(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) ရဲ့ ပွဲကြိုသုံးသပ်ချက်များ

 257

ရဲထက် (NP News) - မတ် ၁၄

ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)ကို ‌ရောက်ရှိလာပြီဖြစ်တာကြောင့် အမှတ်ပေးဇယားမှာ ရပ်တည်နေတဲ့ အသင်း ကြီးတွေရဲ့ ရလဒ်ပိုင်းက တည်ငြိမ်စပြုလာပြီလို့ ပြောလို့ရနေပါတယ်။ လီဗာပူးလ်အသင်းကတော့ ပရီးမီးယား လိဂ် ချန်ပီယံဆုကိုပိုင်ဆိုင်နိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီလို့ ပြောလို့ရသလို ချန်ပီယံဖြစ်နေပြီလို့ လည်း ပြောလို့ရနေတဲ့အခြေအနေမျိုးကို ပိုင်ဆိုင်ထားပါတယ်။ အာဆင်နယ်အသင်းကတော့ ဒီရာသီမှာ ခြေစွမ်း ပိုင်းက အနည်းငယ်ကျဆင်းသွားပြီး လီဗာပူးလ်အသင်းကိုယှဉ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲတိုင်းကို နိုင်ရင်တောင် လွယ်ကူမှာ မဟုတ်တော့တာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုတာထက် ဉရောပဝင်ခွင့်ရရှိရေးကိုသာ အာရုံစိုက်ကစားဖို့ ရှိနေပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ဉရောပဝင်ခွင့်တစ်နေရာအတွက် ယှဉ်ပြိုင်မှုတွေကို ဒီရာသီမှာမြင်တွေ့ရဖို့ရှိပြီး ရာသီကုန်အထိစောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒါ့ပြင် ထူးခြားချက်အနေနဲ့ မန်ယူ အသင်းနဲ့ စပါးစ်အသင်းတို့ရဲ့ ဒီရာသီကျဆင်းသွားတဲ့ရလဒ်ပိုင်းတွေကြောင့် ရာသီကုန်မှာ ဉရောပဝင်ခွင့်ကို ဆုံးရှုံး သွားရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းကြီးတွေရဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၂၉)အတွက် ခြေစွမ်းနဲ့ဖြစ်နိုင် ခြေသုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

အာဆင်နယ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၁ - ၁ အာဆင်နယ် (၁ဝ-၁၁-၂ဝ၂၄)
အာဆင်နယ် ၅ - ဝ ချဲလ်ဆီး (၂၄-၄-၂ဝ၂၄)
ချဲလ်ဆီး ၂ - ၂ အာဆင်နယ် (၂၄-၁ဝ-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၁ ချဲလ်ဆီး
အာဆင်နယ် ၃ - ၃ ချဲလ်ဆီး
အာဆင်နယ်အသင်းအတွက် ဒီအခြေအနေက အခက်ခဲဆုံးအချိန်လို့ ပြောလို့ရနေပြီး သေချာတဲ့ လမ်းကြောင်း တစ်ခုကို ရွေးချယ်ရတော့မယ်အနေအထားမျိုးဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်ကတော့ လီဗာပူးလ် အသင်းရဲ့ ရမှတ်ဖြတ်ထားမှုအရ ရရှိနိုင်ဖို့ မလွယ်ကူတော့တဲ့အနေအထားမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကသာ အာဆင်နယ်အသင်းအတွက် သေချာပေါက်ရွေးချယ်ရာဖြစ် လာဖို့ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီလမ်းကြောင်း ကလည်း အာဆင်နယ်အသင်းအတွက် လွယ်ကူးနေမှာမဟုတ်သလို နောက်ပိုင်းပွဲကြပ် ကာလတွေမှာ ဉရောပရဲ့ အသင်းကြီးတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းပေါင်းများစွာလည်းရှိနေပါ တယ်။ သေချာတာတစ်ခုကတော့ အာဆင်နယ်အသင်းဟာ ရာသီကုန်ဆုဖလားရရှိဖို့ခက်ခဲနိုင်ပြီး ဉရောပဝင်ခွင့် တစ်နေ ရာကိုတော့ သေချာပေါက်ရရှိနိုင်ဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းကတော့ လူမှန်နေရာမှန်မရောက်သေးလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ခြေစွမ်းပိုင်းမှာ ပြဿနာရှိနေပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဝင်ခွင့်အတွက် ကိုတောင် ရရှိနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းရဲ့ အဓိကပြဿနာက နောက် တန်းခံစစ်နဲ့ တိုက်စစ်ပိုင်းက လိုအပ်ချက်များစွာရှိနေပြီး ပွဲတစ်ပွဲအပေါ်မှာ နားလည်နိုင်စွမ်းနဲ့ အရည်အသွေး ပြည့်ဝမှုပိုင်းမှာ အားနည်းချက်များစွာရှိနေပြီး ကစားသမားကောင်းတွေများပြားတယ်ဆိုတာဟာ စာရွက်ပေါ်မှာ သာရှိနေတာကိုတွေ့မြင်ရပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ဒီရာသီရဲ့ပထမအကြိမ်တွေ့ဆုံမှုမှာတော့ တစ်ဖက် တစ်ဂိုးစီ သရေကျထားပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး(၇)ပွဲ မှာ (၅)ပွဲအထိအနိုင်ရထားပြီး (၂)ပွဲသရေကျထားတာကြောင့် တစ်ပွဲမှမရှုံးထားတာကိုတွေ့ရပါတယ်။ ချဲလ်ဆီး အသင်းကတော့ အာဆင်နယ်အသင်းနဲ့ ရမှတ်ကွာဟမှုကို လျော့ချနိုင်ဖို့ ဒီပွဲစဉ်ကို သေချာပေါက်အနိုင်ကန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်ကို ခန့်မှန်းရရင် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီး အသင်း အနိုင်ရဖို့ လွယ်ကူမနေတဲ့အပြင် လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းတွေအရ နှစ်ဖက်အပြန် အလှန်သွင်းဂိုးတွေနဲ့ သရေ ကျနိုင်သလို နိုင်ပွဲအနေနဲ့ကတော့ အာဆင်နယ်အသင်းဘက်ကနေချင်ပါတယ်။

