ဂျာမနီရွေးကောက်ပွဲရလဒ် နှင့် လက်ယာစွန်းဘက်ရွေ့လာသည့်နိုင်ငံရေးမြင်ကွင်း

338

သန်းထိုက်စိုး (NP News) - မတ် ၁၄
(၂၀၂၅)ခုနှစ် ဂျာမန်ဖက်ဒရယ်ရွေးကောက်ပွဲသည် ဥရောပနိုင်ငံရေးမြင်ကွင်းတွင် အရွေ့တစ်ခု မြင်တွေ့ခဲ့ ကြရခြင်းဖြစ်သည်။ Christian Democratic Union (CDU^CSU) ပါတီသည် မဲအရေအတွက် ၏ (၂၈.၅) ရာခိုင်နှုန်းဖြင့် အခိုင်မာဆုံး ထောက်ခံမှုရရှိသည့်ပါတီအဖြစ် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန် တည်းမှာပင် Alternative for Germany (AFD) ပါတီသည် (၂၀.၈)ရာခိုင်နှုန်း ထောက်ခံမှုရရှိခဲ့သည်။
အဆိုပါ မဲရလဒ်သည် ဂျာမန်လူ့အဖွဲ့အစည်းတွင် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီကြားတွင် ဒေသအရ လည်းကောင်း၊ မျိုးဆက်နှင့် အိုက်ဒီရော်လော်ဂျီအရလည်းကောင်း ကွဲပြားနေဆဲဖြစ်သည်ကို ညွှန်ပြနေ ခြင်းဖြစ်သည်။ အနောက် ဂျာမနီသည် Christian Democratic Union (CDU/CSU) ပါတီကိုထောက်ခံပြီး အရှေ့ဂျာမနီ သည် Alternative for Germany (AFD) ပါတီကို ထောက်ခံအား ပေးနေကြခြင်းဖြစ်သည် ဟု အဓိပ္ပာယ် ထွက်နေခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံရေးတွင် ညွန့်ပေါင်းအစိုးရ တစ်ရပ် ပြိုကွဲသွားပြီး နောက် ဂျာမနီ၏ အနာဂတ်ဦးတည်ရာလမ်းကြောင်း အထူးသဖြင့် လုံခြုံရေး၊ စီးပွားရေးမူဝါဒနှင့် အီးယူ အတွင်း ဂျာမနီ၏အခန်းကဏ္ဍတို့နှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။
ဂျာမနီရွေးကောက်ပွဲသည် ပြည်တွင်းရေးရာများအပြင် ဂျာမနီနိုင်ငံခြားရေးမူဝါဒ၊ အမေရိကန် နှင့် ဆက်ဆံရေး၊ ယူကရိန်းစစ်ပွဲတွင် ဂျာမနီနိုင်ငံ၏ အခန်းကဏ္ဍတို့နှင့်ပတ်သက်၍ အရေးကြီးသည့် ပထဝီ နိုင်ငံရေးကာလတစ်ခုကို ရောက်ရှိနေပြီဆို သည်ကိုလည်း ညွှန်ပြနေခြင်းဖြစ်သည်။ ယူကရိန်း စစ်ပွဲသည် ဂျာမနီနိုင်ငံ၏စီးပွားရေးနှင့် လုံခြုံရေးရပ်တည်ချက်ကို များစွာထိခိုက်စေခဲ့သည်။ နေတိုး၏ အနာဂတ်၊ ဥရောပ၏ ကာကွယ်ရေးနှင့်ပတ်သက်၍ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေး ကြိုး ပမ်းနေမှုအပေါ်တွင် အချေအတင်အငြင်းပွားနေကြခြင်းမှာ ဂျာမနီ၏မူဝါဒ အဝန်းအဝိုင်းအတွင်း၌ အဆင် ပြေ ချောမွေ့မှုမရှိကြောင်း အချက်ပြနေခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံ၏ အဓိပတိဖြစ်လာနိုင်သည့် Christian Democratic Union (CDU/CSU) ခေါင်းဆောင် Friedrich Merz သည် အတ္တလန္တိတ် သမုဒ္ဒရာ တစ်ဖက်တစ်ချက်ရှိနိုင်ငံများနှင့် ဆက်ဆံရေး၊ ဥရောပလုံခြုံရေး၊ ယူကရိန်းနိုင်ငံကို ဆက်လက် အကူ အညီ ပေးရေးတို့နှင့်ပတ်သက်၍ ဂျာမနီ၏ရပ်တည်ချက်ကို ပုံဖော်ပေးမည်ဖြစ်သည်။ အဆိုပါ ကိစ္စရပ်များ သည် လာမည့်လများအတွင်း ဂျာမနီနိုင်ငံ၏အလိုင်းမင်းပြန်လည် တည့်မတ်မှုနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးညှိနှိုင်းမှုအပေါ် လွှမ်းမိုးသွားဖွယ်ရှိသည်။
