ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်များကို အကန့်အသတ်ဖြင့်သာပြန်ထုတ်ပေးနေခြင်းကြောင့် အေဂျင်စီများ အခက်တွေ့နေ
                        
                            
                             
 1424
 
                             
                            
                            
                         
                        
 
                        ယွန်း (NP News) - မတ် ၁၄
ယာယီရပ်ဆိုင်းထားသည့် OWIC ကတ်များကို အကန့်အသတ်ဖြင့်သာ ပြန်ထုတ်ပေးနေခြင်းကြောင့် အေဂျင်စီများ အနေဖြင့် အခက်အခဲများရှိနေကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များထုတ်ပေးမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၄) ရက်မှစ၍ ယာယီရပ်ဆိုင်းထားခဲ့ရာ လက်ရှိတွင် အကန့်အသတ်များဖြင့် ပြန်လည်ထုတ်ပေးနေကြောင်းသိရသည်။ “လောလောဆယ်တော့ OWIC ကတ်ကို နည်းနည်းစီပေးလုပ်နေတယ်။ လူကအများကြီး ကျန်သေးတယ်။ ဒါပေမဲ့ ဘာစာမှလည်း မထွက်ဘူး။ သတ်မှတ်ချက်လည်းမထွက်ဘူး။ သူတို့ခေါ်ချင်တဲ့ ကုမ္ပဏီကိုခေါ်ပြီးတော့ သင်တန်း တက်ခိုင်းတယ်။ OWIC ကတ်လုပ်ခိုင်းတယ်။ နည်းနည်းစီပဲပေးလုပ်တယ်။ အခုဆိုဂျပန်အေဂျင်စီတွေ တော်တော်ဒု က္ခရောက်တယ်။ လက်မှတ်တွေဆုံး၊ စာချုပ်တွေပျက်နဲ့ ဒုက္ခတွေ ရောက်ကုန်တာ။ ဟိုတစ်လောက စာဝင်လာ တယ်။ (၁၃၈) ယောက်ဆိုပြီး အဲဒီ (၁၃၈)ယောက်က ကျွန်တော်တို့ပါလို့သိရတယ်။ ကျွန်တော်တို့မပါရင် မသိရဘူး။ (၁၃၈) ယောက်ဆိုတာ ကိုယ်တစ်ခုတည်းမဟုတ်ဘူး သူများဟာတွေပါ ပါတယ်” ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ပြောသည်။ 
OWIC များကို အထက်ပါကဲ့သို့ အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများကလည်း လက်ရှိအချိန်အထိ အကြောင်းအရာတစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။ 
“ဘာကြောင့်ဆိုတာလည်း မပြောဘူး။ သတ်မှတ်ချက်ထွက်လာမယ်လို့ပြောပြီး အခုချိန်ထိမထွက်တော့ အကုန်လုံး ဒုက္ခရောက်နေတာပေါ့။ ကြိုလည်းမကြေညာဘူး။ အေဂျင်စီအသစ်လေးတွေဆို ပိုဒုက္ခရောက်တာပေါ့။ အယုံ အကြည်ပျက်သွားတာပေါ့။ တခြားနိုင်ငံသားပဲခေါ်တော့မယ်ဆိုတာမျိုးဖြစ်သွားတာ။ ထိုင်းတွေလည်း လေယာဉ် လက်မှတ် ဆုံးတာတွေအများကြီးပဲ။ ဂျပန်ကတော့အဆိုးဆုံးပဲ။ ဂျပန်ကတော့ အဲဒီလိုမတားသင့်ဘူး။ လုပ်ခလစာ လည်း များတယ်လေ။ နှစ်နိုင်ငံသဘောတူစာချုပ်လည်းရှိတယ်လေ။ လက်ရှိထွက်နေတဲ့သူတွေဆိုရင် အရင်တည်း က ရပြီးသားလူတွေ။ ဟိုဘက်က ခေါ်မယ့်ရက်မရောက်သေးလို့ OWIC ကတ်ကိုင်ပြီးစောင့်နေရတာ။ ဖေဖော်ဝါရီ(၁၄)ကတည်းက OWIC ကတ်အခက်အခဲကဖြစ်နေတာ” ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက် ပြောသည်။ 