မန်စီးတီး Vs ဘရိုက်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရိုက်တန် ၂ - ဝ မန်စီးတီး (၁ဝ-၁၁-၂ဝ၂၄)
ဘရိုက်တန် ဝ - ၄ မန်စီးတီး (၂၆-၄-၂ဝ၂၄)
မန်စီးတီး ၂ - ၁ ဘရိုက်တန် (၂၁-၁ဝ-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ဝ ဘရိုက်တန်
မန်စီးတီး ၁ - ဝ ဘရိုက်တန်
မန်စီးတီးအသင်းအတွက် ဒီပွဲစဉ်က အခက်အခဲရှိနိုင်တယ်ဆိုပေမယ့် မဖြစ်မနေနိုင်ပွဲရဖို့လိုအပ်နေတဲ့ ပွဲစဉ် တစ်ပွဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဉရောပ ဝင်ခွင့် တစ်နေရာအတွက် မဖြစ်မနေလိုအပ်နေတဲ့အနေအထားမှာ ချဲလ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့နဲ့အပြိုင် ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ပွဲစဉ်တိုင်းမှာ သတိကြီးကြီးနဲ့ ရင်ဆိုင်ကစားသွားရဖို့ရှိနေပါတယ်။ ဒါ့ပြင် မန်စီးတီး အသင်းမှာ ကွင်းလယ်ပိုင်းလိုအပ်ချက်နဲ့ တိုက်စစ်ပိုင်းက သွင်းဂိုးတွေအတွက် စိတ်ချရမှုမရှိတဲ့အ‌နေအထားမှာ ဖန်တီးနိုင်မှု အားနည်းချက်တွေကလဲ မန်းစီးတီးအသင်းရဲ့ ရလဒ်ပိုင်းဆိုးရွားသွားရတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါ တယ်။ ဒါကြောင့် မန်စီးတီးအသင်းအနေနဲ့ ရာသီကုန်မှာ ဉရောပဝင်ခွင့် တစ်နေရာအတွက်သာ အဓိကထား ယှဉ် ပြိုင်သွားရဖို့ရှိနေပါတယ်။ ဘရိုက်တန်အသင်းကတော့ မန်စီးတီးအသင်းကို ဒီရာသီပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ နိုင်ပွဲရထားပြီး အသင်းကြီးတော်တော်များများနဲ့လည်း အကောင်းဆုံးကစားထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ဘရိုက်တန်အသင်းက ဒီရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက်လည်း ရရှိနိုင်ဖို့အခွင့်အရေးရှိနိုင်သလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖြစ်နိုင်သေးတဲ့အနေအထားတွေကြောင့် မန်စီးတီးအသင်းကို အကောင်းဆုံး ရင်ဆိုင် လာမှာသေချာနေပါတယ်။ ရလဒ်ပိုင်းအနေနဲ့ခန့်မှန်းရရင်တော့ မန်စီးတီးအသင်းက အိမ်ကွင်းဖြစ်တာကြောင့် နိုင်ပွဲရဖို့ အခြေအနေကောင်းနိုင်ပေမယ့် ဘရုက်တန်အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရလဒ်တွေအရ မန်စီးတီး အသင်း အနေနဲ့ သရေကျသွားနိုင်သလို နိုင်မယ်ဆိုရင်တောင်း ဂိုးမပြတ်မယ့် ပွဲစဉ်ဖြစ်ပါတယ်။

