ရင်သပ်ရှုမောဖွယ်ကမ်းခြေ ကြည်လင်တောက်ပတဲ့ရေနဲ့ နာမည်ကျော်ဘော့ဒ်ရမ်မြို့

331

Pika (NP News) - မတ် ၁၄
ဘော့ဒ်ရမ်မြို့သည် တူရကီနိုင်ငံ မူဂလာ ပြည်နယ်၏ ခရိုင်နှင့်မြို့တစ်မြို့ဖြစ်ပြီး ရင်သပ်ရှုမော ဖွယ်ကမ်းခြေများ၊ ကြည်လင်တောက်ပနေသောရေများနှင့် ညဘက်အချိန်အခါများတွင်တွေ့နိုင်သည့် ပျော်ရွှင်ဖွယ်ကောင်းသော ဖျော်ဖြေ ရေးများကြောင့် နာမည်ကျော်ကြားသည်။ ထို့ပြင် ဘော့ဒ်ရမ်မြို့သည် ရေအောက် ရှေးဟောင်း သုတေသန ပြတိုက်ရှိသော အထင်ကရနေရာတစ်ခုဖြစ်သည့် ဘော့ဒ်ရမ်ရဲတိုက် အပါအဝင် ရှေးဟောင်းအပျက်အစီးများရှိသည့် နေ ရာများကြောင့်လည်း နာမည်ကျော်ကြားသည်။ ဘော့ဒ်ရမ်မြို့တွင် လူပေါင်း(၂)သိန်းခန့်နေထိုင်ပြီး စုစုပေါင်း အကျယ်အဝန်းမှာ (၆၅၀)စတုရန်းကီလိုမီ တာခန့်ရှိကာ မြို့ငယ် (၄)မြို့ပါဝင်ကြောင်းသိရသည်။ ထို့ပြင် ဘော့ဒ်ရမ်မြို့ သည် ဂိုကိုဗာပင်လယ် ကွေ့အဝင်ပေါက်ဝရှိ ဆိပ်ကမ်းမြို့တစ်မြို့လည်းဖြစ် သည်။ ရှေးခေတ်အချိန်များက ဟာလီ ကာနတ်ဆပ်စ် ဟုလူသိများသော ဘော့ဒ်ရမ်မြို့သည် သင်္ချိုင်းဂူအများအပြားကိုလက်ခံထားရှိသည့် ခံ့ညားသော အ ဆောက်အအုံများ၏ နေအိမ်တစ်ခုဖြစ်ပြီး ရှေးခေတ် ကမ္ဘာ၏အံ့ဖွယ်(၇)ခုထဲမှ တစ်ခုဖြစ်သော Caria ဒေသ၏ အုပ်ချုပ်သူဖြစ်သည့် Mausolus သင်္ချိုင်း ဟုလည်းလူသိများသည်။ ဘော့ဒ်ရမ်မြို့ကို ဒိုရီယန် ဂရိလူမျိုးစုများက စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပါရှန်းအုပ်ချုပ်မှုအောက်သို့ကျ ရောက်ခဲ့ပြီးနောက် Caria ဒေသ၏မြို့တော် ဖြစ် လာခဲ့ကြောင်းသိရသည်။ Mausolus သည် Caria ဒေသကို ဘော့ဒ်ရမ်မြို့မှနေကာအုပ်ချုပ်ခဲ့ပြီး (၃၅၃)ဘီစီတွင် ၎င်းသေဆုံးခဲ့ပြီးနောက် ဇနီးဖြစ်သူ Artemisia က ၎င်းအတွက် Mausole ဟုခေါ် သောသင်္ချိုင်းတစ်ခုကို တည်ဆောက် ပေးခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် မက်ဆီဒိုးနီးယားတပ်ဖွဲ့များသည် ဘော့ဒ်ရမ်မြို့ကိုဝိုင်းရံ ထားခဲ့ပြီးနောက် (၃၃၄)ဘီစီတွင် သိမ်းပိုက်ခဲ့ကြောင်းသိရသည်။
