ကဘော်ချိုင့်ဝှမ်းနဲ့ မဏိပူက ကွန်ဖက်ဒရေးရှင်း မြန်မာလက်နက်ကိုင်များကိုပေးတဲ့ သင်ခန်းစာ

1001

Htay Oung (NP News) - မတ် ၁၃
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ တမူး-ကဘော်ချိုင့်ဝှမ်းကို အိန္ဒိယအစိုးရက ပြန်လည်သိမ်းယူပြီး မဏိပူရပြည်နယ်အတွင်း ထည့်သွင်းပေးရန် မဏိပူရ်ပြည်နယ် လွှတ်တော်အမတ်က အိန္ဒိယ အထက်လွှတ်တော် မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာနယ်စပ်မြို့များမှာ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါ တယ်။ လွန်ခဲ့ဆယ်နှစ်ခန့်မှာ ရုရှားက ယူကရိန်းခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်သိမ်း သွင်းခဲ့ခြင်းနည်းတူက ဘော်ချိုင့်ဝှမ်းဟာ အိန္ဒိယနဲ့ မြန်မာအကြား ဒုတ်တပြက်ဒါးတပြက် ဖြစ်လာမလားလို့ နှစ်နိုင်ငံပြည်သူများအတွင်း မှာ သာမက နိုင်ငံတကာမှာပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရပါတယ်။
မြန်မာ ချင်းတွင်းမြစ်နဲ့ အိန္ဒိယ မဏိပူရပြည်နယ်အကြား ၈.၅၇၅ စတုရန်းမိုင်ကျယ်ဝန်းတဲ့ မြေပြန့်လွင်ပြင်ဒေသ ဟာ ၁၄၅ဝ ပြည့်နှစ်ကတည်းက မဏိပူရရဲ့နယ်မြေအစိတ်အပိုင်းဖြစ်ကြောင်း၊ ၁၉၅၃ ခုနှစ်မှာ အိန္ဒိယဝန်ကြီးချုပ် နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တယ်လို့ မဏိပူရလွှတ်တော်အမတ်က စွပ်စွဲ ပြောခဲ့ပါတယ်။
သူပြောတဲ့အတိုင်း မှန်ကန်ပါသလားလို့ လက်လှမ်းမီသမျှ ရှာဖွေကြည့်မိပါတယ်။ ၁၄၇ဝ ပြည့်နှစ်မှာ မေထေး(က သည်း) ဘုရင်နဲ့ တိုင်(ရှမ်း) ဘုရင်တို့က “ကဘို” လို့ ခေါ်တဲ့ အဲ့ဒီနယ်မြေကို အတူတကွအောင်နိုင်ခဲ့တယ်လို့ မဏိပူရ် သမိုင်း မှတ်တမ်းများမှာ တွေ့ရှိရပါတယ်။ ယနေ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင် သောင်ထွဋ်မှ ယနေ့ ချင်းပြည်နယ် အစပ် ခန်းပတ်မြို့အထိ ဖြစ်ဖွယ်ရှိပါတယ်။ သူတို့နှိမ်နင်းခဲ့တယ်ဆိုတဲ့ “ကျန်း” ဆိုတာ ယနေ့ “ချင်း” လူမျိုးများဖြစ် ပြီး အိန္ဒိယဘက်မှာ “ကူကီး” လို့ ခေါ်ပါတယ်။ မေထေးတို့ဟာ မြန်မာဘက်မှာ ကသည်းများအဖြစ် သိရှိကြပြီး ဇာတ်မြင့် ဟိန္ဒူ ပုဏ္ဍားများဖြစ်ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့အဓိကလူမျိုးနွယ်ကြီး ၄-ခုမှာ လူမျိုးစုပေါင်း ၂၀၀၀ ခန့်ရှိပါတယ်။ အဲဒီအထဲ အရှေမြောက်ပြည်နယ် (၈) မှာ အများဆုံးနေထိုင်ကြပြီး ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကွာခြားကြပါတယ်။ ချင်း မျိုးနွယ်ကြီးတစ်ခုတည်းမှာပင် ချင်းလူမျိုးစု ၇၀ ခန့် ရှိပြီး ၄၀ လောက်ဟာ မြန်မာပြည်ဘက် ရောက်နေပါတယ်။
အတိတ်ကာလ ကမ္ဘာအရပ်ရပ်မှာ ကျေးရွာများကို စုပေါင်းပြီး မြို့ပြနိုင်ငံအဖြစ်ထူထောင်အုပ်ချုပ်တဲ့ ဘုရင့်နိုင်ငံ ငယ်များ ထွန်းကားခဲ့ပါတယ်။ ၁၅၅၅-ခုနှစ် တောင်ငူမင်းဆက် ဘုရင့်နောင်လက်ထက် ယနေ့ခေတ် မြန်မာ ဖြစ်လာမယ့် တစ်နိုင်ငံလုံးကို စုစည်းခဲ့ရာမှာ မဏိပူရနဲ့ အာသံဟာ မြန်မာဘုရင်လက်အောက်ခံ သက်ဆိုင်ရာ စော်ဘွားများ အုပ်ချုပ်တဲ့ နယ်မြေဖြစ်လာပါတယ်။ ယနေ့ခေတ် မဏိပူရ်တို့ကို ကမ္ဘာသိဖြစ်စေမယ့် “ပိုလိုကစား နည်း” အတွက် မြင်းစီးခြင်းအတတ်ပညာကို မြန်မာတို့ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် မြန်မာ တို့ အင်အားချိနဲ့တဲ့ (၁၇၁၄-၁၇၅၄) ခုနှစ်မှာကတည်းတို့ဟာ စစ်ကိုင်းနဲ့ အင်းဝမြို့တော်အထိ လာရောက်တိုက်ခိုက် ခဲ့ဖူးပါတယ်။
၁၇၅၂ ခုနှစ် ကုန်းဘောင်မင်းဆက်အလောင်းဘုရားက တတိယမြန်မာနိုင်ငံတော်ကို ပြန်လည်စုစည်းစဉ် သောင်ထွဋ်-တမူး-ကလေးနဲ့ ခန်းပတ်အပါအဝင် မဏိပူရနဲ့အာသံတို့လည်း ပါဝင်ခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက် အာသံ-မဏိပူရအရေးနဲ့ပတ်သက်ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ ၂ နှစ်ခန့်အကြာမှာ မြန်မာတို့စစ်ရှုံးတဲ့အတွက် စစ်လျော်ကြေး စတာလင်ပေါင် တစ်သန်းအပြင် ကမ်းရိုးတန်းဒေသ ရခိုင်နဲ့တနင်္သာရီတို့ကို အင်္ဂလိပ်ထံ ပေးအပ်ရပါတယ်။
အာသံနဲ့ မဏိပူရတို့ကိုလည်း မြန်မာတို့လက်လွှတ်ခဲ့ရတယ်ဆိုပေမယ့် ကဘော်ချိုင့်ဝှမ်းဟာ မြန်မာ့ပိုင်နက် အဖြစ် အင်္ဂလိပ်က သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အင်္ဂလိပ်သံအမတ်ဖြစ်သူ မေဂျာဘာနေးရဲ့ “၁၃၇ဝ ပြည့်နှစ်မှ စစ်ပွဲမတိုင်မီ ၁၂ နှစ်အထိ ကဘော်ချိုင့်ဝှမ်းဟာ မြန်မာတို့ပိုင်နက်ဖြစ်ကြောင်း” အိန္ဒိယဘုရင်ခံချုပ်ထံ အစီရင်ခံချက်ဟာ အမှန်ဖြစ်ပါလိမ့်မယ်။ မြန်မာနောက်ဆုံးမင်းဆက် မင်းတုန်း-သီပေါမင်းဘုရင်တို့လက်ထက် ဝန်ကြီး ၄ ပါးအနက် “ခန်းပတ်မင်းကြီး” ဟာ အဲဒီမြို့ကို စားရတဲ့ ဘုန်းကြီးလူထွက်ဖြစ်ကြောင်း တွေ့ရှိရတဲ့အတွက် ဖြစ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းအတွက် မဏိပူရထံ လစဉ် ရူးပီး ၅၀၀ ပေးရတယ်ဆိုတာ ဗြိတိသျှအိန္ဒိယအစိုးရက ပေးခြင်းဖြစ်ပါတယ်။ နေရူးရဲ့ဦးနုထံလက်ဆောင်က အထောက်အထား မတွေ့ရပါဘူး။
တမူးမြို့နယ်အတွင်း ပါဝင်တဲ့ ချင်းနယ်စပ် ခန်းပတ်မြို့ဟာ ၂၀၂၃-ခုနှစ် နိုဝင်ဘာလမှာ PDF တို့က သိမ်းယူထားပါ တယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း ရှေးယခင် ကျွန်တော်တို့ ဘိုးဘေးများ ထူထောင်ခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အချုပ်အချာပိုင်နက်ဟာ စိန်ခေါ်မှုများ ပြည့်နှက်လာပါတယ်။ မြို့ပေါင်း ၉၀ ခန့် ကို လက်နက်အသီးသီးတို့က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တို့က ၎င်းတို့လူ မျိုးစုအလိုက် ကွန်ဖက်ဒရေးနိုင်ငံငယ် ထူထောင်မယ့်အကြောင်း ကြုံးဝါးနေကြစဉ် အိမ်နီးချင်းတိုင်းပြည်များ က လည်း နယ်စပ် မြန်မာနယ်မြေအချို့ဟာသူတို့အပိုင်ဖြစ်ကြောင်း စစ်ရေးလှုပ်ရှားမှုများအထိ တွေ့ရှိလာရပါ တယ်။
တကယ်တော့ ဒီနေ့ကမ္ဘာမှာ ကွန်ဖက်ဒရေးရှင်းများ စုပေါင်းပြီး တိုင်းပြည်တစ်ခုတည်းအဖြစ် ထူထောင်ထားတာ တစ်နိုင်ငံမှ မရှိပါဘူး။ ၁၇၇၅-၁၇၈၃ ခုနှစ် အင်္ဂလိပ်ကို တော်လှန်ပြီး ကွန်ဖက်ဒရေးရှင်းပြည်နယ်များနဲ့ ထူ ထောင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုဟာ ယခုလို ပြည်ပ ခြိမ်းခြောက်မှုများကို တွန်းလှန်နိုင်မှု မရှိခြင်းအပါဝင် အခြား ဘဏ္ဍာရေး ဥပဒေရေးပြဿနာများကြောင့် (၁၈၆၁-၁၈၆၅ ခုနှစ်) ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရပါတယ်။
ကွန်ဖက်ဒရေးရှင်းများရဲ့ အားနည်းချက်ကို မြန်မာပြည် ဘယ်မီဒီယာ ဘယ်နိုင်ငံရေးသမားမှ မရေးကြ မပြော ကြပါဘူး၊ ကဘော်ချိုင့်ဝှမ်းနဲ့ မဏိပူနိုင်ငံရေးသမားတွေကတော့ ကွန်ဖက်ဒရေးရှင်းထူထောင်မယ်ဆိုတဲ့ မြန်မာ လက်နက်ကိုင်များကို သင်ခန်းစာ ပေးနေပါပြီ
#HtayOung, #OungMarine
#Kabaw_Vally #Manipur #Myanmar #India #ကသည်း #ကဘော်ချိုင့်ဝှမ် #မေထေး #ကူကီ_ချင်း

