အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကြား ကုန်သွယ်ရေးစစ်ပွဲက တရုတ်နိုင်ငံ အကျိုးစီးပွားဖြစ်စေမည်ဟုဆို

71

ဂျန်ဇက် (NP News) - March 15
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကြား ကုန်သွယ်ရေးစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင် တရုတ်နိုင်ငံ ပျော်ရွှင်ရဖွယ်ရှိနေသလို အကျိုးစီးပွားပိုမို ဖြစ်ထွန်းဖွယ်ရှိနေကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြား ရေးမူဝါဒ အကြီးအကဲ ကာဂျာကယ်လက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ၎င်းက “အမေရိကန်နဲ့ မဟာမိတ်တွေကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်မယ်ဆိုရင် ပြုံးပျော်နေမယ့်သူက တရုတ်နိုင်ငံဖြစ်တယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့မဟာမိတ်တွေကြား ဖြစ်ပွားတဲ့ ကုန်သွယ်ရေးစစ်ပွဲကနေ အကျိုးစီးပွားရမယ်” ဟု ပြောသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြင်သစ်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ အမေရိကန်နိုင်ငံသို့ တင်သွင်း သောဝိုင်ကို ကုန်သွယ်ခွန် (၂၀ဝ)ရာခိုင်နှုန်းအထိ ကောက်ခံမည်ဖြစ်ကြောင်း ပြောခဲ့ပြီးနောက် ၎င်းက တုံ့ပြန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်လာခဲ့ပြီး နောက်ကုန်သွယ်ခွန်ကောက်ခံရန် စီစဉ်လာခဲ့ရာ အမေရိ ကန်နှင့် မဟာမိတ်နိုင်ငံများကြား အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန် သံမဏိနှင့် အလူမီနီယံများကို အခွန်ကောက်ခံရန်စီစဉ်မှုကို တုံ့ပြန်ရန်အတွက် ဥရောပသမဂ္ဂကလည်း အမေရိကန် နိုင်ငံမှတင်ပို့သော ဝီစကီကို အခွန်ကောက်ခံရန်စီစဉ်ခဲ့ကြောင်း သိရသည်။ ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်ကို လက်တုံ့ပြန်ရန်အစီအစဉ်ရှိနေပြီး ကုန်သွယ်ရေးစစ် ပွဲဖြစ်လာမည်ဆိုလျှင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာ ဖွယ်ရှိနေကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏နိုင်ငံခြား ရေးမူဝါဒအကြီးအကဲ ကာဂျာကယ်လက်က ပြောသည်။
လက်ရှိအချိန်တွင် ဥရောပတိုက်၏ အရက်နှင့် အဖျော်ယမာကာလုပ်ငန်းတွင် ရှယ်ယာများကျဆင်းနေပြီး ယခင် ထက် ရှယ်ယာ (၃ ဒသမ ၆) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ အမေရိကန်သည် လက်ရှိအချိန်တွင် တရုတ်၊ ကနေဒါနိုင်ငံတို့နှင့်အပြန်အလှန် ကုန်သွယ်ခွန်ကောက်ခံခြင်းများရှိနေသကဲ့သို့ ဂျပန်၊ ဥရောပသမဂ္ဂတို့ကလည်း အမေရိကန် နိုင်ငံ၏အခွန်ကောက်ခံခြင်းကို တုံ့ပြန်ရန်စီစဉ်နေကြောင်း သိရသည်။