ရှေးခေတ်ဂရိနိုင်ငံ မက်ဆီဒိုးနီးယား၏ဘုရင်ဟောင်း ဖြစ်သော အလက် ဇန္ဒားကွယ်လွန်ပြီးနောက် ဘော့ဒ်ရမ်မြို့ကို ဟယ်လင်နစ်အုပ်စိုးရှင်များထံ လွှဲပြောင်း ပေးခဲ့ရပြီး ရောမအုပ်ချုပ်မှု အောက်တွင် (၁၂၉)ဘီစီ အထိ လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်များနှင့် ပင်လယ်ဓားပြတိုက်ခိုက်မှုများသည် အဆိုပါဧရိယာကို ထိခိုက်စေခဲ့ပြီး Byzantine ခေတ်ကာလတွင် ဘော့ဒ်ရမ်မြို့သည် ၎င်း၏အရေးပါမှုကို ဆုံးရှုံးခဲ့ရကြောင်းသိရသည်။ (၁၄၀၂) ခုနှစ်တွင် Knights Hospitaller သည် ဘော့ဒ်ရမ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဘော့ဒ်ရမ် ရဲတိုက်တည်ဆောက်ရန်အတွက် Mausolus ဂူဗိမာန်၏ အကြွင်းအကျန်များကိုအသုံးပြုခဲ့ ကြောင်း လည်းသိရသည်။ (၁၅၂၂) ခုနှစ်တွင် ဂရိနိုင်ငံ၏ အကြီးဆုံးကျွန်းဖြစ်သည့် Rhodes ကျွန်းကို အော် တိုမန် အင်ပါယာ၏ဘုရင် ဆူလေမန်က သိမ်းယူခဲ့ပြီး နောက် Knights Hospitaller သည် ဥရောပသို့ ပြောင်းရွှေ့သွားမှု နှင့်အတူ ဘော့ဒ်ရမ်မြို့သည် အော်တိုမန်အင်ပါယာ၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့ကြောင်းလည်းသိရသည်။ (၂၀)ရာစု တွင် ဘော့ဒ် ရမ်မြို့၏စီးပွားရေးသည် ငါးဖမ်းခြင်းနှင့် ရေမြှုပ်ဆယ် ယူခြင်းတို့ကို အဓိကအခြေခံခဲ့သော်လည်း ခရီးသွား လုပ်ငန်းသည် (၂၀) ရာစုနှောင်းပိုင်းတည်းက ဘော့ဒ် ရမ်မြို့၏အဓိကလုပ်ငန်းဖြစ်လာခဲ့ကြောင်းသိရသည်။ ထို့ပြင် ခရီးသွားဧည့်သည် လာရောက်လည်ပတ် နှုန်းများပြားမှုသည် ဘော့ဒ်ရမ်မြို့၏ လက်လီရောင်းချမှုနှင့် ဝန်ဆောင်မှု လုပ်ငန်းကိုအထောက်အကူဖြစ်စေခဲ့ ကြောင်းလည်းသိရသည်။ Milas-Bodrum လေဆိပ်နှင့် Kos အပြည်ပြည် ဆိုင်ရာလေဆိပ်တို့သည် ဘော့ဒ်ရမ်မြို့တွင်းဝန်ဆောင်မှုပေးသော အဓိက လေဆိပ်များဖြစ်ပြီး ဘော့ဒ်ရမ်ဆိပ်ကမ်းတွင် အခြား အနီးအနားရှိ တူရကီနှင့်ဂရိဆိပ်ကမ်းများနှင့်ကျွန်းများ သို့သွားလာသည့် ကူးတို့သင်္ဘောများရှိကြောင်းလည်း သိရသည်။ ဘော့ဒ်ရမ်မြို့တွင်းရှိ အများသူငါ သယ်ယူပို့ဆောင်ရေးအများစုသည် ဒေသဆိုင်ရာ တက္ကစီများနှင့် ဘတ်စကားများအပေါ် အခြေခံထားကြောင်းလည်း သိရသည်။