လက်စတာစီးတီး Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၃ - ဝ လက်စတာစီးတီး (၁ဝ-၁၁-၂ဝ၂၄)
မန်ယူ ၃ - ဝ လက်စတာစီးတီး (၁၉-၂-၂ဝ၂၃)
လက်စတာစီးတီး ဝ - ၁ မန်ယူ (၂-၉-၂ဝ၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လက်စတာစီးတီး Vs မန်ယူ
လက်စတာစီးတီး Vs မန်ယူ
မန်ယူအသင်းက ယူရိုပါလိဂ်ကစားတဲ့ပွဲစဉ်က ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကစားတဲ့ခြေစွမ်းတွေက မတူညီနေဘဲကွဲပြားနေတတ်တာကိုတွေ့ရပါတယ်။ ဒါဟာ ယူရိုပါလိဂ်အသင်းတွေရဲ့ နိမ့်ကျမှုတွေကြောင့်လား မသိနိုင်သလို မန်ယူအသင်းရဲ့အထာကို ပရီးမီးယားလိဂ်အသင်းတွေက ကြိုသိနေတာကြောင့်ပဲလားဆိုတဲ့ မေးခွန်း တွေကလည်းရှိနေပါတယ်။ ဒီရာသီမန်ယူအသင်းရဲ့ ခြေစွမ်းက အဆင့် (၁ဝ)အောက်ရောက်ရှိသွားခဲ့သလို ရာသီကုန်မှာလည်း ရလဒ်ကောင်းလာနိုင်ခြေနည်းတာကိုကြည့်ရင် မန်ယူအသင်းဟာ အခြားသော ပရီးမီးယား လိဂ်အသင်းအချို့နဲ့ ခြေစွမ်းပိုင်ကွာဟသွားပြီလားဆိုတဲ့ အနေအထားမျိုးလည်းရှိနေပါတယ်။ ဒါ့ပြင်တိုက်စစ်ပိုင်း က ဂါနာချိုရဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမရှိတဲ့အချက်တွေအပြင် တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ်မရှိ တော့တဲ့နောက်ပိုင်း သွင်းဂိုးအရေအတွက် သိသိသာသာကျဆင်းသွားသလို နောက်ပိုင်းပွဲစဉ်တွေမှာ သွင်းဂိုး တော်တော်များများကို အရင်ဆုံးခွင့်ပြုပေးနေရတာကလည်း မန်ယူအသင်းအတွက် ထိုးနှက်ချက်တွေပဲ ဖြစ်ပါ တယ်။ နည်းပြ အမ်မိုရင်အနေနဲ့လည်း ဒီရာသီမှာ ရလဒ်ပိုင်းပြန်တက်မလာရင် ရာသီကုန်နည်းပြအပြောင်းအလဲ လုပ်ဖို့ရှိနေတဲ့ဆိုတဲ့ သတင်တွေလည်းထွက်ပေါ်နေတာကြောင့် မန်ယူအသင်းရဲ့အနေအထားဟာ နိုင်ပွဲတွေ အတွက် အများကြီးမျှော်လင့်လို့မရနိုင်တာကိုတွေ့ရပါတယ်။ လက်စတာစီးတီးနဲ့ ပွဲစဉ်ကလည်း မန်ယူအသင်း အတွက် အနိုင်(၃)မှတ်ရဖို့ အခွင့်အရေးတစ်ခုဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းမှာ သိသိသာသာကျဆင်းနေတဲ့ လက်စတာ ကို မန်ယူအသင်းအနေနဲ့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ခက်ခက်ခဲခဲကစားပြီးမှ နိုင်ပွဲရယူသွားနိုင်ဖို့ရှိနေပါတယ်။ ဂိုးတော့မပြတ်ပါဘူး။

