တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

 554

ပြည့်ဖြိုး (NP News) - မတ် ၁၆

မြန်မာနိုင်ငံတွင် ‌‌နွေရာသီကာလ ပွင့်လင်းရာသီချိန်ဖြစ်သောကြောင့် ကုန်စည်အရောင်းအဝယ်များ ပုံမှန် သွက်လက်နေသော်လည်း ပြည်ပမှတင်သွင်းရသောကုန်စည်အများစုမှာ ဆက်လက်ဈေးမြင့် တက်နေဆဲဖြစ်သည်။ ဗဟိုဘဏ်၏ငွေ‌ကြေးမူဝါဒအပြောင်းအလဲမရှိသော်လည်း နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းနေခြင်းကြောင့် ပြင်ပဒေါ်လာဈေး တည်ငြိမ်ပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းနေသည်။ ဗဟိုဘဏ်၏ ငွေကြေးမူဝါဒနှင့် ပို့ကုန်/ သွင်းကုန်မူဝါဒများသည် ကာလတိုယာယီသတ်မှတ်ချက်များ မဟုတ်ဘဲ ရေရှည်ပုံစံကျင့်သုံးလာခြင်းကြောင့် အခြေခံ ကုန်ဈေးနှုန်းမှာ ဆက်တိုက်မြင့်မားနေခြင်းဖြစ်သည်။
ပို့ကုန်/သွင်းကုန်မူဝါဒများအရ အရေးကြီးကုန်စည်များသတ်မှတ်ချက်ကြောင့် ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီနှင့် စားအုန်းဆီ စသည့် ကုန်စည်များမှာ ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရသည်။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ အပြောင်းအလဲနည်းပါးစွာ ဈေးအမြင့်ပိုင်းဖြင့်တည်ငြိမ်နေဆဲဖြစ်ကြောင်း သိရသည်။ လာမည့် ရက်ပိုင်းအတွင်း အခြေခံကုန်ဈေးနှုန်းများတွင် အိမ်သုံးဆေးဝါးဈေးမှာ ယခင် နှစ်ဖြင့်နှိုင်းယှဉ်ပါက နှစ်ဆကျော် ဆက်လက်မြင့် တက်နေရာ ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း တက်ရိပ်ပြနေ
ပြည်တွင်းအခေါက်ရွှေဈေးကွက်အတွင်း၌ ပြင်ပရွှေဈေးနှင့် ရန်ကုန်တိုင်းရွှေအသင်းရုံးမှ အကယ်ဒမီအခေါက် ရွှေဈေးနှစ်ခုစလုံးဈေးနှုန်းမြင့် တက်နေခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်အ တွင်း အခေါက်ရွှေတစ်ကျပ်သား လျှင် မတ်လ (၅) ရက်တွင် (၆၂)သိန်းရှစ်သောင်းအထိ မြင့်တက်ခဲ့ သောရွှေဈေးသည် လက်ရှိ မတ်လ (၁၁)ရက်တွင် (၆၂)သိန်းခြောက်သောင်းခန့်ဖြင့် ဈေးနှုန်းတည် ငြိမ်နေသည်။ မတ်လ(၁၁)ရက် ရန်ကုန်တိုင်းရွှေအသင်းရုံး (YGEA) ၏ ရည်òန်းဈေးများတွင် ရွှေတစ် ကျပ်သားလျှင် (၅၄)သိန်းရှစ်သောင်း သတ်မှတ်ထားကြောင်းသိရသည်။ ပြင်ပဈေးနှုန်း သတ်မှတ်ချက်မှာ ဆက်လက်မြင့်မားနေရာ ရန်ကုန်‌ရွှေဆိုင်အသိုင်းအဝိုင်းအတွင်း အရောင်းအဝယ် အေးနေကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် မတ်လ (၅)ရက်က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၂၉၁၈)ဒေါ်လာဝန်းကျင်မှ မတ်လ (၁၁)ရက်တွင် (၂၈၉၈)ဒေါ်လာဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ မြန်မာ့ရွှေဈေး ကွက်သည် လတ်တလောတွင် ‌ရွှေဆိုင်လိုင်စင်သစ်လျှောက်ထားမှုများနှင့် ရွှေအလေးချိန် အချင်အတွယ်ပြောင်းလဲမှု များကြောင့် ဈေးကွက်အေးနေဆဲဖြစ်သည်။ လတ်တလောတွင် နိုင်ငံတကာအဆင့်မီ ‌ရွှေအရည်အသွေးစစ်သည့်ဓာတ်ခွဲ ခန်းများထူထောင်မည်ဟု ရန်ကုန်တိုင်းရွှေအသင်းရုံး (YGEA) မှတာဝန်ရှိသူများ က ပြောကြားထားသည်။ လာမည့်ရက် ပိုင်းအတွင်း ရွှေဈေးကွက်ဆက်လက်အေးစက်နေမည်ဖြစ်ပြီး ဈေး နှုန်းများ တည်ငြိမ်နေနိုင်မည်ဖြစ်သည်။
