မြန်မာ့အရေးတွင် ဝင်စွက်ဖက်သော မီဇိုရမ် ဝန်ကြီးချုပ်၏ လုပ်ရပ်နှင့် ပတ်သက်၍ အကြောင်းပြချက် ပေး သော စကားမှာ မမှန်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ငြင်းပယ်

 4332

ပုံစာ - မီဇိုရမ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်တွင် တွေ့မြင်ရစဥ်
သုတကျော် (NP News) – မတ်( ၁၃ )
မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့သော မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်၏ လုပ်ရပ်နှင့် ပတ်သက်၍ အကြောင်းပြ ချက် ပေးသော စကားမှာ မမှန်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ Shri Randhir Jaiswal က အဆိုပါ ဝန်ကြီးဌာန ၏ မတ်လ ၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ၏ ဦးဆောင်မှု ဖြင့် မီဇိုရမ်ပြည်နယ်၊ အိုက် ဇောလ်မြို့တွင် ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပေါင်းစည်း ခဲ့ကြခြင်း ဖြစ်သည်။
ယင်းအပြုအမူနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ချင်းလက်နက်ကိုင် အဖွဲ့များ ပေါင်းစည်းညီညွတ်စေရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု မီဇိုရမ် ပြည်နယ် မှ လွှတ်တော်အမတ် Lalmuanpuia Punte က အိန္ဒိယ နိုင်ငံမှ မီဒီယာအချို့ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် The WEEK မီဒီယာမှ သတင်းထောက်က အထက်ပါ မီဇိုရမ် ပြည်နယ် လွှတ်တော်အမတ်၏ စကားအပေါ် တုံ့ပြန်ချက်ပေးရန် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မီဇိုရမ် တွင်ဖြစ်ပေါ်နေသော အခြေအနေများကို သတင်းများ ရရှိထားကြောင်း၊ မြန်မာနိုင်ငံ နှင့် ပတ်သက်သော အိန္ဒိယ ၏ သဘောထားကို အလွန်ရှင်းလင်းစွာ သိစေပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့် ရှိသူ Shri Randhir Jaiswal က ဆိုသည်။
“နိုင်ငံခြားရေးရာ မူဝါဒကိစ္စတွေနဲ့ ပတ်သက်လာရင် ဒီကိစ္စတွေဟာ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်နယ်ပယ်ထဲမှာ မပါဝင်ဘူးဆိုတာကိုလည်း ထပ်လောင်းပြောချင်ပါတယ်” ဟု ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

Zawgyi Version:
ျမန္မာ့အေရးတြင္ ဝင္စြက္ဖက္ေသာ မီဇိုရမ္ ဝန္ႀကီးခ်ဳပ္၏ လုပ္ရပ္ႏွင့္ ပတ္သက္၍ အေၾကာင္းျပခ်က္ ေပး ေသာ စကားမွာ မမွန္ေၾကာင္း အိႏၵိယ ႏိုင္ငံျခားေရး ျငင္းပယ္
သုတေက်ာ္ (NP News) – rwf 12
ျမန္မာ့အေရးတြင္ ဝင္ေရာက္စြက္ဖက္ခဲ့ေသာ မီဇိုရမ္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္၏ လုပ္ရပ္ႏွင့္ ပတ္သက္၍ အေၾကာင္းျပ ခ်က္ ေပးေသာ စကားမွာ မမွန္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရး ဝန္ႀကီးဌာန ၏ ေျပာေရး ဆိုခြင့္ ရွိသူ Shri Randhir Jaiswal က အဆိုပါ ဝန္ႀကီးဌာန ၏ မတ္လ ၇ ရက္က ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ျငင္းဆိုေျပာၾကားခဲ့သည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၆ ရက္က မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Pu Lalduhoma ၏ ဦးေဆာင္မႈ ျဖင့္ မီဇိုရမ္ျပည္နယ္၊ အိုက္ ေဇာလ္ၿမိဳ႕တြင္ ခ်င္းျပည္ (Chinland) ေကာင္စီႏွင့္ ၾကားကာလခ်င္းအမ်ိဳးသားအတိုင္ပင္ခံေကာင္စီ (ICNCC) တို႔ ေပါင္းစည္း ခဲ့ၾကျခင္း ျဖစ္သည္။
ယင္းအျပဳအမူႏွင့္ ပတ္သက္၍ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေမတၱာရပ္ခံခ်က္အရ ခ်င္းလက္နက္ကိုင္ အဖြဲ႕မ်ား ေပါင္းစည္းညီၫြတ္ေစရန္ မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ႀကိဳးပမ္းခဲ့ျခင္း ျဖစ္သည္ဟု မီဇိုရမ္ ျပည္နယ္ မွ လႊတ္ေတာ္အမတ္ Lalmuanpuia Punte က အိႏၵိယ ႏိုင္ငံမွ မီဒီယာအခ်ိဳ႕ကို ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အဆိုပါ အေၾကာင္းအရာႏွင့္ ပတ္သက္၍ သတင္းစာ ရွင္းလင္းပြဲတြင္ The WEEK မီဒီယာမွ သတင္းေထာက္က အထက္ပါ မီဇိုရမ္ ျပည္နယ္ လႊတ္ေတာ္အမတ္၏ စကားအေပၚ တုံ႔ျပန္ခ်က္ေပးရန္ ေမးျမန္းခဲ့ျခင္း ျဖစ္သည္။
မီဇိုရမ္ တြင္ျဖစ္ေပၚေနေသာ အေျခအေနမ်ားကို သတင္းမ်ား ရရွိထားေၾကာင္း၊ ျမန္မာႏိုင္ငံ ႏွင့္ ပတ္သက္ေသာ အိႏၵိယ ၏ သေဘာထားကို အလြန္ရွင္းလင္းစြာ သိေစၿပီး ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ၏ ေျပာေရးဆိုခြင့္ ရွိသူ Shri Randhir Jaiswal က ဆိုသည္။
“ႏိုင္ငံျခားေရးရာ မူဝါဒကိစၥေတြနဲ႔ ပတ္သက္လာရင္ ဒီကိစၥေတြဟာ ျပည္နယ္အစိုးရေတြရဲ႕ လုပ္ပိုင္ခြင့္နယ္ပယ္ထဲမွာ မပါဝင္ဘူးဆိုတာကိုလည္း ထပ္ေလာင္းေျပာခ်င္ပါတယ္” ဟု ၎က သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာသည္။

Related news

© 2021. All rights reserved.