ကိုရီးယားနိုင်ငံတွင် စစ်ရေးလေ့ကျင့်စဉ် ဒဏ်ရာရရှိခဲ့သော မြန်မာနိုင်ငံသားအတွက် နစ်နာကြေးရရန် ဆွေးနွေး

 2993

(NP News) - မတ် ၁၃

ကိုရီးယားနိုင်ငံတွင် စစ်ရေးလေ့ကျင့်စဉ် ဒဏ်ရာရရှိခဲ့သော မြန်မာနိုင်ငံသားအတွက် နစ်နာကြေးရရန် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ကိုရီးယားလေကြောင်းတပ်ဖွဲ့ဌာနချုပ်မှ ဗိုလ်မှူးကြီး Ka Joon Song နှင့် ကိုရီးယားတပ်မတော်ဆေးရုံ၏ Deputy Planning and Management Officer Ms. Kim Soo Jung တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၆ရက်က တောင်ကိုရီးယားလေတပ် ၏ တိုက်လေယာဉ်တစ်စီးက စစ်ရေးလေ့ကျင့်မှုအတွင်း ဗုံးများကို နေရာမှားယွင်း ကြဲချခဲ့သဖြင့် မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် အရပ်သား ၁၅ ဦး နှင့် တောင်ကိုရီးယားစစ်သား ၁၄ ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။


ယမန်နေ့ (မတ်လ ၁၂ရက်) တွင် မြန်မာသံအမတ်ကြီးသည် ကိုရီးယားသမ္မတနိုင်ငံ၏ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား ဆေးကုသမှုခံယူလျက်ရှိသည့် ဂယောင်းဂီပြည်နယ်၊ ဆောင်းနမ်မြို့နယ်ရှိ တပ်မ တော်ဆေးရုံ (Armed forces Capital Hospital) သို့ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။


ထိုသို့ သွားရောက်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကိုမြင့်ကြည်အား တွေ့ဆုံကာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးဝါးကုသမှုခံယူနေမှု အခြေအနေများအား မေးမြန်းခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ အားပေးစကားပြောကြားခြင်းနှင့် လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ဆေးရုံ၌ ဗိုလ်မှူးကြီး Ka Joon Song နှင့် ကိုရီးယားတပ်မတော်ဆေးရုံ၏ Ms. Kim Soo Jung တို့အား တွေ့ဆုံ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် မြန်မာနိုင်ငံသားအား လိုအပ် သည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်ရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အာမခံဥပဒေပါ အကျိုးခံစားခွင့်များ၊ နစ်နာကြေးများ ရရှိခံစားနိုင်ရေးတို့ကို ဆွေးနွေးတိုက်တွန်းခဲ့ကြောင်း သိရသည်။

Zawgyi Version:
ကိုရီးယားႏိုင္ငံတြင္ စစ္ေရးေလ့က်င့္စဥ္ ဒဏ္ရာရရွိခဲ့ေသာ ျမန္မာႏိုင္ငံသားအတြက္ နစ္နာေၾကးရရန္ ေဆြးေႏြး

(NP News) - မတ္ ၁၃

ကိုရီးယားႏိုင္ငံတြင္ စစ္ေရးေလ့က်င့္စဥ္ ဒဏ္ရာရရွိခဲ့ေသာ ျမန္မာႏိုင္ငံသားအတြက္ နစ္နာေၾကးရရန္ ကိုရီးယားသမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသန္႔စင္ သည္ ကိုရီးယားေလေၾကာင္းတပ္ဖြဲ႕ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီး Ka Joon Song ႏွင့္ ကိုရီးယားတပ္မေတာ္ေဆး႐ုံ၏ Deputy Planning and Management Officer Ms. Kim Soo Jung တို႔ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ မတ္လ ၆ရက္က ေတာင္ကိုရီးယားေလတပ္ ၏ တိုက္ေလယာဥ္တစ္စီးက စစ္ေရးေလ့က်င့္မႈအတြင္း ဗုံးမ်ားကို ေနရာမွားယြင္း ႀကဲခ်ခဲ့သျဖင့္ ျမန္မာႏိုင္ငံသားတစ္ဦးအပါအဝင္ အရပ္သား ၁၅ ဦး ႏွင့္ ေတာင္ကိုရီးယားစစ္သား ၁၄ ဦးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သည္။


ယမန္ေန႔ (မတ္လ ၁၂ရက္) တြင္ ျမန္မာသံအမတ္ႀကီးသည္ ကိုရီးယားသမၼတႏိုင္ငံ၏ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္ခဲ့စဥ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ျမန္မာႏိုင္ငံသား ေဆးကုသမႈခံယူလ်က္ရွိသည့္ ဂေယာင္းဂီျပည္နယ္၊ ေဆာင္းနမ္ၿမိဳ႕နယ္ရွိ တပ္မ ေတာ္ေဆး႐ုံ (Armed forces Capital Hospital) သို႔ သြားေရာက္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္အခ်က္အလက္မ်ားအရ သိရသည္။


ထိုသို႔ သြားေရာက္၍ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ကိုျမင့္ၾကည္အား ေတြ႕ဆုံကာ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ေဆးဝါးကုသမႈခံယူေနမႈ အေျခအေနမ်ားအား ေမးျမန္းခဲ့ၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္ျခင္း၊ အားေပးစကားေျပာၾကားျခင္းႏွင့္ လိုအပ္သည့္ ကူညီေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ တပ္မေတာ္ေဆး႐ုံ၌ ဗိုလ္မႉးႀကီး Ka Joon Song ႏွင့္ ကိုရီးယားတပ္မေတာ္ေဆး႐ုံ၏ Ms. Kim Soo Jung တို႔အား ေတြ႕ဆုံ၍ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည့္ ျမန္မာႏိုင္ငံသားအား လိုအပ္ သည့္ ကူညီေစာင့္ေရွာက္မႈမ်ား ျပဳလုပ္ေပးႏိုင္ေရး၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အာမခံဥပေဒပါ အက်ိဳးခံစားခြင့္မ်ား၊ နစ္နာေၾကးမ်ား ရရွိခံစားႏိုင္ေရးတို႔ကို ေဆြးေႏြးတိုက္တြန္းခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.