နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

824

Pearl (NP News) - မတ် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစကမှ ယမန်နေ့ (မတ်လ ၁၃ ရက်) တွင် ထုတ်ပြန်ထားသည်။
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းရာတွင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော သူရဘွဲ့ကို ဗိုလ်မှူးကြီး ရန်နောင်စိုး နှင့် ဗိုလ်မှူးကြီး အောင်သူတို့အားချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်ဆိုင်ရာ စွမ်းရည် သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ကို ဒုတိယ ဗိုလ်မှူးကြီးမျိုးဆွေလတ် အပါအဝင် (၁၆)ဦးအားလည်းကောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော ရဲဗလတံဆိပ်ကို (၆၁)ဦး အားလည်းကောင်း အသီးသီးချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
အလားတူ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်သော စီမံထူးချွန်တံဆိပ် (ပထမဆင့်) ကို ဗိုလ်မှူးချုပ် သိန်းထွန်းတင်အားလည်းကောင်း၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်)ကို ဗိုလ်မှူးချုပ် နေမျိုးထွန်း အပါအဝင် (၃)ဦးအား လည်းကောင်း၊ ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်များဖြစ်သော နည်းပညာထူးချွန်တံဆိပ် (ပမထဆင့်) ကို ဗိုလ်မှူးချုပ် ဌေးအောင် နှင့် ဗိုလ်မှူးချုပ် မြတ်မင်းဦးတို့အားလည်းကောင်း၊ နည်းပညာထူးချွန်တံဆိပ် (တတိယဆင့်) ကို ဗိုလ်မှူးကြီး သိန်းလွင် နှင့် ဒုတိယ ဗိုလ်မှူးကြီး အောင်နိုင် အပါအဝင် (၅)ဦး တို့အား လည်းကောင်း အသီးသီး ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
zawgyi version
ႏိုင္ငံေတာ္ကာကြယ္ေရး ႏွင့္ လုံၿခဳံေရးတာဝန္မ်ားကို စြမ္းစြမ္းတမံ ထမ္းေဆာင္ခဲ့သည့္ ပုဂၢိဳလ္မ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕ႏွင့္ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္း
Pearl (NP News) - မတ္ ၁၄
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ႏိုင္ငံေတာ္ကာကြယ္ေရး ႏွင့္ လုံၿခဳံေရးတာဝန္မ်ားကို စြမ္းစြမ္းတမံ ထမ္းေဆာင္ခဲ့သည့္ ပုဂၢိဳလ္မ်ားအား ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား၊ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားကို ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း နစကမွ ယမန္ေန႔ (မတ္လ ၁၃ ရက္) တြင္ ထုတ္ျပန္ထားသည္။
ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ခ်ီးျမႇင့္အပ္ႏွင္းရာတြင္ တပ္မေတာ္ဆိုင္ရာ စြမ္းရည္သတၱိဂုဏ္ထူးေဆာင္ဘြဲ႕ျဖစ္ေသာ သူရဘြဲ႕ကို ဗိုလ္မႉးႀကီး ရန္ေနာင္စိုး ႏွင့္ ဗိုလ္မႉးႀကီး ေအာင္သူတို႔အားခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တပ္မေတာ္ဆိုင္ရာ စြမ္းရည္ သတၱိဂုဏ္ထူးေဆာင္တံဆိပ္ျဖစ္ေသာ သူရဲေကာင္းမွတ္တမ္းဝင္ တံဆိပ္ကို ဒုတိယ ဗိုလ္မႉးႀကီးမ်ိဳးေဆြလတ္ အပါအဝင္ (၁၆)ဦးအားလည္းေကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဆိုင္ရာ စြမ္းရည္သတၱိဂုဏ္ထူးေဆာင္တံဆိပ္ျဖစ္ေသာ ရဲဗလတံဆိပ္ကို (၆၁)ဦး အားလည္းေကာင္း အသီးသီးခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။
အလားတူ စြမ္းေဆာင္မႈဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္မ်ားျဖစ္ေသာ စီမံထူးခြၽန္တံဆိပ္ (ပထမဆင့္) ကို ဗိုလ္မႉးခ်ဳပ္ သိန္းထြန္းတင္အားလည္းေကာင္း၊ စီမံထူးခြၽန္တံဆိပ္ (တတိယဆင့္)ကို ဗိုလ္မႉးခ်ဳပ္ ေနမ်ိဳးထြန္း အပါအဝင္ (၃)ဦးအား လည္းေကာင္း၊ ပညာရပ္ဆိုင္ရာထူးခြၽန္တံဆိပ္မ်ားျဖစ္ေသာ နည္းပညာထူးခြၽန္တံဆိပ္ (ပမထဆင့္) ကို ဗိုလ္မႉးခ်ဳပ္ ေဌးေအာင္ ႏွင့္ ဗိုလ္မႉးခ်ဳပ္ ျမတ္မင္းဦးတို႔အားလည္းေကာင္း၊ နည္းပညာထူးခြၽန္တံဆိပ္ (တတိယဆင့္) ကို ဗိုလ္မႉးႀကီး သိန္းလြင္ ႏွင့္ ဒုတိယ ဗိုလ္မႉးႀကီး ေအာင္ႏိုင္ အပါအဝင္ (၅)ဦး တို႔အား လည္းေကာင္း အသီးသီး ခ်ီးျမႇင့္အပ္ႏွင္းခဲ့ေၾကာင္း သိရသည္။