အပစ်အခတ်ရပ်စဲရေး ရရှိခဲ့မယ်ဆိုရင်တောင် ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ယူကရိန်းအစိုးရပြော

 153

Pika (NP News) - မတ် ၁၅

ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့မယ်ဆိုရင်တောင် ယူကရိန်းဟာ စစ်အုပ်ချုပ်ရေးဥပဒေကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး သမ္မတရွေးကောက်ပွဲကို ကျင်းပမှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့အကြံပေးမီခေးလ်ပိုဒိုလီယက်က ပြောကြားခဲ့ပါတယ်။
(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက ယူကရိန်းဟာ စစ်အုပ်ချုပ်ရေးဥပဒေကို ပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။ ဇီလန်စကီးရဲ့သမ္မတသက်တမ်းဟာ (၂၀၂၄)ခုနှစ် မေလ ကတည်းက တရားဝင်ကုန်ဆုံးသွားခဲ့တာဖြစ်ပေမယ့်လည်း ၎င်းဟာ ရွေးကောက်ပွဲအသစ်ကို လုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့ပြီး အခြေအတင်ပြောဆိုမှုတွေကို ဖြစ်ပွားစေခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်းတည်းက အမေရိကန်အစိုးရဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးရရှိစေဖို့အတွက် အပြင်းအထန် ကြိုးပမ်းလျက်ရှိတယ်လို့လည်း သိရပါတယ်။ အမေရိကန်အစိုးရဟာ ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခုသီတင်းပတ်အစောပိုင်းမှာ အဆိုပြုခဲ့ပြီး အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်နေပြီ လို့ ယူကရိန်းဘက်က ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ရုရှားအစိုးရဘက်ကတော့ ၎င်းတို့လိုချင်တဲ့အာမခံချက်တွေကို ရရှိမှသာ ရက်(၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံနိုင်မယ်လို့ ထုတ်ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။

Zawgyi Version:
အပစ္အခတ္ရပ္စဲေရး ရရွိခဲ့မယ္ဆိုရင္ေတာင္ ေ႐ြးေကာက္ပြဲ က်င္းပမွာ မဟုတ္ဘူးလို႔ ယူကရိန္းအစိုးရေျပာ
Pika (NP News) - မတ္ ၁၅

႐ုရွားနဲ႔ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့မယ္ဆိုရင္ေတာင္ ယူကရိန္းဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ဆက္လက္ထိန္းသိမ္းထားမွာျဖစ္ၿပီး သမၼတေ႐ြးေကာက္ပြဲကို က်င္းပမွာ မဟုတ္ဘူးလို႔ ယူကရိန္းသမၼတ ဇီလန္စကီးရဲ႕အႀကံေပးမီေခးလ္ပိုဒိုလီယက္က ေျပာၾကားခဲ့ပါတယ္။
(၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းကတည္းက ယူကရိန္းဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ျပဌာန္းခဲ့တာလည္းျဖစ္ပါတယ္။ ဇီလန္စကီးရဲ႕သမၼတသက္တမ္းဟာ (၂၀၂၄)ခုႏွစ္ ေမလ ကတည္းက တရားဝင္ကုန္ဆုံးသြားခဲ့တာျဖစ္ေပမယ့္လည္း ၎ဟာ ေ႐ြးေကာက္ပြဲအသစ္ကို လုပ္ေဆာင္ဖို႔ ျငင္းဆန္ခဲ့ၿပီး အေျခအတင္ေျပာဆိုမႈေတြကို ျဖစ္ပြားေစခဲ့တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္းတည္းက အေမရိကန္အစိုးရဟာ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ၿငိမ္းခ်မ္းေရးရရွိေစဖို႔အတြက္ အျပင္းအထန္ ႀကိဳးပမ္းလ်က္ရွိတယ္လို႔လည္း သိရပါတယ္။ အေမရိကန္အစိုးရဟာ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ယခုသီတင္းပတ္အေစာပိုင္းမွာ အဆိုျပဳခဲ့ၿပီး အေကာင္အထည္ေဖာ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ လို႔ ယူကရိန္းဘက္က ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါေပမယ့္လည္း ႐ုရွားအစိုးရဘက္ကေတာ့ ၎တို႔လိုခ်င္တဲ့အာမခံခ်က္ေတြကို ရရွိမွသာ ရက္(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို လက္ခံႏိုင္မယ္လို႔ ထုတ္ျပန္ေျပာဆိုထားတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.