(၂၀)ရာစုအတွင်း ဘော့ဒ်ရမ်မြို့၏စီးပွား ရေးသည် ငါးဖမ်းခြင်းနှင့် ရေမြှုပ်ဆယ်ယူခြင်းတို့အ ပေါ်အခြေခံ ခဲ့သည်။ Aegean ဒေသတွင် ကိုယ်လုံး တီးရေမြှုပ်ငုပ်ခြင်းကိုခြေရာခံမည်ဆိုပါက လွန်ခဲ့ သည့်နှစ်ပေါင်း(၃၀ဝဝ) ခန့်တွင်တွေ့ရှိနိုင်သော်လည်း နောက်ပိုင်းတွင် ခေတ်မီရေမြှုပ်ငုပ်ခြင်းသည် ဘော့ဒ်ရမ်မြို့သို့ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေခေတ်ဖြစ်ခဲ့သော (၁၉၄၅)ခုနှစ်နှင့် (၁၉၆၅)ခုနှစ်များအတွင်း ဘော့ဒ်ရမ်မြို့ရှိ ရေမြှုပ်ငုပ် ခြင်းလုပ် ငန်းများတွင် လှေအစင်းရေ(၁၅၀)ခန့် ပါဝင်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ရေမြှုပ်ရောဂါများ၊ ရေမြှုပ်အတု ထုတ်လုပ်ခြင်းနှင့် ရေမြှုပ်ငုပ်ခြင်း တို့ကို တားမြစ်ခြင်းတို့ကြောင့် နောက်ပိုင်းတွင် အဆိုပါ အမြတ်အစွန်းရှိသောလုပ်ငန်းမှာ အဆုံးသတ်သွားခဲ့ကြောင်းသိရသည်။ နောက်ပိုင်းတွင် နှစ်များ ကြာမြင့်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းသည် ဒေသခံလူထုအတွက်အဓိကလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီး ခရီးသွားဧည့် သည် လာရောက်လည်ပတ် မှုများပြားမှုသည် ဘော့ဒ်ရမ်မြို့၏ လက်လီ ရောင်းချမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူဖြစ်စေခဲ့ကြောင်းသိရသည်။ အထူးသဖြင့် ရိုးရာယက်ဖိနပ်များအတွက် သားရေပစ္စည်းများသည် ဘော့ဒ်ရမ်မြို့၏ လူသိများသော ထုတ်ကုန်များဖြစ်သည်။ ထို့ပြင် နာဇာ အဆောင်လက်ဖွဲ့များနှင့် လက်မှုပစ္စည်းများကဲ့ သို့သော အခြားရိုးရာပစ္စည်းများသည် ဘော့ဒ်ရမ်မြို့၏ လူကြိုက်များသော အမှတ်တရပစ္စည်းများဖြစ်သည်။ ဘော့ဒ် ရမ်မြို့တွင် သေးငယ်သော ဈေးဆိုင်များအပြင် Midtown နှင့် Oasis တို့ကဲ့သို့သော ဈေးဝယ်စင်တာ အနည်းငယ်ရှိ ကြောင်းလည်းသိရသည်။ ထို့ပြင် ဘော့ဒ်ရမ် မြို့တွင် Milta Bodrum Marina, D-Marin Turgutreis နှင့် Yalıkavak Marina တို့ကဲ့ သို့သောရွက်လှေများနှင့် သင်္ဘောငယ်များအတွက် ဆိပ်ကမ်းများလည်းရှိကြောင်းသိရသည်။ ဘော့ဒ် ရမ်၊ Kızılağaç နှင့် Pedasa အပျက်အစီးနေရာများ ကိုဖြတ်သန်းသွားသော Carian Trail သည် တူရကီပြည်တွင်းနှင့် ပြည်ပမှ တောင်တက်သမားများကို ဆွဲဆောင်ထားသည့် နေရာတစ်ခုလည်းဖြစ်သည်။

zawgyi version
