အရပ်ဖက်နေရာကို ဗုံးမှားကြဲမိသည့် တောင်ကိုရီးယား လေယာဉ်မှူး နှစ်ဦးကို တရားစွဲ

312

Pika (NP News) - မတ် ၁၄
တောင်ကိုရီးယားတိုက်လေယာဉ်နှစ်စင်းသည် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်စဉ်အချိန်အတွင်း မြောက်ကိုရီးယားနှင့် ထိစပ်နေသော နယ်စပ်အနီးရှိ ရွာတစ်ရွာကို မတော် တဆဗုံးကြဲချမိခဲ့ပြီးနောက် တောင်ကိုရီးယားစစ်ဘက် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများက လေတပ်မှ လေယာဉ်မှူးနှစ်ဦးကို ရာဇဝတ်မှုဆိုင်ရာ ပေါ့ဆမှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးမတော်တဆကြဲချမိမှုအတွင်း အရပ်သား အနည်းဆုံး(၂၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်ဘက်ပိုင်ဆိုင်မှုများ ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ ပြီးခဲ့သည့်မတ်လ (၆)ရက်တွင် တောင်ကိုရီးယား၏ KF-16 တိုက်လေ ယာဉ်နှစ်စင်းသည် မြောက်ကိုရီးယားနယ်စပ်အနီးရှိ ရွာတစ်ရွာကို MK-82 ဗုံး(၈)လုံး မှားယွင်းကြဲချမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တောင်ကိုရီးယား ကာကွယ် ရေးဝန်ကြီးဌာနက "တောင်ကိုရီးယား လေတပ်ရဲ့ လေယာဉ်မှူးနှစ်ဦးရဲ့ ပစ် မှတ်ကိုဩဒိနိတ်မှားယွင်းမှုဟာ အဲဒီဖြစ်ရပ်ကို ဖြစ်ပွားစေခဲ့တဲ့ တိုက်ရိုက်အကြောင်း အရင်းတစ်ခုဖြစ်တယ်ဆိုတာကို ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်က အတည်ပြုခဲ့ပါတယ်"ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် စွဲချက်တင်ခံထားရ သော လေယာဉ်မှူးများကို လေကြောင်းပျံသန်းမှုများမှ ရပ်ဆိုင်းထားပြီး ၎င်းတို့၏ပျံသန်းမှုအသိအမှတ်ပြုလက်မှတ်များကို ပြန်လည်စစ်ဆေးမှု များလုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။ အဆိုပါဗုံးမတော်တဆကြဲချမိမှုကြောင့် ဘုရားကျောင်းတစ်ခုနှင့် အခြားအဆောက်အအုံ အနည်း ဆုံး(၇)လုံးခန့်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
MK-82 ဗုံးသည် အမေရိကန်ထုတ် ခဲယမ်းမီးကျည်တစ်ခုဖြစ်ပြီး KF-16 တိုက်လေယာဉ်သည် (၁၉၉၀)ခုနှစ်မှ (၂၀ဝဝ)ခုနှစ်များအတွင်း တောင်ကိုရီးယားနိုင်ငံတွင် ထုတ်လုပ်ခဲ့သည့် အမေရိကန် F-16 တိုက်လေယာဉ်၏ ကိုရီးယားဗားရှင်းဖြစ်ကြောင်း သိရသည်။
zawgyi version
အရပ္ဖက္ေနရာကို ဗုံးမွားႀကဲမိသည့္ ေတာင္ကိုရီးယား ေလယာဥ္မႉး ႏွစ္ဦးကို တရားစြဲ
Pika (NP News) - မတ္ ၁၄
ေတာင္ကိုရီးယားတိုက္ေလယာဥ္ႏွစ္စင္းသည္ အေမရိကန္ႏွင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား လုပ္ေဆာင္စဥ္အခ်ိန္အတြင္း ေျမာက္ကိုရီးယားႏွင့္ ထိစပ္ေနေသာ နယ္စပ္အနီးရွိ ႐ြာတစ္႐ြာကို မေတာ္ တဆဗုံးႀကဲခ်မိခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားစစ္ဘက္ ဆိုင္ရာ စုံစမ္းစစ္ေဆးေရးမႉးမ်ားက ေလတပ္မွ ေလယာဥ္မႉးႏွစ္ဦးကို ရာဇဝတ္မႈဆိုင္ရာ ေပါ့ဆမႈျဖင့္ တရားစြဲဆိုခဲ့ေၾကာင္း သိရသည္။
အဆိုပါဗုံးမေတာ္တဆႀကဲခ်မိမႈအတြင္း အရပ္သား အနည္းဆုံး(၂၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အရပ္ဘက္ပိုင္ဆိုင္မႈမ်ား ပ်က္စီးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ ၿပီးခဲ့သည့္မတ္လ (၆)ရက္တြင္ ေတာင္ကိုရီးယား၏ KF-16 တိုက္ေလ ယာဥ္ႏွစ္စင္းသည္ ေျမာက္ကိုရီးယားနယ္စပ္အနီးရွိ ႐ြာတစ္႐ြာကို MK-82 ဗုံး(၈)လုံး မွားယြင္းႀကဲခ်မိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေတာင္ကိုရီးယား ကာကြယ္ ေရးဝန္ႀကီးဌာနက "ေတာင္ကိုရီးယား ေလတပ္ရဲ႕ ေလယာဥ္မႉးႏွစ္ဦးရဲ႕ ပစ္ မွတ္ကိုဩဒိနိတ္မွားယြင္းမႈဟာ အဲဒီျဖစ္ရပ္ကို ျဖစ္ပြားေစခဲ့တဲ့ တိုက္႐ိုက္အေၾကာင္း အရင္းတစ္ခုျဖစ္တယ္ဆိုတာကို ရာဇဝတ္မႈဆိုင္ရာစုံစမ္းစစ္ေဆးေရးကြပ္ကဲမႈဌာနခ်ဳပ္က အတည္ျပဳခဲ့ပါတယ္"ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။
ထို႔ျပင္ စြဲခ်က္တင္ခံထားရ ေသာ ေလယာဥ္မႉးမ်ားကို ေလေၾကာင္းပ်ံသန္းမႈမ်ားမွ ရပ္ဆိုင္းထားၿပီး ၎တို႔၏ပ်ံသန္းမႈအသိအမွတ္ျပဳလက္မွတ္မ်ားကို ျပန္လည္စစ္ေဆးမႈ မ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္းလည္း သိရသည္။ အဆိုပါဗုံးမေတာ္တဆႀကဲခ်မိမႈေၾကာင့္ ဘုရားေက်ာင္းတစ္ခုႏွင့္ အျခားအေဆာက္အအုံ အနည္း ဆုံး(၇)လုံးခန႔္ပ်က္စီးခဲ့ေၾကာင္းလည္း သိရသည္။
MK-82 ဗုံးသည္ အေမရိကန္ထုတ္ ခဲယမ္းမီးက်ည္တစ္ခုျဖစ္ၿပီး KF-16 တိုက္ေလယာဥ္သည္ (၁၉၉၀)ခုႏွစ္မွ (၂၀ဝဝ)ခုႏွစ္မ်ားအတြင္း ေတာင္ကိုရီးယားႏိုင္ငံတြင္ ထုတ္လုပ္ခဲ့သည့္ အေမရိကန္ F-16 တိုက္ေလယာဥ္၏ ကိုရီးယားဗားရွင္းျဖစ္ေၾကာင္း သိရသည္။