တန့်ယန်းတွင် ကျားဖျန့်လုပ်ဆောင်နေသော မြန်မာနိုင်ငံသား(၁)ဦး နှင့် တရားမဝင်ပြည်ပနိုင်ငံသား (၁၆၅)ဦး ဖမ်းဆီးရမိ

558

Pearl (NP News) - မတ် ၁၄
ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် အွန်လိုင်းလောင်းကစား နှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်နေသည့် မြန်မာနိုင်ငံသား(၁)ဦး နှင့် တရားမဝင်ပြည်ပနိုင်ငံသား (၁၆၅)ဦးဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၂) ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ နားဟုတ်ကျေးရွာအုပ်စုအတွင်း ရှာဖွေဖော်ထုတ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ခဲ့ရာ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ဆောင်နေသည့် တရားမဝင်ပြည်ပနိုင်ငံသား (၁၆၅)ဦး၊ မြန်မာနိုင်ငံသား ၁ ဦးတို့ကို အလျား ၂၀၀ ပေ၊ အနံ ၆၀ ပေရှိ သွပ်မိုးခန်းမ ၁ လုံး၊ ၇ ခန်းတွဲ ယာယီလူနေအဆောက်အအုံ ၅ လုံး၊ လုပ်ငန်းသုံး ပရိဘောဂပစ္စည်းများ၊ StarLink ၂ စုံ၊ ဖုန်းမျိုးစုံ ၃၀ လုံး၊ All in One ကွန်ပျူတာ ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများအား စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန် နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၁၃ ရက်အထိ ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရားမဝင် ပြည်ပနိုင်ငံသား စုစုပေါင်း ၆၀၁၅ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၃၂၁၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၀၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
တန႔္ယန္းတြင္ က်ားဖ်န႔္လုပ္ေဆာင္ေနေသာ ျမန္မာႏိုင္ငံသား(၁)ဦး ႏွင့္ တရားမဝင္ျပည္ပႏိုင္ငံသား (၁၆၅)ဦး ဖမ္းဆီးရမိ
Pear (NP News) - မတ္ ၁၄
ရွမ္းျပည္နယ္၊ တန႔္ယန္းၿမိဳ႕နယ္တြင္ အြန္လိုင္းေလာင္းကစား ႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ ျမန္မာႏိုင္ငံသား(၁)ဦး ႏွင့္ တရားမဝင္ျပည္ပႏိုင္ငံသား (၁၆၅)ဦးဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ မတ္လ (၁၂) ရက္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ တန႔္ယန္းၿမိဳ႕နယ္၊ နားဟုတ္ေက်း႐ြာအုပ္စုအတြင္း ရွာေဖြေဖာ္ထုတ္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပဳလုပ္ခဲ့ရာ တရားမဝင္အြန္လိုင္းေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ တရားမဝင္ျပည္ပႏိုင္ငံသား (၁၆၅)ဦး၊ ျမန္မာႏိုင္ငံသား ၁ ဦးတို႔ကို အလ်ား ၂၀၀ ေပ၊ အနံ ၆၀ ေပရွိ သြပ္မိုးခန္းမ ၁ လုံး၊ ၇ ခန္းတြဲ ယာယီလူေနအေဆာက္အအုံ ၅ လုံး၊ လုပ္ငန္းသုံး ပရိေဘာဂပစၥည္းမ်ား၊ StarLink ၂ စုံ၊ ဖုန္းမ်ိဳးစုံ ၃၀ လုံး၊ All in One ကြန္ပ်ဴတာ ၅ လုံးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးရမိသူမ်ားအား စနစ္တက်စိစစ္ေဆာင္႐ြက္လ်က္ရွိၿပီး ဥပေဒႏွင့္အညီ တရားစြဲဆိုအေရးယူေဆာင္႐ြက္ႏိုင္ရန္ ႏွင့္ ျပည္ပႏိုင္ငံသားမ်ားအား လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကိုေရွးရႈ၍ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ႏိုင္ရန္ တာဝန္ရွိသူမ်ားက ဆက္လက္ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
အလားတူ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၃၀ ရက္မွ မတ္လ ၁၃ ရက္အထိ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳလ္နယ္ေျမမွ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ားအပါအဝင္ ဒုစ႐ိုက္မႈမ်ားက်ဴးလြန္ခဲ့ၾကသည့္ တရားမဝင္ ျပည္ပႏိုင္ငံသား စုစုေပါင္း ၆၀၁၅ ဦးကို စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ကာ ၎တို႔အနက္မွ ၃၂၁၃ ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပႏိုင္ငံသား ၂၈၀၂ ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။