Zawgyi Version:
ကေဘာ္ခ်ိဳင့္ဝွမ္းနဲ႔ မဏိပူက ကြန္ဖက္ဒေရးရွင္း ျမန္မာလက္နက္ကိုင္မ်ားကိုေပးတဲ့ သင္ခန္းစာ
Htay Oung (NP News) - မတ္ ၁၃
ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းေဒသႀကီး နယ္စပ္ေဒသ တမူး-ကေဘာ္ခ်ိဳင့္ဝွမ္းကို အိႏၵိယအစိုးရက ျပန္လည္သိမ္းယူၿပီး မဏိပူရျပည္နယ္အတြင္း ထည့္သြင္းေပးရန္ မဏိပူရ္ျပည္နယ္ လႊတ္ေတာ္အမတ္က အိႏၵိယ အထက္လႊတ္ေတာ္ မွာ အဆိုတင္သြင္းခဲ့ပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ျမန္မာနယ္စပ္ၿမိဳ႕မ်ားမွာ ကန႔္ကြက္ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ပါ တယ္။ လြန္ခဲ့ဆယ္ႏွစ္ခန႔္မွာ ႐ုရွားက ယူကရိန္းခ႐ိုင္းမီးယားကြၽန္းဆြယ္ကို တိုက္ခိုက္သိမ္း သြင္းခဲ့ျခင္းနည္းတူက ေဘာ္ခ်ိဳင့္ဝွမ္းဟာ အိႏၵိယနဲ႔ ျမန္မာအၾကား ဒုတ္တျပက္ဒါးတျပက္ ျဖစ္လာမလားလို႔ ႏွစ္ႏိုင္ငံျပည္သူမ်ားအတြင္း မွာ သာမက ႏိုင္ငံတကာမွာပါ လႈပ္လႈပ္ခတ္ခတ္ ျဖစ္ခဲ့ရပါတယ္။
ျမန္မာ ခ်င္းတြင္းျမစ္နဲ႔ အိႏၵိယ မဏိပူရျပည္နယ္အၾကား ၈.၅၇၅ စတုရန္းမိုင္က်ယ္ဝန္းတဲ့ ေျမျပန႔္လြင္ျပင္ေဒသ ဟာ ၁၄၅ဝ ျပည့္ႏွစ္ကတည္းက မဏိပူရရဲ႕နယ္ေျမအစိတ္အပိုင္းျဖစ္ေၾကာင္း၊ ၁၉၅၃ ခုႏွစ္မွာ အိႏၵိယဝန္ႀကီးခ်ဳပ္ ေန႐ူးက ျမန္မာဝန္ႀကီးခ်ဳပ္ ဦးႏုထံ လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့တယ္လို႔ မဏိပူရလႊတ္ေတာ္အမတ္က စြပ္စြဲ ေျပာခဲ့ပါတယ္။
သူေျပာတဲ့အတိုင္း မွန္ကန္ပါသလားလို႔ လက္လွမ္းမီသမွ် ရွာေဖြၾကည့္မိပါတယ္။ ၁၄၇ဝ ျပည့္ႏွစ္မွာ ေမေထး(က သည္း) ဘုရင္နဲ႔ တိုင္(ရွမ္း) ဘုရင္တို႔က “ကဘို” လို႔ ေခၚတဲ့ အဲ့ဒီနယ္ေျမကို အတူတကြေအာင္ႏိုင္ခဲ့တယ္လို႔ မဏိပူရ္ သမိုင္း မွတ္တမ္းမ်ားမွာ ေတြ႕ရွိရပါတယ္။ ယေန႔ စစ္ကိုင္းတိုင္း ဟုမၼလင္းခ႐ိုင္ ေသာင္ထြဋ္မွ ယေန႔ ခ်င္းျပည္နယ္ အစပ္ ခန္းပတ္ၿမိဳ႕အထိ ျဖစ္ဖြယ္ရွိပါတယ္။ သူတို႔ႏွိမ္နင္းခဲ့တယ္ဆိုတဲ့ “က်န္း” ဆိုတာ ယေန႔ “ခ်င္း” လူမ်ိဳးမ်ားျဖစ္ ၿပီး အိႏၵိယဘက္မွာ “ကူကီး” လို႔ ေခၚပါတယ္။ ေမေထးတို႔ဟာ ျမန္မာဘက္မွာ ကသည္းမ်ားအျဖစ္ သိရွိၾကၿပီး ဇာတ္ျမင့္ ဟိႏၵဴ ပု႑ားမ်ားျဖစ္ၾကပါတယ္။