နိုင်ငံခြားငွေလဲဈေးကွက်အတွင်း ဒေါ်လာဈေး ကျရိပ်ပြနေ
ပြည်တွင်းငွေလဲဈေးကွက်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများကို မတ်လဆန်းပိုင်းကတည်းက ဆက်တိုက် ထုတ်ရောင်းချနေကြောင်းသိရသည်။ မတ်လ (၁၀)ရက်ကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အွန်လိုင်းငွေကြေး ဈေးကွက် (FX Mkt Online Trading Platform) မှတစ်ဆင့် အမေရိ ကန်ဒေါ်လာ နှစ်သိန်းနီးပါးထုတ်ရောင်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ ထို့ကြောင့် ဗဟိုဘဏ်၏ အွန်လိုင်းဈေးကွက်တွင် အမေရိကန်တစ် ဒေါ်လာလျှင် (၃၅၉၆) ကျပ်ဈေးနှုန်းဖြင့်တည်ငြိမ်နေ ကြောင်းသိရသည်။ ပြင်ပငွေလဲဈေးကွက်အတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် မတ်လ(၅)ရက်က (၄၄၃၀)ကျပ်မှ မတ်လ(၁၁)ရက်တွင် (၄၄၁၀) ကျပ် သို့ပြန်လည်ကျဆင်းလာကြောင်းသိရသည်။ ထို့အတူ မတ်လ(၁၁)ရက် နိုင်ငံခြားငွေလဲဈေးကွက်ပေါက် ဈေးများအရ တရုတ်ယွမ်ငွေတစ်ယွမ်လျှင် (၆၁၁)ကျပ်၊ အန္ဒိယတစ်ရူပီးလျှင် (၅၀)ကျပ်၊ ထိုင်းဘတ် ငွေတစ်ဘတ်လျှင်(၁၃၀)ကျပ်၊ ဥရောပတစ်ယူရိုလျှင် (၄၈၀၅)ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်းသိရသည်။ မြန်မာကျပ်ငွေအပေါ် ဈေးနှုန်း ပုံသေသတ် မှတ်ချက်အစား ဈေးကွက်ပေါက် ဈေးနှုန်း ရှင်ဖြင့် ပြန်လည်သတ်မှတ်နိုင်မှသာ နိုင်ငံခြားငွေ ဈေးကွက် တည်ငြိမ်မည်ဖြစ်သည်။ လတ်တလောတွင် ပြင်ပ ဈေးကွက်နှင့် ဗဟိုဘဏ်ဈေးကွက်နှစ်မျိုး ကွဲပြားနေသည့်အပြင် ဗဟိုဘဏ်၏ တရားဝင်ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် (၂၁၀ဝ)ကျပ်သာ သတ်မှတ်ထားဆဲဖြစ်သည်။ လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်/ သွင်းကုန် အခြေအနေအရ နိုင်ငံခြားငွေလဲဈေးနှုန်းများ ဆက်လက်တည်ငြိမ် နေမည်ဖြစ်သည်။

ဆက်တိုက်မြင့်မားနေဆဲ အိမ်သုံးဆေးဝါးဈေးကွက်
ပြည်တွင်းထုတ်လုပ်မှုနည်းပါးသော ကျန်းမာရေးဆိုင်ရာ အိမ်သုံးဆေးဝါးဈေးကွက်သည် ဈေးနှုန်းကျဆင်းခြင်း မရှိဘဲ ဆက်တိုက်ဈေးမြင့်တက် နေကြောင်းသိရသည်။ ဈေးကွက်အတွင်း ရောင်းချနေကြသည့် ဆေးဝါး အများစုမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ တင်သွင်းရောင်းချနေခြင်းဖြစ်ပြီး လတ် တလောတွင် ယခင် (၂၀၂၄) ခုနှစ်ကထက် နှစ်ဆကျော်ဈေးမြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။ ဆေးဝါးဈေးကွက်အတွင်း ထိုးဆေးနှင့် သောက်ဆေး နှစ်ခုစလုံး ဈေးမြင့်တက်လာခြင်းဖြစ်ရာ သုံးစွဲသူများအတွက် အခက်အခဲဖြစ်ပေါ်နေ ကြောင်းသိရသည်။ ရန်ကုန်မြို့တွင် ‌ဆေးဝါး ပြတ်လပ်မှုမကြုံတွေ့ ရသော်လည်း ဆေးဝါးဈေးမြင့်တက်မှုကြောင့် နာတာရှည်ရောဂါသည်များအတွက် သာမက သာမန်အိမ် သုံးဆေးဝါးသုံးစွဲသူများအတွက်ပါ အခက်အခဲဖြစ် ပေါ်နေကြောင်းသိရသည်။ ယခင်ကာလများတွင် ဆေးဝါး ဈေးမြင့်တက်သော်လည်း အရည်အသွေးတူ အခြားရွေးချယ်စရာဆေးဝါးများ ‌ဈေးကွက်အတွင်း အလွယ်အကူဝယ် ယူနိုင်သည်။ လက်ရှိတွင် ‌ရွေးချယ် စရာဆေးဝါးနည်းပါးသွားသည့်အပြင် ပြည်တွင်းထုတ် ဆေးဝါးဈေးအချို့လည်း ဈေးမြင့်တက်လာကြောင်း သိရသည်။ ဆေးဝါးဈေးများ မြင့်တက်လာခြင်းကြောင့် ဆေးစွဲသောက်နေရသည့် နာတာ ရှည်ရော ဂါသည်များလည်း အခက်အခဲဖြစ်နေကြောင်းသိရသည်။ ပြည်တွင်းဆေးဝါးဈေးကွက်ရှိ (၈၅) ရာခိုင် နှုန်းသည် ပြည်ပမှတင်သွင်းရခြင်းဖြစ်ပြီး၊ ကျန် (၁၅) ရာခိုင်နှုန်းမှာ ပြည်တွင်းထုတ်များဖြစ်ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်း နိုင်ငံတို့မှ တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။ ပြည် တွင်း၌ ဆေးဝါးတိုက်ရိုက်‌ရောင်းချသော ဈေးပွဲ တော်များကျင်းပပေးနေသော်လည်း သာမန်အိမ်သုံးဆေးဝါးဈေးကွက်အတွင်း လိုအပ်ချက်အရ ဈေးနှုန်း မြင့်တက်နေ မည်ဖြစ်သည်။

အခြေခံကုန်စည်ဈေးကွက် နှင့်စားသောက်ကုန်များ
ပြည်တွင်းဈေးကွက်အတွင်း စက်သုံးဆီဈေးနှင့် စားအုန်းဆီဈေးများတည်ငြိမ်နေပြီး စားအုန်း ဆီဈေးမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက (၂၀ဝ)ကျပ် ဝန်းကျင်ခန့်ဈေးကျဆင်းလာကြောင်း သိရသည်။ ဆန်ဈေးများသည် အမြင့်ဈေး အတိုင်းဆက်ရှိနေဆဲဖြစ်ပြီး ဆန်ကြမ်းအမျိုးအစားများဖြစ်သည့် မြောင်းမြမနောသုခ တစ်အိတ်လျှင် ကိုးသောင်း ခြောက်ထောင်ကျပ်၊ ပုသိမ်ဆင်းသုခ တစ်အိတ်လျှင် ရှစ်သောင်းနှစ်ထောင်ကျပ်ဝန်းကျင်တွင် ရောက် ရှိနေသည်။ ဆန်ချောဈေးကွက်အတွင်း၌ ရွှေဘိုပေါ် ဆန်း ထူးထူးရှယ်သစ်တစ်အိတ်လျှင် တစ်သိန်းလေး သောင်း လေးထောင်ကျပ်၊ မြောင်းမြပေါ်ဆန်းမွှေး သစ်တစ်အိတ်လျှင် တစ်သိန်းသုံးသောင်း ခြောက် ထောင်ကျပ် ဝန်းကျင်တွင်ရောက်ရှိနေကြောင်း သိရသည်။ ကုန်စိမ်းဈေးကွက်အတွင်း၌ ဂေါ်ဖီထုပ်‌၊ ပန်းဂေါ်ဖီတို့မှာ အတက်ဈေးဖြင့် ဆက်လက်ရပ် တည်နေသည်။ ဂေါ်ဖီထုပ်‌ တစ်ထုပ်လျှင် (၂၀ဝဝ-၂၅၀ဝ) ကျပ်ဝန်းကျင်၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ် (၂၀ဝဝ)ဝန်းကျင်ဈေးနှင့် ပန်းဂေါ်ဖီအစိမ်း တစ် ထုပ်လျှင် (၁၅၀ဝ-၂၀ဝဝ)ကျပ်ဝန်းကျင်ဈေးတွင် ဆက်လက်ရပ်တည်နေကြောင်းသိရသည်။ တရုတ် ကန်စွန်းရွက် တစ်စည်း (၈၀ဝ)ကျပ်၊ ရိုးရိုးကန်စွန်း ရွက်တစ်စည်း(၅၀ဝ)ကျပ်ဖြင့် အကျဈေးတွင်ရပ်တည် နေပြီး ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၂၀ဝဝ)ကျပ် ဝန်းကျင် ပေါက်ဈေးအသီးသီးရှိကြောင်းသိရသည်။ လာမည့်ရက်ပိုင်းအတွင်း အခြေခံကုန်စည် ဈေးနှုန်း များမှာ မြန်မာ့သင်္ကြန်နှစ်သစ်ကူးကာလအထိ ဆက် လက်မြင့်တက်နေနိုင်သည်။

ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပွင့်လင်းရာသီ
မြန်မာနိုင်ငံတွင် မိုးတွင်းကာလပြီးဆုံးချိန် မှစတင်ကာ ပွင့်လင်းရာသီကာလအတွင်း ဆောက် လုပ်ရေးလုပ် ငန်းများ အလျင်အမြန်ဆောက်လုပ် နေကြခြင်းဖြစ်သည်။ ယခုနှစ်ပွင့်လင်းရာသီအချိန် တွင်ဆောက်လုပ်ရေး လုပ်ငန်း များ၌ အခြေခံဆောက် လုပ်ရေးပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်တက် ခြင်းကိုကြုံတွေ့နေရသည်။ ဒီဇင်ဘာလ ဆန်းအတွင်း ရှိ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနှင့် သံဈေးနှုန်းသည် လက်ရှိမတ်လဆန်းတွင် နှစ်ဆနီးပါးမျှမြင့်တက်လာ ခြင်းဖြစ်ကြောင်းသိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများအတွင်း ဘိလပ်မြေတစ် အိတ်လျှင် သုံးသောင်းခွဲခန့်အထိမြင့် တက်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီအထိုင် ဈေးတစ်အိတ် လျှင်နှစ်သောင်း ခွဲခန့်အထိသို့ ပြန်လည်ကျဆင်းလာသည်။ သို့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး အခြားကုန်စည်များ၏ဈေးမှာပြန်လည်ကျဆင်းခြင်း မရှိကြောင်းဈေးကွက် အတွင်းမှ သိရသည်။ ဆောက် လုပ်ရေးလုပ်ငန်းသုံး သံဈေးမှာလည်း ယခုနှစ်ပွင့် လင်းရာသီတွင် ဆက်တိုက်မြင့် မားနေပြီး ယခင်နှစ် နှင့်နှိုင်းယှဉ်ပါက နှစ်ဆခန့် ဈေးနှုန်းမြင့်မားကြောင်း သိရသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလောက အတွင်း လုပ်ငန်းများသာလည်ပတ်နေပြီး အမြတ် အစွန်းနည်းပါးကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်း ကျွမ်းကျင်လုပ်သား အများစုမှာ နီးစပ်ရာထိုင်းနိုင်ငံနှင့်အာဆီယံနိုင်ငံများ သို့ ပြောင်းရွှေ့ထွက်ခွာ အလုပ် လုပ်ကိုင်နေကြောင်းသိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေး များမြင့်တက်ခြင်း၊ လုပ်ငန်းနည်းပါးချိန်တွင် လုပ်သား ရှားပါးခြင်း စသည့်အခက်အခဲများကြောင့် ယခုနှစ်ပွင့် လင်းရာသီမှာ အကျပ်အတည်းဖြင့်ကြုံတွေ့နေရ ကြောင်းသိရသည်။ မိုးကြိုကာလသို့ မရောက်ရှိသော်လည်း လက်ရှိအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွင်း အခက်အခဲဖြင့်လာမည့် ရက်ပိုင်းအတွင်း ဆက်လက်ကျော်ဖြတ်နေရမည် ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးနေဆဲ ယခုဘဏ္ဍာနှစ်
မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခင်ဘဏ္ဍာနှစ်နီးတူ ဒေါ်လာသန်း (၆၆၀) ဝန်းကျင် ခန့်သာ ပြည်တွင်းသို့ ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု ဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။ လွန်ခဲ့သော (၂၀၂၂-၂၃) ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာသန်း (၁၆၀ဝ) ကျော်ခန့်ရှိ ခဲ့သော်လည်း ယခင်(၂၀၂၃-၂၄) ဘဏ္ဍာနှစ်နှင့်ယခု (၂၀၂၄-၂၅)ဘဏ္ဍာနှစ်တို့တွင် ဆက်တိုက်ကျဆင်း နေခြင်းဖြစ်သည်။ နယ်စပ်ဒေသများ အပါအဝင် မြန် မာနိုင်ငံအလယ်ပိုင်းရှိ‌ဒေသများတွင် လက်နက်ကိုင်တိုက်ပွဲများ ကြုံတွေ့နေရ ခြင်းနှင့် မြန်မာကျပ်ငွေ တန်ဖိုးကို ကိန်းသေ တစ်ဒေါ်လာလျှင် (၂၁၀ဝ) ကျပ် သတ်မှတ်ထားခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် ကုန်စည် ထုတ်လုပ်မှု အတွက် အရေးပါသောလျှပ်စစ် ဓာတ်အားမှာ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် တစ်ရက်လျှင် ရှစ်နာရီခန့်သာ ရရှိခြင်းကြောင့် နိုင်ငံတကာမှ ကုန်ထုတ်လုပ်ငန်းများ အသစ် ဝင်ရောက်မှု ကျဆင်းသွားခြင်းဖြစ်သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုပမာဏ အများဆုံးလာရောက်လုပ်ကိုင်သောလုပ် ငန်းများတွင်မူ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် စွမ်းအင်လုပ်ငန်းများတွင်ဖြစ်သည်။ မကြာမီကာလမတ်လ အကုန်တွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍရေး နှစ်ကုန်ဆုံး တော့မည် ဖြစ်ရာ မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ သန်း(၆၆၀)ဖြင့် ဆယ်စုနှစ်များအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေမည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကျဆင်းခြင်းကြောင့် ပြည်တွင်း၌ နိုင်ငံခြား ငွေလိုအပ်ချက် ဆက်လက်မြင့်မားနေမည်ဖြစ်ပြီး လာ မည့်ရက်ပိုင်းအတွင်း အပြောင်းအလဲနည်းပါးနေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) - မတ္ ၁၆

