မြန်မာ့သဘင်ယဥ်ကျေးမှုကို ပျက်စီးစေသည့် တင်ဆက်မှုများကို ရပ်တန့်ပေးရန် သဘင်အစည်းအရုံး အသိပေး

1019

ယွန်း
မြန်မာ့သဘင်ယဥ်ကျေးမှုကို ပျက်စီးစေသည့် တင်ဆက်မှုများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ပြီးခဲ့သည့် ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
လက်တလော လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာ၌ အငြိမ့်မင်းသမီးတစ်ဦးသည် မင်းသမီးဝတ်စုံဝတ်ကာ DJ သီချင်းဖြင့် အမြင်မသင့်တော်စွာ ကပြခြင်းကြောင့် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ ထုတ်ပြန်ချက်အရ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှ မင်းသမီးနှစ်ဦးသည် အလှူလှည့်အား အနုပညာကြေးဖြင့် လိုက်လံကပြဖျော်ဖြေသူများဖြစ်ရာ ၎င်းတို့အနက်မှ မြန်မာ့ဆိုင်းဝိုင်းကို နောက်ခံထား၍ မြန်မာအငြိမ့်မင်းသမီးဝတ်စုံဝတ်ကာ DJ Music ဖြင့် ကပြဖျော်ဖြေနေသော မင်းသမီးသည် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ စံပယ်ကုန်း ကျေးရွာတွင် ကပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ မင်းသမီးများသည်လည်းကောင်း၊ ဆိုင်းအဖွဲ့သည်လည်းကောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးဝင်များ မဟုတ်သည့်အပြင် မြန်မာနိုင်ငံသဘင်အစည်းအရုံးတွင် သဘင့်စည်းမျဉ်းများနှင့်အညီ တည်ထောင်ခွင့်များ ရယူဖွဲ့စည်းထားခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် ၎င်းဖျော်ဖြေတင်ဆက်မှုအတွက် သက်ဆိုင်ရာ နယ်မြေဒေသ၏ တာဝန်ရှိဌာနများတွင် ပွဲကျင်းပခွင့်ပြုချက်ကိုလည်း ရယူဆောင်ရွက်ထားခြင်းမရှိကြောင်း သိရသည်။
ထို့ကြောင့် တန်ဖိုးထားထိန်းသိမ်းအပ်သော မြန်မာ့သဘင်ယဉ်ကျေးမှုအား စော်ကားရာရောက်သည့် မဖွယ်ရာသော ဖျော်ဖြေတင်ဆက်မှုများကို ထိန်းသိမ်းကြပ်မတ်နိုင်ရန် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က အသိပေးထားသည်။
ထို့ပြင် မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးတမ်း အစဉ်အလာများ၊ သဘင့်ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ခွင့်ပြုချက်များ ရယူဆောင်ရွက်နိုင်ကြပါရန်နှင့် မြန်မာ့သဘင်ယဉ်ကျေးမှုကို ပျက်ဆီးစေသည့် တင်ဆက်မှုများအား ရပ်တန့်ပေးရန် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ထည့်သွင်းဖော်ပြထားသည်။

Zawgyi Version:
ျမန္မာ့သဘင္ယဥ္ေက်းမႈကို ပ်က္စီးေစသည့္ တင္ဆက္မႈမ်ားကို ရပ္တန႔္ေပးရန္ သဘင္အစည္းအ႐ုံး အသိေပး
ယြန္း
ျမန္မာ့သဘင္ယဥ္ေက်းမႈကို ပ်က္စီးေစသည့္ တင္ဆက္မႈမ်ားကို ရပ္တန႔္ေပးရန္ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)က ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။
လက္တေလာ လူမႈကြန္ရက္ေဖ့ဘြတ္စာမ်က္ႏွာ၌ အၿငိမ့္မင္းသမီးတစ္ဦးသည္ မင္းသမီးဝတ္စုံဝတ္ကာ DJ သီခ်င္းျဖင့္ အျမင္မသင့္ေတာ္စြာ ကျပျခင္းေၾကာင့္ ေဝဖန္မႈမ်ားလည္း ျမင့္တက္လ်က္ရွိသည္။
ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး၏ ထုတ္ျပန္ခ်က္အရ မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္မွ မင္းသမီးႏွစ္ဦးသည္ အလႉလွည့္အား အႏုပညာေၾကးျဖင့္ လိုက္လံကျပေဖ်ာ္ေျဖသူမ်ားျဖစ္ရာ ၎တို႔အနက္မွ ျမန္မာ့ဆိုင္းဝိုင္းကို ေနာက္ခံထား၍ ျမန္မာအၿငိမ့္မင္းသမီးဝတ္စုံဝတ္ကာ DJ Music ျဖင့္ ကျပေဖ်ာ္ေျဖေနေသာ မင္းသမီးသည္ မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ စံပယ္ကုန္း ေက်း႐ြာတြင္ ကျပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါ မင္းသမီးမ်ားသည္လည္းေကာင္း၊ ဆိုင္းအဖြဲ႕သည္လည္းေကာင္း ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးဝင္မ်ား မဟုတ္သည့္အျပင္ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးတြင္ သဘင့္စည္းမ်ဥ္းမ်ားႏွင့္အညီ တည္ေထာင္ခြင့္မ်ား ရယူဖြဲ႕စည္းထားျခင္း မရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၎ေဖ်ာ္ေျဖတင္ဆက္မႈအတြက္ သက္ဆိုင္ရာ နယ္ေျမေဒသ၏ တာဝန္ရွိဌာနမ်ားတြင္ ပြဲက်င္းပခြင့္ျပဳခ်က္ကိုလည္း ရယူေဆာင္႐ြက္ထားျခင္းမရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ တန္ဖိုးထားထိန္းသိမ္းအပ္ေသာ ျမန္မာ့သဘင္ယဥ္ေက်းမႈအား ေစာ္ကားရာေရာက္သည့္ မဖြယ္ရာေသာ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ထိန္းသိမ္းၾကပ္မတ္ႏိုင္ရန္ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)က အသိေပးထားသည္။
ထို႔ျပင္ ျမန္မာ့ယဥ္ေက်းမႈဓေလ့ ထုံးတမ္း အစဥ္အလာမ်ား၊ သဘင့္က်င့္ဝတ္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေဖ်ာ္ေျဖတင္ဆက္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားထံ ခြင့္ျပဳခ်က္မ်ား ရယူေဆာင္႐ြက္ႏိုင္ၾကပါရန္ႏွင့္ ျမန္မာ့သဘင္ယဥ္ေက်းမႈကို ပ်က္ဆီးေစသည့္ တင္ဆက္မႈမ်ားအား ရပ္တန႔္ေပးရန္ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)က ထည့္သြင္းေဖာ္ျပထားသည္။