Christian Democratic Union (CDU/CSU) သက်ကြီးပိုင်းမဲဆန္ဒရှင်များ၊ အထူးသဖြင့် အသက် (၆၀)နှင့်အထက်၊ မဲဆန္ဒရှင် အားလုံး၏ (၄၀)ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုကိုရရှိခဲ့ခြင်း ဖြစ်သည်။ သို့ သော် အသက် (၁၈)နှစ်နှင့် (၃၄)နှစ်ကြား လူငယ်မဲဆန္ဒရှင်များမှာမူ Alternative for Germany (AFD) ကို ပိုမိုထောက်ခံခဲ့ကြသည်။ Social Democratic Party(SPD) သည် လက်ဝဲစွန်း လူငယ်မဲဆန္ဒရှင်များ ၏ထောက်ခံမှု သိသိသာသာကျ ဆင်းသွားခဲ့သည်။ အဆိုပါလူငယ်များ၏ ထောက်ခံမှုသည် Die Linke ပါတီနှင့် အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သည့် Sahra Wagenknecht Alliance ပါတီဘက်သို့ ရောက်ရှိ သွားခဲ့သည်။ Christian Democratic Union (CDU/CSU) ပါတီခေါင်းဆောင် Friedrich Merz သည် စီးပွားရေးတည်ငြိမ်မှု၊ ဥရောပစည်းလုံးညီညွတ်မှုနှင့် လုံခြုံရေးအရ စိုးရိမ်စရာများအပေါ် အဓိကထားပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေး သဘောတူညီချက်ရရှိရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ပါတီနှစ်ခု သို့မဟုတ် သုံးခုပါဝင်မည့်ညွန့်ပေါင်းအစိုးရသည် စီးပွားရေးပြန်လည်နာလန်ထူရေး၊ ကာကွယ်ရေးနှင့် ယူကရိန်း အရေး စသည့် ကြီးမားသည့်စိန်ခေါ်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ဂျာမနီစီးပွားရေးကျဆင်းခြင်းသည် ငွေ ကြေးဖောင်းပွမှု၊ စွမ်းအင်အမှီအခိုကင်းရေး၊ ကမ္ဘာလုံး ဆိုင်ရာ ကုန်ထုတ်လုပ်မှုကွင်းဆက်ပျက်ယွင်းသွားခြင်းတို့ကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်ရာ အရေးတကြီး တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။ အစိုးရသစ်အနေဖြင့် ကော်ပိုရိတ်ခွန်များကောက်ခံမှု ပြုပြင် ပြောင်းလဲရေး၊ စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ရေး၊ ကျွမ်းကျင်လုပ်သားရှားပါးမှု ကုစားနိုင်ရေး အတွက် ကျွမ်းကျင်လုပ်သားများ ရောက်ရှိလာစေရေး မက်လုံးပေးမှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်။
ထို့ပြင် Friedrich Merz အနေဖြင့် ဥရောပလုံခြုံရေးအတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရေး အရှိန်မြှင့်ဆောင်ရွက်နေသည့် တစ်ချိန် တည်းမှာပင် အမေရိကန်အပေါ် မှီခိုမှုလျှော့ချနိုင် မည့်နည်းလမ်းများရှာဖွေခြင်း၊ နိုင်ငံခြားရေးမူဝါဒနှင့် ကာကွယ်ရေးကိစ္စရပ်များတွင် အမှီအခိုကင်း စေရေး ဦးစားပေးဆောင်ရွက်ရန်လည်း နည်းလမ်းရှာဆောင်ရွက်လာနိုင်သည်။ ကိုယ့်အားကိုယ်ကိုး အီးယူ၏ ကာကွယ်ရေးမူဝါဒဖြစ်စေရေး ဂျာမနီ၏ကြိုးပမ်းဆောင်ရွက်မှုအပေါ် နေတိုးမဟာမိတ်များနှင့် အီးယူမိတ်ဖက်များကလည်း အနီးကပ်စောင့်ကြည့်နေကြမည်ဖြစ်သည်။ Friedrich Merz သည် အီးယူ၏ လုံခြုံရေး နှင့်ပတ်သက်၍ ဂျာမနီ၏အခန်းကဏ္ဍ ပြန်လည်ရရှိရေးအတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ပြီး ယူကရိန်းကိုဆက်လက်ပံ့ပိုးကူညီမည်ဟုလည်း ကတိပြုထားသူဖြစ်သည်။
