ

 273

ရောင်နီ (NP News) - မတ် ၁၃

အမေရိကန်နိုင်ငံ၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ နယူးဂျာစီလေဆိပ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့အမျိုးသား တစ်ဦးရဲ့ဘောင်းဘီထဲက ဖုံးကွယ်သယ်ဆောင်လာတဲ့ လိပ်တစ်ကောင်ကိုတွေ့ရှိခဲ့တယ်လို့ ဖက်ဒရယ်သယ်ယူ ပို့ဆောင်ရေးလုံခြုံရေးစီမံခန့်ခွဲရေးအဖွဲ့က ပြောကြားပါတယ်။
သောကြာနေ့(မတ်လ ၇ ရက်) က Newark Liberty အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခန္ဓာကိုယ်စကင်နာ အချက်ပေးသံမြည်ပြီးနောက် အဆိုပါလိပ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက် TSA အရာရှိတစ်ဦးက အမျိုးသားကို ထောက်လှမ်းစစ်ဆေးခဲ့ပြီး သူ့ရဲ့ဘောင်းဘီအောက် ပေါင်ခြံထဲက ဖုံးကွယ်ထားတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ထပ်မံမေးမြန်းခဲ့ရာမှာ အဆိုပါအမျိုးသားဟာ ဘောင်းဘီထဲမှာ အရှည် ၅ လက်မ (၁၂ စင်တီမီတာ) ခန့်ရှိတဲ့ လိပ်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိပ်ဟာ အိမ်မွေးတိရိစ္ဆာန်အဖြစ် ရေပန်းစားတဲ့ နားရွက်နီလိပ် မျိုးစိတ်ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
အမည်မဖော်လိုသူ အမျိုးသားကို ဆိပ်ကမ်းအာဏာပိုင်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးဂိတ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ "ခရီးသွားတွေဟာ သူတို့ရဲ့ဖိနပ်နဲ့ ခရီးဆောင်အိတ်တွေမှာ ဓားတွေနဲ့ တခြားလက်နက်တွေကို လျှို့ဝှက် သယ်ဆောင်လာတာမျိုး တွေ့ရလေ့ရှိပေမယ့် ဘောင်းဘီအောက် သက်ရှိသတ္တဝါတစ်ကောင်ကို ဖုံးဝှက် သယ်ဆောင်လာသူကတော့ ပထမဆုံးအကြိမ် တွေ့ခဲ့ရတာပါ" လို့ TSA ရဲ့ Federal Security Director သောမတ်စ်ကာတာက ပြောကြားခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အဆိုပါအမျိုးသားကို စွဲချက်တင်ခြင်း (သို့) ပြစ်ဒဏ် ချမှတ်ခံရခြင်း ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ နယူးဂ်ာစီျပည္နယ္ ေလဆိပ္မွာ အမ်ိဳးသားတစ္ဦးရဲ႕ေဘာင္းဘီထဲက သက္ရွိ လိပ္တစ္ေကာင္ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၁၃

အေမရိကန္ႏိုင္ငံ၊ ပင္ဆယ္ေဗးနီးယားျပည္နယ္၊ နယူးဂ်ာစီေလဆိပ္မွာ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့အမ်ိဳးသား တစ္ဦးရဲ႕ေဘာင္းဘီထဲက ဖုံးကြယ္သယ္ေဆာင္လာတဲ့ လိပ္တစ္ေကာင္ကိုေတြ႕ရွိခဲ့တယ္လို႔ ဖက္ဒရယ္သယ္ယူ ပို႔ေဆာင္ေရးလုံၿခဳံေရးစီမံခန႔္ခြဲေရးအဖြဲ႕က ေျပာၾကားပါတယ္။
ေသာၾကာေန႔(မတ္လ ၇ ရက္) က Newark Liberty အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ခႏၶာကိုယ္စကင္နာ အခ်က္ေပးသံျမည္ၿပီးေနာက္ အဆိုပါလိပ္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီေနာက္ TSA အရာရွိတစ္ဦးက အမ်ိဳးသားကို ေထာက္လွမ္းစစ္ေဆးခဲ့ၿပီး သူ႔ရဲ႕ေဘာင္းဘီေအာက္ ေပါင္ၿခံထဲက ဖုံးကြယ္ထားတဲ့ အရာတစ္ခုကို ေတြ႕ရွိခဲ့ပါတယ္။ထပ္မံေမးျမန္းခဲ့ရာမွာ အဆိုပါအမ်ိဳးသားဟာ ေဘာင္းဘီထဲမွာ အရွည္ ၅ လက္မ (၁၂ စင္တီမီတာ) ခန႔္ရွိတဲ့ လိပ္ကို ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ အဲဒီလိပ္ဟာ အိမ္ေမြးတိရိစာၦန္အျဖစ္ ေရပန္းစားတဲ့ နား႐ြက္နီလိပ္ မ်ိဳးစိတ္ျဖစ္တယ္လို႔ ၎က ေျပာပါတယ္။
အမည္မေဖာ္လိုသူ အမ်ိဳးသားကို ဆိပ္ကမ္းအာဏာပိုင္ရဲတပ္ဖြဲ႕မွ စစ္ေဆးေရးဂိတ္ဆီ ပို႔ေဆာင္ေပးခဲ့ပါတယ္။ "ခရီးသြားေတြဟာ သူတို႔ရဲ႕ဖိနပ္နဲ႔ ခရီးေဆာင္အိတ္ေတြမွာ ဓားေတြနဲ႔ တျခားလက္နက္ေတြကို လွ်ိဳ႕ဝွက္ သယ္ေဆာင္လာတာမ်ိဳး ေတြ႕ရေလ့ရွိေပမယ့္ ေဘာင္းဘီေအာက္ သက္ရွိသတၱဝါတစ္ေကာင္ကို ဖုံးဝွက္ သယ္ေဆာင္လာသူကေတာ့ ပထမဆုံးအႀကိမ္ ေတြ႕ခဲ့ရတာပါ" လို႔ TSA ရဲ႕ Federal Security Director ေသာမတ္စ္ကာတာက ေျပာၾကားခဲ့ပါတယ္။ အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး အဆိုပါအမ်ိဳးသားကို စြဲခ်က္တင္ျခင္း (သို႔) ျပစ္ဒဏ္ ခ်မွတ္ခံရျခင္း ရွိမရွိ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.