ျမန္မာႏိုင္ငံတြင္ ‌‌ေႏြရာသီကာလ ပြင့္လင္းရာသီခ်ိန္ျဖစ္ေသာေၾကာင့္ ကုန္စည္အေရာင္းအဝယ္မ်ား ပုံမွန္ သြက္လက္ေနေသာ္လည္း ျပည္ပမွတင္သြင္းရေသာကုန္စည္အမ်ားစုမွာ ဆက္လက္ေဈးျမင့္ တက္ေနဆဲျဖစ္သည္။ ဗဟိုဘဏ္၏ေငြ‌ေၾကးမူဝါဒအေျပာင္းအလဲမရွိေသာ္လည္း ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေနျခင္းေၾကာင့္ ျပင္ပေဒၚလာေဈး တည္ၿငိမ္ၿပီး ေဈးႏႈန္းအနည္းငယ္က်ဆင္းေနသည္။ ဗဟိုဘဏ္၏ ေငြေၾကးမူဝါဒႏွင့္ ပို႔ကုန္/ သြင္းကုန္မူဝါဒမ်ားသည္ ကာလတိုယာယီသတ္မွတ္ခ်က္မ်ား မဟုတ္ဘဲ ေရရွည္ပုံစံက်င့္သုံးလာျခင္းေၾကာင့္ အေျခခံ ကုန္ေဈးႏႈန္းမွာ ဆက္တိုက္ျမင့္မားေနျခင္းျဖစ္သည္။
ပို႔ကုန္/သြင္းကုန္မူဝါဒမ်ားအရ အေရးႀကီးကုန္စည္မ်ားသတ္မွတ္ခ်က္ေၾကာင့္ ေဒၚလာ၊ ေ႐ႊ၊ စက္သုံးဆီႏွင့္ စားအုန္းဆီ စသည့္ ကုန္စည္မ်ားမွာ ေဈးႏႈန္းတည္ၿငိမ္ေနေၾကာင္းသိရသည္။ အေျခခံစားေသာက္ကုန္မ်ား၏ ေဈးႏႈန္းမ်ား အေျပာင္းအလဲနည္းပါးစြာ ေဈးအျမင့္ပိုင္းျဖင့္တည္ၿငိမ္ေနဆဲျဖစ္ေၾကာင္း သိရသည္။ လာမည့္ ရက္ပိုင္းအတြင္း အေျခခံကုန္ေဈးႏႈန္းမ်ားတြင္ အိမ္သုံးေဆးဝါးေဈးမွာ ယခင္ ႏွစ္ျဖင့္ႏႈိင္းယွဥ္ပါက ႏွစ္ဆေက်ာ္ ဆက္လက္ျမင့္ တက္ေနရာ ျပည္သူမ်ား အခက္အခဲႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

ျပည္တြင္းေ႐ႊေဈးကြက္အတြင္း တက္ရိပ္ျပေန
ျပည္တြင္းအေခါက္ေ႐ႊေဈးကြက္အတြင္း၌ ျပင္ပေ႐ႊေဈးႏွင့္ ရန္ကုန္တိုင္းေ႐ႊအသင္း႐ုံးမွ အကယ္ဒမီအေခါက္ ေ႐ႊေဈးႏွစ္ခုစလုံးေဈးႏႈန္းျမင့္ တက္ေနျခင္းျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္အ တြင္း အေခါက္ေ႐ႊတစ္က်ပ္သား လွ်င္ မတ္လ (၅) ရက္တြင္ (၆၂)သိန္းရွစ္ေသာင္းအထိ ျမင့္တက္ခဲ့ ေသာေ႐ႊေဈးသည္ လက္ရွိ မတ္လ (၁၁)ရက္တြင္ (၆၂)သိန္းေျခာက္ေသာင္းခန႔္ျဖင့္ ေဈးႏႈန္းတည္ ၿငိမ္ေနသည္။ မတ္လ(၁၁)ရက္ ရန္ကုန္တိုင္းေ႐ႊအသင္း႐ုံး (YGEA) ၏ ရည္òန္းေဈးမ်ားတြင္ ေ႐ႊတစ္ က်ပ္သားလွ်င္ (၅၄)သိန္းရွစ္ေသာင္း သတ္မွတ္ထားေၾကာင္းသိရသည္။ ျပင္ပေဈးႏႈန္း သတ္မွတ္ခ်က္မွာ ဆက္လက္ျမင့္မားေနရာ ရန္ကုန္‌ေ႐ႊဆိုင္အသိုင္းအဝိုင္းအတြင္း အေရာင္းအဝယ္ ေအးေနေၾကာင္း သိရသည္။ ကမာၻ႔ေ႐ႊေဈးကြက္တြင္ မတ္လ (၅)ရက္က ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၂၉၁၈)ေဒၚလာဝန္းက်င္မွ မတ္လ (၁၁)ရက္တြင္ (၂၈၉၈)ေဒၚလာဝန္းက်င္သို႔ ျပန္လည္က်ဆင္းလာေၾကာင္း သိရသည္။ ျမန္မာ့ေ႐ႊေဈး ကြက္သည္ လတ္တေလာတြင္ ‌ေ႐ႊဆိုင္လိုင္စင္သစ္ေလွ်ာက္ထားမႈမ်ားႏွင့္ ေ႐ႊအေလးခ်ိန္ အခ်င္အတြယ္ေျပာင္းလဲမႈ မ်ားေၾကာင့္ ေဈးကြက္ေအးေနဆဲျဖစ္သည္။ လတ္တေလာတြင္ ႏိုင္ငံတကာအဆင့္မီ ‌ေ႐ႊအရည္အေသြးစစ္သည့္ဓာတ္ခြဲ ခန္းမ်ားထူေထာင္မည္ဟု ရန္ကုန္တိုင္းေ႐ႊအသင္း႐ုံး (YGEA) မွတာဝန္ရွိသူမ်ား က ေျပာၾကားထားသည္။ လာမည့္ရက္ ပိုင္းအတြင္း ေ႐ႊေဈးကြက္ဆက္လက္ေအးစက္ေနမည္ျဖစ္ၿပီး ေဈး ႏႈန္းမ်ား တည္ၿငိမ္ေနႏိုင္မည္ျဖစ္သည္။
ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္း ေဒၚလာေဈး က်ရိပ္ျပေန
ျပည္တြင္းေငြလဲေဈးကြက္အတြင္း ဗဟိုဘဏ္မွ ႏိုင္ငံျခားေငြမ်ားကို မတ္လဆန္းပိုင္းကတည္းက ဆက္တိုက္ ထုတ္ေရာင္းခ်ေနေၾကာင္းသိရသည္။ မတ္လ (၁၀)ရက္ကလည္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ အြန္လိုင္းေငြေၾကး ေဈးကြက္ (FX Mkt Online Trading Platform) မွတစ္ဆင့္ အေမရိ ကန္ေဒၚလာ ႏွစ္သိန္းနီးပါးထုတ္ေရာင္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရသိရသည္။ ထို႔ေၾကာင့္ ဗဟိုဘဏ္၏ အြန္လိုင္းေဈးကြက္တြင္ အေမရိကန္တစ္ ေဒၚလာလွ်င္ (၃၅၉၆) က်ပ္ေဈးႏႈန္းျဖင့္တည္ၿငိမ္ေန ေၾကာင္းသိရသည္။ ျပင္ပေငြလဲေဈးကြက္အတြင္း၌ အေမရိကန္တစ္ေဒၚလာလွ်င္ မတ္လ(၅)ရက္က (၄၄၃၀)က်ပ္မွ မတ္လ(၁၁)ရက္တြင္ (၄၄၁၀) က်ပ္ သို႔ျပန္လည္က်ဆင္းလာေၾကာင္းသိရသည္။ ထို႔အတူ မတ္လ(၁၁)ရက္ ႏိုင္ငံျခားေငြလဲေဈးကြက္ေပါက္ ေဈးမ်ားအရ တ႐ုတ္ယြမ္ေငြတစ္ယြမ္လွ်င္ (၆၁၁)က်ပ္၊ အႏၵိယတစ္႐ူပီးလွ်င္ (၅၀)က်ပ္၊ ထိုင္းဘတ္ ေငြတစ္ဘတ္လွ်င္(၁၃၀)က်ပ္၊ ဥေရာပတစ္ယူ႐ိုလွ်င္ (၄၈၀၅)က်ပ္ အသီးသီး ေပါက္ေဈးရွိေၾကာင္းသိရသည္။ ျမန္မာက်ပ္ေငြအေပၚ ေဈးႏႈန္း ပုံေသသတ္ မွတ္ခ်က္အစား ေဈးကြက္ေပါက္ ေဈးႏႈန္း ရွင္ျဖင့္ ျပန္လည္သတ္မွတ္ႏိုင္မွသာ ႏိုင္ငံျခားေငြ ေဈးကြက္ တည္ၿငိမ္မည္ျဖစ္သည္။ လတ္တေလာတြင္ ျပင္ပ ေဈးကြက္ႏွင့္ ဗဟိုဘဏ္ေဈးကြက္ႏွစ္မ်ိဳး ကြဲျပားေနသည့္အျပင္ ဗဟိုဘဏ္၏ တရားဝင္ေငြလဲႏႈန္းမွာ အေမရိကန္ တစ္ေဒၚလာလွ်င္ (၂၁၀ဝ)က်ပ္သာ သတ္မွတ္ထားဆဲျဖစ္သည္။ လာမည့္ရက္ပိုင္းအတြင္း ျမန္မာႏိုင္ငံ၏ ပို႔ကုန္/ သြင္းကုန္ အေျခအေနအရ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား ဆက္လက္တည္ၿငိမ္ ေနမည္ျဖစ္သည္။

ဆက္တိုက္ျမင့္မားေနဆဲ အိမ္သုံးေဆး ဝါးေဈးကြက္
ျပည္တြင္းထုတ္လုပ္မႈနည္းပါးေသာ က်န္းမာေရးဆိုင္ရာ အိမ္သုံးေဆးဝါးေဈးကြက္သည္ ေဈးႏႈန္းက်ဆင္းျခင္း မရွိဘဲ ဆက္တိုက္ေဈးျမင့္တက္ ေနေၾကာင္းသိရသည္။ ေဈးကြက္အတြင္း ေရာင္းခ်ေနၾကသည့္ ေဆးဝါး အမ်ားစုမွာ တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔မွ တင္သြင္းေရာင္းခ်ေနျခင္းျဖစ္ၿပီး လတ္ တေလာတြင္ ယခင္ (၂၀၂၄) ခုႏွစ္ကထက္ ႏွစ္ဆေက်ာ္ေဈးျမင့္တက္ေနဆဲျဖစ္ေၾကာင္းသိရသည္။ ေဆးဝါးေဈးကြက္အတြင္း ထိုးေဆးႏွင့္ ေသာက္ေဆး ႏွစ္ခုစလုံး ေဈးျမင့္တက္လာျခင္းျဖစ္ရာ သုံးစြဲသူမ်ားအတြက္ အခက္အခဲျဖစ္ေပၚေန ေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕တြင္ ‌ေဆးဝါး ျပတ္လပ္မႈမႀကဳံေတြ႕ ရေသာ္လည္း ေဆးဝါးေဈးျမင့္တက္မႈေၾကာင့္ နာတာရွည္ေရာဂါသည္မ်ားအတြက္ သာမက သာမန္အိမ္ သုံးေဆးဝါးသုံးစြဲသူမ်ားအတြက္ပါ အခက္အခဲျဖစ္ ေပၚေနေၾကာင္းသိရသည္။ ယခင္ကာလမ်ားတြင္ ေဆးဝါး ေဈးျမင့္တက္ေသာ္လည္း အရည္အေသြးတူ အျခားေ႐ြးခ်ယ္စရာေဆးဝါးမ်ား ‌ေဈးကြက္အတြင္း အလြယ္အကူဝယ္ ယူႏိုင္သည္။ လက္ရွိတြင္ ‌ေ႐ြးခ်ယ္ စရာေဆးဝါးနည္းပါးသြားသည့္အျပင္ ျပည္တြင္းထုတ္ ေဆးဝါးေဈးအခ်ိဳ႕လည္း ေဈးျမင့္တက္လာေၾကာင္း သိရသည္။ ေဆးဝါးေဈးမ်ား ျမင့္တက္လာျခင္းေၾကာင့္ ေဆးစြဲေသာက္ေနရသည့္ နာတာ ရွည္ေရာ ဂါသည္မ်ားလည္း အခက္အခဲျဖစ္ေနေၾကာင္းသိရသည္။ ျပည္တြင္းေဆးဝါးေဈးကြက္ရွိ (၈၅) ရာခိုင္ ႏႈန္းသည္ ျပည္ပမွတင္သြင္းရျခင္းျဖစ္ၿပီး၊ က်န္ (၁၅) ရာခိုင္ႏႈန္းမွာ ျပည္တြင္းထုတ္မ်ားျဖစ္ေၾကာင္း၊ အမ်ားစုသည္ တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္ႏွင့္ ထိုင္း ႏိုင္ငံတို႔မွ တင္သြင္းျခင္းျဖစ္ေၾကာင္းသိရသည္။ ျပည္ တြင္း၌ ေဆးဝါးတိုက္႐ိုက္‌ေရာင္းခ်ေသာ ေဈးပြဲ ေတာ္မ်ားက်င္းပေပးေနေသာ္လည္း သာမန္အိမ္သုံးေဆးဝါးေဈးကြက္အတြင္း လိုအပ္ခ်က္အရ ေဈးႏႈန္း ျမင့္တက္ေန မည္ျဖစ္သည္။

အေျခခံကုန္စည္ေဈးကြက္ ႏွင့္စားေသာက္ကုန္မ်ား
ျပည္တြင္းေဈးကြက္အတြင္း စက္သုံးဆီေဈးႏွင့္ စားအုန္းဆီေဈးမ်ားတည္ၿငိမ္ေနၿပီး စားအုန္း ဆီေဈးမွာ ယခင္လႏွင့္ႏႈိင္းယွဥ္ပါက (၂၀ဝ)က်ပ္ ဝန္းက်င္ခန႔္ေဈးက်ဆင္းလာေၾကာင္း သိရသည္။ ဆန္ေဈးမ်ားသည္ အျမင့္ေဈး အတိုင္းဆက္ရွိေနဆဲျဖစ္ၿပီး ဆန္ၾကမ္းအမ်ိဳးအစားမ်ားျဖစ္သည့္ ေျမာင္းျမမေနာသုခ တစ္အိတ္လွ်င္ ကိုးေသာင္း ေျခာက္ေထာင္က်ပ္၊ ပုသိမ္ဆင္းသုခ တစ္အိတ္လွ်င္ ရွစ္ေသာင္းႏွစ္ေထာင္က်ပ္ဝန္းက်င္တြင္ ေရာက္ ရွိေနသည္။ ဆန္ေခ်ာေဈးကြက္အတြင္း၌ ေ႐ႊဘိုေပၚ ဆန္း ထူးထူးရွယ္သစ္တစ္အိတ္လွ်င္ တစ္သိန္းေလး ေသာင္း ေလးေထာင္က်ပ္၊ ေျမာင္းျမေပၚဆန္းေမႊး သစ္တစ္အိတ္လွ်င္ တစ္သိန္းသုံးေသာင္း ေျခာက္ ေထာင္က်ပ္ ဝန္းက်င္တြင္ေရာက္ရွိေနေၾကာင္း သိရသည္။ ကုန္စိမ္းေဈးကြက္အတြင္း၌ ေဂၚဖီထုပ္‌၊ ပန္းေဂၚဖီတို႔မွာ အတက္ေဈးျဖင့္ ဆက္လက္ရပ္ တည္ေနသည္။ ေဂၚဖီထုပ္‌ တစ္ထုပ္လွ်င္ (၂၀ဝဝ-၂၅၀ဝ) က်ပ္ဝန္းက်င္၊ ပန္းေဂၚဖီတစ္ထုပ္လွ်င္ က်ပ္ (၂၀ဝဝ)ဝန္းက်င္ေဈးႏွင့္ ပန္းေဂၚဖီအစိမ္း တစ္ ထုပ္လွ်င္ (၁၅၀ဝ-၂၀ဝဝ)က်ပ္ဝန္းက်င္ေဈးတြင္ ဆက္လက္ရပ္တည္ေနေၾကာင္းသိရသည္။ တ႐ုတ္ ကန္စြန္း႐ြက္ တစ္စည္း (၈၀ဝ)က်ပ္၊ ႐ိုး႐ိုးကန္စြန္း ႐ြက္တစ္စည္း(၅၀ဝ)က်ပ္ျဖင့္ အက်ေဈးတြင္ရပ္တည္ ေနၿပီး ခရမ္းခ်ဥ္သီးတစ္ပိႆာလွ်င္(၂၀ဝဝ)က်ပ္ ဝန္းက်င္ ေပါက္ေဈးအသီးသီးရွိေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္းအတြင္း အေျခခံကုန္စည္ ေဈးႏႈန္း မ်ားမွာ ျမန္မာ့သၾကၤန္ႏွစ္သစ္ကူးကာလအထိ ဆက္ လက္ျမင့္တက္ေနႏိုင္သည္။

ေဆာက္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ ပြင့္လင္းရာသီ
ျမန္မာႏိုင္ငံတြင္ မိုးတြင္းကာလၿပီးဆုံးခ်ိန္ မွစတင္ကာ ပြင့္လင္းရာသီကာလအတြင္း ေဆာက္ လုပ္ေရးလုပ္ ငန္းမ်ား အလ်င္အျမန္ေဆာက္လုပ္ ေနၾကျခင္းျဖစ္သည္။ ယခုႏွစ္ပြင့္လင္းရာသီအခ်ိန္ တြင္ေဆာက္လုပ္ေရး လုပ္ငန္း မ်ား၌ အေျခခံေဆာက္ လုပ္ေရးပစၥည္းမ်ား ေဈးႏႈန္းအဆမတန္ျမင့္တက္ ျခင္းကိုႀကဳံေတြ႕ေနရသည္။ ဒီဇင္ဘာလ ဆန္းအတြင္း ရွိ အုတ္၊ သဲ၊ ေက်ာက္၊ ဘိလပ္ေျမႏွင့္ သံေဈးႏႈန္းသည္ လက္ရွိမတ္လဆန္းတြင္ ႏွစ္ဆနီးပါးမွ်ျမင့္တက္လာ ျခင္းျဖစ္ေၾကာင္းသိရသည္။ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြင္း ဘိလပ္ေျမတစ္ အိတ္လွ်င္ သုံးေသာင္းခြဲခန႔္အထိျမင့္ တက္ခဲ့ၿပီး လက္ရွိတြင္ ကုမၸဏီအထိုင္ ေဈးတစ္အိတ္ လွ်င္ႏွစ္ေသာင္း ခြဲခန႔္အထိသို႔ ျပန္လည္က်ဆင္းလာသည္။ သို႔ေသာ္လည္း ေဆာက္လုပ္ေရးလုပ္ငန္းသုံး အျခားကုန္စည္မ်ား၏ေဈးမွာျပန္လည္က်ဆင္းျခင္း