အသက်(၂၇)နှစ်ကျော်ရှိပြီဖြစ်သည့် အမေရိကန်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး လားမား

229

Pika (NP News) - မတ် ၁၄
အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ပြည်နယ်တွင်ရှိသော လားမားတစ်ကောင်သည် အသက် (၂၇)နှစ် နှင့် (၂၅၀)ရက်ရှိပြီဖြစ်ပြီး ကမ္ဘာ့အသက် အကြီးဆုံးလားမားအဖြစ် တရားဝင် သတ်မှတ်ခံခဲ့ရ သည်။ (၂၀ဝ၆)ခုနှစ်တည်းက Victory Junction camp တွင်နေထိုင်လာခဲ့သော လားမားသည် ထိန်း သိမ်းခံထားရသော အသက်ရှင်လျက်ရှိသည့် အသက်အကြီးဆုံး လားမားနှင့် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ က မှတ်တမ်းတင်ဖူးသမျှထဲတွင် အသက်အကြီးဆုံးလား မားတစ်ကောင်အဖြစ် တရားဝင်သတ်မှတ်ခံခဲ့ရ ခြင်းဖြစ်သည်။
Victory Junction camp ၏ ဒါရိုက်တာ ဘီလီဂျိုဒေးဗစ်က “ဒီလားမားဟာ ဒီမှာလာပြီး စခန်းချ သူတွေနဲ့ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနေတတ်ပါ တယ်။ စခန်းချတဲ့ရက်တွေစတင်ပြီဆိုတာနဲ့ သူက အမြဲတမ်းလဲလျောင်းနေပြီး နေ့လယ်စာ စားချိန်အထိ မထဘဲ အိပ်နေတတ်ပါတယ်။
ကလေးတွေက သူအိပ်တဲ့နေရာအထိကိုလာပြီး ပွေ့ဖက်ကြတာတွေလုပ်ဆောင်ကြပါတယ်။ သူ့ကို ကလေးတွေကလည်း အရမ်းချစ်ကြပါတယ်။ သူကလည်း ဒါကို သူရဲ့အလုပ်တစ်ခုလို သဘောထား တဲ့ပုံပါပဲ” ဟု ပြောခဲ့သည်။
အဆိုပါ လားမားသည် မြင်း(၉)ကောင်၊ ဆိတ်(၂)ကောင်၊ ယုန်(၂)ကောင်၊ မြည်းပေါက်(၂)ကောင်၊ နွားမတစ်ကောင်တို့နှင့်အတူ တစ်နှစ်ပတ်လုံး ၎င်း၏နေ့ရက်များကို စခန်းတွင် ကုန်ဆုံးလျက်ရှိကြောင်း ဘီလီဂျိုဒေးဗစ်ကပြောကြားခဲ့သည်။
ထို့ပြင် Gus-Gus ဟုခေါ်သော နွားတစ် ကောင်သည် အဆိုပါလားမား၏ အရင်းနှီးဆုံးအဖော် ဖြစ်ကြောင်း ဘီလီဂျိုဒေးဗစ်က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version:
အသက္(၂၇)ႏွစ္ေက်ာ္ရွိၿပီျဖစ္သည့္ အေမရိကန္ႏိုင္ငံမွ ကမာၻ႔အသက္အႀကီးဆုံး လားမား
Pika (NP News) - မတ္ ၁၄
အေမရိကန္ႏိုင္ငံ ေျမာက္ကာ႐ိုလိုင္းနား ျပည္နယ္တြင္ရွိေသာ လားမားတစ္ေကာင္သည္ အသက္ (၂၇)ႏွစ္ ႏွင့္ (၂၅၀)ရက္ရွိၿပီျဖစ္ၿပီး ကမာၻ႔အသက္ အႀကီးဆုံးလားမားအျဖစ္ တရားဝင္ သတ္မွတ္ခံခဲ့ရ သည္။ (၂၀ဝ၆)ခုႏွစ္တည္းက Victory Junction camp တြင္ေနထိုင္လာခဲ့ေသာ လားမားသည္ ထိန္း သိမ္းခံထားရေသာ အသက္ရွင္လ်က္ရွိသည့္ အသက္အႀကီးဆုံး လားမားႏွင့္ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ က မွတ္တမ္းတင္ဖူးသမွ်ထဲတြင္ အသက္အႀကီးဆုံးလား မားတစ္ေကာင္အျဖစ္ တရားဝင္သတ္မွတ္ခံခဲ့ရ ျခင္းျဖစ္သည္။
Victory Junction camp ၏ ဒါ႐ိုက္တာ ဘီလီဂ်ိဳေဒးဗစ္က “ဒီလားမားဟာ ဒီမွာလာၿပီး စခန္းခ် သူေတြနဲ႔ ရင္းရင္းႏွီးႏွီး ေဖာ္ေဖာ္ေ႐ြေ႐ြေနတတ္ပါ တယ္။ စခန္းခ်တဲ့ရက္ေတြစတင္ၿပီဆိုတာနဲ႔ သူက အၿမဲတမ္းလဲေလ်ာင္းေနၿပီး ေန႔လယ္စာ စားခ်ိန္အထိ မထဘဲ အိပ္ေနတတ္ပါတယ္။
ကေလးေတြက သူအိပ္တဲ့ေနရာအထိကိုလာၿပီး ေပြ႕ဖက္ၾကတာေတြလုပ္ေဆာင္ၾကပါတယ္။ သူ႔ကို ကေလးေတြကလည္း အရမ္းခ်စ္ၾကပါတယ္။ သူကလည္း ဒါကို သူရဲ႕အလုပ္တစ္ခုလို သေဘာထား တဲ့ပုံပါပဲ” ဟု ေျပာခဲ့သည္။
အဆိုပါ လားမားသည္ ျမင္း(၉)ေကာင္၊ ဆိတ္(၂)ေကာင္၊ ယုန္(၂)ေကာင္၊ ျမည္းေပါက္(၂)ေကာင္၊ ႏြားမတစ္ေကာင္တို႔ႏွင့္အတူ တစ္ႏွစ္ပတ္လုံး ၎၏ေန႔ရက္မ်ားကို စခန္းတြင္ ကုန္ဆုံးလ်က္ရွိေၾကာင္း ဘီလီဂ်ိဳေဒးဗစ္ကေျပာၾကားခဲ့သည္။
ထို႔ျပင္ Gus-Gus ဟုေခၚေသာ ႏြားတစ္ ေကာင္သည္ အဆိုပါလားမား၏ အရင္းႏွီးဆုံးအေဖာ္ ျဖစ္ေၾကာင္း ဘီလီဂ်ိဳေဒးဗစ္က ထပ္မံေျပာၾကားခဲ့သည္။