မန္တလေးတွင် တစ်ပတ်ကျော်အကြာပျောက်ဆုံးနေသော ကလေးငယ်(၂)ဦး၏ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိကာ သတ်ဖြတ်မှု ကျူးလွန်သူ(၃)ဦးကိုလည်း ဖမ်းဆီးရမိထား

1968

သန့်ဇင်(NP News)-မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် တစ်ပတ်ကျော်အကြာပျောက်ဆုံးနေသော ကလေးငယ်(၂)ဦး၏ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိကာ သတ်ဖြတ်မှု ကျူးလွန်သူ(၄)ဦးအနက် (၃)ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကလေးငယ်(၂)ဦးသည် ပြီးခဲ့သည့် မတ်လ ၂ရက်က ပြည်ကြီးတံခွန်မြို့နယ်တွင်စတင်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြန်တွေ့တာက ကျောက်တုံးတွေနဲ့ ကျောက်တောင်တွေဘက်ဆိုတော့ အုန်းတောဘက်ထင်တာပေါ့နော်။ သေချာတော့မသိဘူးပေါ့နော်။ ၁၀ရက်နေ့က သတ်တဲ့လူတွေကိုမိတယ်တဲ့။ အဲဒါတောင်ဖုန်းတွေဘာတွေကို ခြေရာခံရင်းနဲ့မိတာ။ (၄)ယောက်မှာ (၃)ယောက်ပဲမိ သေး တာ။ တစ်ယောက်ကတော့မမိသေးဘူး။ ကလေးလေးတွေကိုဗျာလုပ်ရက်လိုက်တာ။ သူ့အစ်မတောင် Facebookမှာ တင်ထား သေးတယ် ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။
သတ်ဖြတ်ခံထားရသော ကလေးငယ်(၂)ဦးမှာ အသက်(၁၃)နှစ်အရယ် မောင်အောင်ခန့်ဦးနှင့် အသက်(၁၀)နှစ်အရွယ် မောင်ပြည့်စုံ ကျော် တို့ဖြစ်ပြီး ၎င်းတို့(၂)ဦး၏ ရုပ်အလောင်းများကို မတ်လ ၁၀ရက်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လပြည့် မောင်လေးက(၃)လပိုင်း ၂ရက်နေ့ညနေတည်းက ပျောက်နေခဲ့ပြီးတော့ မနေ့က10ရက်နေ့မှသတ်ခဲ့ကောင်တေကိုယ်တိုင် က၀န်ခံခဲ့လို့ အသတ်မပါတော့ကလေးအလောင်းကိုပြန်တွေ့ခဲ့ရတယ်။ သတ်တဲ့သူတေကမောင်လေးနဲ့အသိတေပါပဲ။ ပျောက်တဲ့နေ့က သူတို့အိမ်မှာ ကလေးဖုန်းကိုတွေ့လို့ရဲတွေစစ်နေခဲ့ပေမယ့်၀န်မခံပဲ နောက်ဆုံးရိုက်စစ်တော့မှ၀န်ခံခဲ့တာပါ။ ပြန်မခုခံနိုင်တဲ့ကလေးလေး နှစ်ယောက်ကို လူ(၄)ယောက်ပေါင်းပြီးသတ်ခဲ့ကြတယ်တဲ့လေ။ သူတို့က (၂)ရက်နေ့တည်းကသတ်ပြီးပစ်ထားခဲ့တာမို့ ရက်ကြာ သွားတာ ရော လက်တေခြေထောက်တေရိုက်ချိုးခံထားရတာရောမို့ရုပ်တောင်မမှတ်မိနိုင်လောက်အောင်ဖြစ်နေခဲ့တာ။ ၀တ်ထားတဲ့အ၀တ်စား လေးတွေကြောင့်သာ မောင်လေးအလောင်းဆိုတာလက်မခံချင်ပဲလက်ခံခဲ့ရတာ မောင်လေးနဲ့အတူပါသွားတဲ့ (၁)နှစ်ကလေးလေးဆို ခေါင်းတောင်ပါမလာတော့သလိုခြေတေလက်တေတောင်မစုံတော့ပါဘူး လပြည့် မောင်လေးကတော့ အပြည့်စုံပါနေသေးပေမယ့် ပါတယ်ဆိုရုံလေးပဲမို့ ရက်ကြာသွားလို့ကလေးအလောင်းကကိုင်ဖို့တောင်အဆင်မပြေတာမို့ ဆေးရုံကအလောင်းတောင်အိမ်ပြန် သယ်လို့မရခဲ့ဘူး”ဟု မောင်အောင်ခန့်ဦး၏ အစ်မဝမ်းကွဲဖြစ်သူက ၎င်း၏လူမှုကွန်ယက် Facebookစာမျက်နှာတွင် ပြန်လည်ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
သတ်ဖြတ်ကျူးလွန်သူများမှာ သေဆုံးသူကလေးငယ်(၂)ဦးနှင့် သိကျွမ်းသူများဖြစ်ပြီး သေဆုံးသူကလေးငယ်တစ်ဦး၏ ဖုန်းအား ကျူးလွန် သူတစ်ဦးထံမှ ပြန်လည်တွေ့ရှိရာမှ ကွင်းဆက်ကျူးလွန်သူ(၃)ဦးအထံဖမ်းဆီးနိုင်ခဲ့ကာ တစ်ဦးမှာထွက်ပေးလွတ်မြောက် နေဆဲဖြစ် ကြောင်း သိရသည်။
မတ်လ ၁၁ရက်တွင် သေဆုံးသူကလေးငယ်(၂)ဦး၏ ရုပ်အလောင်းများကို သင်္ဂြိုလ်ခဲ့ရကာ ထွက်ပြေးလွတ်မြောက်နေသော ကျူးလွန်သူ တစ်ဦးအားဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အဘယ့်ကြောင့် သတ်ဖြတ်ခဲ့ရသည်ကို တိတိကျကျသိရခြင်းမရှိသေးပေ။

Zawgyi Version:
မႏၲေလးတြင္ တစ္ပတ္ေက်ာ္အၾကာေပ်ာက္ဆုံးေနေသာ ကေလးငယ္(၂)ဦး၏႐ုပ္အေလာင္းမ်ားကို ျပန္လည္ေတြ႕ရွိကာ သတ္ျဖတ္မႈ က်ဴးလြန္သူ(၃)ဦးကိုလည္း ဖမ္းဆီးရမိထား
သန႔္ဇင္(NP News)-မတ္ ၁၃
မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ တစ္ပတ္ေက်ာ္အၾကာေပ်ာက္ဆုံးေနေသာ ကေလးငယ္(၂)ဦး၏႐ုပ္အေလာင္းမ်ားကို ျပန္လည္ေတြ႕ရွိကာ သတ္ျဖတ္မႈ က်ဴးလြန္သူ(၄)ဦးအနက္ (၃)ဦးကိုလည္း ဖမ္းဆီးရမိထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
အဆိုပါကေလးငယ္(၂)ဦးသည္ ၿပီးခဲ့သည့္ မတ္လ ၂ရက္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္စတင္ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျပန္ေတြ႕တာက ေက်ာက္တုံးေတြနဲ႔ ေက်ာက္ေတာင္ေတြဘက္ဆိုေတာ့ အုန္းေတာဘက္ထင္တာေပါ့ေနာ္။ ေသခ်ာေတာ့မသိဘူးေပါ့ေနာ္။ ၁၀ရက္ေန႔က သတ္တဲ့လူေတြကိုမိတယ္တဲ့။ အဲဒါေတာင္ဖုန္းေတြဘာေတြကို ေျခရာခံရင္းနဲ႔မိတာ။ (၄)ေယာက္မွာ (၃)ေယာက္ပဲမိ ေသး တာ။ တစ္ေယာက္ကေတာ့မမိေသးဘူး။ ကေလးေလးေတြကိုဗ်ာလုပ္ရက္လိုက္တာ။ သူ႔အစ္မေတာင္ Facebookမွာ တင္ထား ေသးတယ္ ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP Newsကိုေျပာသည္။
