ရန်ကုန်ဈေးကွက်အတွင်း ပြည်ပမှတင်သွင်းမှုကြောင့် ဘိလပ်မြေဈေး ကျဆင်းလာ

 92

ပြည့်ဖြိုး သန့်ဇင် (NP News) - မတ် ၁၅

ဇန်နဝါရီလ ဆန်းပိုင်းက ဘိလပ်မြေတစ်အိတ်လျှင် ရန်ကုန်ဈေးကွက်အတွင်း ငွေကျပ် ၃၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိခဲ့ပြီး ပြည်ပမှ ပြန်လည်တင်သွင်းဖြန့်ဖြူးခဲ့ခြင်းကြောင့် ယခု မတ်လအတွင်း တစ်အိတ်လျှင် ငွေကျပ် ၂၂,၀၀၀ ဝန်းကျင်သို့ ဈေးနှုန်းပြန်လည်ကျဆင်းခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရ သည်။
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ပြည်ပမှ တင်သွင်းလာသော ဘိလပ်မြေတန်ချိန် ၃၀၀၀ ရန်ကုန်မြို့သို့ထပ်မံရောက်ရှိလာပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယင်း ဘိလပ်မြေများ တင်ဆောင်လာသည့် ရေယာဉ်သည် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေမဲဆိပ်ကမ်းသို့ မတ်လ(၄)ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ပြီး မတ်လ (၅)ရက်မှစတင်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြည်ပမှတင်သွင်းခဲ့သော ဘိလပ်မြေတန်ချိန် ၃၀၀၀ သည်လည်း ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ မုတ္တမဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်မှာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
လက်ရှိ ပွင့်လင်းရာသီတွင် နိုင်ငံတစ်ဝန်းဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်မှုလုပ်ငန်းများအတွက် လိုအပ်သော ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်း ထုတ်လုပ်မှုအား ဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို ပင်လယ်ရေကြောင်းနှင့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီနောက်ဆုံးပတ်မှစတင်၍ တင်သွင်းခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
ရန္ကုန္ေဈးကြက္အတြင္း ျပည္ပမွတင္သြင္းမႈေၾကာင့္ ဘိလပ္ေျမေဈး က်ဆင္းလာ
ျပည့္ၿဖိဳး သန႔္ဇင္ (NP News) - မတ္ ၁၅

ဇန္နဝါရီလ ဆန္းပိုင္းက ဘိလပ္ေျမတစ္အိတ္လွ်င္ ရန္ကုန္ေဈးကြက္အတြင္း ေငြက်ပ္ ၃၀,၀၀၀ ေက်ာ္အထိ ေပါက္ေဈးရွိခဲ့ၿပီး ျပည္ပမွ ျပန္လည္တင္သြင္းျဖန႔္ျဖဴးခဲ့ျခင္းေၾကာင့္ ယခု မတ္လအတြင္း တစ္အိတ္လွ်င္ ေငြက်ပ္ ၂၂,၀၀၀ ဝန္းက်င္သို႔ ေဈးႏႈန္းျပန္လည္က်ဆင္းခဲ့ေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရ သည္။
ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွတဆင့္ ျပည္ပမွ တင္သြင္းလာေသာ ဘိလပ္ေျမတန္ခ်ိန္ ၃၀၀၀ ရန္ကုန္ၿမိဳ႕သို႔ထပ္မံေရာက္ရွိလာၿပီး ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ေပးေနေၾကာင္း စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။
ယင္း ဘိလပ္ေျမမ်ား တင္ေဆာင္လာသည့္ ေရယာဥ္သည္ ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွတဆင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေ႐ႊမဲဆိပ္ကမ္းသို႔ မတ္လ(၄)ရက္ ညေနပိုင္းက ေရာက္ရွိလာခဲ့ၿပီး မတ္လ (၅)ရက္မွစတင္၍ ေဈးကြက္အတြင္း ျဖန႔္ျဖဴးခဲ့ေၾကာင္း သိရသည္။
လြန္ခဲ့ေသာ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က ျပည္ပမွတင္သြင္းခဲ့ေသာ ဘိလပ္ေျမတန္ခ်ိန္ ၃၀၀၀ သည္လည္း ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမွတစ္ဆင့္ ရန္ကုန္ၿမိဳ႕၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ မုတၱမဆိပ္ကမ္းသို႔ ေရာက္ရွိခဲ့ၿပီး ေဖေဖာ္ဝါရီ ၂၂ ရက္မွာ ေဈးကြက္အတြင္း ျဖန႔္ျဖဴးေရာင္းခ်ေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိ ပြင့္လင္းရာသီတြင္ ႏိုင္ငံတစ္ဝန္းေဆာက္လုပ္ေရးလုပ္ငန္းမ်ား အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိၿပီး တည္ေဆာက္မႈလုပ္ငန္းမ်ားအတြက္ လိုအပ္ေသာ ျပည္တြင္းဘိလပ္ေျမလိုအပ္ခ်က္ကို ျပည့္မီေစရန္ႏွင့္ ျပည္တြင္း ထုတ္လုပ္မႈအား ျဖည့္တင္းေပးႏိုင္ရန္အတြက္ ျပည္ပမွ ဘိလပ္ေျမမ်ားကို ပင္လယ္ေရေၾကာင္းႏွင့္ ေကာ့ေသာင္း နယ္စပ္ကုန္သြယ္ေရးစခန္းမွ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီေနာက္ဆုံးပတ္မွစတင္၍ တင္သြင္းခြင့္ျပဳထားခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.