မကြာသေးမီကဖြစ်ပေါ်ခဲ့သည့် ပထဝီ နိုင်ငံရေးအရွေ့များဖြစ်သည့် သမ္မတဒေါ်နယ်ထရမ့် နှင့် သမ္မတ ဗလာဒီမာပူတင်တို့၏ ကိုယ်စားလှယ်များသည် ဆော်ဒီနိုင်ငံ Riyadh မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်းအပေါ်တွင်လည်း အချေအတင်အငြင်း ပွားစရာများဖြစ်လာခဲ့သည်။ ယင်းတွေ့ဆုံမှုသည် ဥရောပ မဟာမိတ်များအတွက် အချက်ပေးခေါင်းလောင်းထိုးသံလည်း ဖြစ်ခဲ့သည်။ ဥရောပခေါင်းဆောင်များ သည် အဆိုပါတွေ့ဆုံမှုကိုတုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းလုံခြုံရေးကိစ္စများတွင် ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်နိုင်ရေး နည်းလမ်းရှာဖွေရန်နှင့် ဥရောပငြိမ်းချမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးဆွေးနွေး ရန် ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ညီလာခံ တစ်ရပ်ကျင်းပခဲ့ကြသည်။ မတ်လအစောပိုင်းတွင်လည်း ယူကရိန်း နှင့်ပတ်သက်၍ အီးယူလုံခြုံရေးမဟာ ဗျူဟာတစ်ရပ်ရေးဆွဲနိုင်ရေး အီးယူထိပ်သီးဆွေးနွေး ပွဲတစ်ရပ်ကျင်းပရန်လည်း စိုင်းပြင်းလျက်ရှိသည်။ အမေရိကန် ဒုသမ္မတ D Vance သည် မြူးနစ် လုံခြုံ ရေး ကွန်ဖရင့်တွင် ဥရောပလုံခြုံရေးဆောင်ရွက်ရာ၌ အမေရိကန်၏အခန်းကဏ္ဍ ပိုမိုတင်းကြပ်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့ရာ ဂျာမနီနှင့်အီးယူအတွက် ၎င်းတို့၏ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်များကို ပြန်လည်သုံးသပ်ရန်လိုအပ်နေပြီဆိုသည်ကို အချက်ပေးနေခြင်းလည်း ဖြစ်သည်။
ဂျာမနီအရှေ့ပိုင်းတွင် Alternative for Germany (AFD) ပါတီ အနိုင်ရရှိလိုက်ခြင်းသည် စီးပွားရေးတုံ့နှေးနေမှု၊ ရွှေ့ပြောင်းလုပ်သားမူဝါဒနှင့် နိုင်ငံရေးအီလစ်တို့အပေါ်တွင် ဂျာမနီပြည်သူများ များစွာစိတ်ပျက်နေကြကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ ကြားနေမဲဆန္ဒရှင်များကြားတွင် AFD ၏အောင်မြင်မှုမှာ ဂျာမနီပြည်သူများအနေဖြင့် ပင်မရေစီးနိုင်ငံရေးနှင့် အဆက်အစပ်မရှိဟု ခံစား နေရကြောင်း òန်ပြနေခြင်းလည်းဖြစ်သည်။ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် AFD ၏ ကဏ္ဍသစ် သည် အီးယူ၏ ဦးတည်ချက်များကို စိန်ခေါ်မှုဖြစ်လာနိုင်သကဲ့သို့ ရွှေ့ပြောင်းဝင်ရောက်လာမှုကို ဆန့်ကျင်ရာတွင်လည်း ပိုမိုအားကောင်းလာစေနိုင်သည်။
AFD ပါတီ၏ အောင်မြင်မှုနှင့် ရပ်တည်ချက်ကိုကြည့်ပါက ဂျာမနီနိုင်ငံရေးသည် လက်ယာ ဘက်သို့ယိမ်းလာကြောင်းတွေ့နိုင်သည်။ ညွန့်ပေါင်း အစိုးရသစ်အနေဖြင့် ပြည်သူများ၏စိုးရိမ်မှုကို ဦးစား ပေးဖြေရှင်းရမည်ဖြစ်သည်။ ဂျာမန်ရွေးကောက်ပွဲရလဒ်သည် အိန္ဒိယ-ဂျာမနီ ဆက်ဆံရေးနှင့် အိန္ဒိယ-ဥရောပ ဆက်ဆံရေးအတွက်လည်း အရေးကြီးသည့်လမ်းဆုံလမ်းခွတစ်ခုကိုရောက်ရှိလာခြင်းဖြစ်သည်။ ဥရောပ ထိပ်တန်းခေါင်းဆောင်များသည် ဖေဖော်ဝါရီ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခြင်းနှင့်အတူ ဆွေးနွေးမှုများမှာလည်း ကျွမ်းကျင်လုပ်သားများ ရွှေ့ပြောင်းဝင်ရောက်မှု၊ ကုန်သွယ်ရေး