သတ္ျဖတ္ခံထားရေသာ ကေလးငယ္(၂)ဦးမွာ အသက္(၁၃)ႏွစ္အရယ္ ေမာင္ေအာင္ခန႔္ဦးႏွင့္ အသက္(၁၀)ႏွစ္အ႐ြယ္ ေမာင္ျပည့္စုံ ေက်ာ္ တို႔ျဖစ္ၿပီး ၎တို႔(၂)ဦး၏ ႐ုပ္အေလာင္းမ်ားကို မတ္လ ၁၀ရက္တြင္ ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လျပည့္ ေမာင္ေလးက(၃)လပိုင္း ၂ရက္ေန႔ညေနတည္းက ေပ်ာက္ေနခဲ့ၿပီးေတာ့ မေန႔က10ရက္ေန႔မွသတ္ခဲ့ေကာင္ေတကိုယ္တိုင္ က၀န္ခံခဲ့လို႔ အသတ္မပါေတာ့ကေလးအေလာင္းကိုျပန္ေတြ႕ခဲ့ရတယ္။ သတ္တဲ့သူေတကေမာင္ေလးနဲ႔အသိေတပါပဲ။ ေပ်ာက္တဲ့ေန႔က သူတို႔အိမ္မွာ ကေလးဖုန္းကိုေတြ႕လို႔ရဲေတြစစ္ေနခဲ့ေပမယ့္၀န္မခံပဲ ေနာက္ဆုံး႐ိုက္စစ္ေတာ့မွ၀န္ခံခဲ့တာပါ။ ျပန္မခုခံႏိုင္တဲ့ကေလးေလး ႏွစ္ေယာက္ကို လူ(၄)ေယာက္ေပါင္းၿပီးသတ္ခဲ့ၾကတယ္တဲ့ေလ။ သူတို႔က (၂)ရက္ေန႔တည္းကသတ္ၿပီးပစ္ထားခဲ့တာမို႔ ရက္ၾကာ သြားတာ ေရာ လက္ေတေျခေထာက္ေတ႐ိုက္ခ်ိဳးခံထားရတာေရာမို႔႐ုပ္ေတာင္မမွတ္မိႏိုင္ေလာက္ေအာင္ျဖစ္ေနခဲ့တာ။ ၀တ္ထားတဲ့အ၀တ္စား ေလးေတြေၾကာင့္သာ ေမာင္ေလးအေလာင္းဆိုတာလက္မခံခ်င္ပဲလက္ခံခဲ့ရတာ ေမာင္ေလးနဲ႔အတူပါသြားတဲ့ (၁)ႏွစ္ကေလးေလးဆို ေခါင္းေတာင္ပါမလာေတာ့သလိုေျခေတလက္ေတေတာင္မစုံေတာ့ပါဘူး လျပည့္ ေမာင္ေလးကေတာ့ အျပည့္စုံပါေနေသးေပမယ့္ ပါတယ္ဆို႐ုံေလးပဲမို႔ ရက္ၾကာသြားလို႔ကေလးအေလာင္းကကိုင္ဖို႔ေတာင္အဆင္မေျပတာမို႔ ေဆး႐ုံကအေလာင္းေတာင္အိမ္ျပန္ သယ္လို႔မရခဲ့ဘူး”ဟု ေမာင္ေအာင္ခန႔္ဦး၏ အစ္မဝမ္းကြဲျဖစ္သူက ၎၏လူမႈကြန္ယက္ Facebookစာမ်က္ႏွာတြင္ ျပန္လည္ေရးသား ေဖာ္ျပထားသည္ကို ေတြ႕ရသည္။
သတ္ျဖတ္က်ဴးလြန္သူမ်ားမွာ ေသဆုံးသူကေလးငယ္(၂)ဦးႏွင့္ သိကြၽမ္းသူမ်ားျဖစ္ၿပီး ေသဆုံးသူကေလးငယ္တစ္ဦး၏ ဖုန္းအား က်ဴးလြန္ သူတစ္ဦးထံမွ ျပန္လည္ေတြ႕ရွိရာမွ ကြင္းဆက္က်ဴးလြန္သူ(၃)ဦးအထံဖမ္းဆီးႏိုင္ခဲ့ကာ တစ္ဦးမွာထြက္ေပးလြတ္ေျမာက္ ေနဆဲျဖစ္ ေၾကာင္း သိရသည္။
မတ္လ ၁၁ရက္တြင္ ေသဆုံးသူကေလးငယ္(၂)ဦး၏ ႐ုပ္အေလာင္းမ်ားကို သၿဂႋဳလ္ခဲ့ရကာ ထြက္ေျပးလြတ္ေျမာက္ေနေသာ က်ဴးလြန္သူ တစ္ဦးအားဖမ္းဆီးရမိေရး သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိၿပီး အဘယ့္ေၾကာင့္ သတ္ျဖတ္ခဲ့ရသည္ကို တိတိက်က်သိရျခင္းမရွိေသးေပ။