ရင္သပ္ရႈေမာဖြယ္ကမ္းေျခ ၾကည္လင္ေတာက္ပတဲ့ေရနဲ႔ နာမည္ေက်ာ္ေဘာ့ဒ္ရမ္ၿမိဳ႕
Pika (NP News) - မတ္ ၁၄
ေဘာ့ဒ္ရမ္ၿမိဳ႕သည္ တူရကီႏိုင္ငံ မူဂလာ ျပည္နယ္၏ ခ႐ိုင္ႏွင့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ရင္သပ္ရႈေမာ ဖြယ္ကမ္းေျခမ်ား၊ ၾကည္လင္ေတာက္ပေနေသာေရမ်ားႏွင့္ ညဘက္အခ်ိန္အခါမ်ားတြင္ေတြ႕ႏိုင္သည့္ ေပ်ာ္႐ႊင္ဖြယ္ေကာင္းေသာ ေဖ်ာ္ေျဖ ေရးမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ထို႔ျပင္ ေဘာ့ဒ္ရမ္ၿမိဳ႕သည္ ေရေအာက္ ေရွးေဟာင္း သုေတသန ျပတိုက္ရွိေသာ အထင္ကရေနရာတစ္ခုျဖစ္သည့္ ေဘာ့ဒ္ရမ္ရဲတိုက္ အပါအဝင္ ေရွးေဟာင္းအပ်က္အစီးမ်ားရွိသည့္ ေန ရာမ်ားေၾကာင့္လည္း နာမည္ေက်ာ္ၾကားသည္။ ေဘာ့ဒ္ရမ္ၿမိဳ႕တြင္ လူေပါင္း(၂)သိန္းခန႔္ေနထိုင္ၿပီး စုစုေပါင္း အက်ယ္အဝန္းမွာ (၆၅၀)စတုရန္းကီလိုမီ တာခန႔္ရွိကာ ၿမိဳ႕ငယ္ (၄)ၿမိဳ႕ပါဝင္ေၾကာင္းသိရသည္။ ထို႔ျပင္ ေဘာ့ဒ္ရမ္ၿမိဳ႕ သည္ ဂိုကိုဗာပင္လယ္ ေကြ႕အဝင္ေပါက္ဝရွိ ဆိပ္ကမ္းၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ သည္။ ေရွးေခတ္အခ်ိန္မ်ားက ဟာလီ ကာနတ္ဆပ္စ္ ဟုလူသိမ်ားေသာ ေဘာ့ဒ္ရမ္ၿမိဳ႕သည္ သခ်ႋဳင္းဂူအမ်ားအျပားကိုလက္ခံထားရွိသည့္ ခံ့ညားေသာ အ ေဆာက္အအုံမ်ား၏ ေနအိမ္တစ္ခုျဖစ္ၿပီး ေရွးေခတ္ ကမာၻ၏အံ့ဖြယ္(၇)ခုထဲမွ တစ္ခုျဖစ္ေသာ Caria ေဒသ၏ အုပ္ခ်ဳပ္သူျဖစ္သည့္ Mausolus သခ်ႋဳင္း ဟုလည္းလူသိမ်ားသည္။ ေဘာ့ဒ္ရမ္ၿမိဳ႕ကို ဒိုရီယန္ ဂရိလူမ်ိဳးစုမ်ားက စတင္ တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ ပါရွန္းအုပ္ခ်ဳပ္မႈေအာက္သို႔က် ေရာက္ခဲ့ၿပီးေနာက္ Caria ေဒသ၏ၿမိဳ႕ေတာ္ ျဖစ္ လာခဲ့ေၾကာင္းသိရသည္။ Mausolus သည္ Caria ေဒသကို ေဘာ့ဒ္ရမ္ၿမိဳ႕မွေနကာအုပ္ခ်ဳပ္ခဲ့ၿပီး (၃၅၃)ဘီစီတြင္ ၎ေသဆုံးခဲ့ၿပီးေနာက္ ဇနီးျဖစ္သူ Artemisia က ၎အတြက္ Mausole ဟုေခၚ ေသာသခ်ႋဳင္းတစ္ခုကို တည္ေဆာက္ ေပးခဲ့ေၾကာင္း သိရသည္။ ေနာက္ပိုင္းတြင္ မက္ဆီဒိုးနီးယားတပ္ဖြဲ႕မ်ားသည္ ေဘာ့ဒ္ရမ္ၿမိဳ႕ကိုဝိုင္းရံ ထားခဲ့ၿပီးေနာက္ (၃၃၄)ဘီစီတြင္ သိမ္းပိုက္ခဲ့ေၾကာင္းသိရသည္။ ေရွးေခတ္ဂရိႏိုင္ငံ မက္ဆီဒိုးနီးယား၏ဘုရင္ေဟာင္း ျဖစ္ေသာ အလက္ ဇႏၵားကြယ္လြန္ၿပီးေနာက္ ေဘာ့ဒ္ရမ္ၿမိဳ႕ကို ဟယ္လင္နစ္အုပ္စိုးရွင္မ်ားထံ လႊဲေျပာင္း ေပးခဲ့ရၿပီး ေရာမအုပ္ခ်ဳပ္မႈ ေအာက္တြင္ (၁၂၉)ဘီစီ အထိ လြတ္လပ္ေသာႏိုင္ငံတစ္ႏိုင္ငံျဖစ္ခဲ့ေၾကာင္း သိရသည္။ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ ပင္လယ္ဓားျပတိုက္ခိုက္မႈမ်ားသည္ အဆိုပါဧရိယာကို ထိခိုက္ေစခဲ့ၿပီး Byzantine ေခတ္ကာလတြင္ ေဘာ့ဒ္ရမ္ၿမိဳ႕သည္ ၎၏အေရးပါမႈကို ဆုံးရႈံးခဲ့ရေၾကာင္းသိရသည္။ (၁၄၀၂) ခုႏွစ္တြင္ Knights Hospitaller သည္ ေဘာ့ဒ္ရမ္ၿမိဳ႕သို႔ ေရာက္ရွိလာခဲ့ၿပီး ေဘာ့ဒ္ရမ္ ရဲတိုက္တည္ေဆာက္ရန္အတြက္ Mausolus ဂူဗိမာန္၏ အႂကြင္းအက်န္မ်ားကိုအသုံးျပဳခဲ့ ေၾကာင္း လည္းသိရသည္။ (၁၅၂၂) ခုႏွစ္တြင္ ဂရိႏိုင္ငံ၏ အႀကီးဆုံးကြၽန္းျဖစ္သည့္ Rhodes ကြၽန္းကို ေအာ္ တိုမန္ အင္ပါယာ၏ဘုရင္ ဆူေလမန္က သိမ္းယူခဲ့ၿပီး ေနာက္ Knights Hospitaller သည္ ဥေရာပသို႔ ေျပာင္းေ႐ႊ႕သြားမႈ ႏွင့္အတူ ေဘာ့ဒ္ရမ္ၿမိဳ႕သည္ ေအာ္တိုမန္အင္ပါယာ၏ထိန္းခ်ဳပ္မႈေအာက္သို႔ က်ေရာက္သြားခဲ့ေၾကာင္းလည္းသိရသည္။ (၂၀)ရာစု တြင္ ေဘာ့ဒ္ ရမ္ၿမိဳ႕၏စီးပြားေရးသည္ ငါးဖမ္းျခင္းႏွင့္ ေရျမႇဳပ္ဆယ္ ယူျခင္းတို႔ကို အဓိကအေျခခံခဲ့ေသာ္လည္း ခရီးသြား လုပ္ငန္းသည္ (၂၀) ရာစုေႏွာင္းပိုင္းတည္းက ေဘာ့ဒ္ ရမ္ၿမိဳ႕၏အဓိကလုပ္ငန္းျဖစ္လာခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ခရီးသြားဧည့္သည္ လာေရာက္လည္ပတ္ ႏႈန္းမ်ားျပားမႈသည္ ေဘာ့ဒ္ရမ္ၿမိဳ႕၏ လက္လီေရာင္းခ်မႈႏွင့္ ဝန္ေဆာင္မႈ လုပ္ငန္းကိုအေထာက္အကူျဖစ္ေစခဲ့ ေၾကာင္းလည္းသိရသည္။
Milas-Bodrum ေလဆိပ္ႏွင့္ Kos အျပည္ျပည္ ဆိုင္ရာေလဆိပ္တို႔သည္ ေဘာ့ဒ္ရမ္ၿမိဳ႕တြင္းဝန္ေဆာင္မႈေပးေသာ အဓိက ေလဆိပ္မ်ားျဖစ္ၿပီး ေဘာ့ဒ္ရမ္ဆိပ္ကမ္းတြင္ အျခား အနီးအနားရွိ တူရကီႏွင့္ဂရိဆိပ္ကမ္းမ်ားႏွင့္ကြၽန္းမ်ား သို႔သြားလာသည့္ ကူးတို႔သေဘၤာမ်ားရွိေၾကာင္းလည္း သိရသည္။ ေဘာ့ဒ္ရမ္ၿမိဳ႕တြင္းရွိ အမ်ားသူငါ သယ္ယူပို႔ေဆာင္ေရးအမ်ားစုသည္ ေဒသဆိုင္ရာ တကၠစီမ်ားႏွင့္ ဘတ္စကားမ်ားအေပၚ အေျခခံထားေၾကာင္းလည္း သိရသည္။