သဘောတူညီချက်များနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်တွင် အခြေခံ ကြခြင်းဖြစ်သည်။ လုပ်သားအင်အားစု ပြတ်လပ်မှုရင်ဆိုင်နေရသည့်ဂျာမနီသည် ရွှေ့ပြောင်း လုပ်သား ဝင်ရောက်ရေးမူဝါဒများနှင့်ပတ်သက်၍ ဖြေလျှော့မှုများပြုလုပ်လာမည်ဟု မျှော်လင့်ရသကဲ့သို့ ကျွမ်းကျင်လုပ်သားရရှိရေး၊ အထူးသဖြင့် နည်းပညာ၊ အင်ဂျင်နီယာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတို့တွင် အိန္ဒိယနိုင်ငံကို မိတ်ဖက်အဖြစ် ဆောင်ရွက်လာနိုင်သည်။
မဟာဗျူဟာရှုထောင့်မှကြည့်ပါက အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ ကာကွယ်ရေးနှင့် အတ္တ လန္တိတ်သမုဒ္ဒရာ တစ်ဖက်တစ်ချက်ရှိနိုင်ငံများအပေါ် ဂျာမနီ၏ သဘောထားကို အနီးကပ်စောင့်ကြည့်နေ မည်ဖြစ်သည်။ Friedrich Merz ကလည်း ယူကရိန်း နိုင်ငံကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ထပ်မံက တိပြုထားရာ ဥရောပကာကွယ်ရေးနှင့်ပတ်သက်၍ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရေးအပေါ် တွင် ၎င်း၏တွန်းအားသည် ဂျာမနီ၏ ထိပ်တန်းဦးစားပေးနိုင်ငံခြားရေးမူဝါဒတစ်ရပ်လည်း ဖြစ်လာနိုင် သည်။ Friedrich Merz သည် အိန္ဒိယနှင့်ဆက်ဆံရေး ခိုင်မာအောင်ဆောင်ရွက်လိုသည့်သဘောထားကို ထုတ်ဖော်ပြသထားပြီးဖြစ်သည်။ (၂၀၂၄) ခုနှစ်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S.Jaishankar ၊ Friedrich Merz နှင့် Christian Democratic Union (CDU/CSU) နိုင်ငံခြားရေးမူဝါဒအဖွဲ့တို့ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်တွေ့ဆုံခဲ့ကြရာ အိန္ဒိယ-ဂျာမနီ ဆက်ဆံရေး၊ အိန္ဒိယ-အီးယူဆက်ဆံရေးအပေါ် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။ အဆိုပါထိတွေ့ဆက်ဆံမှုများသည် နည်းပညာ၊ ကာကွယ်ရေးနှင့် စီးပွားရေးဖြစ် ထွန်းတိုးတက်မှုတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာခဲ့ပြီး ဂျာမနီနိုင်ငံသည် အိန္ဒိယနိုင်ငံ၏အရေးပါသည့် ဥရောပမိတ်ဖက်အဖြစ် တည်ရှိနေမှုကို ခိုင်မာလာစေခြင်းပင်ဖြစ်သည်။
(၂၀၂၅) ဂျာမန်ရွေးကောက်ပွဲသည် ဂျာမနီ နိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းကို ပြန်လည်ပုံဖော်ပြီး Christian Democratic Union (CDU/CSU) လွှမ်းမိုးနိုင်မှုကိုခိုင်မာစေသကဲ့သို့ Alternative for Germany (AFD) ပါတီကိုလည်း မမျှော်လင့်ဘဲ ထောက်ခံမှုများရရှိစေခဲ့သည်။ ဂျာမနီရွေးကောက်ပွဲ ရလဒ်သည် လက်ယာဘက်သို့ ခြေတစ်လှမ်းရွေ့လာ ပြီး ဂျာမနီနိုင်ငံရေးတွင် ကျယ်ပြန့်သည့်အသွင်ကူး ပြောင်းမှုများ မြင်တွေ့လာရဖွယ်ရှိသည်။ AFD ပါတီ နိုးထလာမှုသည် ဂျာမနီနိုင်ငံရေးပါတီကြီးများ အတွက် အချက်ပေးခေါင်းလောင်းထိုးသံဖြစ်လာခဲ့သည်။ ဂျာမနီအစိုးရအနေဖြင့် ပြည်တွင်းမငြိမ်သက်မှု များနှင့် အတ္တလန္တိတ်သမုဒ္ဒရာတစ်ဖက်တစ်ချက်ရှိ နိုင်ငံများနှင့်ဆက်ဆံရေးကိစ္စများကို ဖြေရှင်းရမည် ဖြစ်ရာ ၎င်း၏ဆုံးဖြတ်ချက်များသည် ကုန်သွယ်ရေး၊ ရွှေ့ပြောင်းလုပ်သားနှင့် လုံခြုံရေးဆိုင်ရာကိစ္စများ အပေါ်တွင် အကျိုးသက်ရောက်လာမည်ဖြစ်သည်။ ဂျာမနီ၏ရှေ့ခရီးသည် မသေချာမရေရာပါ။ သို့သော် သေချာသည့်အရာတစ်ခုမှာ ဂျာမန်နိုင်ငံရေးနှင့် အီးယူအတွင်းရှိ ၎င်း၏အခန်းကဏ္ဍမှာ ငလျင်ပြတ်ရွေ့ ကြော တစ်ခုဖြစ်လာပြီဆိုသည့် အချက်ပင်ဖြစ်သည်။

