MFFမှ ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် အကယ်ဒမီ ကျောင်းသားအသစ်များ ပဏာမရွေးချယ်ခြင်းကို (၆)နေရာတွင် ပြုလုပ်မည်

509

သန့်ဇင်(NP News)-မတ် ၁၅
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်ထားသည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)နှင့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားအသစ်များအား ရွေးချယ်ခေါ်ယူတော့မည်ဖြစ်ပြီး ပဏာမရွေးချယ်ခြင်းကို (၆)နေရာတွင်ပြုလုပ်မည်ဖြစ်ကြောင်း MFF၏ ထုတ်ပြန်ချက်အရ သိရသည်။
အကယ်ဒမီကျောင်းသားသစ်များ ရွေးချယ်ရာတွင် ၂၀၁၃ ခုနှစ်မွေးဖွားသူ အသက် ၁၂ အောက်၊ ၂၀၁၂ ခုနှစ်မွေးဖွားသူ အသက် ၁၃ နှစ်အောက်နှင့် ၂၀၁၁ ခုနှစ်မွေးဖွားသူ အသက် ၁၄ နှစ်အောက်တို့ကို ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အကယ်ဒမီကျောင်းသားသစ်များ ပဏာမအဆင့်ရွေးချယ်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်(၆)ခန့်သာ ရွေးချယ်မည် ဖြစ်ပြီး လာမည့် မတ်လ ၂၈ရက်မှ ၃၀ရက်အထိ မော်လမြိုင်မြို့ရှိကျောင်းသား အားကစားကွင်းတွင် လည်းကောင်း၊ ဧပြီလ ၁ရက်မှ ၃ရက်အထိ ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်ကွင်းတွင်လည်းကောင်း၊ ဧပြီလ ၉ရက်မှ ၁၁ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏလေ့ကျင့်ရေး ကွင်း(၁)တွင် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂၃ရက်မှ ၂၅ရက်အထိ နေပြည်တော်ရှိ ပေါင်းလောင်းကွင်းတွင်လည်းကောင်း၊ ဧပြီလ ၂၈ရက်မှ ၃၀ရက်အထိ မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းနှင့် မေလ ၁ရက်မှ ၃ရက်အထိ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အားကစားကွင်းတို့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နောက်ဆုံးအဆင့် ရွေးချယ်ခြင်းကိုမူ မေလ ၆ရက်မှ ၈ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏလေကျင့်ရေးကွင်း(၁)နှင့် မေလ ၁၂ရက်မှ ၁၄ရက်အထိ မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီကွင်းတို့၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပဏာမအဆင့်ရွေးချယ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးအနက် (၆)နေရာခန့်သာရှိသည့်အတွက် မကွေးတိုင်းတွင် နေထိုင် သူများအတွက်မူ လာရောက်အရွေးချယ်ခံရန် လမ်းခရီးအခက်ခဲဖြစ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက မှတ်ချက်ပြု ရေးသား ထားသည်။
“မကွေးဆိုတာလည်း အထင်ကရနေရာများနဲ့ ကျွမ်းကျင်ကစားသမားများရှိတဲ့ မြို့တစ်မြို့ တိုင်းဒေသကြီးတစ်ခုပါ။ ဒါပေမဲ့ အဲဒီအရွယ် ကလေးတွေက ခရီးသွားဖို့နဲ့ သွားလာဖို့ အဆင်မပြေမူကများတယ်ဗျာ။ ဝါသနာပါပြီး အခြေခံပိုင်နိင်တော့လည်း သွားလာဖို့ အဆင်မပြေ တဲ့အတွက် ကျန်ရစ်ခဲ့ရတာတွေ နှစ်တိုင်းပါပဲ မကွေးတိုင်းမှာရှိတယ် တစ်ချို့ရွာက ကလေးတွေကလည်း ဘောလုံးအခြေခံနဲ့ ပါရမီ ရှိကြပြီး ရန်ကုန်၊ မန္တလေးတို့ကို သွားလာဖို့ခက်ခဲနေတယ်အတွက် ရွေးချယ်ခံဖို့မသွားဖြစ်ကြပါဘူး။ အကယ်လို့များမကွေးမှာလာရောက် စစ်ဆေးရွေးချယ်မယ်ဆိုရင် အနည်းနဲ့အများ မကွေးတိုင်းထဲက အချို့ မြို့က ကလေးတွေ ရွာက ကလေးတွေ သွားလာဖို့ လွယ်ကူ အဆင်ပြေပါတယ်”ဟု ၎င်းက MFF၏လူမှုကွန်ယက်တွင် ရေးသားထားသောဖိတ်ခေါ်ချက်တွင် မှတ်ချက်ပြုရေးသားထားသည်။