ဖူဟမ် Vs စပါးစ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် ၁ - ၁ ဖူဟမ် (၁-၁၂-၂ဝ၂၄)
ဖူဟမ် ၃ - ဝ စပါးစ် (၁၇-၃-၂ဝ၂၄)
စပါးစ် ၁ - ၁ ဖူဟမ် (၂၄-၁ဝ-၂ဝ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖူဟမ် Vs စပါးစ်
ဖူဟမ် Vs စပါးစ်
စပါးစ်အသင်းအတွက် ဒီရာသီက အစပိုင်းကောင်းခဲ့တယ်လို့ပြောလို့ရပေမယ့် ရာသီဝက်မရောက်ခင်မှာပဲ အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် စပါးစ်အသင်းရဲ့ စကားပုံ ပျက်သွား ခဲ့ပြီး လိုအပ်တဲ့ နိုင်ပွဲတွေမရတဲ့အပြင် ရှုံးပွဲများစွားနဲ့ရင်ဆိုင်လိုက်ရပါတယ်။ ရာသီဝက်မရောက်ခင်မှာ မက်ဒီဆင်နဲ့ ရိုမဲရိုးတို့ ဒဏ်ရာရရှိသွားခဲ့ခြင်းက စပါးစ်အသင်းအတွက် ပေးဆပ်မှု ကြီးမားသွားခဲ့တယ်လို့ဆိုနိုင်ပြီး ရီချာလီဆန်နဲ့ အခြားသော ကစားသမားများစွာပါ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် စပါးစ်အသင်းက အသင်းကြီးတွေနဲ့တွေ့တဲ့ ပွဲစဉ်တွေမှာ မန်စီးတီးတစ်သင်းကလွဲရင် ကျန်တဲ့အသင်းတော် တော်များများကို ရှုံးထား သလို ဂိုးပြတ်ရှုံးပွဲတွေနဲ့သာ ပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ ဖူဟမ်အသင်းကတော့ ဒီရာသီမှာ FA Cup မှာ အခြေ အနေကောင်းနေသလို ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာအပြင် ချန်ပီယံ လိဂ်ဝင်ခွင့်အတွက်လည်း ဝင်ရောက်နိုင်ခြေရှိတာကြောင့် ဒီပွဲစဉ်က ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်ကိုခန့်မှန်းရမယ်ဆိုရင်တော့ စပါးစ်အသင်းရဲ့ ခြေစွမ်းက ကျဆင်းနေတဲ့အချိန်ဖြစ်တဲ့အပြင် အဝေးကွင်းမှာရင်ဆိုင်ရမယ့်ပွဲစည်ဖြစ်တာကြောင့် ဒီပွဲစဉ်က စပါးစ်အသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး သရေကျ ဖို့ များတဲ့အပြင် ဖူဟမ်အသင်းကတောင် ဂိုးမပြတ်ဘဲ နိုင်ပွဲရယူသွားနိုင်ပါတယ်။

၁၅ - ၃ -၂ဝ၂၅ (စနေနေ့ ညပိုင်း)
ည(၉း၃ဝ) မန်စီးတီး Vs ဘရိုက်တန်
၁၆ - ၃ -၂ဝ၂၅ (စနေနေ့ ညပိုင်း)
ည(၈းဝဝ) အာဆင်နယ် Vs ချဲလ်ဆီး
ည(၈းဝဝ) ဖူဟမ် Vs စပါးစ်
နံနက်(၁း၃ဝ) လက်စတာစီးတီး Vs မန်ယူ

zawgyi version
(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ္ပြဲစဥ္ (၂၉) ရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - မတ္ ၁၄

ပရီးမီးယားလိဂ္ပြဲစဥ္(၂၉)ကို ‌ေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ အမွတ္ေပးဇယားမွာ ရပ္တည္ေနတဲ့ အသင္း ႀကီးေတြရဲ႕ ရလဒ္ပိုင္းက တည္ၿငိမ္စျပဳလာၿပီလို႔ ေျပာလို႔ရေနပါတယ္။ လီဗာပူးလ္အသင္းကေတာ့ ပရီးမီးယား လိဂ္ ခ်န္ပီယံဆုကိုပိုင္ဆိုင္ႏိုင္ဖို႔ လက္တစ္ကမ္းအလိုကို ေရာက္ရွိေနၿပီလို႔ ေျပာလို႔ရသလို ခ်န္ပီယံျဖစ္ေနၿပီလို႔ လည္း ေျပာလို႔ရေနတဲ့အေျခအေနမ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။ အာဆင္နယ္အသင္းကေတာ့ ဒီရာသီမွာ ေျခစြမ္း ပိုင္းက အနည္းငယ္က်ဆင္းသြားၿပီး လီဗာပူးလ္အသင္းကိုယွဥ္ၿပိဳင္ႏိုင္ဖို႔ ၿပိဳင္ပြဲတိုင္းကို ႏိုင္ရင္ေတာင္ လြယ္ကူမွာ မဟုတ္ေတာ့တာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုတာထက္ ဉေရာပဝင္ခြင့္ရရွိေရးကိုသာ အာ႐ုံစိုက္ကစားဖို႔ ရွိေနပါတယ္။ ဒါ့ျပင္ မန္စီးတီးအသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ ဉေရာပဝင္ခြင့္တစ္ေနရာအတြက္ ယွဥ္ၿပိဳင္မႈေတြကို ဒီရာသီမွာျမင္ေတြ႕ရဖို႔ရွိၿပီး ရာသီကုန္အထိေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ထူးျခားခ်က္အေနနဲ႔ မန္ယူ အသင္းနဲ႔ စပါးစ္အသင္းတို႔ရဲ႕ ဒီရာသီက်ဆင္းသြားတဲ့ရလဒ္ပိုင္းေတြေၾကာင့္ ရာသီကုန္မွာ ဉေရာပဝင္ခြင့္ကို ဆုံးရႈံး သြားရဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့ အသင္းႀကီးေတြရဲ႕ ပရီးမီးယား လိဂ္ပြဲစဥ္(၂၉)အတြက္ ေျခစြမ္းနဲ႔ျဖစ္ႏိုင္ ေျခသုံးသပ္ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