Zawgyi Version:
ဂ်ာမနီေ႐ြေကာက္ပြဲရလဒ္ ႏွင့္ လက်ယာစြန္းဘက္ေ႐ြ႕လာသည့္ႏိုင္ငံေရးျမင္ကြင္း
သန္းထိုက္စိုး (NP News) - မတ္ ၁၄
(၂၀၂၅)ခုႏွစ္ ဂ်ာမန္ဖက္ဒရယ္ေ႐ြးေကာက္ပြဲသည္ ဥေရာပႏိုင္ငံေရးျမင္ကြင္းတြင္ အေ႐ြ႕တစ္ခု ျမင္ေတြ႕ခဲ့ ၾကရျခင္းျဖစ္သည္။ Christian Democratic Union (CDU^CSU) ပါတီသည္ မဲအေရအတြက္ ၏ (၂၈.၅) ရာခိုင္ႏႈန္းျဖင့္ အခိုင္မာဆုံး ေထာက္ခံမႈရရွိသည့္ပါတီအျဖစ္ ထြက္ေပၚလာခဲ့သည္။ တစ္ခ်ိန္ တည္းမွာပင္ Alternative for Germany (AFD) ပါတီသည္ (၂၀.၈)ရာခိုင္ႏႈန္း ေထာက္ခံမႈရရွိခဲ့သည္။
အဆိုပါ မဲရလဒ္သည္ ဂ်ာမန္လူ႔အဖြဲ႕အစည္းတြင္ အေရွ႕ဂ်ာမနီႏွင့္ အေနာက္ဂ်ာမနီၾကားတြင္ ေဒသအရ လည္းေကာင္း၊ မ်ိဳးဆက္ႏွင့္ အိုက္ဒီေရာ္ေလာ္ဂ်ီအရလည္းေကာင္း ကြဲျပားေနဆဲျဖစ္သည္ကို ၫႊန္ျပေန ျခင္းျဖစ္သည္။ အေနာက္ ဂ်ာမနီသည္ Christian Democratic Union (CDU/CSU) ပါတီကိုေထာက္ခံၿပီး အေရွ႕ဂ်ာမနီ သည္ Alternative for Germany (AFD) ပါတီကို ေထာက္ခံအား ေပးေနၾကျခင္းျဖစ္သည္ ဟု အဓိပၸာယ္ ထြက္ေနျခင္းျဖစ္သည္။ ဂ်ာမနီႏိုင္ငံေရးတြင္ ၫြန႔္ေပါင္းအစိုးရ တစ္ရပ္ ၿပိဳကြဲသြားၿပီး ေနာက္ ဂ်ာမနီ၏ အနာဂတ္ဦးတည္ရာလမ္းေၾကာင္း အထူးသျဖင့္ လုံၿခဳံေရး၊ စီးပြားေရးမူဝါဒႏွင့္ အီးယူ အတြင္း ဂ်ာမနီ၏အခန္းက႑တို႔ႏွင့္ပတ္သက္၍ ေမးခြန္းထုတ္စရာမ်ား ျဖစ္လာခဲ့သည္။
ဂ်ာမနီေ႐ြးေကာက္ပြဲသည္ ျပည္တြင္းေရးရာမ်ားအျပင္ ဂ်ာမနီႏိုင္ငံျခားေရးမူဝါဒ၊ အေမရိကန္ ႏွင့္ ဆက္ဆံေရး၊ ယူကရိန္းစစ္ပြဲတြင္ ဂ်ာမနီႏိုင္ငံ၏ အခန္းက႑တို႔ႏွင့္ပတ္သက္၍ အေရးႀကီးသည့္ ပထဝီ ႏိုင္ငံေရးကာလတစ္ခုကို ေရာက္ရွိေနၿပီဆို သည္ကိုလည္း ၫႊန္ျပေနျခင္းျဖစ္သည္။ ယူကရိန္း စစ္ပြဲသည္ ဂ်ာမနီႏိုင္ငံ၏စီးပြားေရးႏွင့္ လုံၿခဳံေရးရပ္တည္ခ်က္ကို မ်ားစြာထိခိုက္ေစခဲ့သည္။ ေနတိုး၏ အနာဂတ္၊ ဥေရာပ၏ ကာကြယ္ေရးႏွင့္ပတ္သက္၍ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ႏိုင္ေရး ႀကိဳး ပမ္းေနမႈအေပၚတြင္ အေခ်အတင္အျငင္းပြားေနၾကျခင္းမွာ ဂ်ာမနီ၏မူဝါဒ အဝန္းအဝိုင္းအတြင္း၌ အဆင္ ေျပ ေခ်ာေမြ႕မႈမရွိေၾကာင္း အခ်က္ျပေနျခင္းျဖစ္သည္။ ဂ်ာမနီႏိုင္ငံ၏ အဓိပတိျဖစ္လာႏိုင္သည့္ Christian Democratic Union (CDU/CSU) ေခါင္းေဆာင္ Friedrich Merz သည္ အတၱလႏၲိတ္ သမုဒၵရာ တစ္ဖက္တစ္ခ်က္ရွိႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး၊ ဥေရာပလုံၿခဳံေရး၊ ယူကရိန္းႏိုင္ငံကို ဆက္လက္ အကူ အညီ ေပးေရးတို႔ႏွင့္ပတ္သက္၍ ဂ်ာမနီ၏ရပ္တည္ခ်က္ကို ပုံေဖာ္ေပးမည္ျဖစ္သည္။ အဆိုပါ ကိစၥရပ္မ်ား သည္ လာမည့္လမ်ားအတြင္း ဂ်ာမနီႏိုင္ငံ၏အလိုင္းမင္းျပန္လည္ တည့္မတ္မႈႏွင့္ ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းေရးညႇိႏႈိင္းမႈအေပၚ လႊမ္းမိုးသြားဖြယ္ရွိသည္။