ပြည်တွင်း၌ (၁၉၉၀) ပြည့်နှစ်မှ (၂၀၂၄) ခုနှစ် မေလအထိ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို OWIC ထုတ်ပေးမှုအရေအတွက်မှာ နိုင်ငံပေါင်း (၉၉) နိုင်ငံသို့ (၁၈၂၅၃၈၁) ဦးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ပြည်တွင်း၌ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုပေးနေသည့်အေဂျင်စီအရေအတွက်(၆၀ဝ)ကျော် ရှိနေပြီး တရားမဝင်ဆောင်ရွက်နေသူ များလည်းရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြည်ပသို့သွားရောက်လုပ်ကိုင်သောအလုပ်သမား များပြားရာ နိုင်ငံတစ်ခုဖြစ်သည့်အပြင် ပြည်တွင်း၌ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း စတင်ဖြစ်ပွားပြီး နောက်ပိုင်းကာလများ တွင် စီးပွားရေး အဆင်မပြေမှုများ၊ လုပ်ခလစာ နည်းပါးမှုများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်သည့်ပမာဏ ပိုမိုများပြားလာခဲ့သည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
ယာယီရပ္ဆိုင္းထားသည့္ OWIC ကတ္မ်ားကို အကန႔္အသတ္ျဖင့္သာျပန္ထုတ္ေပးေနျခင္းေၾကာင့္ ေအဂ်င္စီမ်ား အခက္ေတြ႕ေန
ယြန္း (NP News) - မတ္ ၁၄
ယာယီရပ္ဆိုင္းထားသည့္ OWIC ကတ္မ်ားကို အကန႔္အသတ္ျဖင့္သာ ျပန္ထုတ္ေပးေနျခင္းေၾကာင့္ ေအဂ်င္စီမ်ား အေနျဖင့္ အခက္အခဲမ်ားရွိေနေၾကာင္း ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ျပည္ပသို႔အလုပ္ျဖင့္ထြက္ခြာရန္ အဓိကက်သည့္ OWIC ကတ္မ်ားထုတ္ေပးမႈကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၄) ရက္မွစ၍ ယာယီရပ္ဆိုင္းထားခဲ့ရာ လက္ရွိတြင္ အကန႔္အသတ္မ်ားျဖင့္ ျပန္လည္ထုတ္ေပးေနေၾကာင္းသိရသည္။ “ေလာေလာဆယ္ေတာ့ OWIC ကတ္ကို နည္းနည္းစီေပးလုပ္ေနတယ္။ လူကအမ်ားႀကီး က်န္ေသးတယ္။ ဒါေပမဲ့ ဘာစာမွလည္း မထြက္ဘူး။ သတ္မွတ္ခ်က္လည္းမထြက္ဘူး။ သူတို႔ေခၚခ်င္တဲ့ ကုမၸဏီကိုေခၚၿပီးေတာ့ သင္တန္း တက္ခိုင္းတယ္။ OWIC ကတ္လုပ္ခိုင္းတယ္။ နည္းနည္းစီပဲေပးလုပ္တယ္။ အခုဆိုဂ်ပန္ေအဂ်င္စီေတြ ေတာ္ေတာ္ဒု ကၡေရာက္တယ္။ လက္မွတ္ေတြဆုံး၊ စာခ်ဳပ္ေတြပ်က္နဲ႔ ဒုကၡေတြ ေရာက္ကုန္တာ။ ဟိုတစ္ေလာက စာဝင္လာ တယ္။ (၁၃၈) ေယာက္ဆိုၿပီး အဲဒီ (၁၃၈)ေယာက္က ကြၽန္ေတာ္တို႔ပါလို႔သိရတယ္။ ကြၽန္ေတာ္တို႔မပါရင္ မသိရဘူး။ (၁၃၈) ေယာက္ဆိုတာ ကိုယ္တစ္ခုတည္းမဟုတ္ဘူး သူမ်ားဟာေတြပါ ပါတယ္” ဟု ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ေျပာသည္။ 
OWIC မ်ားကို အထက္ပါကဲ့သို႔ အကန႔္အသတ္ျဖင့္သာ ထုတ္ေပးေနျခင္းကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားကလည္း လက္ရွိအခ်ိန္အထိ အေၾကာင္းအရာတစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။ 
“ဘာေၾကာင့္ဆိုတာလည္း မေျပာဘူး။ သတ္မွတ္ခ်က္ထြက္လာမယ္လို႔ေျပာၿပီး အခုခ်ိန္ထိမထြက္ေတာ့ အကုန္လုံး ဒုကၡေရာက္ေနတာေပါ့။ ႀကိဳလည္းမေၾကညာဘူး။ ေအဂ်င္စီအသစ္ေလးေတြဆို ပိုဒုကၡေရာက္တာေပါ့။ အယုံ အၾကည္ပ်က္သြားတာေပါ့။ တျခားႏိုင္ငံသားပဲေခၚေတာ့မယ္ဆိုတာမ်ိဳးျဖစ္သြားတာ။ ထိုင္းေတြလည္း ေလယာဥ္ လက္မွတ္ ဆုံးတာေတြအမ်ားႀကီးပဲ။ ဂ်ပန္ကေတာ့အဆိုးဆုံးပဲ။ ဂ်ပန္ကေတာ့ အဲဒီလိုမတားသင့္ဘူး။ လုပ္ခလစာ လည္း မ်ားတယ္ေလ။ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္လည္းရွိတယ္ေလ။ လက္ရွိထြက္ေနတဲ့သူေတြဆိုရင္ အရင္တည္း က ရၿပီးသားလူေတြ။ ဟိုဘက္က ေခၚမယ့္ရက္မေရာက္ေသးလို႔ OWIC ကတ္ကိုင္ၿပီးေစာင့္ေနရတာ။ ေဖေဖာ္ဝါရီ(၁၄)ကတည္းက OWIC ကတ္အခက္အခဲကျဖစ္ေနတာ” ဟု အထက္ပါလုပ္ငန္းရွင္က ဆက္လက္ ေျပာသည္။ 
ျပည္တြင္း၌ (၁၉၉၀) ျပည့္ႏွစ္မွ (၂၀၂၄) ခုႏွစ္ ေမလအထိ ေအဂ်င္စီအစီအစဥ္ျဖင့္ျဖစ္ေစ၊ မိမိအစီအစဥ္ျဖင့္ျဖစ္ေစ ျပည္ပသို႔သြားေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားကို OWIC ထုတ္ေပးမႈအေရအတြက္မွာ ႏိုင္ငံေပါင္း (၉၉) ႏိုင္ငံသို႔ (၁၈၂၅၃၈၁) ဦးရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။ ျပည္တြင္း၌ ျပည္ပ အလုပ္အကိုင္ဝန္ေဆာင္မႈေပးေနသည့္ေအဂ်င္စီအေရအတြက္(၆၀ဝ)ေက်ာ္ ရွိေနၿပီး တရားမဝင္ေဆာင္႐ြက္ေနသူ မ်ားလည္းရွိေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံသည္ ျပည္ပသို႔သြားေရာက္လုပ္ကိုင္ေသာအလုပ္သမား မ်ားျပားရာ ႏိုင္ငံတစ္ခုျဖစ္သည့္အျပင္ ျပည္တြင္း၌ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္း စတင္ျဖစ္ပြားၿပီး ေနာက္ပိုင္းကာလမ်ား တြင္ စီးပြားေရး အဆင္မေျပမႈမ်ား၊ လုပ္ခလစာ နည္းပါးမႈမ်ားႏွင့္ အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္ပသို႔ သြားေရာက္လုပ္ကိုင္သည့္ပမာဏ ပိုမိုမ်ားျပားလာခဲ့သည္။