အာဆင္နယ္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၁ - ၁ အာဆင္နယ္ (၁ဝ-၁၁-၂ဝ၂၄)
အာဆင္နယ္ ၅ - ဝ ခ်ဲလ္ဆီး (၂၄-၄-၂ဝ၂၄)
ခ်ဲလ္ဆီး ၂ - ၂ အာဆင္နယ္ (၂၄-၁ဝ-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ၁ ခ်ဲလ္ဆီး
အာဆင္နယ္ ၃ - ၃ ခ်ဲလ္ဆီး
အာဆင္နယ္အသင္းအတြက္ ဒီအေျခအေနက အခက္ခဲဆုံးအခ်ိန္လို႔ ေျပာလို႔ရေနၿပီး ေသခ်ာတဲ့ လမ္းေၾကာင္း တစ္ခုကို ေ႐ြးခ်ယ္ရေတာ့မယ္အေနအထားမ်ိဳးျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု အတြက္ကေတာ့ လီဗာပူးလ္ အသင္းရဲ႕ ရမွတ္ျဖတ္ထားမႈအရ ရရွိႏိုင္ဖို႔ မလြယ္ကူေတာ့တဲ့အေနအထားမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကသာ အာဆင္နယ္အသင္းအတြက္ ေသခ်ာေပါက္ေ႐ြးခ်ယ္ရာျဖစ္ လာဖို႔ရွိေနပါတယ္။ ဒါေပမဲ့လည္း ဒီလမ္းေၾကာင္း ကလည္း အာဆင္နယ္အသင္းအတြက္ လြယ္ကူးေနမွာမဟုတ္သလို ေနာက္ပိုင္းပြဲၾကပ္ ကာလေတြမွာ ဉေရာပရဲ႕ အသင္းႀကီးေတြကို ေက်ာ္ျဖတ္ႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေပါင္းမ်ားစြာလည္းရွိေနပါ တယ္။ ေသခ်ာတာတစ္ခုကေတာ့ အာဆင္နယ္အသင္းဟာ ရာသီကုန္ဆုဖလားရရွိဖို႔ခက္ခဲႏိုင္ၿပီး ဉေရာပဝင္ခြင့္ တစ္ေန ရာကိုေတာ့ ေသခ်ာေပါက္ရရွိႏိုင္ဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ လူမွန္ေနရာမွန္မေရာက္ေသးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ ေျခစြမ္းပိုင္းမွာ ျပႆနာရွိေနၿပီး ရာသီကုန္မွာ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ ဝင္ခြင့္အတြက္ ကိုေတာင္ ရရွိႏိုင္ပါ့မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကျပႆနာက ေနာက္ တန္းခံစစ္နဲ႔ တိုက္စစ္ပိုင္းက လိုအပ္ခ်က္မ်ားစြာရွိေနၿပီး ပြဲတစ္ပြဲအေပၚမွာ နားလည္ႏိုင္စြမ္းနဲ႔ အရည္အေသြး ျပည့္ဝမႈပိုင္းမွာ အားနည္းခ်က္မ်ားစြာရွိေနၿပီး ကစားသမားေကာင္းေတြမ်ားျပားတယ္ဆိုတာဟာ စာ႐ြက္ေပၚမွာ သာရွိေနတာကိုေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ဒီရာသီရဲ႕ပထမအႀကိမ္ေတြ႕ဆုံမႈမွာေတာ့ တစ္ဖက္ တစ္ဂိုးစီ သေရက်ထားပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးအသင္းနဲ႔ရင္ဆိုင္ခဲ့တဲ့ ေနာက္ဆုံး(၇)ပြဲ မွာ (၅)ပြဲအထိအႏိုင္ရထားၿပီး (၂)ပြဲသေရက်ထားတာေၾကာင့္ တစ္ပြဲမွမရႈံးထားတာကိုေတြ႕ရပါတယ္။ ခ်ဲလ္ဆီး အသင္းကေတာ့ အာဆင္နယ္အသင္းနဲ႔ ရမွတ္ကြာဟမႈကို ေလ်ာ့ခ်ႏိုင္ဖို႔ ဒီပြဲစဥ္ကို ေသခ်ာေပါက္အႏိုင္ကန္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ပြဲစဥ္ကို ခန႔္မွန္းရရင္ အာဆင္နယ္အသင္းရဲ႕ အိမ္ကြင္းမွာ ခ်ဲလ္ဆီး အသင္း အႏိုင္ရဖို႔ လြယ္ကူမေနတဲ့အျပင္ လက္ရွိေျခစြမ္းနဲ႔ ရလဒ္ပိုင္းေတြအရ ႏွစ္ဖက္အျပန္ အလွန္သြင္းဂိုးေတြနဲ႔ သေရ က်ႏိုင္သလို ႏိုင္ပြဲအေနနဲ႔ကေတာ့ အာဆင္နယ္အသင္းဘက္ကေနခ်င္ပါတယ္။

