တပ်မတော်၏ ဒရုန်းစွမ်းရည်သည် ချိတ်ဆက် မိမိလှုပ်ရှားနိုင်သော အဆင့်တစ်ခုအထိ ရောက်လာပြီဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူ သုံးသပ်

388

သုတကျော် (NP News) - မတ် ၁၅
တပ်မတော်၏ ဒရုန်းစွမ်းရည်သည် ချိတ်ဆက် မိမိ လှုပ်ရှားနိုင်သောအဆင့်တစ်ခုအထိ ရောက်လာပြီဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ရှမ်းမြောက်စစ်ပွဲကာလများ အပါအဝင် တပ်မတော်နှင့် တိုက်ပွဲများတွင် MNDAA၊ TNLA၊ AA နှင့် KIA ဘက်တွင် ဒရုန်းကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြသည့်အပြင် PDF များဘက်တွင်လည်း အသုံးပြုနေသည်။
ဒရုန်းအသုံးပြုမှုအပိုင်းတွင် တပ်မတော်ဘက်ကလည်း အများအပြား အသုံးပြုလာပြီးနောက် ဒရုန်းဖြင့် တိုက်ခိုက် သည့် ဗွီဒီယိုများမှာ အင်တာနက်လူမှုကွန်ယက်စာမျက်နှာများထက်တွင် ထွက်ပေါ်လာနေသည်။
ထို့ပြင် မြေပြင်ပစ်အား၊ လက်နက်ကြီးနှင့် ဒရုန်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုများကို တပ်မတော်ဘက်က အများအပြားပြုလုပ်လာပြီးနောက် လက်နက်ကိုင်အဖွဲ့များဘက်တွင် သတိထားရန် ရေးသားမှုများလည်း ထွက်ပေါ်နေခြင်းဖြစ်သည်။
ဒရုန်းအသုံးပြုတိုက်ခိုက်ရာတွင် တာဝန်ခွဲဝေကာ တိုက်ခိုက်သောပုံစံများလည်း တပ်မတော်ဘက်တွင် အသုံးပြု လာကြောင်း သိရသည်။
“ကနေဦး ရန်သူကိုစောင့်ကြည့်ထောက်လှမ်းဖို့ Reconnaissance တာဝန်ယူထားတဲ့ ဒရုန်းတစ်စင်းကိုပစ်လွှတ်ပြီး နောက်ဆုံးပစ်မှတ်တည်နေရာ Update အချက်အလက်များကို Real Time အတွင်းမျက်မြင်ရယူကာ နောက်ကနေ တိုက်ခိုက်ရေးတာဝန်ယူထားတဲ့ ဒရုန်းသုံးစင်းက ရရှိပစ်မှတ်တည်နေရာများအတိုင်း လှုပ်ရှားပြီး ရန်သူကို နောက်ပိုးသိပ်ပြီး အမှောက်လှဲအိပ်ပေးလိုက်တဲ့အကွက်လေးက တော်တော်လေးမိုက်တာကို တွေ့ရပါတယ်။ မိုက်တယ်ဆိုတာထက်နည်းနည်းပိုပြီးမျက်စိပွင့် နားပွင့်ဖြစ်လာသလို အချိတ်အဆက်မိမိလှုပ်ရှားလာနိုင်တဲ့အဆင့် တစ်ခုအထိ ရောက်လာပြီလို့ ညွှန်းဆိုရမယ်ထင်တယ်” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
တိုက်ခိုက်ရေး တစ်ခါထွက် ဒရုန်းအသုံးပြုမှုပုံစံထက် တာဝန်အသီးသီး ခွဲယူကာ ဒရုန်းများကို ချိတ်ဆက်မိမိ ပေါင်းစပ်ပြီး တိုက်ခိုက်လာနိုင်သောအချက်က အနေအထားတစ်ခုကိုရောက်လာပြီဟု ဆိုနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။
“Mobility Team ဖွဲ့ထားနိုင်တဲ့အတွက် ရန်သူလှုပ်ရှားမှုသတင်းရတဲ့နေရာကို အပြင်းချီတက်ပြီး စစ်ဆင်ရေး တာဝန်အဆင့်ဆင့်အတိုင်း ရန်သူကိုနောက်ပိုးသိပ်တဲ့အကွက်လေးတွေ ဒီနှစ်ထဲမှာ ခပ်စိပ်စိပ်တွေ့ရများလာ တော့မယ်လည်း ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
