မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန် စီစဥ်နေ

182

NP News - မတ်လ ၁၅
မြန်မာ့ဒေသထွက် ထောပတ်သီးများကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သတ်မှတ်ချက်များနှင့်အညီ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာ့ ထောပတ်သီးကို GACC သတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုတွင် လည်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနမှ ထောပတ်ခြံများသို့ ပိုးကျခြင်း ရှိ၊ မရှိ အသေးစိတ် စစ်ဆေး၍ ကာကွယ်ရေးနည်းလမ်းများပေးလျက်ရှိကြောင်း သိရသည်။
“တင်ပို့နိုင်ဖို့အတွက် ဆောင်ရွက်မှုအနေနဲ့ Video Inspecting လုပ်ဖို့ နှစ်ဖက်ညှိနှိုင်းထားတာကတော့ လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာပေါ့။ သူ့ထက်စောရင် စက်တင်ဘာလလောက်မှာလည်း ဖြစ်ကောင်းဖြစ်နိုင် တယ်။ ဒါက Inspecting လုပ်တုန်းပဲ။ အဲဒီမှာ စာချုပ်ချုပ်ရမှာတွေ၊ အပြန်အလှန်ချုပ်ဆိုရမှာတွေရှိတယ်။ စာချုပ် တွေ အပြန်အလှန်ချုပ်ပြီးမှ ပို့ရမှာဖြစ်တဲ့အတွက် စာချုပ်တွေချုပ်ပြီးချိန်လောက်မှာ ဒီနှစ်ရဲ့ထောပတ်သီး ရာသီချိန်က ကုန်ပြီ။ အဲဒီတော့ နောက်ရာသီချိန်မှ တင်ပို့နိုင်မှာ ဖြစ်တဲ့အတွက် အချိန်အခါနဲ့ပြောရရင်တော့ တရားဝင်တင်ပို့ခွင့်ကတော့ လာမယ့် ၂၀၂၆-၂၀၂၇ ရာသီလောက်မှ တရားဝင် G to G ပို့နိုင်မှာဖြစ်ပါတယ်” လို့ အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့သို့ တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်မှ ဗီဒီယိုဖြင့် စစ်ဆေးမှုအား လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင်ပြုလုပ်ရန် နှစ်ဖက်ညှိနှိုင်းထားပြီး လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ထောပတ်သီး ရာသီချိန်တွင်သာ တရားဝင် G to G တင်ပို့နိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းသိရသည်။
ထို့ကြောင့် ထောပတ်သီးပင်များတွင် ကျရောက်တတ်သည့် အဖျက်ပိုး ထိန်းချုပ်ရေးနည်းစနစ်များကို မြန်မာနိုင်ငံ ၏ ထောပတ်သီးပင် အဓိက စိုက်ပျိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာန၏ သီးနှံကာကွယ်ရေး ဌာနမှ ပညာရှင်များနှင့် စိုက်ပျိုးရေး ခြံပိုင်ရှင်များ ပူးပေါင်းကာ သုတေသနပြုလုပ်ခြင်း၊ ကာကွယ်ရေးနည်းလမ်းများ ပို့ချဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့ေထာပတ္သီးမ်ားကို တ႐ုတ္ႏိုင္ငံသို႔ တရားဝင္ တင္ပို႔ႏိုင္ရန္ စီစဥ္ေန
NP News - မတ္လ ၁၅