မရွိေၾကာင္းေဈးကြက္ အတြင္းမွ သိရသည္။ ေဆာက္ လုပ္ေရးလုပ္ငန္းသုံး သံေဈးမွာလည္း ယခုႏွစ္ပြင့္ လင္းရာသီတြင္ ဆက္တိုက္ျမင့္ မားေနၿပီး ယခင္ႏွစ္ ႏွင့္ႏႈိင္းယွဥ္ပါက ႏွစ္ဆခန႔္ ေဈးႏႈန္းျမင့္မားေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေဆာက္လုပ္ေရးေလာက အတြင္း လုပ္ငန္းမ်ားသာလည္ပတ္ေနၿပီး အျမတ္ အစြန္းနည္းပါးေၾကာင္း သိရသည္။ ထို႔ျပင္ ျပည္တြင္းရွိ ေဆာက္လုပ္ ေရးလုပ္ငန္း ကြၽမ္းက်င္လုပ္သား အမ်ားစုမွာ နီးစပ္ရာထိုင္းႏိုင္ငံႏွင့္အာဆီယံႏိုင္ငံမ်ား သို႔ ေျပာင္းေ႐ႊ႕ထြက္ခြာ အလုပ္ လုပ္ကိုင္ေနေၾကာင္းသိရသည္။ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းေဈး မ်ားျမင့္တက္ျခင္း၊ လုပ္ငန္းနည္းပါးခ်ိန္တြင္ လုပ္သား ရွားပါးျခင္း စသည့္အခက္အခဲမ်ားေၾကာင့္ ယခုႏွစ္ပြင့္ လင္းရာသီမွာ အက်ပ္အတည္းျဖင့္ႀကဳံေတြ႕ေနရ ေၾကာင္းသိရသည္။ မိုးႀကိဳကာလသို႔ မေရာက္ရွိေသာ္လည္း လက္ရွိအခ်ိန္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအတြင္း အခက္အခဲျဖင့္လာမည့္ ရက္ပိုင္းအတြင္း ဆက္လက္ေက်ာ္ျဖတ္ေနရမည္ ျဖစ္သည္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ နည္းပါးေနဆဲ ယခုဘ႑ာႏွစ္
ျမန္မာႏိုင္ငံ၏ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ယခင္ဘ႑ာႏွစ္နီးတူ ေဒၚလာသန္း (၆၆၀) ဝန္းက်င္ ခန႔္သာ ျပည္တြင္းသို႔ ဝင္ေရာက္လုပ္ကိုင္ျခင္းေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ဆက္တိုက္က်ဆင္းေနျခင္းျဖစ္သည္။ လြန္ခဲ့ေသာ (၂၀၂၂-၂၃) ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမွာ ေဒၚလာသန္း (၁၆၀ဝ) ေက်ာ္ခန႔္ရွိ ခဲ့ေသာ္လည္း ယခင္(၂၀၂၃-၂၄) ဘ႑ာႏွစ္ႏွင့္ယခု (၂၀၂၄-၂၅)ဘ႑ာႏွစ္တို႔တြင္ ဆက္တိုက္က်ဆင္း ေနျခင္းျဖစ္သည္။ နယ္စပ္ေဒသမ်ား အပါအဝင္ ျမန္ မာႏိုင္ငံအလယ္ပိုင္းရွိ‌ေဒသမ်ားတြင္ လက္နက္ကိုင္တိုက္ပြဲမ်ား ႀကဳံေတြ႕ေနရ ျခင္းႏွင့္ ျမန္မာက်ပ္ေငြ တန္ဖိုးကို ကိန္းေသ တစ္ေဒၚလာလွ်င္ (၂၁၀ဝ) က်ပ္ သတ္မွတ္ထားျခင္းတို႔ေၾကာင့္ ျဖစ္သည္။ ထို႔ျပင္ ကုန္စည္ ထုတ္လုပ္မႈ အတြက္ အေရးပါေသာလွ်ပ္စစ္ ဓာတ္အားမွာ ရန္ကုန္ အပါအဝင္ ၿမိဳ႕ႀကီးမ်ားတြင္ တစ္ရက္လွ်င္ ရွစ္နာရီခန႔္သာ ရရွိျခင္းေၾကာင့္ ႏိုင္ငံတကာမွ ကုန္ထုတ္လုပ္ငန္းမ်ား အသစ္ ဝင္ေရာက္မႈ က်ဆင္းသြားျခင္းျဖစ္သည္။ ႏိုင္ငံျခား ရင္းႏွီး ျမႇဳပ္ႏွံမႈပမာဏ အမ်ားဆုံးလာေရာက္လုပ္ကိုင္ေသာလုပ္ ငန္းမ်ားတြင္မူ ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္း ႏွင့္ စြမ္းအင္လုပ္ငန္းမ်ားတြင္ျဖစ္သည္။ မၾကာမီကာလမတ္လ အကုန္တြင္ (၂၀၂၄-၂၀၂၅) ဘ႑ေရး ႏွစ္ကုန္ဆုံး ေတာ့မည္ ျဖစ္ရာ ျမန္မာႏိုင္ငံ၏ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ေဒၚလာ သန္း(၆၆၀)ျဖင့္ ဆယ္စုႏွစ္မ်ားအတြင္း အနိမ့္ဆုံးသို႔ ေရာက္ရွိေနမည္ျဖစ္သည္။ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈက်ဆင္းျခင္းေၾကာင့္ ျပည္တြင္း၌ ႏိုင္ငံျခား ေငြလိုအပ္ခ်က္ ဆက္လက္ျမင့္မားေနမည္ျဖစ္ၿပီး လာ မည့္ရက္ပိုင္းအတြင္း အေျပာင္းအလဲနည္းပါးေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.