အိႏၵိယႏိုင္ငံရဲ႕အဓိကလူမ်ိဳးႏြယ္ႀကီး ၄-ခုမွာ လူမ်ိဳးစုေပါင္း ၂၀၀၀ ခန႔္ရွိပါတယ္။ အဲဒီအထဲ အေရွေျမာက္ျပည္နယ္ (၈) မွာ အမ်ားဆုံးေနထိုင္ၾကၿပီး ကိုးကြယ္ယုံၾကည္မႈ၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းမ်ား ကြာျခားၾကပါတယ္။ ခ်င္း မ်ိဳးႏြယ္ႀကီးတစ္ခုတည္းမွာပင္ ခ်င္းလူမ်ိဳးစု ၇၀ ခန႔္ ရွိၿပီး ၄၀ ေလာက္ဟာ ျမန္မာျပည္ဘက္ ေရာက္ေနပါတယ္။
အတိတ္ကာလ ကမာၻအရပ္ရပ္မွာ ေက်း႐ြာမ်ားကို စုေပါင္းၿပီး ၿမိဳ႕ျပႏိုင္ငံအျဖစ္ထူေထာင္အုပ္ခ်ဳပ္တဲ့ ဘုရင့္ႏိုင္ငံ ငယ္မ်ား ထြန္းကားခဲ့ပါတယ္။ ၁၅၅၅-ခုႏွစ္ ေတာင္ငူမင္းဆက္ ဘုရင့္ေနာင္လက္ထက္ ယေန႔ေခတ္ ျမန္မာ ျဖစ္လာမယ့္ တစ္ႏိုင္ငံလုံးကို စုစည္းခဲ့ရာမွာ မဏိပူရနဲ႔ အာသံဟာ ျမန္မာဘုရင္လက္ေအာက္ခံ သက္ဆိုင္ရာ ေစာ္ဘြားမ်ား အုပ္ခ်ဳပ္တဲ့ နယ္ေျမျဖစ္လာပါတယ္။ ယေန႔ေခတ္ မဏိပူရ္တို႔ကို ကမာၻသိျဖစ္ေစမယ့္ “ပိုလိုကစား နည္း” အတြက္ ျမင္းစီးျခင္းအတတ္ပညာကို ျမန္မာတို႔ထံမွ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ ျမန္မာ တို႔ အင္အားခ်ိနဲ႔တဲ့ (၁၇၁၄-၁၇၅၄) ခုႏွစ္မွာကတည္းတို႔ဟာ စစ္ကိုင္းနဲ႔ အင္းဝၿမိဳ႕ေတာ္အထိ လာေရာက္တိုက္ခိုက္ ခဲ့ဖူးပါတယ္။
၁၇၅၂ ခုႏွစ္ ကုန္းေဘာင္မင္းဆက္အေလာင္းဘုရားက တတိယျမန္မာႏိုင္ငံေတာ္ကို ျပန္လည္စုစည္းစဥ္ ေသာင္ထြဋ္-တမူး-ကေလးနဲ႔ ခန္းပတ္အပါအဝင္ မဏိပူရနဲ႔အာသံတို႔လည္း ပါဝင္ခဲ့ပါတယ္။ ၁၈၂၄ ခုႏွစ္ ဘႀကီးေတာ္မင္းလက္ထက္ အာသံ-မဏိပူရအေရးနဲ႔ပတ္သက္ၿပီး အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲျဖစ္ပြားခဲ့ပါတယ္။ ၂ ႏွစ္ခန႔္အၾကာမွာ ျမန္မာတို႔စစ္ရႈံးတဲ့အတြက္ စစ္ေလ်ာ္ေၾကး စတာလင္ေပါင္ တစ္သန္းအျပင္ ကမ္း႐ိုးတန္းေဒသ ရခိုင္နဲ႔တနသၤာရီတို႔ကို အဂၤလိပ္ထံ ေပးအပ္ရပါတယ္။
အာသံနဲ႔ မဏိပူရတို႔ကိုလည္း ျမန္မာတို႔လက္လႊတ္ခဲ့ရတယ္ဆိုေပမယ့္ ကေဘာ္ခ်ိဳင့္ဝွမ္းဟာ ျမန္မာ့ပိုင္နက္ အျဖစ္ အဂၤလိပ္က သတ္မွတ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ပထမဆုံး အဂၤလိပ္သံအမတ္ျဖစ္သူ ေမဂ်ာဘာေနးရဲ႕ “၁၃၇ဝ ျပည့္ႏွစ္မွ စစ္ပြဲမတိုင္မီ ၁၂ ႏွစ္အထိ ကေဘာ္ခ်ိဳင့္ဝွမ္းဟာ ျမန္မာတို႔ပိုင္နက္ျဖစ္ေၾကာင္း” အိႏၵိယဘုရင္ခံခ်ဳပ္ထံ အစီရင္ခံခ်က္ဟာ အမွန္ျဖစ္ပါလိမ့္မယ္။ ျမန္မာေနာက္ဆုံးမင္းဆက္ မင္းတုန္း-သီေပါမင္းဘုရင္တို႔လက္ထက္ ဝန္ႀကီး ၄ ပါးအနက္ “ခန္းပတ္မင္းႀကီး” ဟာ အဲဒီၿမိဳ႕ကို စားရတဲ့ ဘုန္းႀကီးလူထြက္ျဖစ္ေၾကာင္း ေတြ႕ရွိရတဲ့အတြက္ ျဖစ္ပါတယ္။ ကေဘာ္ခ်ိဳင့္ဝွမ္းအတြက္ မဏိပူရထံ လစဥ္ ႐ူးပီး ၅၀၀ ေပးရတယ္ဆိုတာ ၿဗိတိသွ်အိႏၵိယအစိုးရက ေပးျခင္းျဖစ္ပါတယ္။ ေန႐ူးရဲ႕ဦးႏုထံလက္ေဆာင္က အေထာက္အထား မေတြ႕ရပါဘူး။
တမူးၿမိဳ႕နယ္အတြင္း ပါဝင္တဲ့ ခ်င္းနယ္စပ္ ခန္းပတ္ၿမိဳ႕ဟာ ၂၀၂၃-ခုႏွစ္ ႏိုဝင္ဘာလမွာ PDF တို႔က သိမ္းယူထားပါ တယ္။ လက္ရွိျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္အတြင္း ေရွးယခင္ ကြၽန္ေတာ္တို႔ ဘိုးေဘးမ်ား ထူေထာင္ခဲ့တဲ့ ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္အခ်ဳပ္အခ်ာပိုင္နက္ဟာ စိန္ေခၚမႈမ်ား ျပည့္ႏွက္လာပါတယ္။ ၿမိဳ႕ေပါင္း ၉၀ ခန႔္ ကို လက္နက္အသီးသီးတို႔က တိုက္ခိုက္သိမ္းပိုက္ထားပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္တို႔က ၎တို႔လူ မ်ိဳးစုအလိုက္ ကြန္ဖက္ဒေရးႏိုင္ငံငယ္ ထူေထာင္မယ့္အေၾကာင္း ႀကဳံးဝါးေနၾကစဥ္ အိမ္နီးခ်င္းတိုင္းျပည္မ်ား က လည္း နယ္စပ္ ျမန္မာနယ္ေျမအခ်ိဳ႕ဟာသူတို႔အပိုင္ျဖစ္ေၾကာင္း စစ္ေရးလႈပ္ရွားမႈမ်ားအထိ ေတြ႕ရွိလာရပါ တယ္။
တကယ္ေတာ့ ဒီေန႔ကမာၻမွာ ကြန္ဖက္ဒေရးရွင္းမ်ား စုေပါင္းၿပီး တိုင္းျပည္တစ္ခုတည္းအျဖစ္ ထူေထာင္ထားတာ တစ္ႏိုင္ငံမွ မရွိပါဘူး။ ၁၇၇၅-၁၇၈၃ ခုႏွစ္ အဂၤလိပ္ကို ေတာ္လွန္ၿပီး ကြန္ဖက္ဒေရးရွင္းျပည္နယ္မ်ားနဲ႔ ထူ ေထာင္ခဲ့တဲ့ အေမရိကန္ျပည္ေထာင္စုဟာ ယခုလို ျပည္ပ ၿခိမ္းေျခာက္မႈမ်ားကို တြန္းလွန္ႏိုင္မႈ မရွိျခင္းအပါဝင္ အျခား ဘ႑ာေရး ဥပေဒေရးျပႆနာမ်ားေၾကာင့္ (၁၈၆၁-၁၈၆၅ ခုႏွစ္) ျပည္တြင္းစစ္ႀကီး ျဖစ္ခဲ့ရပါတယ္။
ကြန္ဖက္ဒေရးရွင္းမ်ားရဲ႕ အားနည္းခ်က္ကို ျမန္မာျပည္ ဘယ္မီဒီယာ ဘယ္ႏိုင္ငံေရးသမားမွ မေရးၾက မေျပာ ၾကပါဘူး၊ ကေဘာ္ခ်ိဳင့္ဝွမ္းနဲ႔ မဏိပူႏိုင္ငံေရးသမားေတြကေတာ့ ကြန္ဖက္ဒေရးရွင္းထူေထာင္မယ္ဆိုတဲ့ ျမန္မာ လက္နက္ကိုင္မ်ားကို သင္ခန္းစာ ေပးေနပါၿပီ
#HtayOung, #OungMarine
#Kabaw_Vally #Manipur #Myanmar #India #ကသည္း #ကေဘာ္ခ်ိဳင့္ဝွမ္ #ေမေထး #ကူကီ_ခ်င္း