မန္စီးတီး Vs ဘ႐ိုက္တန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘ႐ိုက္တန္ ၂ - ဝ မန္စီးတီး (၁ဝ-၁၁-၂ဝ၂၄)
ဘ႐ိုက္တန္ ဝ - ၄ မန္စီးတီး (၂၆-၄-၂ဝ၂၄)
မန္စီးတီး ၂ - ၁ ဘ႐ိုက္တန္ (၂၁-၁ဝ-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ဝ ဘ႐ိုက္တန္
မန္စီးတီး ၁ - ဝ ဘ႐ိုက္တန္
မန္စီးတီးအသင္းအတြက္ ဒီပြဲစဥ္က အခက္အခဲရွိႏိုင္တယ္ဆိုေပမယ့္ မျဖစ္မေနႏိုင္ပြဲရဖို႔လိုအပ္ေနတဲ့ ပြဲစဥ္ တစ္ပြဲျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ရာသီကုန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ဉေရာပ ဝင္ခြင့္ တစ္ေနရာအတြက္ မျဖစ္မေနလိုအပ္ေနတဲ့အေနအထားမွာ ခ်ဲလ္ဆီးအသင္းနဲ႔ နယူးကာဆယ္အသင္းတို႔နဲ႔အၿပိဳင္ ယွဥ္ၿပိဳင္ရမွာျဖစ္တဲ့အတြက္ ပြဲစဥ္တိုင္းမွာ သတိႀကီးႀကီးနဲ႔ ရင္ဆိုင္ကစားသြားရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ မန္စီးတီး အသင္းမွာ ကြင္းလယ္ပိုင္းလိုအပ္ခ်က္နဲ႔ တိုက္စစ္ပိုင္းက သြင္းဂိုးေတြအတြက္ စိတ္ခ်ရမႈမရွိတဲ့အ‌ေနအထားမွာ ဖန္တီးႏိုင္မႈ အားနည္းခ်က္ေတြကလဲ မန္းစီးတီးအသင္းရဲ႕ ရလဒ္ပိုင္းဆိုး႐ြားသြားရတဲ့ အေၾကာင္းရင္းေတြပဲ ျဖစ္ပါ တယ္။ ဒါေၾကာင့္ မန္စီးတီးအသင္းအေနနဲ႔ ရာသီကုန္မွာ ဉေရာပဝင္ခြင့္ တစ္ေနရာအတြက္သာ အဓိကထား ယွဥ္ ၿပိဳင္သြားရဖို႔ရွိေနပါတယ္။ ဘ႐ိုက္တန္အသင္းကေတာ့ မန္စီးတီးအသင္းကို ဒီရာသီပထမဆုံးအႀကိမ္ေတြ႕ဆုံမႈမွာ ႏိုင္ပြဲရထားၿပီး အသင္းႀကီးေတာ္ေတာ္မ်ားမ်ားနဲ႔လည္း အေကာင္းဆုံးကစားထားႏိုင္တဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ဘ႐ိုက္တန္အသင္းက ဒီရာသီမွာ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာအတြက္လည္း ရရွိႏိုင္ဖို႔အခြင့္အေရးရွိႏိုင္သလို ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ျဖစ္ႏိုင္ေသးတဲ့အေနအထားေတြေၾကာင့္ မန္စီးတီးအသင္းကို အေကာင္းဆုံး ရင္ဆိုင္ လာမွာေသခ်ာေနပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ခန႔္မွန္းရရင္ေတာ့ မန္စီးတီးအသင္းက အိမ္ကြင္းျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ အေျခအေနေကာင္းႏိုင္ေပမယ့္ ဘ႐ုက္တန္အသင္းရဲ႕ လက္ရွိေျခစြမ္းနဲ႔ ရလဒ္ေတြအရ မန္စီးတီး အသင္း အေနနဲ႔ သေရက်သြားႏိုင္သလို ႏိုင္မယ္ဆိုရင္ေတာင္း ဂိုးမျပတ္မယ့္ ပြဲစဥ္ျဖစ္ပါတယ္။

