နောင်ချိုမြို့ကို စိုးမိုးနိုင်ရေး တပ်မတော်စစ်ကြောင်းများက တန်ပြန်တိုက်စစ်ဆင်နေ

 2813

သုတကျော် (NP News) - မတ် ၁၆

နောင်ချိုမြို့ကို စိုးမိုးနိုင်ရေးအတွက်ဦး တည်ကာ တပ်မတော် စစ်ကြောင်းများက TNLA နှင့်ပူးပေါင်းအဖွဲ့ကို ဆက်လက်၍ တန်ပြန်တိုက်စစ်ဆင်နေကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဩဂုတ်လ(၁၀)ရက်မှစတင်ကာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းရှိ တောင်ခမ်း ကျေးရွာတပ်မတော်အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းအဖွဲ့က စတင် တိုက်ခိုက်ခဲ့ပြီး နောက်တပ်မတော်က တောင်ခမ်းစစ်မျက်နှာကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။
တောင်ခမ်းတိုက်ပွဲနှင့်ပတ်သက်၍ ကမ္ဘောဇဘုန်းကြီးကျောင်း၊ နားရှိုးကျေးရွာ၊ မန်မော်ဘုရားကုန်း၊ ဆယ် တောင်ပြည့်ဘုရားကုန်းနှင့် လုံကာဘုရားကုန်းတို့တွင် တပ်မတော်မှ ဒရုန်း၊ အမြောက်နှင့် ခြေလျင်သုံးခု ပေါင်းစပ်ကာ ရန်သူကို တိုက်ခိုက်နေသော ဗီဒီယိုဖိုင် အွန်လိုင်းထက်တွင် ထွက်ပေါ်ခဲ့ဖူးသည်။
‘အခုက တောင်ခမ်းတန်ပြန်တိုက်စစ် မဟုတ်တော့ဘူး နောင်ချိုတန်ပြန် တိုက်စစ်ဖြစ်သွားပြီ။ ဘာကြောင့်လဲ ဆိုတော့ တောင်ခမ်းက ရသွားပြီလေ။ နောက်ထပ် လာတာက နောင်ချိုတန်ပြန်တိုက်စစ်ဖြစ်သွားပြီ။ မတ်လ ၁၃ ရက် ကတော့ တောင်လှရွာဘက်က ကုန်းနှစ်ကုန်း ထပ်ရတယ်။ အပေါ်ဘက်ဆိုရင် ဈေးကုန်းဘက် ထပ်ရတယ်’ ဟု ၎င်းက ဆိုသည်။
တပ်မတော်ဘက်က စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကာ တောင်လှအပြီးတွင် TNLA တို့ ခံစစ်ဆင်ရာ ရွှေမုဋ္ဌောရွာ ဘက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘ဘန်ကာတွေ ကွန်ကရစ်တွေနဲ့ အခိုင်အမာလုပ်ထားတယ်။ ရွှေမုဋ္ဌောမှာ ပွဲကောင်းမယ်။ ရွှေမုဋ္ဌောရွာမှာ ပွဲကောင်း မယ်ဆိုတာက ကျွန်တော့်အမြင်ပြောတာနော်။ အခုဖြစ်နေတာက ဘာလဲဆိုတော့ ကျွန်တော်တို့က မတိုက်ရသေး ဘူး သူတို့က ပြေးနေတာ’ဟု ၎င်းက ရှင်းပြသည်။

Zawgyi Version:
ေနာင္ခ်ိဳၿမိဳ႕ကို စိုးမိုးႏိုင္ေရး တပ္မေတာ္ စစ္ေၾကာင္းမ်ားက တန္ျပန္တိုက္စစ္ဆင္ေန
သုတေက်ာ္ (NP News) - မတ္ ၁၆

ေနာင္ခ်ိဳၿမိဳ႕ကို စိုးမိုးႏိုင္ေရးအတြက္ဦး တည္ကာ တပ္မေတာ္ စစ္ေၾကာင္းမ်ားက TNLA ႏွင့္ပူးေပါင္းအဖြဲ႕ကို ဆက္လက္၍ တန္ျပန္တိုက္စစ္ဆင္ေနေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ဩဂုတ္လ(၁၀)ရက္မွစတင္ကာ ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ေတာင္ခမ္း ေက်း႐ြာတပ္မေတာ္အေျမာက္စခန္းကြပ္ကဲမႈဌာနခ်ဳပ္ အပါအဝင္ တပ္စခန္းမ်ားကို TNLA ပူးေပါင္းအဖြဲ႕က စတင္ တိုက္ခိုက္ခဲ့ၿပီး ေနာက္တပ္မေတာ္က ေတာင္ခမ္းစစ္မ်က္ႏွာကို အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
ေတာင္ခမ္းတိုက္ပြဲႏွင့္ပတ္သက္၍ ကေမာၻဇဘုန္းႀကီးေက်ာင္း၊ နားရႈိးေက်း႐ြာ၊ မန္ေမာ္ဘုရားကုန္း၊ ဆယ္ ေတာင္ျပည့္ဘုရားကုန္းႏွင့္ လုံကာဘုရားကုန္းတို႔တြင္ တပ္မေတာ္မွ ဒ႐ုန္း၊ အေျမာက္ႏွင့္ ေျခလ်င္သုံးခု ေပါင္းစပ္ကာ ရန္သူကို တိုက္ခိုက္ေနေသာ ဗီဒီယိုဖိုင္ အြန္လိုင္းထက္တြင္ ထြက္ေပၚခဲ့ဖူးသည္။
‘အခုက ေတာင္ခမ္းတန္ျပန္တိုက္စစ္ မဟုတ္ေတာ့ဘူး ေနာင္ခ်ိဳတန္ျပန္ တိုက္စစ္ျဖစ္သြားၿပီ။ ဘာေၾကာင့္လဲ ဆိုေတာ့ ေတာင္ခမ္းက ရသြားၿပီေလ။ ေနာက္ထပ္ လာတာက ေနာင္ခ်ိဳတန္ျပန္တိုက္စစ္ျဖစ္သြားၿပီ။ မတ္လ ၁၃ ရက္ ကေတာ့ ေတာင္လွ႐ြာဘက္က ကုန္းႏွစ္ကုန္း ထပ္ရတယ္။ အေပၚဘက္ဆိုရင္ ေဈးကုန္းဘက္ ထပ္ရတယ္’ ဟု ၎က ဆိုသည္။
တပ္မေတာ္ဘက္က စစ္ေၾကာင္းႏွစ္ေၾကာင္းျဖင့္ ထိုးစစ္ဆင္ေနျခင္းျဖစ္ကာ ေတာင္လွအၿပီးတြင္ TNLA တို႔ ခံစစ္ဆင္ရာ ေ႐ႊမုေ႒ာ႐ြာ ဘက္ေရာက္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
‘ဘန္ကာေတြ ကြန္ကရစ္ေတြနဲ႔ အခိုင္အမာလုပ္ထားတယ္။ ေ႐ႊမုေ႒ာမွာ ပြဲေကာင္းမယ္။ ေ႐ႊမုေ႒ာ႐ြာမွာ ပြဲေကာင္း မယ္ဆိုတာက ကြၽန္ေတာ့္အျမင္ေျပာတာေနာ္။ အခုျဖစ္ေနတာက ဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔က မတိုက္ရေသး ဘူး သူတို႔က ေျပးေနတာ’ဟု ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.