Christian Democratic Union (CDU/CSU) သက္ႀကီးပိုင္းမဲဆႏၵရွင္မ်ား၊ အထူးသျဖင့္ အသက္ (၆၀)ႏွင့္အထက္၊ မဲဆႏၵရွင္ အားလုံး၏ (၄၀)ရာခိုင္ႏႈန္းေက်ာ္၏ ေထာက္ခံမႈကိုရရွိခဲ့ျခင္း ျဖစ္သည္။ သို႔ ေသာ္ အသက္ (၁၈)ႏွစ္ႏွင့္ (၃၄)ႏွစ္ၾကား လူငယ္မဲဆႏၵရွင္မ်ားမွာမူ Alternative for Germany (AFD) ကို ပိုမိုေထာက္ခံခဲ့ၾကသည္။ Social Democratic Party(SPD) သည္ လက္ဝဲစြန္း လူငယ္မဲဆႏၵရွင္မ်ား ၏ေထာက္ခံမႈ သိသိသာသာက် ဆင္းသြားခဲ့သည္။ အဆိုပါလူငယ္မ်ား၏ ေထာက္ခံမႈသည္ Die Linke ပါတီႏွင့္ အသစ္ဖြဲ႕စည္းတည္ေထာင္ခဲ့သည့္ Sahra Wagenknecht Alliance ပါတီဘက္သို႔ ေရာက္ရွိ သြားခဲ့သည္။ Christian Democratic Union (CDU/CSU) ပါတီေခါင္းေဆာင္ Friedrich Merz သည္ စီးပြားေရးတည္ၿငိမ္မႈ၊ ဥေရာပစည္းလုံးညီၫြတ္မႈႏွင့္ လုံၿခဳံေရးအရ စိုးရိမ္စရာမ်ားအေပၚ အဓိကထားၿပီး ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းႏိုင္ေရး သေဘာတူညီခ်က္ရရွိရန္ ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိသည္။ ပါတီႏွစ္ခု သို႔မဟုတ္ သုံးခုပါဝင္မည့္ၫြန႔္ေပါင္းအစိုးရသည္ စီးပြားေရးျပန္လည္နာလန္ထူေရး၊ ကာကြယ္ေရးႏွင့္ ယူကရိန္း အေရး စသည့္ ႀကီးမားသည့္စိန္ေခၚမႈမ်ားႏွင့္ ႀကဳံေတြ႕ရမည္ျဖစ္သည္။ ဂ်ာမနီစီးပြားေရးက်ဆင္းျခင္းသည္ ေငြ ေၾကးေဖာင္းပြမႈ၊ စြမ္းအင္အမွီအခိုကင္းေရး၊ ကမာၻလုံး ဆိုင္ရာ ကုန္ထုတ္လုပ္မႈကြင္းဆက္ပ်က္ယြင္းသြားျခင္းတို႔ေၾကာင့္ ျဖစ္လာခဲ့ျခင္းျဖစ္ရာ အေရးတႀကီး တုံ႔ျပန္ေဆာင္႐ြက္ရန္ လိုအပ္ေနၿပီျဖစ္သည္။ အစိုးရသစ္အေနျဖင့္ ေကာ္ပိုရိတ္ခြန္မ်ားေကာက္ခံမႈ ျပဳျပင္ ေျပာင္းလဲေရး၊ စည္းမ်ဥ္းစည္းကမ္းမ်ား ေျဖေလွ်ာ့ေရး၊ ကြၽမ္းက်င္လုပ္သားရွားပါးမႈ ကုစားႏိုင္ေရး အတြက္ ကြၽမ္းက်င္လုပ္သားမ်ား ေရာက္ရွိလာေစေရး မက္လုံးေပးမႈမ်ား လုပ္ေဆာင္လာႏိုင္ဖြယ္ရွိသည္။
ထို႔ျပင္ Friedrich Merz အေနျဖင့္ ဥေရာပလုံၿခဳံေရးအတြက္ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ေရး အရွိန္ျမႇင့္ေဆာင္႐ြက္ေနသည့္ တစ္ခ်ိန္ တည္းမွာပင္ အေမရိကန္အေပၚ မွီခိုမႈေလွ်ာ့ခ်ႏိုင္ မည့္နည္းလမ္းမ်ားရွာေဖြျခင္း၊ ႏိုင္ငံျခားေရးမူဝါဒႏွင့္ ကာကြယ္ေရးကိစၥရပ္မ်ားတြင္ အမွီအခိုကင္း ေစေရး ဦးစားေပးေဆာင္႐ြက္ရန္လည္း နည္းလမ္းရွာေဆာင္႐ြက္လာႏိုင္သည္။ ကိုယ့္အားကိုယ္ကိုး အီးယူ၏ ကာကြယ္ေရးမူဝါဒျဖစ္ေစေရး ဂ်ာမနီ၏ႀကိဳးပမ္းေဆာင္႐ြက္မႈအေပၚ ေနတိုးမဟာမိတ္မ်ားႏွင့္ အီးယူမိတ္ဖက္မ်ားကလည္း အနီးကပ္ေစာင့္ၾကည့္ေနၾကမည္ျဖစ္သည္။ Friedrich Merz သည္ အီးယူ၏ လုံၿခဳံေရး ႏွင့္ပတ္သက္၍ ဂ်ာမနီ၏အခန္းက႑ ျပန္လည္ရရွိေရးအတြက္ သမၼတ ေဒၚနယ္ထရမ့္ကို ဆန႔္က်င္ၿပီး ယူကရိန္းကိုဆက္လက္ပံ့ပိုးကူညီမည္ဟုလည္း ကတိျပဳထားသူျဖစ္သည္။