လက္စတာစီးတီး Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၃ - ဝ လက္စတာစီးတီး (၁ဝ-၁၁-၂ဝ၂၄)
မန္ယူ ၃ - ဝ လက္စတာစီးတီး (၁၉-၂-၂ဝ၂၃)
လက္စတာစီးတီး ဝ - ၁ မန္ယူ (၂-၉-၂ဝ၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လက္စတာစီးတီး Vs မန္ယူ
လက္စတာစီးတီး Vs မန္ယူ
မန္ယူအသင္းက ယူ႐ိုပါလိဂ္ကစားတဲ့ပြဲစဥ္က ေျခစြမ္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ကစားတဲ့ေျခစြမ္းေတြက မတူညီေနဘဲကြဲျပားေနတတ္တာကိုေတြ႕ရပါတယ္။ ဒါဟာ ယူ႐ိုပါလိဂ္အသင္းေတြရဲ႕ နိမ့္က်မႈေတြေၾကာင့္လား မသိႏိုင္သလို မန္ယူအသင္းရဲ႕အထာကို ပရီးမီးယားလိဂ္အသင္းေတြက ႀကိဳသိေနတာေၾကာင့္ပဲလားဆိုတဲ့ ေမးခြန္း ေတြကလည္းရွိေနပါတယ္။ ဒီရာသီမန္ယူအသင္းရဲ႕ ေျခစြမ္းက အဆင့္ (၁ဝ)ေအာက္ေရာက္ရွိသြားခဲ့သလို ရာသီကုန္မွာလည္း ရလဒ္ေကာင္းလာႏိုင္ေျခနည္းတာကိုၾကည့္ရင္ မန္ယူအသင္းဟာ အျခားေသာ ပရီးမီးယား လိဂ္အသင္းအခ်ိဳ႕နဲ႔ ေျခစြမ္းပိုင္ကြာဟသြားၿပီလားဆိုတဲ့ အေနအထားမ်ိဳးလည္းရွိေနပါတယ္။ ဒါ့ျပင္တိုက္စစ္ပိုင္း က ဂါနာခ်ိဳရဲ႕ အခြင့္အေရးေတြကို ဂိုးအျဖစ္ေျပာင္းလဲႏိုင္မႈမရွိတဲ့အခ်က္ေတြအျပင္ တိုက္စစ္ပိုင္းမွာ ရက္ဖို႔ဒ္မရွိ ေတာ့တဲ့ေနာက္ပိုင္း သြင္းဂိုးအေရအတြက္ သိသိသာသာက်ဆင္းသြားသလို ေနာက္ပိုင္းပြဲစဥ္ေတြမွာ သြင္းဂိုး ေတာ္ေတာ္မ်ားမ်ားကို အရင္ဆုံးခြင့္ျပဳေပးေနရတာကလည္း မန္ယူအသင္းအတြက္ ထိုးႏွက္ခ်က္ေတြပဲ ျဖစ္ပါ တယ္။ နည္းျပ အမ္မိုရင္အေနနဲ႔လည္း ဒီရာသီမွာ ရလဒ္ပိုင္းျပန္တက္မလာရင္ ရာသီကုန္နည္းျပအေျပာင္းအလဲ လုပ္ဖို႔ရွိေနတဲ့ဆိုတဲ့ သတင္ေတြလည္းထြက္ေပၚေနတာေၾကာင့္ မန္ယူအသင္းရဲ႕အေနအထားဟာ ႏိုင္ပြဲေတြ အတြက္ အမ်ားႀကီးေမွ်ာ္လင့္လို႔မရႏိုင္တာကိုေတြ႕ရပါတယ္။ လက္စတာစီးတီးနဲ႔ ပြဲစဥ္ကလည္း မန္ယူအသင္း အတြက္ အႏိုင္(၃)မွတ္ရဖို႔ အခြင့္အေရးတစ္ခုျဖစ္တဲ့အျပင္ ေျခစြမ္းပိုင္းမွာ သိသိသာသာက်ဆင္းေနတဲ့ လက္စတာ ကို မန္ယူအသင္းအေနနဲ႔ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ခက္ခက္ခဲခဲကစားၿပီးမွ ႏိုင္ပြဲရယူသြားႏိုင္ဖို႔ရွိေနပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။

