ယာဉ်စီးရေ (၉၁၀ဝ) အထိ သယ်ဆောင်နိုင်သော ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘော

162

Pika (NP News) - မတ်လ ၁၃
နော်ဝေးနိုင်ငံ Höegh Autoliners ကုမ္ပဏီကလည်ပတ်သော Höegh Aurora သင်္ဘောသည် ယာဉ်စီးရေ (၉၁၀ဝ) အထိ တင်ဆောင်နိုင်ပြီး ကမ္ဘာ့အကြီးဆုံးယာဉ်တင် သင်္ဘောအဖြစ် တရားဝင်သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
Höegh Aurora သင်္ဘောကို တရုတ်နိုင်ငံ Jiangsu က ပြည်နယ်ရှိ China Merchants Heavy Industry (CMHI) ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ၎င်း၏ခရီးစဉ်ကို စတင်ခဲ့ ကြောင်း သိရသည်။
Höegh Aurora သင်္ဘောသည် အနံ(၃၇ ဒသမ ၅)မီတာ၊ အလျား(၁၉၉ ဒသမ ၉)မီတာရှိပြီး အမျိုးမျိုးသောယာဉ်များကို သယ်ယူပို့ဆောင်နိုင်ခြင်းအတွက် ကမ္ဘာ့အကြီးဆုံး Pure Car and Truck Carrier (PCTC) သင်္ဘောအဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။
ထို့ပြင် Höegh Aurora သင်္ဘောသည် ကုန်းပတ်များခိုင်ခံ့ကာ အတွင်းပိုင်းတွင်သွားလာနိုင်သော လမ်းများကောင်းမွန်မှုနှင့်အတူ ကုန်းပတ်(၁၄)ခုစလုံးတွင် ကြီးမားသောလျှပ်စစ်ယာဉ်များကို သယ်ဆောင်နိုင်ကြောင်းလည်း သိရသည်။ Höegh Aurora သင်္ဘောသည် ယာဉ်အစီးရေ (၉၁၀ဝ) တင်ဆောင်နိုင်မှုနှင့်အတူ ကမ္ဘာ့အကြီးဆုံးယာဉ်တင်သင်္ဘောအဖြစ် အခြားယာဉ်တင် သင်္ဘောများအားလုံးကို ကျော်တက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ကြီးမားသောအရွယ်အစား နှင့် သယ်ဆောင်နိုင်စွမ်းသည် Höegh Aurora သင်္ဘော၏ စွဲမက်စရာကောင်းသော တစ်ခုတည်းသောအချက်မဟုတ်ကြောင်း သိရသည်။Höegh Aurora သင်္ဘောအပေါ်ထပ်တွင် စတုရန်းမီတာ(၁၅၀ဝ)ကျယ်ဝန်းသော ဆိုလာပြားများပါရှိပြီး မီးစက်များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို (၃၀-၃၅)ရာခိုင်နှုန်းခန့် လျှော့ချပေးကြောင်းလည်း သိရသည်။

Zawgyi Version:
ယာဥ္စီးေရ (၉၁၀ဝ) အထိ သယ္ေဆာင္ႏိုင္ေသာ ကမာၻ႔အႀကီးဆုံး ယာဥ္တင္သေဘၤာ
Pika (NP News) - မတ္လ ၁၃
ေနာ္ေဝးႏိုင္ငံ Höegh Autoliners ကုမၸဏီကလည္ပတ္ေသာ Höegh Aurora သေဘၤာသည္ ယာဥ္စီးေရ (၉၁၀ဝ) အထိ တင္ေဆာင္ႏိုင္ၿပီး ကမာၻ႔အႀကီးဆုံးယာဥ္တင္ သေဘၤာအျဖစ္ တရားဝင္သတ္မွတ္ခံခဲ့ရေၾကာင္း သိရသည္။
Höegh Aurora သေဘၤာကို တ႐ုတ္ႏိုင္ငံ Jiangsu က ျပည္နယ္ရွိ China Merchants Heavy Industry (CMHI) ကုမၸဏီက တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္တြင္ ၎၏ခရီးစဥ္ကို စတင္ခဲ့ ေၾကာင္း သိရသည္။
Höegh Aurora သေဘၤာသည္ အနံ(၃၇ ဒသမ ၅)မီတာ၊ အလ်ား(၁၉၉ ဒသမ ၉)မီတာရွိၿပီး အမ်ိဳးမ်ိဳးေသာယာဥ္မ်ားကို သယ္ယူပို႔ေဆာင္ႏိုင္ျခင္းအတြက္ ကမာၻ႔အႀကီးဆုံး Pure Car and Truck Carrier (PCTC) သေဘၤာအျဖစ္ သတ္မွတ္ခံထားရေၾကာင္း သိရသည္။
ထို႔ျပင္ Höegh Aurora သေဘၤာသည္ ကုန္းပတ္မ်ားခိုင္ခံ့ကာ အတြင္းပိုင္းတြင္သြားလာႏိုင္ေသာ လမ္းမ်ားေကာင္းမြန္မႈႏွင့္အတူ ကုန္းပတ္(၁၄)ခုစလုံးတြင္ ႀကီးမားေသာလွ်ပ္စစ္ယာဥ္မ်ားကို သယ္ေဆာင္ႏိုင္ေၾကာင္းလည္း သိရသည္။ Höegh Aurora သေဘၤာသည္ ယာဥ္အစီးေရ (၉၁၀ဝ) တင္ေဆာင္ႏိုင္မႈႏွင့္အတူ ကမာၻ႔အႀကီးဆုံးယာဥ္တင္သေဘၤာအျဖစ္ အျခားယာဥ္တင္ သေဘၤာမ်ားအားလုံးကို ေက်ာ္တက္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္လည္း ႀကီးမားေသာအ႐ြယ္အစား ႏွင့္ သယ္ေဆာင္ႏိုင္စြမ္းသည္ Höegh Aurora သေဘၤာ၏ စြဲမက္စရာေကာင္းေသာ တစ္ခုတည္းေသာအခ်က္မဟုတ္ေၾကာင္း သိရသည္။Höegh Aurora သေဘၤာအေပၚထပ္တြင္ စတုရန္းမီတာ(၁၅၀ဝ)က်ယ္ဝန္းေသာ ဆိုလာျပားမ်ားပါရွိၿပီး မီးစက္မ်ားမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈကို (၃၀-၃၅)ရာခိုင္ႏႈန္းခန႔္ ေလွ်ာ့ခ်ေပးေၾကာင္းလည္း သိရသည္။