ျမန္မာ့ေဒသထြက္ ေထာပတ္သီးမ်ားကို တ႐ုတ္ႏိုင္ငံအေကာက္ခြန္ အေထြေထြအုပ္ခ်ဳပ္မႈအာဏာပိုင္အဖြဲ႕ (GACC) သတ္မွတ္ခ်က္မ်ားႏွင့္အညီ လာမည့္ ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္တြင္ တ႐ုတ္ႏိုင္ငံသို႔ တရားဝင္တင္ပို႔ႏိုင္မည္ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္းမွ သိရသည္။
မဲေခါင္-လန္ခ်န္း အထူးရန္ပုံေငြ (၂၀၂၂) စီမံကိန္းအရ လာမည့္ ၂၀၂၆ ခုႏွစ္တြင္ ျမန္မာ့ ေထာပတ္သီးကို GACC သတ္မွတ္ခ်က္မ်ားႏွင့္အညီ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ရန္ ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္မႈတြင္ လည္း ျမန္မာ့စိုက္ပ်ိဳးေရးဦးစီးဌာန၊ သီးႏွံကာကြယ္ေရးဌာနမွ ေထာပတ္ၿခံမ်ားသို႔ ပိုးက်ျခင္း ရွိ၊ မရွိ အေသးစိတ္ စစ္ေဆး၍ ကာကြယ္ေရးနည္းလမ္းမ်ားေပးလ်က္ရွိေၾကာင္း သိရသည္။
“တင္ပို႔ႏိုင္ဖို႔အတြက္ ေဆာင္႐ြက္မႈအေနနဲ႔ Video Inspecting လုပ္ဖို႔ ႏွစ္ဖက္ညႇိႏႈိင္းထားတာကေတာ့ လာမယ့္ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာေပါ့။ သူ႔ထက္ေစာရင္ စက္တင္ဘာလေလာက္မွာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ တယ္။ ဒါက Inspecting လုပ္တုန္းပဲ။ အဲဒီမွာ စာခ်ဳပ္ခ်ဳပ္ရမွာေတြ၊ အျပန္အလွန္ခ်ဳပ္ဆိုရမွာေတြရွိတယ္။ စာခ်ဳပ္ ေတြ အျပန္အလွန္ခ်ဳပ္ၿပီးမွ ပို႔ရမွာျဖစ္တဲ့အတြက္ စာခ်ဳပ္ေတြခ်ဳပ္ၿပီးခ်ိန္ေလာက္မွာ ဒီႏွစ္ရဲ႕ေထာပတ္သီး ရာသီခ်ိန္က ကုန္ၿပီ။ အဲဒီေတာ့ ေနာက္ရာသီခ်ိန္မွ တင္ပို႔ႏိုင္မွာ ျဖစ္တဲ့အတြက္ အခ်ိန္အခါနဲ႔ေျပာရရင္ေတာ့ တရားဝင္တင္ပို႔ခြင့္ကေတာ့ လာမယ့္ ၂၀၂၆-၂၀၂၇ ရာသီေလာက္မွ တရားဝင္ G to G ပို႔ႏိုင္မွာျဖစ္ပါတယ္” လို႔ အသင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔သို႔ တင္ပို႔ႏိုင္ရန္အတြက္ တ႐ုတ္ႏိုင္ငံဘက္မွ ဗီဒီယိုျဖင့္ စစ္ေဆးမႈအား လာမည့္ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာလမ်ားတြင္ျပဳလုပ္ရန္ ႏွစ္ဖက္ညႇိႏႈိင္းထားၿပီး လာမည့္ ၂၀၂၆-၂၀၂၇ ဘ႑ာႏွစ္ ေထာပတ္သီး ရာသီခ်ိန္တြင္သာ တရားဝင္ G to G တင္ပို႔ႏိုင္မွာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီး ဟင္း႐ြက္စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းသိရသည္။
ထို႔ေၾကာင့္ ေထာပတ္သီးပင္မ်ားတြင္ က်ေရာက္တတ္သည့္ အဖ်က္ပိုး ထိန္းခ်ဳပ္ေရးနည္းစနစ္မ်ားကို ျမန္မာႏိုင္ငံ ၏ ေထာပတ္သီးပင္ အဓိက စိုက္ပ်ိဳးသည့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ရပ္ေစာက္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္မ်ားတြင္ စိုက္ပ်ိဳးေရးဦးစီးဌာန၏ သီးႏွံကာကြယ္ေရး ဌာနမွ ပညာရွင္မ်ားႏွင့္ စိုက္ပ်ိဳးေရး ၿခံပိုင္ရွင္မ်ား ပူးေပါင္းကာ သုေတသနျပဳလုပ္ျခင္း၊ ကာကြယ္ေရးနည္းလမ္းမ်ား ပို႔ခ်ေဆာင္႐ြက္ျခင္းတို႔ကို ျပဳလုပ္ေနေၾကာင္း သိရသည္။