ဖူဟမ္ Vs စပါးစ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ ၁ - ၁ ဖူဟမ္ (၁-၁၂-၂ဝ၂၄)
ဖူဟမ္ ၃ - ဝ စပါးစ္ (၁၇-၃-၂ဝ၂၄)
စပါးစ္ ၁ - ၁ ဖူဟမ္ (၂၄-၁ဝ-၂ဝ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဖူဟမ္ Vs စပါးစ္
ဖူဟမ္ Vs စပါးစ္
စပါးစ္အသင္းအတြက္ ဒီရာသီက အစပိုင္းေကာင္းခဲ့တယ္လို႔ေျပာလို႔ရေပမယ့္ ရာသီဝက္မေရာက္ခင္မွာပဲ အသင္းရဲ႕အဓိက ကစားသမားေတြ ဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ စပါးစ္အသင္းရဲ႕ စကားပုံ ပ်က္သြား ခဲ့ၿပီး လိုအပ္တဲ့ ႏိုင္ပြဲေတြမရတဲ့အျပင္ ရႈံးပြဲမ်ားစြားနဲ႔ရင္ဆိုင္လိုက္ရပါတယ္။ ရာသီဝက္မေရာက္ခင္မွာ မက္ဒီဆင္နဲ႔ ႐ိုမဲ႐ိုးတို႔ ဒဏ္ရာရရွိသြားခဲ့ျခင္းက စပါးစ္အသင္းအတြက္ ေပးဆပ္မႈ ႀကီးမားသြားခဲ့တယ္လို႔ဆိုႏိုင္ၿပီး ရီခ်ာလီဆန္နဲ႔ အျခားေသာ ကစားသမားမ်ားစြာပါ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ စပါးစ္အသင္းက အသင္းႀကီးေတြနဲ႔ေတြ႕တဲ့ ပြဲစဥ္ေတြမွာ မန္စီးတီးတစ္သင္းကလြဲရင္ က်န္တဲ့အသင္းေတာ္ ေတာ္မ်ားမ်ားကို ရႈံးထား သလို ဂိုးျပတ္ရႈံးပြဲေတြနဲ႔သာ ၿပီးဆုံးသြားခဲ့ရတာျဖစ္ပါတယ္။ ဖူဟမ္အသင္းကေတာ့ ဒီရာသီမွာ FA Cup မွာ အေျခ အေနေကာင္းေနသလို ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း ယူ႐ိုပါလိဂ္ ဝင္ခြင့္တစ္ေနရာအျပင္ ခ်န္ပီယံ လိဂ္ဝင္ခြင့္အတြက္လည္း ဝင္ေရာက္ႏိုင္ေျခရွိတာေၾကာင့္ ဒီပြဲစဥ္က ၾကည့္ေကာင္းမယ့္ ပြဲစဥ္တစ္ပြဲျဖစ္လာဖို႔ ရွိေနပါတယ္။ ဒီပြဲစဥ္ကိုခန႔္မွန္းရမယ္ဆိုရင္ေတာ့ စပါးစ္အသင္းရဲ႕ ေျခစြမ္းက က်ဆင္းေနတဲ့အခ်ိန္ျဖစ္တဲ့အျပင္ အေဝးကြင္းမွာရင္ဆိုင္ရမယ့္ပြဲစည္ျဖစ္တာေၾကာင့္ ဒီပြဲစဥ္က စပါးစ္အသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး သေရက် ဖို႔ မ်ားတဲ့အျပင္ ဖူဟမ္အသင္းကေတာင္ ဂိုးမျပတ္ဘဲ ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။

၁၅ - ၃ -၂ဝ၂၅ (စေနေန႔ ညပိုင္း)
ည(၉း၃ဝ) မန္စီးတီး Vs ဘ႐ိုက္တန္
၁၆ - ၃ -၂ဝ၂၅ (စေနေန႔ ညပိုင္း)
ည(၈းဝဝ) အာဆင္နယ္ Vs ခ်ဲလ္ဆီး
ည(၈းဝဝ) ဖူဟမ္ Vs စပါးစ္
နံနက္(၁း၃ဝ) လက္စတာစီးတီး Vs မန္ယူ

Related news

© 2021. All rights reserved.