(၂၀)ရာစုအတြင္း ေဘာ့ဒ္ရမ္ၿမိဳ႕၏စီးပြား ေရးသည္ ငါးဖမ္းျခင္းႏွင့္ ေရျမႇဳပ္ဆယ္ယူျခင္းတို႔အ ေပၚအေျခခံ ခဲ့သည္။ Aegean ေဒသတြင္ ကိုယ္လုံး တီးေရျမႇဳပ္ငုပ္ျခင္းကိုေျခရာခံမည္ဆိုပါက လြန္ခဲ့ သည့္ႏွစ္ေပါင္း(၃၀ဝဝ) ခန႔္တြင္ေတြ႕ရွိႏိုင္ေသာ္လည္း ေနာက္ပိုင္းတြင္ ေခတ္မီေရျမႇဳပ္ငုပ္ျခင္းသည္ ေဘာ့ဒ္ရမ္ၿမိဳ႕သို႔ပ်ံ႕ႏွံ႔လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေ႐ႊေခတ္ျဖစ္ခဲ့ေသာ (၁၉၄၅)ခုႏွစ္ႏွင့္ (၁၉၆၅)ခုႏွစ္မ်ားအတြင္း ေဘာ့ဒ္ရမ္ၿမိဳ႕ရွိ ေရျမႇဳပ္ငုပ္ ျခင္းလုပ္ ငန္းမ်ားတြင္ ေလွအစင္းေရ(၁၅၀)ခန႔္ ပါဝင္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေရျမႇဳပ္ေရာဂါမ်ား၊ ေရျမႇဳပ္အတု ထုတ္လုပ္ျခင္းႏွင့္ ေရျမႇဳပ္ငုပ္ျခင္း တို႔ကို တားျမစ္ျခင္းတို႔ေၾကာင့္ ေနာက္ပိုင္းတြင္ အဆိုပါ အျမတ္အစြန္းရွိေသာလုပ္ငန္းမွာ အဆုံးသတ္သြားခဲ့ေၾကာင္းသိရသည္။ ေနာက္ပိုင္းတြင္ ႏွစ္မ်ား ၾကာျမင့္လာသည္ႏွင့္အမွ် ခရီးသြားလုပ္ငန္းသည္ ေဒသခံလူထုအတြက္အဓိကလုပ္ငန္းတစ္ခု ျဖစ္လာခဲ့ၿပီး ခရီးသြားဧည့္ သည္ လာေရာက္လည္ပတ္ မႈမ်ားျပားမႈသည္ ေဘာ့ဒ္ရမ္ၿမိဳ႕၏ လက္လီ ေရာင္းခ်မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို အေထာက္အကူျဖစ္ေစခဲ့ေၾကာင္းသိရသည္။ အထူးသျဖင့္ ႐ိုးရာယက္ဖိနပ္မ်ားအတြက္ သားေရပစၥည္းမ်ားသည္ ေဘာ့ဒ္ရမ္ၿမိဳ႕၏ လူသိမ်ားေသာ ထုတ္ကုန္မ်ားျဖစ္သည္။ ထို႔ျပင္ နာဇာ အေဆာင္လက္ဖြဲ႕မ်ားႏွင့္ လက္မႈပစၥည္းမ်ားကဲ့ သို႔ေသာ အျခား႐ိုးရာပစၥည္းမ်ားသည္ ေဘာ့ဒ္ရမ္ၿမိဳ႕၏ လူႀကိဳက္မ်ားေသာ အမွတ္တရပစၥည္းမ်ားျဖစ္သည္။ ေဘာ့ဒ္ ရမ္ၿမိဳ႕တြင္ ေသးငယ္ေသာ ေဈးဆိုင္မ်ားအျပင္ Midtown ႏွင့္ Oasis တို႔ကဲ့သို႔ေသာ ေဈးဝယ္စင္တာ အနည္းငယ္ရွိ ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ေဘာ့ဒ္ရမ္ ၿမိဳ႕တြင္ Milta Bodrum Marina, D-Marin Turgutreis ႏွင့္ Yalıkavak Marina တို႔ကဲ့ သို႔ေသာ႐ြက္ေလွမ်ားႏွင့္ သေဘၤာငယ္မ်ားအတြက္ ဆိပ္ကမ္းမ်ားလည္းရွိေၾကာင္းသိရသည္။ ေဘာ့ဒ္ ရမ္၊ Kızılağaç ႏွင့္ Pedasa အပ်က္အစီးေနရာမ်ား ကိုျဖတ္သန္းသြားေသာ Carian Trail သည္ တူရကီျပည္တြင္းႏွင့္ ျပည္ပမွ ေတာင္တက္သမားမ်ားကို ဆြဲေဆာင္ထားသည့္ ေနရာတစ္ခုလည္းျဖစ္သည္။