မၾကာေသးမီကျဖစ္ေပၚခဲ့သည့္ ပထဝီ ႏိုင္ငံေရးအေ႐ြ႕မ်ားျဖစ္သည့္ သမၼတေဒၚနယ္ထရမ့္ ႏွင့္ သမၼတ ဗလာဒီမာပူတင္တို႔၏ ကိုယ္စားလွယ္မ်ားသည္ ေဆာ္ဒီႏိုင္ငံ Riyadh ၿမိဳ႕တြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ ၾကျခင္းအေပၚတြင္လည္း အေခ်အတင္အျငင္း ပြားစရာမ်ားျဖစ္လာခဲ့သည္။ ယင္းေတြ႕ဆုံမႈသည္ ဥေရာပ မဟာမိတ္မ်ားအတြက္ အခ်က္ေပးေခါင္းေလာင္းထိုးသံလည္း ျဖစ္ခဲ့သည္။ ဥေရာပေခါင္းေဆာင္မ်ား သည္ အဆိုပါေတြ႕ဆုံမႈကိုတုံ႔ျပန္သည့္အေနျဖင့္ ေဒသတြင္းလုံၿခဳံေရးကိစၥမ်ားတြင္ ကိုယ့္ေျခေထာက္ ေပၚကိုယ္ရပ္တည္ႏိုင္ေရး နည္းလမ္းရွာေဖြရန္ႏွင့္ ဥေရာပၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ ဖြဲ႕စည္းႏိုင္ေရးေဆြးေႏြး ရန္ ျပင္သစ္ႏိုင္ငံပဲရစ္ၿမိဳ႕တြင္ ညီလာခံ တစ္ရပ္က်င္းပခဲ့ၾကသည္။ မတ္လအေစာပိုင္းတြင္လည္း ယူကရိန္း ႏွင့္ပတ္သက္၍ အီးယူလုံၿခဳံေရးမဟာ ဗ်ဴဟာတစ္ရပ္ေရးဆြဲႏိုင္ေရး အီးယူထိပ္သီးေဆြးေႏြး ပြဲတစ္ရပ္က်င္းပရန္လည္း စိုင္းျပင္းလ်က္ရွိသည္။ အေမရိကန္ ဒုသမၼတ D Vance သည္ ျမဴးနစ္ လုံၿခဳံ ေရး ကြန္ဖရင့္တြင္ ဥေရာပလုံၿခဳံေရးေဆာင္႐ြက္ရာ၌ အေမရိကန္၏အခန္းက႑ ပိုမိုတင္းၾကပ္သြားမည္ ျဖစ္ေၾကာင္းေျပာဆိုခဲ့ရာ ဂ်ာမနီႏွင့္အီးယူအတြက္ ၎တို႔၏ကာကြယ္ေရးဆိုင္ရာ ကတိကဝတ္မ်ားကို ျပန္လည္သုံးသပ္ရန္လိုအပ္ေနၿပီဆိုသည္ကို အခ်က္ေပးေနျခင္းလည္း ျဖစ္သည္။
ဂ်ာမနီအေရွ႕ပိုင္းတြင္ Alternative for Germany (AFD) ပါတီ အႏိုင္ရရွိလိုက္ျခင္းသည္ စီးပြားေရးတုံ႔ေႏွးေနမႈ၊ ေ႐ႊ႕ေျပာင္းလုပ္သားမူဝါဒႏွင့္ ႏိုင္ငံေရးအီလစ္တို႔အေပၚတြင္ ဂ်ာမနီျပည္သူမ်ား မ်ားစြာစိတ္ပ်က္ေနၾကေၾကာင္း မီးေမာင္းထိုးျပလိုက္ျခင္းပင္ျဖစ္သည္။ ၾကားေနမဲဆႏၵရွင္မ်ားၾကားတြင္ AFD ၏ေအာင္ျမင္မႈမွာ ဂ်ာမနီျပည္သူမ်ားအေနျဖင့္ ပင္မေရစီးႏိုင္ငံေရးႏွင့္ အဆက္အစပ္မရွိဟု ခံစား ေနရေၾကာင္း òန္ျပေနျခင္းလည္းျဖစ္သည္။ အႀကီးဆုံး အတိုက္အခံပါတီျဖစ္သည့္ AFD ၏ က႑သစ္ သည္ အီးယူ၏ ဦးတည္ခ်က္မ်ားကို စိန္ေခၚမႈျဖစ္လာႏိုင္သကဲ့သို႔ ေ႐ႊ႕ေျပာင္းဝင္ေရာက္လာမႈကို ဆန႔္က်င္ရာတြင္လည္း ပိုမိုအားေကာင္းလာေစႏိုင္သည္။
AFD ပါတီ၏ ေအာင္ျမင္မႈႏွင့္ ရပ္တည္ခ်က္ကိုၾကည့္ပါက ဂ်ာမနီႏိုင္ငံေရးသည္ လက္ယာ ဘက္သို႔ယိမ္းလာေၾကာင္းေတြ႕ႏိုင္သည္။ ၫြန႔္ေပါင္း အစိုးရသစ္အေနျဖင့္ ျပည္သူမ်ား၏စိုးရိမ္မႈကို ဦးစား ေပးေျဖရွင္းရမည္ျဖစ္သည္။ ဂ်ာမန္ေ႐ြးေကာက္ပြဲရလဒ္သည္ အိႏၵိယ-ဂ်ာမနီ ဆက္ဆံေရးႏွင့္ အိႏၵိယ-ဥေရာပ ဆက္ဆံေရးအတြက္လည္း အေရးႀကီးသည့္လမ္းဆုံလမ္းခြတစ္ခုကိုေရာက္ရွိလာျခင္းျဖစ္သည္။ ဥေရာပ ထိပ္တန္းေခါင္းေဆာင္မ်ားသည္ ေဖေဖာ္ဝါရီ (၂၇) ရက္ႏွင့္ (၂၈) ရက္တို႔တြင္ အိႏၵိယႏိုင္ငံသို႔ ေရာက္ရွိလာျခင္းႏွင့္အတူ ေဆြးေႏြးမႈမ်ားမွာလည္း ကြၽမ္းက်င္လုပ္သားမ်ား ေ႐ႊ႕ေျပာင္းဝင္ေရာက္မႈ၊ ကုန္သြယ္ေရး သေဘာတူညီခ်က္မ်ားႏွင့္ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈတို႔အေပၚတြင္ အေျခခံ ၾကျခင္းျဖစ္သည္။ လုပ္သားအင္အားစု ျပတ္လပ္မႈရင္ဆိုင္ေနရသည့္ဂ်ာမနီသည္ ေ႐ႊ႕ေျပာင္း လုပ္သား ဝင္ေရာက္ေရးမူဝါဒမ်ားႏွင့္ပတ္သက္၍ ေျဖေလွ်ာ့မႈမ်ားျပဳလုပ္လာမည္ဟု ေမွ်ာ္လင့္ရသကဲ့သို႔ ကြၽမ္းက်င္လုပ္သားရရွိေရး၊ အထူးသျဖင့္ နည္းပညာ၊ အင္ဂ်င္နီယာႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ က႑တို႔တြင္ အိႏၵိယႏိုင္ငံကို မိတ္ဖက္အျဖစ္ ေဆာင္႐ြက္လာႏိုင္သည္။