Zawgyi Version:
အေမရိကန္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားၾကား ကုန္သြယ္ေရးစစ္ပြဲက တ႐ုတ္ႏိုင္ငံ အက်ိဳးစီးပြားျဖစ္ေစမည္ဟုဆို
ဂ်န္ဇက္ (NP News) - March 15
အေမရိကန္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားၾကား ကုန္သြယ္ေရးစစ္ပြဲ ဆက္လက္ျဖစ္ပြားေနမည္ဆိုလွ်င္ တ႐ုတ္ႏိုင္ငံ ေပ်ာ္႐ႊင္ရဖြယ္ရွိေနသလို အက်ိဳးစီးပြားပိုမို ျဖစ္ထြန္းဖြယ္ရွိေနေၾကာင္း ဥေရာပသမဂၢ၏ ႏိုင္ငံျခား ေရးမူဝါဒ အႀကီးအကဲ ကာဂ်ာကယ္လက္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ၎က “အေမရိကန္နဲ႔ မဟာမိတ္ေတြၾကား ကုန္သြယ္ေရးစစ္ပြဲျဖစ္မယ္ဆိုရင္ ၿပဳံးေပ်ာ္ေနမယ့္သူက တ႐ုတ္ႏိုင္ငံျဖစ္တယ္။ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္နဲ႔မဟာမိတ္ေတြၾကား ျဖစ္ပြားတဲ့ ကုန္သြယ္ေရးစစ္ပြဲကေန အက်ိဳးစီးပြားရမယ္” ဟု ေျပာသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ျပင္သစ္ႏွင့္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ အေမရိကန္ႏိုင္ငံသို႔ တင္သြင္း ေသာဝိုင္ကို ကုန္သြယ္ခြန္ (၂၀ဝ)ရာခိုင္ႏႈန္းအထိ ေကာက္ခံမည္ျဖစ္ေၾကာင္း ေျပာခဲ့ၿပီးေနာက္ ၎က တုံ႔ျပန္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ေဒၚနယ္ထရမ့္ အေမရိကန္သမၼတျဖစ္လာခဲ့ၿပီး ေနာက္ကုန္သြယ္ခြန္ေကာက္ခံရန္ စီစဥ္လာခဲ့ရာ အေမရိ ကန္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားၾကား အျငင္းပြားမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္ သံမဏိႏွင့္ အလူမီနီယံမ်ားကို အခြန္ေကာက္ခံရန္စီစဥ္မႈကို တုံ႔ျပန္ရန္အတြက္ ဥေရာပသမဂၢကလည္း အေမရိကန္ ႏိုင္ငံမွတင္ပို႔ေသာ ဝီစကီကို အခြန္ေကာက္ခံရန္စီစဥ္ခဲ့ေၾကာင္း သိရသည္။ ဥေရာပသမဂၢအေနျဖင့္ အေမရိကန္ကို လက္တုံ႔ျပန္ရန္အစီအစဥ္ရွိေနၿပီး ကုန္သြယ္ေရးစစ္ ပြဲျဖစ္လာမည္ဆိုလွ်င္ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္လာ ဖြယ္ရွိေနေၾကာင္း၊ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ျခင္းကို ေရွာင္ရွားရမည္ျဖစ္ေၾကာင္း ဥေရာပသမဂၢ၏ႏိုင္ငံျခား ေရးမူဝါဒအႀကီးအကဲ ကာဂ်ာကယ္လက္က ေျပာသည္။
လက္ရွိအခ်ိန္တြင္ ဥေရာပတိုက္၏ အရက္ႏွင့္ အေဖ်ာ္ယမာကာလုပ္ငန္းတြင္ ရွယ္ယာမ်ားက်ဆင္းေနၿပီး ယခင္ ထက္ ရွယ္ယာ (၃ ဒသမ ၆) ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း သိရသည္။ အေမရိကန္သည္ လက္ရွိအခ်ိန္တြင္ တ႐ုတ္၊ ကေနဒါႏိုင္ငံတို႔ႏွင့္အျပန္အလွန္ ကုန္သြယ္ခြန္ေကာက္ခံျခင္းမ်ားရွိေနသကဲ့သို႔ ဂ်ပန္၊ ဥေရာပသမဂၢတို႔ကလည္း အေမရိကန္ ႏိုင္ငံ၏အခြန္ေကာက္ခံျခင္းကို တုံ႔ျပန္ရန္စီစဥ္ေနေၾကာင္း သိရသည္။