Zawgyi Version:
MFFမွ ၂၀၂၅-၂၀၂၆ပညာသင္ႏွစ္အတြက္ အကယ္ဒမီ ေက်ာင္းသားအသစ္မ်ား ပဏာမေ႐ြးခ်ယ္ျခင္းကို (၆)ေနရာတြင္ ျပဳလုပ္မည္
သန႔္ဇင္(NP News)-မတ္ ၁၅
ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္က ဖြင့္လွစ္ထားသည့္ ျမန္မာေဘာလုံးအကယ္ဒမီ(မႏၲေလး)ႏွင့္ အမ်ိဳးသား ေဘာလုံးအကယ္ဒမီ (ရန္ကုန္) တို႔တြင္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္အတြက္ ေက်ာင္းသားအသစ္မ်ားအား ေ႐ြးခ်ယ္ေခၚယူေတာ့မည္ျဖစ္ၿပီး ပဏာမေ႐ြးခ်ယ္ျခင္းကို (၆)ေနရာတြင္ျပဳလုပ္မည္ျဖစ္ေၾကာင္း MFF၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အကယ္ဒမီေက်ာင္းသားသစ္မ်ား ေ႐ြးခ်ယ္ရာတြင္ ၂၀၁၃ ခုႏွစ္ေမြးဖြားသူ အသက္ ၁၂ ေအာက္၊ ၂၀၁၂ ခုႏွစ္ေမြးဖြားသူ အသက္ ၁၃ ႏွစ္ေအာက္ႏွင့္ ၂၀၁၁ ခုႏွစ္ေမြးဖြားသူ အသက္ ၁၄ ႏွစ္ေအာက္တို႔ကို ေ႐ြးခ်ယ္ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
အကယ္ဒမီေက်ာင္းသားသစ္မ်ား ပဏာမအဆင့္ေ႐ြးခ်ယ္ျခင္းကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္(၆)ခန႔္သာ ေ႐ြးခ်ယ္မည္ ျဖစ္ၿပီး လာမည့္ မတ္လ ၂၈ရက္မွ ၃၀ရက္အထိ ေမာ္လၿမိဳင္ၿမိဳ႕ရွိေက်ာင္းသား အားကစားကြင္းတြင္ လည္းေကာင္း၊ ဧၿပီလ ၁ရက္မွ ၃ရက္အထိ ပဲခူးၿမိဳ႕ရွိ ဟံသာဝတီယူႏိုက္တက္ကြင္းတြင္လည္းေကာင္း၊ ဧၿပီလ ၉ရက္မွ ၁၁ရက္အထိ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰေလ့က်င့္ေရး ကြင္း(၁)တြင္ ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဧၿပီလ ၂၃ရက္မွ ၂၅ရက္အထိ ေနျပည္ေတာ္ရွိ ေပါင္းေလာင္းကြင္းတြင္လည္းေကာင္း၊ ဧၿပီလ ၂၈ရက္မွ ၃၀ရက္အထိ မႏၲေလးၿမိဳ႕ရွိ ျမန္မာေဘာလုံးအကယ္ဒမီ ေလ့က်င့္ေရးကြင္းႏွင့္ ေမလ ၁ရက္မွ ၃ရက္အထိ ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္အားကစားကြင္းတို႔တြင္ ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေနာက္ဆုံးအဆင့္ ေ႐ြးခ်ယ္ျခင္းကိုမူ ေမလ ၆ရက္မွ ၈ရက္အထိ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰေလက်င့္ေရးကြင္း(၁)ႏွင့္ ေမလ ၁၂ရက္မွ ၁၄ရက္အထိ မႏၲေလးၿမိဳ႕ရွိ ျမန္မာေဘာလုံးအကယ္ဒမီကြင္းတို႔၌ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ပဏာမအဆင့္ေ႐ြးခ်ယ္ျခင္းကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးအနက္ (၆)ေနရာခန႔္သာရွိသည့္အတြက္ မေကြးတိုင္းတြင္ ေနထိုင္ သူမ်ားအတြက္မူ လာေရာက္အေ႐ြးခ်ယ္ခံရန္ လမ္းခရီးအခက္ခဲျဖစ္ေနေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက မွတ္ခ်က္ျပဳ ေရးသား ထားသည္။
“မေကြးဆိုတာလည္း အထင္ကရေနရာမ်ားနဲ႔ ကြၽမ္းက်င္ကစားသမားမ်ားရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ တိုင္းေဒသႀကီးတစ္ခုပါ။ ဒါေပမဲ့ အဲဒီအ႐ြယ္ ကေလးေတြက ခရီးသြားဖို႔နဲ႔ သြားလာဖို႔ အဆင္မေျပမူကမ်ားတယ္ဗ်ာ။ ဝါသနာပါၿပီး အေျခခံပိုင္နိင္ေတာ့လည္း သြားလာဖို႔ အဆင္မေျပ တဲ့အတြက္ က်န္ရစ္ခဲ့ရတာေတြ ႏွစ္တိုင္းပါပဲ မေကြးတိုင္းမွာရွိတယ္ တစ္ခ်ိဳ႕႐ြာက ကေလးေတြကလည္း ေဘာလုံးအေျခခံနဲ႔ ပါရမီ ရွိၾကၿပီး ရန္ကုန္၊ မႏၲေလးတို႔ကို သြားလာဖို႔ခက္ခဲေနတယ္အတြက္ ေ႐ြးခ်ယ္ခံဖို႔မသြားျဖစ္ၾကပါဘူး။ အကယ္လို႔မ်ားမေကြးမွာလာေရာက္ စစ္ေဆးေ႐ြးခ်ယ္မယ္ဆိုရင္ အနည္းနဲ႔အမ်ား မေကြးတိုင္းထဲက အခ်ိဳ႕ ၿမိဳ႕က ကေလးေတြ ႐ြာက ကေလးေတြ သြားလာဖို႔ လြယ္ကူ အဆင္ေျပပါတယ္”ဟု ၎က MFF၏လူမႈကြန္ယက္တြင္ ေရးသားထားေသာဖိတ္ေခၚခ်က္တြင္ မွတ္ခ်က္ျပဳေရးသားထားသည္။