မဟာဗ်ဴဟာရႈေထာင့္မွၾကည့္ပါက အိႏၵိယႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံ၊ ကာကြယ္ေရးႏွင့္ အတၱ လႏၲိတ္သမုဒၵရာ တစ္ဖက္တစ္ခ်က္ရွိႏိုင္ငံမ်ားအေပၚ ဂ်ာမနီ၏ သေဘာထားကို အနီးကပ္ေစာင့္ၾကည့္ေန မည္ျဖစ္သည္။ Friedrich Merz ကလည္း ယူကရိန္း ႏိုင္ငံကို ဆက္လက္ေထာက္ပံ့ေပးမည္ဟု ထပ္မံက တိျပဳထားရာ ဥေရာပကာကြယ္ေရးႏွင့္ပတ္သက္၍ ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ေရးအေပၚ တြင္ ၎၏တြန္းအားသည္ ဂ်ာမနီ၏ ထိပ္တန္းဦးစားေပးႏိုင္ငံျခားေရးမူဝါဒတစ္ရပ္လည္း ျဖစ္လာႏိုင္ သည္။ Friedrich Merz သည္ အိႏၵိယႏွင့္ဆက္ဆံေရး ခိုင္မာေအာင္ေဆာင္႐ြက္လိုသည့္သေဘာထားကို ထုတ္ေဖာ္ျပသထားၿပီးျဖစ္သည္။ (၂၀၂၄) ခုႏွစ္တြင္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Dr. S.Jaishankar ၊ Friedrich Merz ႏွင့္ Christian Democratic Union (CDU/CSU) ႏိုင္ငံျခားေရးမူဝါဒအဖြဲ႕တို႔ ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕တြင္ေတြ႕ဆုံခဲ့ၾကရာ အိႏၵိယ-ဂ်ာမနီ ဆက္ဆံေရး၊ အိႏၵိယ-အီးယူဆက္ဆံေရးအေပၚ ၎တို႔၏ ကတိကဝတ္မ်ားကို ထပ္ေလာင္းအတည္ျပဳခဲ့ၾကသည္။ အဆိုပါထိေတြ႕ဆက္ဆံမႈမ်ားသည္ နည္းပညာ၊ ကာကြယ္ေရးႏွင့္ စီးပြားေရးျဖစ္ ထြန္းတိုးတက္မႈတြင္ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုအားေကာင္းလာခဲ့ၿပီး ဂ်ာမနီႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏အေရးပါသည့္ ဥေရာပမိတ္ဖက္အျဖစ္ တည္ရွိေနမႈကို ခိုင္မာလာေစျခင္းပင္ျဖစ္သည္။
(၂၀၂၅) ဂ်ာမန္ေ႐ြးေကာက္ပြဲသည္ ဂ်ာမနီ ႏိုင္ငံ၏ ႏိုင္ငံေရးျမင္ကြင္းကို ျပန္လည္ပုံေဖာ္ၿပီး Christian Democratic Union (CDU/CSU) လႊမ္းမိုးႏိုင္မႈကိုခိုင္မာေစသကဲ့သို႔ Alternative for Germany (AFD) ပါတီကိုလည္း မေမွ်ာ္လင့္ဘဲ ေထာက္ခံမႈမ်ားရရွိေစခဲ့သည္။ ဂ်ာမနီေ႐ြးေကာက္ပြဲ ရလဒ္သည္ လက္ယာဘက္သို႔ ေျခတစ္လွမ္းေ႐ြ႕လာ ၿပီး ဂ်ာမနီႏိုင္ငံေရးတြင္ က်ယ္ျပန႔္သည့္အသြင္ကူး ေျပာင္းမႈမ်ား ျမင္ေတြ႕လာရဖြယ္ရွိသည္။ AFD ပါတီ ႏိုးထလာမႈသည္ ဂ်ာမနီႏိုင္ငံေရးပါတီႀကီးမ်ား အတြက္ အခ်က္ေပးေခါင္းေလာင္းထိုးသံျဖစ္လာခဲ့သည္။ ဂ်ာမနီအစိုးရအေနျဖင့္ ျပည္တြင္းမၿငိမ္သက္မႈ မ်ားႏွင့္ အတၱလႏၲိတ္သမုဒၵရာတစ္ဖက္တစ္ခ်က္ရွိ ႏိုင္ငံမ်ားႏွင့္ဆက္ဆံေရးကိစၥမ်ားကို ေျဖရွင္းရမည္ ျဖစ္ရာ ၎၏ဆုံးျဖတ္ခ်က္မ်ားသည္ ကုန္သြယ္ေရး၊ ေ႐ႊ႕ေျပာင္းလုပ္သားႏွင့္ လုံၿခဳံေရးဆိုင္ရာကိစၥမ်ား အေပၚတြင္ အက်ိဳးသက္ေရာက္လာမည္ျဖစ္သည္။ ဂ်ာမနီ၏ေရွ႕ခရီးသည္ မေသခ်ာမေရရာပါ။ သို႔ေသာ္ ေသခ်ာသည့္အရာတစ္ခုမွာ ဂ်ာမန္ႏိုင္ငံေရးႏွင့္ အီးယူအတြင္းရွိ ၎၏အခန္းက႑မွာ ငလ်င္ျပတ္ေ႐ြ႕ ေၾကာ တစ္ခုျဖစ္လာၿပီဆိုသည့္ အခ်က္ပင္ျဖစ္သည္။