ရက်(၃၀)အပစ်ရပ်ကာလအတွင်း ယူကရိန်းတို့ မလုပ်ရမည့်ကိစ္စများ ပူတင် ထုတ်ပြော

117

Pika (NP News) - မတ် ၁၅
ယူကရိန်းတွင် ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးအလားအလာကိုထောက်ခံကြောင်း ရုရှားသမ္မတ ပူတင် က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အဆိုပါအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မည်ကဲ့သို့ အကောင် အထည်ဖော်မည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့ပြင် ယူကရိန်းတွင် ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲမည့် သဘောတူညီချက်နှင့်ပတ်သက်ပြီး အလား အလာရှိသော ကွက်လပ်များနှင့် မဟာဗျူဟာမြောက်အားနည်းချက်များကို ပူတင်က သတိပေးပြောဆိုခဲ့ကြောင်း လည်း သိရသည်။
ပူတင်က “ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ယူကရိန်းဟာ စစ်သား စုဆောင်းမှုတွေ၊ စစ်သားတွေကို လေ့ကျင့်ပေးမှုတွေ မလုပ်ဆောင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ လက်ခံရရှိ တာမျိုးမရှိဘူးဆိုတဲ့ အာမခံချက်တွေကို ကျွန်တော်တို့ လိုချင်ပါတယ်” ဟု ပြောခဲ့သည်။ ပူတင်သည် ဘီလာရုစ်သမ္မတလူကာရှန်ကိုနှင့် မော်စကိုမြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက် ကီလိုမီတာ (၂၀ဝဝ)နီးပါးကို ချီတက် နေကြပြီး စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းခြင်းသည် လက်ရှိလုပ်ဆောင်နေသော စစ်ဆင်ရေးများကို အနှောင့် အယှက်ဖြစ်စေနိုင်ကြောင်း ပူတင်က ထောက်ပြပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းတပ်ဖွဲ့များသည် တပ်ဖွဲ့များပြန် လည်စုဖွဲ့ရန်၊ နောက်ထပ် စစ်လက်နက်ပစ္စည်းများလက် ခံရရှိရန် နှင့် အသစ်စုဆောင်းထားသော စစ်သားများကို လေ့ကျင့်ပေးမှုများ လုပ်ဆောင်ရန်အတွက် အပစ်အခတ်ရပ်စဲရေး ကာလကို အသုံးပြုနိုင်ကြောင်း ပူတင်က သတိပေးပြောဆိုခဲ့သည်။

Zawgyi Version:
ရက္(၃၀)အပစ္ရပ္ကာလအတြင္း ယူကရိန္းတို႔ မလုပ္ရမည့္ကိစၥမ်ား ပူတင္ ထုတ္ေျပာ
Pika (NP News) - မတ္ ၁၅
ယူကရိန္းတြင္ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးအလားအလာကိုေထာက္ခံေၾကာင္း ႐ုရွားသမၼတ ပူတင္ က ထုတ္ေဖာ္ေျပာဆိုခဲ့ေသာ္လည္း အဆိုပါအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို မည္ကဲ့သို႔ အေကာင္ အထည္ေဖာ္မည္ဆိုသည့္အခ်က္ႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ယူကရိန္းတြင္ ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲမည့္ သေဘာတူညီခ်က္ႏွင့္ပတ္သက္ၿပီး အလား အလာရွိေသာ ကြက္လပ္မ်ားႏွင့္ မဟာဗ်ဴဟာေျမာက္အားနည္းခ်က္မ်ားကို ပူတင္က သတိေပးေျပာဆိုခဲ့ေၾကာင္း လည္း သိရသည္။
ပူတင္က “ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးကာလအတြင္း ယူကရိန္းဟာ စစ္သား စုေဆာင္းမႈေတြ၊ စစ္သားေတြကို ေလ့က်င့္ေပးမႈေတြ မလုပ္ေဆာင္ဖို႔နဲ႔ စစ္လက္နက္ပစၥည္းေတြ လက္ခံရရွိ တာမ်ိဳးမရွိဘူးဆိုတဲ့ အာမခံခ်က္ေတြကို ကြၽန္ေတာ္တို႔ လိုခ်င္ပါတယ္” ဟု ေျပာခဲ့သည္။ ပူတင္သည္ ဘီလာ႐ုစ္သမၼတလူကာရွန္ကိုႏွင့္ ေမာ္စကိုၿမိဳ႕တြင္ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ယခုကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႐ုရွားတပ္ဖြဲ႕မ်ားသည္ ေရွ႕တန္းစစ္ေျမမ်က္ႏွာျပင္တစ္ေလွ်ာက္ ကီလိုမီတာ (၂၀ဝဝ)နီးပါးကို ခ်ီတက္ ေနၾကၿပီး စစ္ေရးလႈပ္ရွားမႈမ်ား ရပ္ဆိုင္းျခင္းသည္ လက္ရွိလုပ္ေဆာင္ေနေသာ စစ္ဆင္ေရးမ်ားကို အေႏွာင့္ အယွက္ျဖစ္ေစႏိုင္ေၾကာင္း ပူတင္က ေထာက္ျပေျပာဆိုခဲ့သည္။
ထို႔ျပင္ ယူကရိန္းတပ္ဖြဲ႕မ်ားသည္ တပ္ဖြဲ႕မ်ားျပန္ လည္စုဖြဲ႕ရန္၊ ေနာက္ထပ္ စစ္လက္နက္ပစၥည္းမ်ားလက္ ခံရရွိရန္ ႏွင့္ အသစ္စုေဆာင္းထားေသာ စစ္သားမ်ားကို ေလ့က်င့္ေပးမႈမ်ား လုပ္ေဆာင္ရန္အတြက္ အပစ္အခတ္ရပ္စဲေရး ကာလကို အသုံးျပဳႏိုင္ေၾကာင္း ပူတင္က သတိေပးေျပာဆိုခဲ့သည္။