MNDAA က စဥ့်အင်တံတားကို အကြီးစားပြုပြင်နေပြီး တံတားဖြတ်သန်းခွင့် ယာယီပိတ်ထား

2711

NP News - မတ်လ ၁၅
လားရှိုး - သီပေါကြား၊ ပြည်ထောင်စု လမ်းမပေါ်ရှိ စဥ့်အင်တံတားကို မတ်လ ၁၂ ရက်ကစတင်ကာ အကြီးစား ပြုပြင်နေပြီး တံတားဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံတွေနှင့် ယာဉ်မောင်းများထံမှ သိရသည်။
"စဉ့်အင်တံတား ပြင်နေပါပြီ။ လက်ရှိ အခြေအနေ ကတော့ ဘယ်နှစ်ရက် ကြာမလဲ မသိဘူး။ ကားလေးတွေ ဖောင် နဲ့ကူးမယ်ဆိုရင် စောစောသွားမှရမယ်။ မိုင်းရယ်-တန့်ယန်းကနေ ပတ်လို့လည်း ရတယ်။ ကားတန်းတွေ အများကြီး ပဲ။ ကြာနိုင်တယ်။ ဘယ်လမ်းသွားသွား မန္တလေး သွားမယ်ဆိုရင် လမ်းမှာ တစ်ညတော့ အိပ်ရမှာပဲ" ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။
MNDAA ကစဥ့်အင်တံတားကို ယာယီ ပိတ်ထား ခြင်းကြောင့် ကားလေးများအား နေ့စဉ် မနက် ၇ နာရီ မှ ညနေ ၇ ထိ ဖောင်ဖြင့်ကူးနိုင်ရန် စီစဉ်ပေးထားကြောင်း၊ တံတားဖြတ်သန်းခအဖြစ် ယာဉ်ကြီး၊ ယာဉ်ငယ် အလိုက်ပေးဆောင် ရပြီး ကားတစီးကို အနည်းဆုံး ၅၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
"စဥ့်အင်တံတားကို MNDAA တပ်ဖွဲ့က ပြုပြင်နေပါတယ်။ ဖျက်တုန်းကလည်း သူတို့ပဲ" ဟု ဒေသခံ တစ်ဦးက ပြောသည်။
စဥ့်အင်တံတား ကြမ်းခင်းများ လန်ကုန်ခြင်းကြောင့် အကြီးစားပြင်ဆင်နေရကြောင်းနှင့် တံတားပြင်ဆင်ချိန် သုံးရက် မှ ငါး ရက်ခန့် အထိကြာနိုင်ကြောင်း အပြောင်းအလဲတချို့ ရှိနိုင်ကြောင်း သိရသည်။
တံတားပြင်ဆင်နေချိန် အတွင်း မန္တလေး - နောင်ချို - ကျောက်မဲ - သီပေါ - လားရှိုး လမ်း မှ သွားလာ နိုင်သည့်အပြင် သီပေါ - မိုးတေ - မန်စံ - အီနိုင်း - လားရှိုး လမ်း ကနေလည်း သွားလာ အသုံးပြုနိုင်ကြောင်း ယာဉ်မောင်းတွေဆီ များ ထံမှ သိရသည်။

Zawgyi Version:
MNDAA က စဥ့္အင္တံတားကို အႀကီးစားျပဳျပင္ေနၿပီး တံတားျဖတ္သန္းခြင့္ ယာယီပိတ္ထား
NP News - မတ္လ ၁၅
လားရႈိး - သီေပါၾကား၊ ျပည္ေထာင္စု လမ္းမေပၚရွိ စဥ့္အင္တံတားကို မတ္လ ၁၂ ရက္ကစတင္ကာ အႀကီးစား ျပဳျပင္ေနၿပီး တံတားျဖတ္သန္းခြင့္ ယာယီပိတ္ထားေၾကာင္း ေဒသခံေတြႏွင့္ ယာဥ္ေမာင္းမ်ားထံမွ သိရသည္။
"စဥ့္အင္တံတား ျပင္ေနပါၿပီ။ လက္ရွိ အေျခအေန ကေတာ့ ဘယ္ႏွစ္ရက္ ၾကာမလဲ မသိဘူး။ ကားေလးေတြ ေဖာင္ နဲ႔ကူးမယ္ဆိုရင္ ေစာေစာသြားမွရမယ္။ မိုင္းရယ္-တန႔္ယန္းကေန ပတ္လို႔လည္း ရတယ္။ ကားတန္းေတြ အမ်ားႀကီး ပဲ။ ၾကာႏိုင္တယ္။ ဘယ္လမ္းသြားသြား မႏၲေလး သြားမယ္ဆိုရင္ လမ္းမွာ တစ္ညေတာ့ အိပ္ရမွာပဲ" ဟု ယာဥ္ေမာင္း တစ္ဦးက ေျပာသည္။
MNDAA ကစဥ့္အင္တံတားကို ယာယီ ပိတ္ထား ျခင္းေၾကာင့္ ကားေလးမ်ားအား ေန႔စဥ္ မနက္ ၇ နာရီ မွ ညေန ၇ ထိ ေဖာင္ျဖင့္ကူးႏိုင္ရန္ စီစဥ္ေပးထားေၾကာင္း၊ တံတားျဖတ္သန္းခအျဖစ္ ယာဥ္ႀကီး၊ ယာဥ္ငယ္ အလိုက္ေပးေဆာင္ ရၿပီး ကားတစီးကို အနည္းဆုံး ၅၀၀၀၀ က်ပ္ သတ္မွတ္ထားေၾကာင္း သိရသည္။
"စဥ့္အင္တံတားကို MNDAA တပ္ဖြဲ႕က ျပဳျပင္ေနပါတယ္။ ဖ်က္တုန္းကလည္း သူတို႔ပဲ" ဟု ေဒသခံ တစ္ဦးက ေျပာသည္။
စဥ့္အင္တံတား ၾကမ္းခင္းမ်ား လန္ကုန္ျခင္းေၾကာင့္ အႀကီးစားျပင္ဆင္ေနရေၾကာင္းႏွင့္ တံတားျပင္ဆင္ခ်ိန္ သုံးရက္ မွ ငါး ရက္ခန္႔ အထိၾကာႏိုင္ေၾကာင္း အေျပာင္းအလဲတခ်ိဳ႕ ရွိႏိုင္ေၾကာင္း သိရသည္။
တံတားျပင္ဆင္ေနခ်ိန္ အတြင္း မႏၲေလး - ေနာင္ခ်ိဳ - ေက်ာက္မဲ - သီေပါ - လားရႈိး လမ္း မွ သြားလာ ႏိုင္သည့္အျပင္ သီေပါ - မိုးေတ - မန္စံ - အီႏိုင္း - လားရႈိး လမ္း ကေနလည္း သြားလာ အသုံးျပဳႏိုင္ေၾကာင္း ယာဥ္ေမာင္းေတြဆီ မ်ား ထံမွ သိရသည္။