တပ္မေတာ္၏ ဒ႐ုန္းစြမ္းရည္သည္ ခ်ိတ္ဆက္ မိမိလႈပ္ရွားႏိုင္ေသာ အဆင့္တစ္ခုအထိ ေရာက္လာၿပီျဖစ္ေၾကာင္း စစ္ေရးကြၽမ္းက်င္သူ သုံးသပ္
သုတေက်ာ္ (NP News) - မတ္ ၁၅
တပ္မေတာ္၏ ဒ႐ုန္းစြမ္းရည္သည္ ခ်ိတ္ဆက္ မိမိ လႈပ္ရွားႏိုင္ေသာအဆင့္တစ္ခုအထိ ေရာက္လာၿပီျဖစ္ေၾကာင္း စစ္ေရးကြၽမ္းက်င္သူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။
ၿပီးခဲ့သည့္ ရွမ္းေျမာက္စစ္ပြဲကာလမ်ား အပါအဝင္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားတြင္ MNDAA၊ TNLA၊ AA ႏွင့္ KIA ဘက္တြင္ ဒ႐ုန္းကို က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳေနၾကသည့္အျပင္ PDF မ်ားဘက္တြင္လည္း အသုံးျပဳေနသည္။
ဒ႐ုန္းအသုံးျပဳမႈအပိုင္းတြင္ တပ္မေတာ္ဘက္ကလည္း အမ်ားအျပား အသုံးျပဳလာၿပီးေနာက္ ဒ႐ုန္းျဖင့္ တိုက္ခိုက္ သည့္ ဗြီဒီယိုမ်ားမွာ အင္တာနက္လူမႈကြန္ယက္စာမ်က္ႏွာမ်ားထက္တြင္ ထြက္ေပၚလာေနသည္။
ထို႔ျပင္ ေျမျပင္ပစ္အား၊ လက္နက္ႀကီးႏွင့္ ဒ႐ုန္းတို႔၏ ပူးေပါင္းတိုက္ခိုက္မႈမ်ားကို တပ္မေတာ္ဘက္က အမ်ားအျပားျပဳလုပ္လာၿပီးေနာက္ လက္နက္ကိုင္အဖြဲ႕မ်ားဘက္တြင္ သတိထားရန္ ေရးသားမႈမ်ားလည္း ထြက္ေပၚေနျခင္းျဖစ္သည္။
ဒ႐ုန္းအသုံးျပဳတိုက္ခိုက္ရာတြင္ တာဝန္ခြဲေဝကာ တိုက္ခိုက္ေသာပုံစံမ်ားလည္း တပ္မေတာ္ဘက္တြင္ အသုံးျပဳ လာေၾကာင္း သိရသည္။
“ကေနဦး ရန္သူကိုေစာင့္ၾကည့္ေထာက္လွမ္းဖို႔ Reconnaissance တာဝန္ယူထားတဲ့ ဒ႐ုန္းတစ္စင္းကိုပစ္လႊတ္ၿပီး ေနာက္ဆုံးပစ္မွတ္တည္ေနရာ Update အခ်က္အလက္မ်ားကို Real Time အတြင္းမ်က္ျမင္ရယူကာ ေနာက္ကေန တိုက္ခိုက္ေရးတာဝန္ယူထားတဲ့ ဒ႐ုန္းသုံးစင္းက ရရွိပစ္မွတ္တည္ေနရာမ်ားအတိုင္း လႈပ္ရွားၿပီး ရန္သူကို ေနာက္ပိုးသိပ္ၿပီး အေမွာက္လွဲအိပ္ေပးလိုက္တဲ့အကြက္ေလးက ေတာ္ေတာ္ေလးမိုက္တာကို ေတြ႕ရပါတယ္။ မိုက္တယ္ဆိုတာထက္နည္းနည္းပိုၿပီးမ်က္စိပြင့္ နားပြင့္ျဖစ္လာသလို အခ်ိတ္အဆက္မိမိလႈပ္ရွားလာႏိုင္တဲ့အဆင့္ တစ္ခုအထိ ေရာက္လာၿပီလို႔ ၫႊန္းဆိုရမယ္ထင္တယ္” ဟု အထက္ပါ စစ္ေရးသတင္းရင္းျမစ္က ဆိုသည္။
တိုက္ခိုက္ေရး တစ္ခါထြက္ ဒ႐ုန္းအသုံးျပဳမႈပုံစံထက္ တာဝန္အသီးသီး ခြဲယူကာ ဒ႐ုန္းမ်ားကို ခ်ိတ္ဆက္မိမိ ေပါင္းစပ္ၿပီး တိုက္ခိုက္လာႏိုင္ေသာအခ်က္က အေနအထားတစ္ခုကိုေရာက္လာၿပီဟု ဆိုႏိုင္ေၾကာင္းလည္း ၎က သုံးသပ္သည္။
“Mobility Team ဖြဲ႕ထားႏိုင္တဲ့အတြက္ ရန္သူလႈပ္ရွားမႈသတင္းရတဲ့ေနရာကို အျပင္းခ်ီတက္ၿပီး စစ္ဆင္ေရး တာဝန္အဆင့္ဆင့္အတိုင္း ရန္သူကိုေနာက္ပိုးသိပ္တဲ့အကြက္ေလးေတြ ဒီႏွစ္ထဲမွာ ခပ္စိပ္စိပ္ေတြ႕ရမ်ားလာ ေတာ့မယ္လည္း ထင္ပါတယ္” ဟု ၎က ဆိုသည္။