ကွယ်လွန်သွားသူ မင်းသမီး ကင်ဆေရွန်းနဲ့ မင်းသားကင်ဆိုးဟွန်တို့ ၆ နှစ်ကြာတွဲခဲ့ကြကြောင်း သတင်းထွက်ရှိ

 404

ရောင်နီ (NP News) - မတ် ၁၃

အသက် ၃၇ နှစ်အရွယ် တောင်ကိုရီးယား K-drama ကြယ်ပွင့်၊ ကင်ဆိုးဟွန်ဟာ မကြာသေးခင်က ကွယ်လွန်သွားပြီ ဖြစ်တဲ့ တောင်ကိုရီးယားမင်းသမီးငယ် ကင်ဆေယွမ်း နဲ့ သမီးရည်းစား ဆက်ဆံရေး ရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တောင်ကိုရီးယားသတင်းဌာနတွေရဲ့ဖော်ပြချက်အရ Hoverlab လို့ခေါ်တဲ့ တောင်ကိုးရီးယား YouTube ချန်နယ် တစ်ခုက ကင်ဆိုးဟွန် ဟာ ကင်ဆေးရွန်းကို အသက် ၁၅ နှစ်အရွယ်တည်းက တွဲခဲ့တာဖြစ်ပြီး ခြောက်နှစ်ကြာထိ လူမသိသူမသိ တွဲခဲ့တယ်လို့ ဗီဒီယိုတစ်ခုနဲ့အတူ မတ်လ ၁၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ကင်ဆေးရွန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ဆိုးလ်မြို့ရှိ သူမရဲ့နေအိမ်မှာပဲ ကိုယ့်ကိုယ်ကို သတ် သေဆုံးနေခဲ့တာ တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ကငိဆေးရွန်နဲ့ ကင်ဆိုးဟွန် အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ကင်ဆေရွန်းရဲ့ပါးကို နမ်းနေပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါအပြင် မင်းသမီး ကင်ဆေးရွန်က ကင်ဆိုးဟွန်ရဲ့အေဂျင်စီမှာ တင်ကျန်နေတဲ့ အကြွေး တွေအတွက် အသနားခံနေပုံ screen shot တွေလည်း ပျံ့နှံ့နေပါတယ်။

သူတို့နှစ်ယောက်ဟာ ၆ နှစ်ကြာထိ တွဲခဲ့ကြတာဖြစ်ပြီး Kim Sae Ron အရက်မူး ကားမောင်းပြီး၊ လမ်းဘေး ထရန်စဖော်မာကို တိုက်မိတဲ့ မတော်တဆမှုဖြစ်တဲ့အချိန်မှ သူတို့လမ်းခွဲခဲ့ကြတာလို့ သတင်းတွေအရ သိရပါတယ်။ ကင်ဆေးရွန် အမှုရင်ဆိုင်နေရချိန်မှာလည်း ကင်ဆိုးဟွန်ရဲ့အေဂျင်စီက လျော်ကြေးပေးခဲ့ပေမယ့် ကင်ဆေးရွန် ကော်ဖီဆိုင်ဖွင့်ဖို့ ကြိုးစားနေချိန်မှာတော့ ကင်ဆိုးဟွန်က အဆက်အသွယ်တွေ အားလုံးဖြတ်ပြီး ကုမ္ပဏီက ပေးခဲ့တဲ့လျှော်ကြေးငွေတွေပြန်တောင်းခဲ့တယ်လို့ သိရပါတယ်။ မင်းသားကင်ဝူဘင်က အကြွေးတွေ ကိုယ်စား ဆပ်ပေးမယ့်အကြောင်း ပြောခဲ့ချိန်မှာလည်း ကင်ဆိုးဟွန်ရဲ့အေဂျင်စီက လက်မခံခဲ့ဘူးလို့ သိရပါတယ်။ ကင်ဆေးရွန်က နှစ်ယောက်ပုံ တင်ခဲ့တာကလည်း ကင်ဆိုးဟွန် သူ့ကိုသတိထားပြီး ဆက်သွယ်လာအောင်လို့ ဆိုကြပါတယ်။

ဒါအပြင် ကင်ဆေးရွန် ကွယ်လွန်ချိန်ဟာလည်း ကင်ဆိုးဟွန်ရဲ့မွေးနေ့မှာဖြစ်ပြီး ကင်ဆိုးဟွန် က ဈာပနကို မတက်ရောက်ခဲ့တာကြောင့် အင်တာနက် သုံးစွဲသူတွေက ထောက်ပြခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ကင်ဆိုးဟွန်ရဲ့အေဂျင်စီက ဒီသတင်းတွေကို ခါးခါးသီးသီးငြင်းနေသလို သတင်းလွှင့်သူတွေ တရားဆွဲမယ်လို့ ဆိုထားပါတယ်။ မင်းသား ကင်းဆိုးဟွန်ဟာ ၂၀၂၄ ခုနှစ်ထွက် Queen Of Tears ဒရာမာနဲ့ အလွန်ရေပန်းစားခဲ့ ပေမယ့် လက်ရှိ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရကာ အင်စတာဂရမ် follower တွေလည်း ဆက်တိုက်ကျနေပါတယ်။

Zawgyi Version:
ကြယ္လြန္သြားသူ မင္းသမီး ကင္ေဆ႐ြန္းနဲ႔ မင္းသားကင္ဆိုးဟြန္တို႔ ၆ ႏွစ္ၾကာတြဲခဲ့ၾကေၾကာင္း သတင္းထြက္ရွိ
ေရာင္နီ (NP News) - မတ္ ၁၃

အသက္ ၃၇ ႏွစ္အ႐ြယ္ ေတာင္ကိုရီးယား K-drama ၾကယ္ပြင့္၊ ကင္ဆိုးဟြန္ဟာ မၾကာေသးခင္က ကြယ္လြန္သြားၿပီ ျဖစ္တဲ့ ေတာင္ကိုရီးယားမင္းသမီးငယ္ ကင္ေဆယြမ္း နဲ႔ သမီးရည္းစား ဆက္ဆံေရး ရွိခဲ့တယ္ဆိုတဲ့ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။
ေတာင္ကိုရီးယားသတင္းဌာနေတြရဲ႕ေဖာ္ျပခ်က္အရ Hoverlab လို႔ေခၚတဲ့ ေတာင္ကိုးရီးယား YouTube ခ်န္နယ္ တစ္ခုက ကင္ဆိုးဟြန္ ဟာ ကင္ေဆး႐ြန္းကို အသက္ ၁၅ ႏွစ္အ႐ြယ္တည္းက တြဲခဲ့တာျဖစ္ၿပီး ေျခာက္ႏွစ္ၾကာထိ လူမသိသူမသိ တြဲခဲ့တယ္လို႔ ဗီဒီယိုတစ္ခုနဲ႔အတူ မတ္လ ၁၀ ရက္က ထုတ္ျပန္ခဲ့ပါတယ္။ ကင္ေဆး႐ြန္ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၆ ရက္က ဆိုးလ္ၿမိဳ႕ရွိ သူမရဲ႕ေနအိမ္မွာပဲ ကိုယ့္ကိုယ္ကို သတ္ ေသဆုံးေနခဲ့တာ ေတြ႕ခဲ့ရပါတယ္။ အဲဒီေနာက္ ကငိေဆး႐ြန္နဲ႔ ကင္ဆိုးဟြန္ အတူတြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေတြ၊ ကင္ေဆ႐ြန္းရဲ႕ပါးကို နမ္းေနပုံေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါအျပင္ မင္းသမီး ကင္ေဆး႐ြန္က ကင္ဆိုးဟြန္ရဲ႕ေအဂ်င္စီမွာ တင္က်န္ေနတဲ့ အေႂကြး ေတြအတြက္ အသနားခံေနပုံ screen shot ေတြလည္း ပ်ံ႕ႏွံ႔ေနပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ၆ ႏွစ္ၾကာထိ တြဲခဲ့ၾကတာျဖစ္ၿပီး Kim Sae Ron အရက္မူး ကားေမာင္းၿပီး၊ လမ္းေဘး ထရန္စေဖာ္မာကို တိုက္မိတဲ့ မေတာ္တဆမႈျဖစ္တဲ့အခ်ိန္မွ သူတို႔လမ္းခြဲခဲ့ၾကတာလို႔ သတင္းေတြအရ သိရပါတယ္။ ကင္ေဆး႐ြန္ အမႈရင္ဆိုင္ေနရခ်ိန္မွာလည္း ကင္ဆိုးဟြန္ရဲ႕ေအဂ်င္စီက ေလ်ာ္ေၾကးေပးခဲ့ေပမယ့္ ကင္ေဆး႐ြန္ ေကာ္ဖီဆိုင္ဖြင့္ဖို႔ ႀကိဳးစားေနခ်ိန္မွာေတာ့ ကင္ဆိုးဟြန္က အဆက္အသြယ္ေတြ အားလုံးျဖတ္ၿပီး ကုမၸဏီက ေပးခဲ့တဲ့ေလွ်ာ္ေၾကးေငြေတြျပန္ေတာင္းခဲ့တယ္လို႔ သိရပါတယ္။ မင္းသားကင္ဝူဘင္က အေႂကြးေတြ ကိုယ္စား ဆပ္ေပးမယ့္အေၾကာင္း ေျပာခဲ့ခ်ိန္မွာလည္း ကင္ဆိုးဟြန္ရဲ႕ေအဂ်င္စီက လက္မခံခဲ့ဘူးလို႔ သိရပါတယ္။ ကင္ေဆး႐ြန္က ႏွစ္ေယာက္ပုံ တင္ခဲ့တာကလည္း ကင္ဆိုးဟြန္ သူ႔ကိုသတိထားၿပီး ဆက္သြယ္လာေအာင္လို႔ ဆိုၾကပါတယ္။

ဒါအျပင္ ကင္ေဆး႐ြန္ ကြယ္လြန္ခ်ိန္ဟာလည္း ကင္ဆိုးဟြန္ရဲ႕ေမြးေန႔မွာျဖစ္ၿပီး ကင္ဆိုးဟြန္ က ဈာပနကို မတက္ေရာက္ခဲ့တာေၾကာင့္ အင္တာနက္ သုံးစြဲသူေတြက ေထာက္ျပခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ကင္ဆိုးဟြန္ရဲ႕ေအဂ်င္စီက ဒီသတင္းေတြကို ခါးခါးသီးသီးျငင္းေနသလို သတင္းလႊင့္သူေတြ တရားဆြဲမယ္လို႔ ဆိုထားပါတယ္။ မင္းသား ကင္းဆိုးဟြန္ဟာ ၂၀၂၄ ခုႏွစ္ထြက္ Queen Of Tears ဒရာမာနဲ႔ အလြန္ေရပန္းစားခဲ့ ေပမယ့္ လက္ရွိ ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ေနရကာ အင္စတာဂရမ္ follower ေတြလည္း ဆက္တိုက္က်ေနပါတယ္။

Related news

© 2021. All rights reserved.